ရုရှားသည် ၎င်း၏နယ်စပ်များတွင် ဖြစ်ပေါ်နေသည့်ပဋိပက္ခများအတွင်း ဆွဲသွင်းခံရနိုင်သည့်အန္တရာယ် မြင့်မားနေပြီး နျူစစ်ပွဲဘက်သို့ လှည့်သွားနိုင်သည့်အလားအလာရှိနေကြောင်းရုရှားစစ်ဘက်ထိပ်တန်းအရာရှိက နိုဝင်ဘာလ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။ နေတိုးအဖွဲ့၏ အရှေ့ဘက်သို့ နယ်ပယ်ချဲ့ထွင်လာခြင်းနှင့် ဒေသဆိုင်ရာပဋိပက္ခများထဲသို့ ရုရှားဆွဲသွင်းခံနေရမှုမှာ သိသိသာသာ မြင့်မားလာကြောင်း ရုရှားစစ်ဦးချုပ် ဗိုလ်ချုပ်ကြီး နီကိုလိုင်မာကာရော့ဗ်က သတိပေးခဲ့ သည်။ အချို့အခြေအနေများအရ ဒေသဆိုင်ရာနှင့် ပြည်တွင်းပဋိပက္ခများမှသည်နျူလက်နက်များပါဝင်သည့်မီးကုန်ယမ်းကုန်ဆင်နွှဲသည့်စစ်ပွဲကြီးတစ်ခုဖြစ်လာနိုင်ကြောင်း မာကာရော့ဗ်က ပြောကြားခဲ့သည်။ ရုရှားအပေါ် သို့မဟုတ် ရုရှား၏ မဟာမိတ်အပေါ် နျူလက်နက်ဖြင့် တိုက်ခိုက်ပါက ရုရှားကလည်း နျူလက်နက်ဖြင့် တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည့်အပြင် အကယ်၍ ရုရှားတည်ရှိမှုကိုခြိမ်းခြောက်သည့် သမားရိုးကျ လက်နက်ကြီးများဖြင့်တိုက်ခိုက်လာလျှင်လည်းနျူလက်နက်ဖြင့် တုံ့ပြန်နိုင်ကြောင်း ရုရှားစစ်ရေးပေါ်လစီတွင် ဖော်ပြထားသည်။နေတိုးအဖွဲ့သည် ဥရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းရှိ ယခင်ဆိုဗီယက်အုပ်စုဝင် သမ္မတနိုင်ငံများကို ၀င်ခွင့်ပြုခြင်း၊ ယူကရိန်းနှင့် ဂျော်ဂျီယာနိုင်ငံတို့ကို ၎င်းတို့၏ အဖွဲ့သို့ ၀င်ခွင့်ပြုရန် စီစဉ်နေမှုအပေါ် ၎င်းက သတိပေး ခဲ့သည်။အာဖဂန်မှ နေတိုးတပ်ဖွဲ့များ ဆုတ်ခွာပါက အိမ်နီးချင်း ဆိုဗီယက်အုပ်စုဝင် နိုင်ငံများဖြစ်ခဲ့သည့် ဗဟိုအာရှနိုင်ငံများတွင် ပဋိပက္ခများ ဖြစ်ပွားလာနိုင်ပြီး စစ်ပွဲကြီးတစ်ခုဖြစ်လာနိုင်ကြောင်းလည်း သတိပေးခဲ့သည်။
Lwin Pwin

0 comments:

Post a Comment