ပါတီသစ်များလည်း ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ရန်ပြင်
လွှတ်တော်သုံးရပ်အတွင်း လစ်လပ်နေသည့် အမတ်နေရာ ၄၈ နေရာအတွက် ဒီဇင်ဘာလအတွင်း ကျင်းပနိုင်သည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် ပါတီများ သာမက ပါတီသစ်များလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဝင်ရောက်အရွေးချယ်ခံမည့် ပါတီများအနက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီများမှာ နေရာ ၂ဝ စီဖြင့် အများဆုံးဖြစ်သည်။ ပါတီသစ်တခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှာမူ သုံးနေရာဝင်ပြိုင်မည်ဖြစ်ပြီး ရက်ပ်အဆိုတော်ရသမှာ မရမ်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော် အတွက် ရွေးချယ်ခံမည် ဖြစ်သည်။
ပမာဏလျော့ဝယ်မယ့် အရန်ဆန်
စပါးဈေးကျသည့်အတွက် တောင်သူများ အရှုံးမပေါ်စေရန် နိုင်ငံတော်မှ အရန်ဆန် တန်ချိန် တသန်းကို အာမခံဈေးနှုန်းဖြင့် ဝယ်ယူမည့် အစီအစဉ်မှာ ညှိနှိုင်းဆဲဖြစ်ပြီး တန်ချိန်ပြည့် ဝယ်ယူနိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်အသင်းက ပြောသည်။
မြစ်ကြီးနား ဗလမင်းထင်တံတား အနီး ပေါက်ကွဲမှုဖြစ်ပြန်
ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသော မြစ်ကြီးနားမြို့တွင် အင်္ဂါနေ့ညနေ
ခြောက်နာရီ ကျော်က စီတာပူရပ်ကွက်ရှိ ဧရာဝတီမြစ်ကူး ဗလမင်းထင် တံတားအနီး ပေါက်ကွဲမှုတခု ထပ်မံဖြစ်ပွား ခဲ့ပြန်သည်။
ခြောက်နာရီ ကျော်က စီတာပူရပ်ကွက်ရှိ ဧရာဝတီမြစ်ကူး ဗလမင်းထင် တံတားအနီး ပေါက်ကွဲမှုတခု ထပ်မံဖြစ်ပွား ခဲ့ပြန်သည်။
တော်လှန်ရေးသမား ၃၄ ဦးအဖွဲ့မှ လက်ကျန် ၃ ဦးလွတ်ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးအဖွဲ့မှ တရားရင်ဆိုင်နေရဆဲဖြစ်သော ၃ ဦးကို အက်ဒမန် နီကိုဘာ ကျွန်းစု ပို့တ်ဘလဲမြို့ တရားရေးရုံးက တရားသေ လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ၂၀၁၀ပြည့်နှစ် မေလ ၁၉ ရက်က အခြား တော် လှန်ရေးသမား ၃၁ ဦး ကာလကတ္တား အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော်လည်း ကိုမောင်နိုင်၊ ကိုလုလုနှင့် ကိုဟေလီတို့ ၃ ဦးမှာ ထောင်အာဏာပိုင်များနှင့် အချင်းများမှု ကျန်ရှိနေသောကြောင့် ဆက်လက် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။ ၎င်းတို့သည် ထောင်ဒဏ် ၁၃ နှစ်ကျော် ကျခံခဲ့ပြီးဖြစ်၍ အမှုများကို ဖြတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေး ဆန္ဒပြသံဃာများ ငြိမ်းချမ်းရေးတရားပွဲ ကျင်းပ မန္တလေး မဟာမြတ်မုနိ ဘုရားကြီး၌ ယမန်နေ့က ဆန္ဒပြသည့် သံဃာ ၅ ပါးသည် ယနေ့ နေ့လယ်ပိုင်းတွင် မစိုးရိမ် တိုက်ဟောင်း၌ ငြိမ်းချမ်းရေး တရားဟောပြောပွဲ ပြုလုပ်ရာ လူပရိသတ် ရာချီတက်ရောက်ကြောင်း သတင်းရသည်။ ယင်းတရားပွဲ အပြီးတွင် ဆရာ တော်ကြီးများ မိန့်ကြားသည့် မစိုးရိမ်ကျောင်းတိုက် စည်းကမ်းချက်များနှင့် တခြားသော သံဃာများကို အနှောင့်အယှက် မဖြစ်စေ ရန် မဟာမြတ်မုနိ ဘုရားကြီးရှိ ပိဋိကပါလ ရေတော်တိုက်သို့ နေရာရွှေ့၍ ခေတ္တ သတင်းသုံးမည်ဟု သိရှိရသည်။ ဗြီတိသျှ ပါလီမန်အမတ် မြန်မာနိုင်ငံရောက်ရှိ ဗြီတိသျှ ပါလီမန်အမတ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန၀န်ကြီး အင်ဒရူး မစ်ချယ် သည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာခရီးစဉ် အဖြစ် ယမန်နေ့က စတင်ရောက်ရှိသည်။ ၎င်းသည် နေပြည်တော်၌ ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းတို့အပါအ၀င် အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံသည်။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးသည်ဟု အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ဗြီတိသျှ ၀န်ကြီးသည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိကြောင်းလည်း သိရသည်။ ရှမ်းပြည် မူးယစ်ဆေးဝါး အစီရင်ခံစာ ထုတ်ဝေ သျှမ်းသံတော်ဆင့် သတင်းဌာနက ပြုစုထုတ်ဝေသည့် Druglords in Parliament အမည်ရှိ ၂၀၁၁ ရှမ်းပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အစီရင်ခံစာ မိတ်ဆက် အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ International Center(IC)ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်း ပ သည်။ သျှမ်းသံတော်ဆင့် သတင်းဌာနသည် ရှမ်းပြည် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေး(Shan Drug Watch) သတင်းလွှာကို လည်း ထုတ်ဝေ လျက်ရှိသည်။ လယ်သမားဆန္ဒပြမှု ဗီဒီယိုရိုက်ကူးသူ ထိန်းသိမ်းခံရဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေရှိ လယ်သမား၊ အလုပ်သမားတို့အတွက် အကျိုးဆောင်ပေးနေသည့် လူ့အခွင့်အရေး ကာကွယ် စောင့်ကြည့်သူများ ကွန်ရက်အဖွဲ့ ခေါင်းဆောင် ဦးမြင့်နိုင်သည် ဗီဒီယိုရိုက်ကူးမှုဖြင့် တနင်္လာနေ့တွင် ထိန်းသိမ်းခံလိုက်ရသည်။နေရွှေသွေးအောင် ဥရောပသို့ ခရီးထွက်ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်သည် ရန်ကုန်မြို့ရှိ ဥရောပသံရုံးတခု ဖြစ်သည့် ပြင်သစ်သံရုံး ကပြည်ဝင်ခွင့်ဗီဇာထုတ်ပေးသဖြင့် ဥရောပသို့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထွက်ခွာသွားသည်ဟု စုံစမ်း သိရှိရသည်။အစိုးရထိန်းချုပ်သည့် ရှမ်းဒေသများတွင် ဘိန်းစိုက်ပျိုးမှုပိုများလာမြန်မာအစိုးရ ထိန်းချုပ်မှုအောက်တွင်ရှိသော ရှမ်းပြည်နယ် ဒေသအများစုတွင် ဘိန်းစိုက်ပျိုးမှု ပို၍တိုးများလာကြောင်း ရှမ်း ပြည်နယ် မူးယစ်ဆေးဝါး လေ့လာ စောင့်ကြည့်ရေးအဖွဲ့က ယနေ့ ထုတ်ဖော် ပြောကြားလိုက်သည်။အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းအောင်လုပ်ဖို့ မြန်မာကို အိုဘားမားတိုက်တွန်း“မြန်မာအစိုးရအနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးပိုကောင်းအောင် ဆက်လုပ်ရမယ်ဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ဆက်ပြောရပါလိမ့်မယ်”(အိုဘားမား) အာဆီယံဥက္ကဋ္ဌ မြန်မာဖြစ်ရေး အသေအချာစဉ်းစားဖို့ အမေရိကန်တိုက်တွန်းအာဆီယံဥက္ကဋ္ဌနေရာကိစ္စကို အာဆီယံအသင်းဝင်နိုင်ငံတွေ အသေအချာ စဉ်းစားကိုင်တွယ်ဖို့ အမေရိကန်ပြည်ထောင်စုကတော့ တိုက်တွန်း ကြောင်းသိရပါတယ်။ မြန်မာပြုပြင်ပြောင်းလဲဖို့ အင်ဒို မျှော်လင့်မြန်မာနိုင်ငံက အပြုသဘောဆောင်ဖြစ်စဉ်တွေကို ကြိုဆိုကြပေမဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ပေးရင် ဒီ အပြောင်းအလဲတွေ ဆက်လုပ်ရမယ်ဆိုတာ အားလုံးနားလည် တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက မနေ့က ဘာလီကျွန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။မြန်မာပြုပြင်ပြောင်းလဲမှု နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနဲ့ တိုင်းတာ“နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးဟာ မြန်မာအစိုးရရဲ့ ပြောင်းလဲမှုခြေလှမ်း စစ်မှန်မှုကို မှတ်ကျောက်တင်ရာမှာ အဓိကအချက်ဖြစ်တယ်" Michael Posner က ထုတ်ဖော် ပြောကြားလိုက်သည်။နိုင်ငံရေးအကျဉ်းသားတချို့ မိသားစုနီးရာထောင်ရွှေ့နိုင်ငံရေးအကျဉ်းသားတချို့ကို ဝေးလံခေါင်သီတဲ့ ထောင်တွေကနေ မိသားစုနဲ့ နီးရာဒေသတွေမှာရှိတဲ့ အကျဉ်း ထောင်တွေကို စတင် ပြောင်းရွှေ့နေ ကြောင်းသိရပါတယ်။ လယ်ယာမြေဥပဒေ မူကြမ်း ဆိုင်းငံ့ထားဖို့ နိုင်ငံရေးပါတီ ၁၀ ခုက တိုက်တွန်းလွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက တင်သွင်းထားတဲ့ လယ်ယာမြေ ဥပဒေ မူကြမ်းဟာ တောင်သူ လယ်သမားတွေကို နစ်နာစေနိုင်တဲ့ အတွက် အတည်မပြုသေးဘဲ ဆိုင်းငံ့ထားဖို့ နိုင်ငံရေး ပါတီ ၁၀ ခုက လွှတ်တော် အကြီးအကဲတွေထံ မနေ့က စာရေးသား တိုက်တွန်းလိုက်ကြ ပါတယ်။ NDF ပါတီက လူငယ်အဖွဲ့တွေ ဖွဲ့တော့မည်ပါတီရဲ့ စည်းရုံးရေး လုပ်ငန်းတွေကို အားမြှင့် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက တစ်နိုင်ငံလုံးမှာ လူငယ်အဖွဲ့တွေ စတင် ဖွဲ့စည်းသွားဖို့ မနေ့က ဆွေးနွေး ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံမှာ ဂျပန် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ အလားအလာရှိမြန်မာနိုင်ငံက အပြောင်းအလဲ လက္ခဏာတွေကို အာဆီယံနိုင်ငံတွေက ချီးကျူးပြောဆိုနေကြချိန်မှာ ဂျပန် အစိုးရက မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက် များပြားလာဖို့ အလားအလာတွေ ရှိတယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်တချို့ စိစစ်ရေးက ဖြတ်နိုဝင်ဘာလ ၁၄ ရက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခြင်း တစ်နှစ်ပြည့် ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အကြောင်း အပတ်စဉ်ထုတ် ဂျာနယ်တွေက ဖေါ်ပြခဲ့ကြရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ စကားရပ်တချို့ကို စာပေစိစစ်ရေးက ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ ထောင်ပြောင်းကိုမင်းကိုနိုင်၊ မနီလာသိန်းစတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအ၀င် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ကို ဒီကနေ့ ထောင်ပြောင်းလိုက်တယ်လို့ ကြောင်းသိရပါတယ်။ အကျဉ်းကျသံဃာတွေ လွှတ်ပေးရေး ဆန္ဒပြ သံဃာများ တောင်းဆိုမန္တလေးမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ သံဃာတော် ၅ ပါးက သမ္မတ ဦးသိန်းစိန် အနေနဲ့ နိုဝင်ဘာလ အတွင်း အကောင်အထည် ဖေါ်ပေးရမဲ့ အချက် ၃ ချက်ပါ တောင်းဆိုစာကို ဒီကနေ့ ပေးပို့ ကြောင်းသိရ ပါတယ်။ Lwin Pwin |
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment