နိုင်ငံတကာသတင်း

အီဂျစ်အရပ်ဘက်အစိုးရ နုတ်ထွက်စာတင်

အီဂျစ်နိုင်ငံမှာ လူ ၂၄ ဦးမကသေဆုံးခဲ့ရတဲ့ လုံခြုံရေးတွေရဲ့ နှိမ်နင်းမှုတွေ ၃ ရက်ကြာဖြစ်ပွားပြီးနောက် အရပ်သားဝန်ကြီးအဖွဲ့ နုတ်ထွက်စာတင် ကြောင်း သိရသည်။

တက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဌာနေပြန်ခွင့်မရနိုင်

ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှင်န၀ပ်ကို ဘုရင့်အမိန့်နဲ့ နိုင်ငံကိုပြန်လာခွင့် ပြုမယ်ဆိုတာ မဟုတ်ကြောင်း ထိုင်းအစိုးရက ပြောကြား ကြောင်း သိရသည်။

ထိပ်တန်းခမာနီခေါင်းဆောင် ၃ ဦး ရုံးတင်စစ်ဆေးမှုစတင်

ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနီခေါင်းဆောင်ဟောင်း ၃ ဦးကို ၂၀ ရာစုအတွင်း အဆိုးရွားဆုံး ပြစ်မှုတွေကျူးလွန်ခဲ့မှုနဲ့ တရားရုံးတင် စစ်ဆေးနေ ကြောင်း သိရသည်။

အီဂျစ် အဓိကရုဏ်း သေဆုံးသူ ၂၀ ကျော်အထိရှိ

အီဂျစ်နိုင်ငံမှာ ရဲတပ်ဖွဲ့နဲ့ ဒီမိုကရေစီလိုလား ဆန္ဒပြသူတွေအကြား ၃ ရက်ဆက်တိုက် ရုန်းရင်းဆန်ခတ်ဖြစ်တာတွေကြောင့် သေဆုံးသူ ၂၀ ကျော်သွားပါပြီ  ဖြစ်ကြောင်း သိရသည်။

ဗုံးခွဲဖို့ကြံစည်သူအဖြစ် သံသယရှိသူ နယူးယောက်မှာဖမ်းမိ

နယူးယောက်မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ ကြံစည်တယ်ဆိုတဲ့ စွဲချက်နဲ့ Jose Pimental ကို နယူးယောက်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ကြောင်း သိရသည်။

ဆီးရီယားအာဏာရပါတီရုံး တိုက်ခိုက်ခံရ

တနင်္ဂနွေနေ့က ဒမက်စကတ်မြို့တော်မှာ အာဏာရ ဘက်သ်ပါတီရုံးချုပ်ကို ရော့ကတ်ဗုံးများစွာ ထိမှန်ခဲ့တယ်လို့ ဆီးရီးယားလှုပ်ရှားသူတွေက ဆို ကြောင်း သိရသည်။




နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဓာတု စက်ရုံတစ်ရုံတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အလုပ်သမား ၁၄ ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့  ကြောင်း သိရသည်။


ထိုင်းအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ဒီဂရီတစ်ခုကို ယခု သီတင်းပတ်အတွင်းထုတ်ပြန်ခဲ့ရာ လွတ်ငြိမ်းချမ်းသာခွင့်ရမည့်စာရင်းတွင် မိမိနာမည်ပါနေသည်ဆိုသော ကောလာဟလများကို ပြည်ပတွင် တိမ်းရှောင် နေသည့် ထိုင်းဝန်ကြီးချုပ် ဟောင်းသက်ဆင်ရှင်နာဝပ်ထရာက နိုဝင်ဘာလ ၂၀ ရက်တွင် ငြင်းဆိုခဲ့ ကြောင်း သိရသည်။


အီဂျစ်စစ်ဘက်ကောင်စီဥက္ကဋ္ဌ ဖီးမယ်ရှယ်ဟူစိန်တန်တာဝီ နုတ်ထွက်ပေးရန် အဓိကတောင်းဆိုသော ကန့်ကွက်ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့က ရော်ဘာကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများ အသုံးပြုပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 
သမ္မတဟောင်း ဟိုစနီမူဘာရက်ကို ဖြုတ်ချနိုင်ခဲ့သော လူထုတော်လှန်ရေးစတင်ရာ သမိုင်းဝင် တဟီရာရင်ပြင်တွင် လူထောင်ပေါင်းများစွာက တန်တာဝီကို ရာထူးနုတ်ထွက်ရန် တောင်းဆိုဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ ရဲများကို ကျောက်ခဲများ၊ အခြားပစ္စည်းများဖြင့် ပစ်ပေါက်မှုများလည်းရှိကြောင်း သိရသည်။ 

အီဂျစ်အဓိကရုဏ်း ဆန္ဒပြသူ အနည်းဆုံး ၇ ဦးသေဆုံး

ကိုင်ရိုမြို့မှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေက ပစ်ခတ်နှိမ်နှင်းလို့ ၂ ရက်အတွင်း သေဆုံးသူ ၇ ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

စပိန်ရွေးကောက်ပွဲ ကွန်ဆာဗေးတစ်တွေ အနိုင်ရ

စပိန်နိုင်ငံမှာ လက်ရှိအာဏာရ ဆိုရှယ်လစ်ပါတီကို ဗဟိုကနေလက်ယာယိမ်း ပေါ်ပျူလာပါတီက လွှတ်တော်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရသွား ကြောင်း သိရသည်။

ဂဒါဖီ့သားကြီးကို လစ်ဗျားမှာ ရုံးတင်မည်

ဂဒါဖီရဲ့ သားအကြီးဆုံးကို လစ်ဗျားနိုင်ငံမှာပဲ ရုံးတင် စစ်ဆေးမယ်လို့ လစ်ဗျား ပြန်ကြားရေးဝန်ကြီးက ပြောလိုက် ကြောင်း သိရသည်။
Lwin Pwin

0 comments:

Post a Comment