အရှေ့အာရှညီလာခံတက်ရောက်ဖို့ သမ္မတအိုဘားမား ဘာလီကိုရောက်
အမေရိကန်သမ္မတဘာရက်အိုဘားမားဟာ ရုရှားနဲ့ အရှေ့အာရှခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အတွက် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းကိုရောက်နေရှိုကြောင်းသိရသည်။
တောင်တရုတ်ပင်လယ်ကိစ္စ ငြိမ်းချမ်းစွာဖြေရှင်းဖို့ သမ္မတ ယူဒိုယိုနိုတိုက်တွန်း
အာဆီယံအစည်းအဝေအတွင်း တောင်တရုတ်ပင်လယ်ရေပြင် ပိုင်ဆိုင်မှုပြဿနာကိုလည်း အဓိကခေါင်းစဉ်အဖြစ်ထားပြီး ဆွေးနွေးခဲ့ကြကြောင်းသိရသည်။တရုတ်ရန် ခုခံနိုင်ကြောင်း တိုင်ဝမ်စစ်အင်အားပြ
တရုတ်နိုင်ငံက တိုက်ခိုက်လာတာကို ခုခံကာကွယ်နိုင်ကြောင်း ပြသတဲ့အနေနဲ့ ထိုင်ဝမ်းကျွန်းမှာ ဒီကနေ့ စစ်ရေးလေ့ကျင်မှုကြီးတခု ပြုလုပ်ခဲ့ပါတယ်။အာဆီယံဥက္ကဋ္ဌ မြန်မာဖြစ်ရေး အသေအချာစဉ်းစားဖို့ အမေရိကန်တိုက်တွန်း
အာဆီယံဥက္ကဋ္ဌနေရာကိစ္စကို အာဆီယံအသင်းဝင်နိုင်ငံတွေ အသေအချာ စဉ်းစားကိုင်တွယ်ဖို့ အမေရိကန်ပြည်ထောင်စုကတော့ တိုက်တွန်းကြောင်းသိရသည်။မြန်မာပြုပြင်ပြောင်းလဲဖို့ အင်ဒို မျှော်လင့်
မြန်မာနိုင်ငံက အပြုသဘောဆောင်ဖြစ်စဉ်တွေကို ကြိုဆိုကြပေမဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ပေးရင် ဒီ အပြောင်းအလဲတွေ ဆက်လုပ်ရမယ်ဆိုတာ အားလုံးနားလည်ကြောင်း သိရပါတယ်။Thaksin လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ထိုင်းအစိုးရဆွေးနွေး
ထိုင်းဝန်ကြီးချုပ်ဟောင်း နေရပ်ပြန်လာနိုင်ရေး လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို ထိုင်းအစိုးရပိုင်းမှာ ဆွေးနွေးနေကြောင်း သိရပါတယ်။ဒေသတွင်းလုံခြုံရေး အာဆီယံ ၀န်ကြီးများ ဆွေးနွေး
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒီကနေ့ စည်းဝေးပွဲမှာ ဒေသတွင်း လုံခြုံရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြောင်းသိရသည်။
| အာဆီယ အရှေ့တောင်အာရှအဖွဲ့(အာဆာ)(ASA) မှ တစ်ဆင့် ပြောင်းလဲ ဖြစ်တည်လာခဲ့ခြင်းဖြစ်။ ၁၉၆၁ ခုနှစ်က ဖွဲ့စည်းခဲ့သော အာဆာတွင် ဖိလစ်ပိုင်၊မလေးရှား၊ထိုင်းတို့သာ ပါဝင်ခဲ့သည်။ ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင်မှ အင်ဒိုနီးရှား၊ မလေးရှား၊ဖိလစ်ပိုင်၊စင်ကာပူ၊ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ ဘန်ကောက်ရှိ နိုင်ငံခြားရေးဌာန အဆောက်အအုံတွင် တွေ့ဆုံပြီး အာဆီယံကြေညာချက် (ဘန်ကောက်ကြေညာချက် ဟုလည်း ထင်ရှား)ကို လက်မှတ်ထိုးခဲ့ခြင်းနှင့်အတူ စတင်ဖြစ်ပေါ်လာသည်။အာဆီယံ မွေးဖွားလာရခြင်းအတွက် စေ့ဆော်သည့်အကြောင်းတရား များမှာ ထိုစဉ်ကအုပ်ချုပ်သူများ၏ ကွန်မြူနစ်စနစ်နှင့်ပတ်သက်ပြီး ကြောက်ရွံ့ရာတွင်တူညီမှု၊၁၉၆၀ ပြည့်နှစ်များတွင် ပြည်ပအင်အားကြီးများ အပေါ်ယုံကြည်မှုလျော့ကျလာမှု၊နိုင်ငံတည်ဆောက်ရေး အတွက် ပူးပေါင်းဆောင်ရွက်လိုမှုတို့ ပါဝင်ခဲ့သလို ဖော်ပြမထားသော ရည်ရွယ်ချက်တစ်ရပ်ဖြစ်သည့် အင်ဒိုနီးရှား၏ ဒေသတွင်းအင်အားဖြင့် သြဇာထူထောင်လိုသည့် သဘောလည်းပါရှိ ခဲ့သည်။၁၉၇၆ တွင် ပါပူအာနယူးဂီနီ ကျွန်းနိုင်ငံငယ်က လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။သို့ရာတွင်အဖွဲ့ဝင်ဖြစ်မလာခဲ့။၁၉၈၄ တွင် လွတ် လပ်ရေးရလာသော ဘရူနိုင်း၊၁၉၉၅ တွင် ဗီယက်နမ်၊ ၁၉၉၇ တွင် လာအိုနှင့် မြန်မာ၊ ၁၉၉၉ တွင် ကမ္ဘောဒီးယားတို့ အဖွဲ့ဝင်ဖြစ်လာခဲ့ သည်။အရှေ့တီမော၏ အဖွဲ့ဝင်ခွင့် လျှောက်လွှာမှာ အတည်ပြုရန် လို နေဆဲဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်တွင် မလေးရှားက အရှေ့အာရှစီးပွားရေးဆွေးနွေးပွဲ တစ်ရပ်ကို အာဆီယံနိုင်ငံများသာမက တရုတ်၊ဂျပန်၊တောင် ကိုရီးယား တို့ကိုပါ ခေါ်ယူပြီး ကျင်းပရန် အဆိုပြုခဲ့သည်။သို့ရာတွင် အေပက်ထိပ်သီးဆွေးနွေး ပွဲကို တန်ပြန်သလိုဖြစ်မည်စိုးရိမ်သော အမေရိကန်နှင့် ဂျပန်တို့၏ကန့်ကွက်မှုခံခဲ့ရပြီး မအောင်မြင်ခဲ့။ ၁၉၉၇ ခုနှစ်တွင်မှ အာဆီယံ+၃ (တရုတ်၊ဂျပန်၊တောင်ကိုရီးယား) ကို တည်ထောင်နိုင်ခဲ့သည်။နောက်ပိုင်းတွင် အာဆီယံ+ ဆွေးနွေးပွဲ မျိုးစုံကို ရုရှား၊အမေရိကန်တို့နှင့်ပါပြုလုပ်လာနိုင်ပြီး အရှေ့အာရှထိပ်သီးဆွေးနွေးပွဲများနှင့် အခြားဆွေးနွေးပွဲများပါ တစ်ပါ တည်းကျင်းပနိုင်သည့်နေရာဖြစ်လာခဲ့သည်။ ၂၀၀၆ ခုနှစ်က မြန်မာနိုင်ငံ၏ဥက္ကဋ္ဌဖြစ်ရန်ကြိုးပမ်းခဲ့မှု မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်က အာဆီယံဥက္ကဋ္ဌနေရာရယူရန် ကြိုး ပမ်းခဲ့သော်လည်း ဝေဖန်ကန့်ကွက်မှုများကြောင့် မအောင်မမြင်ဖြစ်ခဲ့ ရဖူးသည်။ ထိုစဉ်က အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂတို့က လူသိရှင်ကြား ကန့်ကွက်ခဲ့ကြပြီး မြန်မာ သာ ဥက္ကဋ္ဌဖြစ်ပါက အာဆီယံဆက်စပ် အခမ်းအနားများကို သပိတ်မှောက် မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။အာဆီယံ လွှတ် တော်အမတ်များဖြင့်ဖွဲပစည်းထားသော အဖွဲ့ကလည်း လူ့အခွင့်အရေး မှတ်တမ်းများဆိုးရွားသောကြောင့် မြန်မာနိုင်ငံကို ဥက္ကဋ္ဌနေရာလျှောက်ထားမှုရုပ်သိမ်းရန် တောင်းဆိုခဲ့ကြသည်။သို့ဖြစ်္ဂ္ဂ္ဂ၍ ၂၀၀၅ ခုနှစ်ဇူလိုင် တွင် လာအိုနိုင်ငံဗီယန်ကျင်းတွင် ကျင်းပသော ဆွေးနွေးပွဲတွင် အလှည့်ကျဥက္ကဋ္ဌနေရာရယူရေးကိုစွန့်လွှတ်ရန် ဆုံး ဖြတ်ခဲ့ရသည်။ဖိလစ်ပိုင်က ကိုယ်စားလွှဲယူခဲ့ရသည်။
|
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment