အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

နိုင်ငံ တနိုင်ငံ တိုးတက်လာဖို့ ပညာရေးက အင်မတန် အရေးကြီးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရန်ကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခမ်းမမှာ ဒီကနေ့ ကျင်းပတဲ့ (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ မိန့်ခွန်းမှာ အလေးပေး ပြောကြားခဲ့တာ ဖြစ်ကြောင်း သတင်းရရှိသည်။

တနိုင်ငံလုံး ညီညွတ်ရေး NLD ကြေညာချက် ထုတ်ပြန်

အမျိုးသားညီညွတ်ရေးဆိုတာ ခေါင်းဆောင်များသာ ညီညွတ်တာကို မဆိုလိုဘဲ တနိုင်ငံလုံး စိတ်ရော ကိုယ်ပါ ညီညွတ်တာကို ဆိုလိုတယ်လို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့ ကြောင်း ဒီနေ့ ကျရောက်တဲ့ (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ကြောင်း သတင်းရရှိပါတယ်။

(၉၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်းကျင်းပ

ရန်ကုန်မြို့ ရွှေညဝါ သာဓု ပရိယတ္တိ စာသင်တိုက်မှာ ဒီကနေ့ မနက်ပိုင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုပေါင်းပြီး အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

အဝေးရောက် ညွန့်ပေါင်းအစိုးရ ဆက်ရှိဖို့ မလိုတော့ကြောင်း ဒေါက်တာစိန်ဝင်းပြော

ဒီကနေ့ မြန်မာပြည်တွင်း နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲမှုတွေအရ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB အနေနဲ့ ဆက်လက် ရပ်တည်စရာ မလိုတော့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြောကြောင်း သတင်းရရှိသည်။

NLD မှတ်ပုံတင်ဖို့ဆုံးဖြတ်ချက် ပြည်ပတိုင်းရင်းသားကောင်စီ ထောက်ခံ

NLD ပါတီ တရားဝင်ပါတီအဖြစ် ပြန်မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ပြည်ပရောက် တိုင်းရင်းသားလူမျိုးများ ကောင်စီ ENC က ကြိုဆိုလိုက်ကြောင်း သတင်းရရှိသည်။

အောင်မြင်တိုးတက်တဲ့နိုင်ငံဖြစ်ဖို့ ပညာရေး အဓိကကျ

မြန်မာနိုင်ငံမှာ အာမခံချက်ရှိတဲ့ ပညာရေးဖြစ်လာအောင် အားလုံး ၀ိုင်းဝန်းကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားနေ့မှာ ပြောကြားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံရေးအပြောင်းအလဲ တွေ ဆက်လုပ်ဖို့ သြစတြေးလျဝန်ကြီးချုပ် တိုက်တွန်း

မြန်မာနိုင်ငံက ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပေမဲ့ ဆက်ပြီး လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ သြစတြေးလျဝန်ကြီးချုပ်က ပြောလိုက်ကြောင်း သတင်းရရှိသည်။

သမ္မတဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲ

အာဆီယံထိပ်သီးစည်းဝေးပွဲရဲ့ ဒီကနေ့ နောက်ဆုံးနေ့ညပိုင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ပြုပြင်ရေးအတွက် အချိန်မဆွဲဖို့ ဘန်ကီမွန်းတိုက်တွန်း

မြန်မာနိုင်ငံဟာ ခုချိန်မှာ အစပျိုးဖြစ်လာတဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ပဲ မလုပ်လောက်တော့ဘူးလို့ ကုလ အတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။


မြန်မာနိုင်ငံ၌ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံအဖြစ် မသတ်မှတ်သေးသော်လည်း ဗိသုကာ ပညာရပ်ဆိုင်ရာအရ ထိန်းသိမ်းထားသင့်သည့် အဆောက်အအုံများစွာ ကျန်ရှိနေကြောင်း ဗိသုကာပညာရှင်များထံမှ သိရှိရသည်။




မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်း ပြည်ပတင်ပို့သည့် စက်ရုံအချို့အား ပြည်ပနိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များ လာရောက်စစ်ဆေးမှု နှစ်ကြိမ်ရှိ ခဲ့ကြောင်း သတင်းရရှိသည်။




\ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းတွင်ရှိသော ဘဏ်များအပါအ၀င် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ငွေကြေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လက်ရှိပြောင်းလဲ ဖြစ်ပေါ်နေသော အခြေအနေများအပေါ် လေ့လာသုံးသပ်၍ အကြံပြုနိုင်ရန် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးအဖွဲ့အား စတင် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။




ကားဟောင်းလဲလှယ်ရေး အစီအစဉ်ဖြင့် တင်သွင်းလာမည့် ကားအရေအတွက်၊ နိုင်ငံခြားငွေ ရှာဖွေ အခွန်ထမ်းသူများ တင်သွင်းလာမည့် ကားအရေအတွက်နှင့် လက်ရှိ ရှိနှင့်ပြီး ကား အရေအတွက်အရ ဆိုသော် အဆိုပါ ကားများဖြင့်ကိုက်ညီမည့် လမ်းများ အသင့်ရှိမနေသေးကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
Lwin Pwin



0 comments:

Post a Comment