အာဆီယံဥက္ကဋ္ဌ မြန်မာဖြစ်ရေး အသေအချာစဉ်းစားဖို့ အမေရိကန်တိုက်တွန်း
အာဆီယံဥက္ကဋ္ဌနေရာကိစ္စကို အာဆီယံအသင်းဝင်နိုင်ငံတွေ အသေအချာ စဉ်းစားကိုင်တွယ်ဖို့ အမေရိကန်ပြည်ထောင်စုကတော့ တိုက်တွန်းပါတယ်။
မြန်မာပြုပြင်ပြောင်းလဲဖို့ အင်ဒို မျှော်လင့်
မြန်မာနိုင်ငံက အပြုသဘောဆောင်ဖြစ်စဉ်တွေကို ကြိုဆိုကြပေမဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ပေးရင် ဒီ အပြောင်းအလဲတွေ ဆက်လုပ်ရမယ်ဆိုတာ အားလုံးနားလည်Thaksin လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ထိုင်းအစိုးရဆွေးနွေး
ထိုင်းဝန်ကြီးချုပ်ဟောင်း နေရပ်ပြန်လာနိုင်ရေး လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို ထိုင်းအစိုးရပိုင်းမှာ ဆွေးနွေးနေကြောင်း သိရပါတယ်။ဒေသတွင်းလုံခြုံရေး အာဆီယံ ၀န်ကြီးများ ဆွေးနွေး
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒီကနေ့ စည်းဝေးပွဲမှာ ဒေသတွင်း လုံခြုံရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့။ထိုင်းရေဘေး အမေရိကန် ကူမည်
ထိုင်းနိုင်ငံ ရေဘေး ဒုက္ခအတွက် ကြီးကြီး မားမား ကူညီပေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ပြော။သမ္မတအိုဘားမား သြစတြေးလျားခရီးဆက်
အမေရိကန်သမ္မတ အိုဘားမားကကာကွယ်ရေးပူးတွဲစာချုပ် နှစ် ၆၀ ပြည့် အထိမ်းအမှတ်ခရီးအဖြစ် သြစတြေးလျားနိုငငံကို ရောက်ရှိနေပါတယ်။ဆီးရီးယားဆန့်ကျင်ဆန္ဒပြမှု ၈၀ ကျော် သေဆုံး
ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားတွေနဲ့ လက်နက်ချသူလို့ယူဆရသူပေါင်း ၈၀ ကျော်ကို သတ်ပစ်ခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့ကပြော။ဝန်ကြီးကလင်တန် ဖိလစ်ပိုင်နဲ့ထိုင်းသို့ သွားရောက်
ဝန်ကြီးကလင်တန်ရဲ့ အရှေ့အာရှထိပ်သီးဆွေးနွေးပွဲအသွား ဖိလစ်ပိုင်ကိုပါ သွားတဲ့ခရီးစဉ်အတွင်း တောင်တရုတ်ပင်လယ်ရေပိုင်နက်ကိစ္စ ဆွေးနွေးဖွယ်ရှိ။တရုတ်နဲ့အငြင်းပွားမှု အမေရိကန်ထောက်ခံဖို့ ဖိလစ်ပိုင်လိုလား
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖိလစ်ပိုင်ကိုရောက်ခိုက် တရုတ်-ဖိလစ်ပိုင် ရေပိုင်နက်အငြင်းပွားမှုကိုဆွေးနွေးသွားဖို့ မျှော်လင့်ရပါတယ်။အာဖဂန်မှာ တာလီဘန်ထောက်ခံမှု ကျဆင်း
အာဖဂန် ပြည်သူ ၆ ထောင်ကျော်ကို ကောက်ယူခဲ့တဲ့ စစ်တမ်းအရ တာလီဘန်သူပုန်ကို ထောက်ခံသူအရေအတွက် ဘယ်တုန်းကနဲ့မှ မတူအောင်ကျဆင်းသွားတာ တွေ့ရပါတယ်။အအမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ တပ်စွဲထားရေးကို သြစတြေးလျသဘောတူ
မေရိကန်မရိန်းတပ်ဖွဲ့ဝင်များ သြစတြေးလျတွင် တပ်စွဲထားရေးကို သဘောတူညီထားကြောင်း သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလက်က နိုဝင်ဘာ ၁၆ ရက်နေ့က အမေရိကန် သမ္မတအိုဘားမားနှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ကြေညာခဲ့ ကြောင်းသိရသည်။
နိုဝင်ဘာလ ၁၇ ၇က်နေ့တွင် အာဆီယံနိုင်ငံအသီးသီးမှခေါင်းဆောင်များရောက်ရှိလာခြင်းနှင့်အတူ အာဆီယံထိပ်သီးဆွေးနွေးပွဲကို စတင်ခဲ့ကြောင်းသိရသည်
| ဘန်ကောက်ရှိ နေရာအချို့တွင် ရေလွှမ်းမှုများမှာ သိသိသာသာကျဆင်း သွားသော်လည်း နေရာအတော်များ များတွင်မူ လာမည့် ၂၀၁၂ ခုနှစ်အထိ ရေလွှမ်းမှုဖြစ်နိုင်သေးကြောင်း ထိုင်း ၀န်ကြီးချုပ်ယင်လက်ခ်က နိုဝင်ဘာ ၁၄ ရက်နေ့က ပြောကြားခဲ့သည်။ မုတ်သုံမိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံတွင် ရာစုနှစ်ဝက်အတွင်း အဆိုးရွားဆုံး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ နိုင်ငံတစ်ဝန်းတွင် ရေကြီးမှုများကြောင့် လူ ၅၆၂ ဦးထက် မနည်းသေဆုံးခဲ့ပြီး ဖြစ်သည်။ | |||||
| မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးမှု စတင်ခဲ့သော်လည်း လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များတွင် ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်ဘာလီသို့ မရောက်ရှိမီ (အာဆီယံထိပ်သီးဆွေးနွေးပွဲစတင်နေသည့်နံနက်ပိုင်း)နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားခဲ့သည်။ အပက်ထိပ်သီးဆွေးနွေးပွဲတက်ရောက်အပြီးနောက် ဩစတြေးလျနိုင်ငံသို့ရောက်ရှိနေသော အိုဘားမားက မြန်မာနိုင်ငံက အကျဉ်းသားအချို့လွှတ်ပေးခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မှတ်ချက်စကား ပြောကြားခဲ့ခြင်း ဖြစ်သည် | |||||
| ဖိလစ်ပိုင်သမ္မတဘင်နစ်နိုအကွီနိုသည် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့လာရောက်မည့်အချိန်ကို နောက်သို့ရွှေ့ဆိုင်းခဲ့သည်။နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီတွင်လာရောက်ရမည့်အစား ၁၇ ရက်နေ့နံနက်၈နာရီမှလာရောက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။သမ္မတဟောင်းဂလော်ရီယာမက္ကာပါဂယ် အာရိုယို၏ ပြည်ပထွက်ခွာရေးကြိုးပမ်းမှုနှင့်ပတ်သက်သည့် အခြေအနေ များကို စောင့်ကြည့်ရန်အတွက် ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ဟု သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်ကထုတ်ပြန်သည် Lwin Pwin |
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment