၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ မြန်မာ
လာမည့် ၂ဝ၁၄ခုနှစ်အတွက် မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ရန် နိုဝင်ဘာ ၁၇ရက်နေ့တွင် အာဆီယံခေါင်းဆောင်များက သဘောတူကြောင်း အတည်ပြုလိုက်ပြီ
ဖြစ်သည်ဟု နိုင်ငံတော် သမ္မတ အကြံပေး (နိုင်ငံရေး)မှ  ဦးကိုကိုလှိုင်က သတင်းထောက်များကို ပြောကြား လိုက်သည်။ကြာသပတေးနေ့က ကျင်းပနေသည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးတွင် ထိုကဲ့သို့ အတည်ပြုပေးလိုက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေးအတွက် ကန့်ကွက်သူ မရှိကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် အာဆီယံ အစည်းအဝေးတက်
သမ္မတ ဦးသိန်းစိန်သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ယနေ့စတင် ဖွင့်လှစ်သော ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ယမန်နေ့က မြန်မာနိုင်ငံမှ ထွက်ခွာသွားသည်။ အင်ဒိုနီးရှား သမ္မတ ဒေါက်တာ ဆူစီလို ဘန်ဘန်း ယူဒိုယိုနို ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်း ဖြစ်ကြောင်း ယနေ့ထုတ်မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန်နှင့် အတူ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ၀န်ကြီး ဦးကျော်ဆန်း၊ ဒု နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာမျိုးမြင့်၊ ကျန်းမာရေး ဒု ၀န်ကြီး ဒေါက် တာ ၀င်းမြင့် နှင့် သမ္မတ အကြံပေးအဖွဲ့ဝင်များ လိုက်ပါသွားကြောင်းလည်း သိရသည်။
မန္တလေး ဆန္ဒပြသံဃာ ၅ ပါး မုံရွာသို့ ထွက်ခွာ
မန္တလေးတွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေး တရားပွဲများပြုလုပ်နေသော ဆန္ဒပြသံဃာ ၅ ပါးသည် ယနေ့နေ့လယ်တွင် မုံရွာသို့ ထွက်ခွာသွားပြီဟု သတင်းရရှိသည်။ ယနေ့တွင် မန္တလေး၌ လှုပ်ရှားမှုတစုံတရာ မလုပ်ဖြစ်ကြောင်း၊ နေ့လယ်ပိုင်းက မန္တလေးတိုင်း သံဃမဟာနာယက အဖွဲ့က ခေါ်ယူ တွေ့ဆုံ၍ နေရပ်ဇာတိသို့ ပြန်ကြွရန်၊ ခွင့်ပြုချက် တစုံ တရာ မရှိဘဲ တရားပွဲများ ထပ်မံမပြုလုပ်ရန် တားမြစ်ကြောင်း ဆန္ဒပြသံဃာတပါးဖြစ်သည့် ဦးစန္ဒိမာ က မိန့်သည်။ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုများကို ဥပဒေဘောင်အတွင်းမှ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် ဗီယက်နမ် ၀န်ကြီးချုပ်တွေ့ဆုံ
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဗီယက်နမ် ၀န်ကြီးချုပ် ငုယင် တန်ဒေါင်းနှင့် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။ တနလာင်္နေ့က တွေ့ဆုံရာတွင် ၂ နှစ်နိုင်ငံ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးကြကြောင်း၊ အာဆီယံ အသိုင်းအ၀ိုင်းတခုလုံး ဖွံ့ဖြိုးရေးအတွက် ဗီယက်နမ်-မြန်မာ ဆက်ဆံရေး တိုးမြှင့်မှုသည်လည်း အရေးကြီးသည်ဟု ဗီယက်နမ် ၀န်ကြီးချုပ် က ပြောဆိုကြောင်း ဗီယက်နမ်မှလာသော သတင်းများက ဆိုသည်။

ဦးသန်းရွှေ အိမ်မှာ စာဖတ်နေသည်

 ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည် ၎င်း၏နေအိမ်၌ စာဖတ်ခြင်းဖြင့် အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက အင်္ဂါနေ့တွင် ပြောလိုက်ကြောင်းလည်း သိရသည်။ “(ဦးသန်းရွှေက) သူ့အိမ်မှာပဲ ရှိနေပါတယ်၊ သူ့အိမ်မှာနေပြီး စာတွေ အများကြီး ဖတ်နေပါတယ်” ဟု  ဦးကျော်ဆန်းက ပြောဆိုကြောင်း Wall Street Journal တွင် ယနေ့ ဖော်ပြထားသည်။

 မြန်မာအာဆီယံ အလှည့်ကျဥက္ကဋ္ဌရာထူးအပေါ် တုံ့ပြန်မှု 

၂၀၁၄ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ တာဝန်ယူဖို့ အတွက် မြန်မာနိုင်ငံအစိုးရရဲ့ အဆိုပြုကမ်းလှမ်းထားချက်အပေါ် အာဆီယံနိုင်ငံ ခေါင်းဆောင်တွေက တရားဝင် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ မြန်မာကို အာဆီယံတိုက်တွန်းသင့်

မြန်မာအလှည့်ကျဥက္ကဋ္ဌဖြစ်ဖို့ အာဆီယံအဖွဲ့ဆုံးဖြတ်မှုက နိုင်ငံရေးဖြစ်ပြီး အပြုသဘောဆောင်တိုးတက်မှုတွေ မျှော်လင့်ကြောင်း ကင်တားနားက ပြောကြောင်းသိရသည်။

မြန်မာနိုင်ငံ ဘာသာရေး နှိပ်ကွပ်မှု CSW လွှတ်တော်မှာ ထွက်ဆို

မုံးချောင်းတံတားက ခရစ်ယာန်လက်ဝါးကပ်တိုင်တွေ ခုတ်လှဲဖျက်ဆီးခံရတာကို ချင်းအမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက သမ္မတထံ တိုင်ကြားခဲ့ကြောင်းလည်း သိရသည်။

မြန်မာကို အာဆီယံဥက္ကဋ္ဌတာဝန် ပေးရေး ထိပ်သီးများ အတည်ပြု

အာဆီယံဥက္ကဋ္ဌဖြစ်လို့ ဂုဏ်ယူတာထက် တာဝန်ပိုကြီးလေးလာတယ်လို့ သမ္မတဦးသိန်းစိန် မှတ်ချက်ချကြောင်း သမ္မတအကြံပေးအဖွဲ့ခေါင်းဆောင်က ပြောကြောင်းလည်း သိရသည်။

ကချင်ပြည်မှာ စစ်ရေးနည်းနဲ့ဖိအားပေးလို့ အဖြေမရနိုင်

မြန်မာအစိုးရအနေနဲ့ စစ်ရေးအရ ကချင်လက်နှက်ကိုင်အဖွဲ့တွေကို ဖိအားပေးပြီး အပစ်ရပ်ဖို့ ကြိုးစားနေရင် မှားမယ်လို့ KIA ထိပ်တန်း တာဝန်ရှိသူကပြောကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးစံတွေ သတ်မှတ် စောင့်ကြည့်သင့်ကြောင်း HRW တိုက်တွန်း

အာဆီယံနိုင်ငံတွေ အနေနဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံ ခေါင်းဆောင် ဖြစ်လာမယ့် မြန်မာနိုင်ငံ အတွက် လိုက်နာ ဆောင်ရွက်ရမယ့် လူ့အခွင့်အရေး စံသတ်မှတ်ချက်တွေ ရှင်းရှင်းလင်းလင်း ထားရှိဖို့ လိုအပ်ကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့က မနေ့က တိုက်တွန်းလိုက် ပါတယ်။

မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်သင့်ကြောင်း NLD လူငယ်အဖွဲ့ တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီ ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်သင့်ကြောင်း အန်အယ်လ်ဒီ လူငယ် လုပ်ငန်းများ ဖော်ဆောင်ရေး အဖွဲ့က ကြေညာချက် တစ်ရပ် ထုတ်ပြန် တိုက်တွန်းကြောင်း သိရသည်။

မြန်မာအစိုးရ လူ့အခွင့်အရေး တိုးမြှင့်ဆောင်ရွက်ဖို့လို

အမေရိကန်သမ္မတအိုဘားမားက မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေတယ်ဆိုပေမဲ့ လူ့အခွင့်အရေး နဲ့ပတ်သက်ပြီး ပိုပြီးတိုးတက်ရှိအောင် လုပ်ဖို့လိုတယ်လို့ သြစတေးလျား ပါလီမန်မှာ ဒီကနေ့ ပြောကြောင်းလည်း သိရသည်။

အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန် မြန်မာအစိုးရကို ပေးအပ်လိုက်ပြီ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံက ၂၀၁၄ ခုနှစ် အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အဖြစ် မြန်မာအစိုးရကို ဒီကနေ့ နေ့လည်ပိုင်းမှာ ကျင်းပတဲ့ အစည်းအဝေးကနေ တာဝန်ပေးလိုက် ကြောင်းလည်း သိရသည်။

မြန်မာ့ ပညာရေးစနစ် ကောင်းမွန်စေဖို့ ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

မိမိတို့နိုင်ငံမှာ ကျောင်းသူ ကျောင်းသားတွေကော မိဘတွေ ပါ စိတ်ချမ်းသာစေတဲ့ ပညာရေး စနစ်ကောင်းတစ်ခု ဖြစ်ပေါ်စေလိုတဲ့ ဆန္ဒရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်းလည်း သိရသည်။

လယ်ယာမြေဥပဒေ မူကြမ်း ဆိုင်းငံ့ထားဖို့ နိုင်ငံရေးပါတီ ၁၀ ခုက တိုက်တွန်း

လွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက တင်သွင်းထားတဲ့ လယ်ယာမြေ ဥပဒေ မူကြမ်းဟာ တောင်သူ လယ်သမားတွေကို နစ်နာစေနိုင်တဲ့ အတွက် အတည်မပြုသေးဘဲ ဆိုင်းငံ့ထားဖို့ နိုင်ငံရေး ပါတီ ၁၀ ခုက လွှတ်တော် အကြီးအကဲတွေထံ မနေ့က စာရေးသား တိုက်တွန်းလိုက်ကြ ကြောင်းလည်း သိရသည်။





မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်အဖြစ် သုံးရက်ကြာလာရောက် လည်ပတ်ခဲ့သော အရင်အစိုးရအဖွဲ့ဝင်ဝန်ကြီး ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန၀န်ကြီး အန်ဒြူးမစ်ချယ်(လ်)က မြန်မာနိုင်ငံသည် စစ်မှန်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ထွန်းလာပါက ဗြိတိန်အပါအ၀င် ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက လှိုက်လှဲရက်ရောစွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း မင်္ဂလာဒုံထောက်ကြံ့ ဓနသဟာယစစ်သင်္ချိုင်းတွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
 




ပြည်သူတွေအတွက် အကောင်းဆုံးလုပ်ပေးမည့် အစိုးရသည် ပြည်သူတွေ၏ သြဇာအာဏာအောက်တွင်ရှိသည့် အစိုးရပဲဖြစ်ကြောင်း ပြည်သူလူထုသို့ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၇ ရက်နေ့နံနက် ၁၁ နာရီကျော်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ်ပညာရေး အခမဲ့ပညာဒါနကျောင်းသို့ ရောက်ရှိလာစဉ် ပြည်သူလူထုနှင့် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်
Lwin Pwin

0 comments:

Post a Comment