ကျေးဇူးတော်နေ့ အမေရိကန်ပြည်ထောင်စုမှာ ဆင်နွှဲ

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလ ၂၃ ရက်ဟာ Thanksgiving Day လို့ခေါ်တဲ့ ကျေးဇူးတော်နေ့ ဖြစ်ပါတယ်။

ယီမင်သမ္မတ အာဏာလွှဲဖို့ သဘောတူ

အာဏာလွှဲပေးဖို့ သဘောတူလိုက်တဲ့ ယီမင်သမ္မတဆာလေးက သူ့အုပ်ချုပ်မှုကို အန်တုလှုပ်ရှားရင်း သွေးမြေကျခဲ့ရမှုတွေအတွက် ၀မ်းနည်းကြောင်း ပြောပါတယ်။

ခမာနီခေါင်းဆောင်ဟောင်း အပြစ်မရှိကြောင်း ငြင်းဆို

၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်း ကမ္ဘောဒီးယား လူ၂ သန်းကျော်သတ်မှုမှာ သူ မပါခဲ့ဘူးလို့ အဓိကကြိုးကိုင်သူအဖြစ် စွတ်စွဲခံသမ္မတဟောင်းက ငြင်းပါတယ်။

အီဂျစ် စစ်ကောင်စီဥက္ကဋ္ဌ နှုတ်ထွက်ဖို့ ဆန္ဒပြသမားတွေ တောင်းဆို

စစ်အစိုးရဖက်က ဆန္ဒပြမှုတွေ လျော့သွားစေဖို့ လိုက်လျောမှု တချို့ လုပ်ခဲ့ပေမယ့် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပေးဖို့ တောင်းဆိုနေကြပါတယ်။

ထိုင်းဘုရင်စံနစ် ပုတ်ခတ်ရေးသားသူ ထောင်ဒဏ် အနှစ် ၂၀

ထိုင်းဘုရင် မိသားစုကို စော်ကားတယ်လို့ အာဏာပိုင်တွေ စွဲဆိုထားသူ တဦးကို နှစ် ၂၀ ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေး မြန်မာနဲ့မတူ

အမေရိကန်-မြန်မာဆက်ဆံရေးမျိုး မြောက်ကိုရီးယားလိုလားရင် အလားတူခြေလှမ်းတွေယူထားဖို့ လိုအပ်ကြောင်း အမေရိကန် အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
အစိုးရသစ်ဖွဲ့ပေးဖို့ အီဂျစ်ခေါင်းဆောင်တွေ ကတိပေး
အီဂျစ်စစ်ခေါင်းဆောင်တွေက ၂၀၁၂ မှာ အရပ်သားအစိုးရကို အာဏာလွှဲပေးဖို့ ကတိပေးနေပေမယ့် လူထုကတော့ အခုချက်ချင်းနုတ်ထွက်ပေးဖို့ တောင်းဆိုနေပါတယ်။
 (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ ပြိုင်ပွဲကိုယ်စားပြု အလံကို (၂၀၁၃)ပြိုင်ပွဲလက်ခံကျင်းပမည့် မြန်မာနိုင်ငံမှ လက်ခံရယူ
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ပြီးခဲ့သည့် အင်္ဂါနေ့က ပါလမ်ဘန်းမြို့ရှိ ဂျီလိုရာဆရီဝီဂျာရာ အားကစားကွင်းတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း ထို့နောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကိုယ်စားပြုအလံကို (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအား လက်ခံကျင်းပမည့် မြန်မာနိုင်ငံအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ သည့် အင်ဒိုနီးရှားအသင်းသည် ၁၉၉၇ ခုနှစ်က အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ဗိုလ်စွဲခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိ ရသည်။

Lwin Pwin

0 comments:

Post a Comment