တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရ ဆွေးနွေးပွဲများ ပြုလုပ်
နှစ်ဘက်အပစ်ခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရ ကိုယ်စားလှယ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးခုတို့ နိုဝင်ဘာ ၁၉  ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြသည်။ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S ) ခေါ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ကရင်အမျိုးသား အစည်းအရုံးနှင့် ချင်းအမျိုးသား တပ်ဦးတို့သည် ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ရထားပို့ဆောင်ရေး ဝန်ကြီးအောင်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အမှတ် ၁ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီရုံးတွင် တနင်္ဂနွေနေ့ နံနက် ၈ နာရီ မိနစ် ၅၀ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း
ပေါက်ကွဲသော ဗုံးသည် လက်လုပ်ဗုံး အမျိုးအစားဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားစဉ် အဆိုပါရုံးတွင် လူ လေးဦး ရှိနေသော်လည်း ထိခိုက်ဒဏ်ရာ မရရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ပါတီမှတ်ပုံတင်မယ့် NLD ကို သံဃာအဖွဲ့ဝေဖန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့အပေါ် တိုင်းပြည် ၏ လက်ရှိ အခြေအနေနှင့် မကိုက်ညီဟုဆိုကာ လွှတ်တော်ထဲတွင် မြန်မာ့နိုင်ငံရေး ပြဿနာများကို လုံးဝ ဖြေရှင်း
နိုင်မည် မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဟု အတိုက်အခံ သံဃာအဖွဲ့ က ထုတ်ပြန်လိုက် သည်။

“ထူးခြားသည့် ပြောင်းလဲမှုများ မဖြစ်ပေါ်သေးသည့် အခြေအနေအောက်တွင် ရွှေဂုံတိုင် ကြေညာစာတမ်း လမ်းကြောင်းမှ ယခုကဲ့သို့ ပြောင်းလဲသွားခြင်းသည် တိုင်းပြည်၏ ပကတိ အခြေအနေများနှင့် မကိုက်ညီ မသင့်လျော်” ဟု တနင်္လာနေ့က ထုတ်ပြန်သော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ ကြေညာချက်တွင် ပါရှိသည်။  လက်ရှိတွင် တိုင်းရင်းသားဒေသများ၌ စစ်ပွဲများဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်နေခြင်း၊ လူမှုရေး၊ စီးပွားရေးနှင့်နိုင်ငံရေး ကဏ္ဍ အသီးသီး၌ ဒီမိုကရေစီ ကင်းမဲ့နေသေးကြောင်း၊ သံဃာတော်များ၏ လွတ်လပ်စွာ ဟောပြောခွင့်နှင့် ဘုန်းကြီးကျောင်းများကိုလည်း ပိတ်ပင်ထားဆဲ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

လူထုအတွက် NLD မှတ်ပုံတင်ရန် ဆုံးဖြတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
  
ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီပြန်လည် မှတ်ပုံတင်ရန် ဆုံးဖြတ်ခြင်းသည် လူထုအတွက် မှန်ကန်သော လမ်းစဉ်အဖြစ် ယူဆ၍ စွန့်စား လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်ဟု ယနေ့ပြောဆိုလိုက်သည်။ ပညာရေးကွန်ရက် တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန် မြို့ ကမာရွတ်မြို့နယ်ရှိ ယုဒသန်ရိပ်သာ၌ကျင်းပသော ပညာရေးဆိုင်ရာ ရန်ပုံငွေရှာဖွေပွဲ အခမ်းအနား မိန့်ခွန်းတွင် ထိုသို့ ပြောခြင်း ဖြစ်သည်။ ယင်းရန်ပုံငွေပွဲ၌ နာမည်ကြီး အနုပညာရှင်များ၏ ဖျော်ဖြေမှု၊ မျက်လှည့်ဖျော်ဖြေမှု နှင့် ဈေးရောင်းပွဲ စသည့် အစီအစဉ်များလည်း ပါဝင်သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ တဦး က ပြောသည်။

 

ဘန်ကီမွန်း မြန်မာပြည် သွားဦးမည်

 

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် မကြာမီ မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရ သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ၌ သမ္မတ ဦးသိန်းစိန်နှင့် စနေနေ့က တွေ့ဆုံပြီးနောက် မစ္စတာ ဘန်ကီမွန်းက ပြောကြားခြင်းဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး နှင့် စီးပွားရေးပြောင်းလဲမှုများ လုပ်ဆောင်နေသည်ကို ကြိုဆိုသည်ဟုလည်း မစ္စတာ ဘန်ကီမွန်း ပြောဆိုကြောင်း သိရသည်။
 
ရှမ်းတောင်ပိုင်း တပ်ဖွဲ့နှင့် အစိုးရ အပစ်ရပ် သဘောတူ

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/သျှမ်းပြည် တပ်မတော် RCSS/SSA(ရှမ်းပြည် တပ်မတော်-တောင်ပိုင်း)နှင့် အစိုးရ ကိုယ်စားလှယ်များ နိုဝင်ဘာ ၁၉ ရက်က ထိုင်း-မြန်မာ နယ်စပ် တနေရာတွင်တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စ ပဏာမတွေ့ဆုံ ဆွေးနွေး ကြောင်း သိရသည်။ အစိုးရဘက်မှ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ RCSS/SSA ဘက်မှ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ ဦးဆောင်ဆွေးနွေး၍ အပစ်အခတ်ရပ်စဲရေး အပါအ၀င် ၂ ဘက် သဘောတူညီချက်များ ရရှိသည်ဟု RCSS/SSA ဘက်ကပြော  ကြောင်း သိရသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခြင်း လက်မခံဟု ဦးသိန်းစိန်ပြော

သမ္မတ ဦးသိန်းစိန်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ ဆိုသည်ကို လက်မခံကြောင်းနှင့် အကျဉ်းကျခံရသူ အားလုံး သည် ဥပဒေတခုခုကို ကျူးလွန်ထားသူများသာ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်နေစဉ် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ပထမဆုံး အကြိမ် ပြည်တွင်း ပြည်ပ သတင်းသမားများနှင့် တွေ့ဆုံရာ၌ ဦးသိန်းစိန်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အပစ်ခတ်ရပ်စဲရေး နီးစပ်နေပြီလို့ တိုင်းရင်းသားအဖွဲ့များ ပြောဆို

မြန်မာအစိုးရရဲ့ အပစ်ခတ်ရပ်စဲရေး ကိုယ်စားလှယ် အဖွဲ့ဟာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ထိုင်း မြန်မာ နယ်စပ် ဒေသမှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင်တွေက အာရ်အက်ဖ်အေကို အတည်ပြု ပြောဆို ကြောင်း သိရသည်။

ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်းပွဲတော် ဒေါ်အောင်ဆန်းစုကြည် ဖွင့်

ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်း ပွဲတော်ကို ဒီကနေ့ မနက် ဆယ်နာရီက ရန်ကုန်မြို့ ပြည်လမ်း ယုဒသန်ရိပ်သာမှာ ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာရင် ဦးဆောင်မှု ခံယူမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာမယ်ဆိုရင် သူ့ဦးဆောင်မှုကို အပြည့်အ၀ ထောက်ခံသွားကြမှာပါလို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီ လွှတ်တော် အမတ် တချို့က ဒီကနေ့ ပြောကြောင်း သိရသည်။

အခုတပတ် သောကြာနေ့မှာ NLD ပါတီ မှတ်ပုံတင်ဖို့ရှိ

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခုသီတင်းပတ် အတွင်း ပါတီ ပြန်လည် မှတ်ပုံတင်မယ်လို့ သိရပါတယ်။ အသေးစိတ် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပြီး ဒီတပတ် သောကြာနေ့ မှတ်ပုံတင် လျှောက်ထားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြော ကြောင်း သိရသည်။

NLD ဆုံးဖြတ်ချက် ENC အဖွဲ့ ကြိုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပါတီ ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်ဖို့ ဆုံးဖြတ်ချက်ကို တိုင်းရင်းသား လူမျိုးများ ကောင်စီ ENC က ကြိုဆိုလိုက်ပါတယ်။ NLD ပါတီ ခေါင်းဆောင်တွေရဲ့ အခုလို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်တဲ့ နိုင်ငံရေး စိတ်ဓါတ်ကို အသိအမှတ်ပြု လေးစားတဲ့ အနေနဲ့ အခုလို ကြိုဆိုရတာ ဖြစ်ကြောင်း ENC အတွင်းရေးမှုး ဒေါက်တာရွှေခါးက ပြောပါတယ်။

တနိုင်ငံလုံး ညီညွတ်ရေး NLD ကြေညာချက် ထုတ်ပြန်

အမျိုးသားညီညွတ်ရေးဆိုတာ ခေါင်းဆောင်များသာ ညီညွတ်တာကို မဆိုလိုဘဲ တနိုင်ငံလုံး စိတ်ရော ကိုယ်ပါ ညီညွတ်တာကို ဆိုလိုတယ်လို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့ ကြောင်း ဒီနေ့ ကျရောက်တဲ့ (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက် ကြောင်း သိရသည်။

မြန်မာ့လူ့အခွင့်အရေး ဆုံးဖြတ်ချက် ကုလအတည်ပြု

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုပြုချက်မူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တနင်္လာနေ့က အတည်ပြုခဲ့ကြ ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မည်

ဒီနှစ်ကုန်ပိုင်းမှာကျင်းပနိုင်ဖွယ်ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်အရွေးခံမယ်လို့ NLD ပြောခွင့်ရသူက ပြော ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၅ ဖွဲ့နဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကိုယ်စားလှယ်အဖွဲ့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရက်တွေက သီးခြားစီ တွေ့ဆုံခဲ့ ကြောင်း သိရသည်။

NLD မှတ်ပုံတင်ဖို့ဆုံးဖြတ်ချက် ပြည်ပတိုင်းရင်းသားကောင်စီ ထောက်ခံ

NLD ပါတီ တရားဝင်ပါတီအဖြစ် ပြန်မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ပြည်ပရောက် တိုင်းရင်းသားလူမျိုးများ ကောင်စီ ENC က ကြိုဆိုလိုက် ကြောင်း သိရသည်။

အောင်မြင်တိုးတက်တဲ့နိုင်ငံဖြစ်ဖို့ ပညာရေး အဓိကကျ

မြန်မာနိုင်ငံမှာ အာမခံချက်ရှိတဲ့ ပညာရေးဖြစ်လာအောင် အားလုံး ၀ိုင်းဝန်းကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားနေ့မှာ ပြောကြား ကြောင်း သိရသည်။
Lwin Pwin








0 comments:

Post a Comment