အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ်
၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကိစ္စရပ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီး အားလုံးက ကန့်ကွက်မှုမရှိဘဲ သဘောတူ ထောက်ခံခဲ့ကြကြောင်း သိရှိရပါသည်။ ထိုသို့ သဘောတူထောက်ခံခဲ့ခြင်းမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ နူဆာဒူအာကွန်ဗင်းရှင်းစင်တာ၌ ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ၏ အစည်းအဝေးတွင် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဌနေရာအတွက် တာဝန်ပေးခြင်းကို အာဆီယံနိုင်ငံခေါင်းဆောင်များ တက်ရောက်မည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ဆက်လက်ဆုံးဖြတ်မည် ဖြစ်သော်လည်း ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ကျင်းပသော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း အရေးပါသော အစည်းအဝေး တစ်ခု ဖြစ်ပါသည်။ မေလအတွင်းက ပြုလုပ်ခဲ့သော (၁၈)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင်မူ မြန်မာနိုင်ငံအား အလှည့်ကျဥက္ကဌ တာဝန်ပေးရန်အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အကြား သဘောထားကွဲမှု အချို့ရှိခဲ့ပါသည်။
နိုဝင်ဘာလ ၁၅ရက်နေ့တွင် ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေကို နံနက် ၉နာရီအချိန်မှ ညနေ ၃နာရီ မိနစ် ၃၀ အချိန်အထိ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
Lwin Pwin
0 comments:
Post a Comment