မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေး

မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့ အကြား ကာကွယ်ရေး ကဏ္ဍမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ် ငုယင်တန်ဒေါင်းတို့ တနင်္လာနေ့က ဟနွိုင်းမြို့တော်မှာ ဆွေးနွေး သဘောတူညီခဲ့ကြ ကြောင်း သိရသည်။

NLD ပါတီမှတ်ပုံတင်ရေး ဘက်ပေါင်းစုံမှ သုံးသပ်ဖို့ DAB တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုဟာ ပြည်တွင်းပြည်ပ ဖိအားတွေကို ကျော်လွှားနိုင်ဖို့ နည်းပရိယာယ် အရ ဦးသိန်းစိန် အစိုးရ ဆောင်ရွက်နေတာသာ ဖြစ်တယ်လို့ ပြည်ပ အခြေစိုက် DAB ခေါ် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်က ကြေညာချက် တစ်ရပ် ထုတ်ပြန်ကြောင်း သိရသည်။

ပိတ်ဆို့မှု ဖယ်ရှားရေး အပြောင်းအလဲ တိုးလုပ်ပြဖို့ လိုကြောင်း အမေရိကန် ထပ်ပြော

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားတာတွေ ဖယ်ရှားဖို့ဆိုရင် မြန်မာ အစိုးရ အနေနဲ့ ဒီမိုကရေစီရေးနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တိုးပြီး လုပ်ဆောင်ဖို့ လိုသေးကြောင်း အမေရိကန် အစိုးရက မနေ့က ထပ်မံပြောကြားလိုက် ကြောင်း သိရသည်။

မြစ်ကြီးနား ဗုံးပေါက်ကွဲမှု အိမ်ရှင်ကို ဖမ်းဆီး

မြစ်ကြီးနားမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အိမ်ရှင်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အဖမ်းခံရသူရဲ့ အိမ်နီးနားချင်းတွေက ပြော ကြောင်း သိရသည်။

ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ မူကြမ်း အတည်ပြုတော့မည်

လာမဲ့ သီတင်းပတ်အတွင်း အတည်ပြုတော့မဲ့ ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေမူကြမ်းဟာ အောက်ခြေ ပြည်သူလူထုက တိုက်ရိုက်ရွေးကောက် တင်မြှောက်တဲ့စနစ် မဟုတ်ဘဲ အထက်ကနေ ခန့်အပ်တဲ့ စနစ်သာ ဖြစ်နေသေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွက် အာဆီယံ ဥက္ကဋ္ဌတာဝန် AIPMC ဆိုင်းငံ့စေချင်

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူလိုက်ကြပေမဲ့ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ AIPMC ကတော့ မြန်မာနိုင်ငံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရေးကို ဆိုင်းငံထားသင့်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက် ကြောင်း သိရသည်။

၂၀၁၄ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဥက္ကဋ္ဌနေရာ မြန်မာကို ပေးဖို့ သဘောတူ

လာမဲ့ ၂၀၁၄ ခု အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံက ဥက္ကဋ္ဌအနေနဲ့ အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပရေးကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ သဘောတူလိုက်ကြ ကြောင်း သိရသည်။

မြန်မာပြည်ငြိမ်းချမ်းရေး မန္တလေးသံဃာ ဟောပြောခွင့်ရ

မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားဝင်းအတွင်း မဟာဗုဒ္ဓဝင် ဗိမာန်တော်ကြီးမှာ သံဃာတော် ၅ ပါး ဒီကနေ့ မနက်က စပြီး ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး အတွက် ဟောပြော ဆန္ဒပြခဲ့ ကြ ကြောင်း သိရသည်။

အင်းစိန်ထောင်ဆေးရုံက အကျဉ်းသား ၆ ဦး အစာငတ်ခံ ဆန္ဒပြနေ

အကျဥ်းထောင် လက်စွဲ ဥပဒေပါ ခံစားခွင့်တွေ ရရှိရေး အတွက် အစာအငတ်ခံ ဆန္ဒပြနေတဲ့ အင်းစိန်ထောင် ဆေးရုံက နိုင်ငံရေး အကျဉ်းသားတွေကို ဆေးဝါး အပြည့်အ၀ ကုသခွင့်ပေးဖို့ နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်က နိုဝင်ဘာ ၁၄ ရက် မနေ့က နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက် ပါတယ်။
 




ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် အသေးစားချေးငွေလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ဆောင်ရန် စီစဉ်နေကြောင်းနှင့် သို့သော်လည်း အခြားတစ်ဖက်တွင် ပေါ်ပေါက်လာမည့်အသေးစား ငွေချေးလုပ်ငန်းများကို လွှမ်းခြုံပြီးသက်ရောက်နိုင်မည့် ဥပဒေမျိုးမရှိသေးသည့် အတွက် ယင်းကဏ္ဍဖွံ့ဖြိုးလာရန်မကြာသေးမီက ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့အတွက် ငွေကြေးကဏ္ဍ၏ အရေးပါမှုများအကြောင်း ဆွေးနွေးခဲ့သော အလုပ်ရုံဆွေးနွေးပွဲ တွင် ထောက်ပြပြောဆိုမှုများ ရှိနေကြောင်း သတင်းရရှိသည်။




၂၀၁၁ ခုနှစ် တောင်ကြီးမြို့ မဟာဘုံကထိန် တန်ဆောင်တိုင်မီး ပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၃ ရက် နေ့မှ ၁၁ ရက်နေ့အထိ ကိုးရက်တိုင် တိုင်ကျင်းပပြီးစီးခဲ့ကြောင်းနှင့် ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ၃ ရက် နေ့မှ ၁၁ ရက်နေ့အထိ ကိုးရက်တိုင် တိုင်ကျင်းပပြီးစီးခဲ့ကြောင်းနှင့် ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့ညနေ ၆ နာရီက တောင်ကြီးမြို့ အဝေယျာ မီးပုံးပျံကွင်းတွင် ကျင်းပပြီးစီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။  




Customs မှ စာရွက်စာတမ်းနှင့် ဖိုင်ပြည့်စုံပါက ဆိပ်ကမ်းမှနေ့ချင်းပြီးကားထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။



အကျဉ်းထောင်များတွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများကိစ္စ အခုထိ တိတိကျကျမသိရသေးကြောင်းဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
Lwin Pwin



0 comments:

Post a Comment