နိုင်ငံတကာသတင်း
ဆီးရီယားအာဏာရပါတီရုံး တိုက်ခိုက်ခံရ
တနင်္ဂနွေနေ့က ဒမက်စကတ်မြို့တော်မှာ အာဏာရ ဘက်သ်ပါတီရုံးချုပ်ကို ရော့ကတ်ဗုံးများစွာ ထိမှန်ခဲ့တယ်လို့ ဆီးရီးယားလှုပ်ရှားသူတွေက ဆိုကြောင်း သတင်းရရှိပါတယ်။
အီဂျစ်အဓိကရုဏ်း ဆန္ဒပြသူ အနည်းဆုံး ၇ ဦးသေဆုံး
ကိုင်ရိုမြို့မှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေက ပစ်ခတ်နှိမ်နှင်းလို့ ၂ ရက်အတွင်း သေဆုံးသူ ၇ ဦးရှိသွားပြီလို့ဆိုကြောင်း သတင်းရရှိပါတယ်။စပိန်ရွေးကောက်ပွဲ ကွန်ဆာဗေးတစ်တွေ အနိုင်ရ
စပိန်နိုင်ငံမှာ လက်ရှိအာဏာရ ဆိုရှယ်လစ်ပါတီကို ဗဟိုကနေလက်ယာယိမ်း ပေါ်ပျူလာပါတီက လွှတ်တော်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရသွားကြောင်း သတင်းရရှိသည်။ဂဒါဖီ့သားကြီးကို လစ်ဗျားမှာ ရုံးတင်မည်
ဂဒါဖီရဲ့ သားအကြီးဆုံးကို လစ်ဗျားနိုင်ငံမှာပဲ ရုံးတင် စစ်ဆေးမယ်လို့ လစ်ဗျား ပြန်ကြားရေးဝန်ကြီးက ပြောကြောင်း သတင်းရရှိသည်ရေဘေးသင့် ဘန်ကောက်မြို့တော် သန့်ရှင်းရေးလုပ်
ဘန်ကောက်မြို့မှာ တနင်္ဂနွေနေ့က ရေကြီးရာကကျန်ရစ်ခဲ့တဲ့ အမိုက်သရိုက်တွေကို မြို့တော်တ၀ိုက် သန့်ရှင်းရေးနေ့သတ်မှတ်ပြီး သန့်ရှင်းနေကြကြောင်း သတင်းရရှိသည်။ဂဒါဖီ့သားကြီးကို ICC ခုံရုံးတင်ရေး ဆွေးနွေး
လစ်ဗျားခေါင်းဆောင်ဟောင်းရဲ့သား ဆာအိအယ်လ်အစ္စလာမ် အမှုကို ဘယ်မှာကြားနာမလဲဆိုတာကို နိုင်ငံတကာရာဇ၀တ်ခုံရုံးနဲ့ လစ်ဗျားအစိုးရ ဆွေးနွေးနေကြောင်း သတင်းရရှိသည်။အီဂျစ်အဓိကရုဏ်းမှာ လူပေါင်း ၅၀၀ ကျော် ဒဏ်ရာရ
ကိုင်ရိုမြို့မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား တိုက်ခိုက်မှုတွေဖြစ်ပွားလို့ လူ ၅၀၀ ကျော် ဒဏ်ရာရသွားတယ်လို့ အီဂျစ်အာဏာပိုင်တွေက ပြောကြောင်း သတင်းရရှိသည်။ဂဒါဖီသားအကြီး ဖမ်းမိပြီ
လစ်ဗျားခေါင်းဆောင်ဟောင်း မိုမာဂဒါဖီရဲ့သားအကြီးဆုံး Seif al-Islam ကို လစ်ဗျားတပ်ဖွဲ့တွေက ဒီကနေ့ လက်ရဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။သမ္မတအိုဘားမား အာရှပစိဖိတ်ခရီးစဉ် ပြီးဆုံး
အာရှပစိဖိတ်ဒေသကို ၉ ရက်ကြာခရီးထွက်ခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမားဟာ အခုနောက်ဆုံး ထိုင်းနိုင်ငံကနေ အမေရိကန်ကို ပြန်လည် ထွက်ခွာလာခဲ့ပါပြီကြောင်း သတင်းရရှိသည်။အီဂျစ်စစ်ဘက်ကောင်စီဥက္ကဋ္ဌ နုတ်ထွက်ရန် တောင်းဆိုဆန္ဒပြမှုအတွင်း လူနှစ်ဦး သေဆုံး
အီဂျစ်စစ်ဘက်ကောင်စီဥက္ကဋ္ဌ ဖီးမယ်ရှယ်ဟူစိန်တန်တာဝီ နုတ်ထွက်ပေးရန် အဓိကတောင်းဆိုသော ကန့်ကွက်ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့က ရော်ဘာကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများ အသုံးပြုပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့ကြောင်း သိရသည်။ သမ္မတဟောင်း ဟိုစနီမူဘာရက်ကို ဖြုတ်ချနိုင်ခဲ့သော လူထုတော်လှန်ရေးစတင်ရာ သမိုင်းဝင် တဟီရာရင်ပြင်တွင် လူထောင်ပေါင်းများစွာက တန်တာဝီကို ရာထူးနုတ်ထွက်ရန် တောင်းဆိုဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ ရဲများကို ကျောက်ခဲများ၊ အခြားပစ္စည်းများဖြင့် ပစ်ပေါက်မှုများလည်းရှိကြောင်း သိရသည်။
နိုင်ငံအတွက် အသေခံသွားရန် ဆန္ဒရှိကြောင်း ဆီးရီးယားသမ္မတ ပြောကြား
ဆီးရီးယားနိုင်ငံကို မည်သည့်စစ်ရေး ကျူးကျော်မှုမဆို ပြုလုပ်ရန် အလားအလာရှိပါက သွယ်ဝိုက်သောအားဖြင့် မိမိတို့နိုင်ငံသည် အလွန်ဆိုးရွားသောအခြေအနေသို့ ဆိုက်ရောက်သွားနိုင်ကြောင်း၊ ဆီးရီးယားနိုင်ငံအတွက် အသေခံရန်ဆန္ဒရှိကြောင်း ဆီး ရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်က ဗြိတိန်မှ ဆန်းဒေးတိုင်းမ် သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
အာရှတွင် အမေရိကန်ရှိနေမည်ဟု အိုဘားမားပြောကြား
ကာကွယ်ရေးအသုံးစရိတ် လျော့ချမှုများရှိနေသော်လည်း အာရှ- ပစိဖိတ်တွင် အမေရိကန်နိုင်ငံက ၎င်း၏စစ်ရေးကဏ္ဍကို တိုးမြှင့်သွားမည်ဟု အမေရိကန်သမ္မတဘာရက် အိုဘားမားက နိုဝင်ဘာလ ၁၇ ရက်တွင် ပြောကြား ခဲ့သည်။ အာရှဒေသ အနာဂတ်ပုံဖော်ရာတွင် ပစိဖိတ်အင် အားကြီးတစ်ခုအဖြစ် ကူညီပေးရန် အမေရိကန်သည် အာရှတွင်ရှိနေခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဘက်သည် အာဖဂန်၊ အီရတ်စစ်ပွဲအပေါ် အာရုံစိုက်နေရာမှ အာရှဒေသကို ပိုမိုအာရုံစိုက်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် အရှေ့တောင်အာရှဒေသတွင်း စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်အတွက် ကူညီပေးသွား မည်ဖြစ်ကြောင်း အိုဘားမားက သြစတြေးလျလွှတ်တော်တွင် ပြောကြားခဲ့သည်။ အာဖဂန်၊ အီရတ် စစ်ပွဲများအပြီးတွင် အာရှပစိဖိတ်ဒေသကို ဦးစားပေးအဖြစ် အာရုံစိုက်ရန် အမေရိကန် အမျိုးသားလုံခြုံရေးအဖွဲ့ကို ညွှန်ကြားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ၀င်ရောက်မစွက်ဖက်ရန် သြစတြေးလျ ပြောကြား
သြစတြေးလျနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့များ တိုးမြှင့်ချထားရန် သဘောတူခြင်းသည် တရုတ်နိုင်ငံကို ရည်ရွယ်ပြုလုပ်ခြင်း မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက စွက်ဖက်ရန် မလိုကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကီဗင်ရုဒ်က ပြောကြားခဲ့သည်။အမေရိကန်မရိန်းတပ်ဖွဲ့ဝင် ၂၅၀၀ ကို သြစတြေးလျနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း သြစတြေးလျနိုင်ငံမြောက်ပိုင်း၊ ဒါဝင်မြို့ သို့ရောက်ရှိခဲ့စဉ် သမ္မတအိုဘား မားက နိုဝင်ဘာလ ၁၆ ရက်နေ့က ကြေညာခဲ့ရာ တရုတ်နိုင်ငံနှင့် ဒေသတွင်း အင်အားချိန်ခွင်လျာညှိရန် လုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်လာခဲ့ကြောင်း သတင်းရရှိသည်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment