အရှင်ဂမ္ဘီရ ကျန်းမာရေးကြောင့် မိသားစုနှင့် ပြန်နေရန်လိုဟုဆို
ကလေးမြို့ အကျဉ်းထောင်မှ မြောင်းမြထောင်သို့ ပြောင်းရွှေ့ခံရသည့် ဆရာတော် ဦးဂမ္ဘီရ၏ စိတ်ကျန်းမာရေး အခြေအနေ စိုးရိမ်ရသဖြင့် မိသားစုနှင့် အတူတကွ ပြန်လည်နေထိုင်ရန် လိုအပ်
ကြောင်း ထောင်တွင်း ဆက်လက်ထားရှိပါက မူလစိတ် အခြေအနေပြန်ရောက်ရန် မလွယ်ကူဟု ထောင်ဆရာဝန် ပြောကြောင်း တနင်္လာနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် ဦးဂမ္ဘီရ၏ အမဖြစ်သူ မခင်သူဌေးကပြောသည်။။အရှင်ဂမ္ဘီရမှာအကျဉ်းထောင်အတွင်းစိတ်ရောလူပါညှင်းပန်းနှိပ်စက်ခံရမှု
ကြောင်း ထောင်တွင်း ဆက်လက်ထားရှိပါက မူလစိတ် အခြေအနေပြန်ရောက်ရန် မလွယ်ကူဟု ထောင်ဆရာဝန် ပြောကြောင်း တနင်္လာနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် ဦးဂမ္ဘီရ၏ အမဖြစ်သူ မခင်သူဌေးကပြောသည်။။အရှင်ဂမ္ဘီရမှာအကျဉ်းထောင်အတွင်းစိတ်ရောလူပါညှင်းပန်းနှိပ်စက်ခံရမှု
ကြောင့် စိတ်ဒဏ်ရာရှိသွားခြင်းဖြစ်သည်ဟုလည်း မိသားစုက ယုံကြည်နေ ကြောင်း သိရှိရသည်။
မဲဆန္ဒနယ်တွေ အတွက် NLD နှင့် ညှိနှိုင်းလိုကြောင်း ၁၀ ပါတီပြော
ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ လစ်လပ်နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်သည့် အတွက် ယခင်က လစ်လပ်နေရာများတွင် တပါတီဝင်ပြိုင်မည်ဆိုပါက ကျန်သည့် ပါတီများက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ဝိုင်းဝန်းပံ့ပိုးပေးရန် ဆွေးနွေး ညှိနှိုင်းရန် ဆန္ဒရှိကြောင်း ဒီမိုကရေစီမိတ်ဆွေ ၁ဝ ပါတီက ပြောဆို ကြောင်း သိရှိရသည်။
ပြင်သစ် လူ့အခွင့်အရေးဝန်ကြီး မြန်မာပြည်ရောက်
ပြင်သစ်နိုင်ငံ လူ့အခွင့်အရေးဝန်ကြီး မစ္စတာ ဖရန်စွာ ဒမွန့်တ်ရေးက မြန်မာပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့(NGO) ကိုယ်စားလှယ် ၁၅ ဦးနှင့် ယမန်နေ့က ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန၌ တွေ့ဆုံ ဆွေးနွေးကြောင်း သိရသည်။ လယ်ယာမြေ သိမ်းဆည်းမှု၊ ကလေးသူငယ် ဆိုင်ရာအခွင့် အရေး၊ ကလေးစစ်သား စုဆောင်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများ၊ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုဆိုင်ရာများ နှင့် ပြင်သစ်နိုင်ငံက အကူအညီပေးရေး ကိစ္စများကို ဆွေးနွေးကြောင်း ဆွေးနွေးပွဲ တက်ရောက် ခဲ့ သူတဦးက ပြောသည်။
ဟီလာရီ ခရီးစဉ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး အစီအစဉ် မပါဝင်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာပြည် ခရီးစဉ်တွင် စီးပွားရေး ပိတ်ဆို့ အရေးယူထားမှု ပြန်လည်ရုပ်သိမ်းရေး အစီအစဉ် မပါဝင်ကြောင်း သိရသည်။ လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေး Ben Rhodes က အမေရိကန် သမ္မတအိမ်ဖြူတော်၌ နိုင်ငံခြားသတင်းထောက်များနှင့် ယနေ့တွေ့ဆုံရာတွင် ထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။
ကိုဝင်းမော် အကျဉ်းကျအနုပညာ ဖန်တီးရှင်ဆုရရှိ
ရခိုင်ပြည်နယ် ကျောက်ဖြူထောင်တွင် ထောင်ဒဏ် ၁၇နှစ် ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ကိုဝင်းမော်ကို စကာင်္ပူ အ ခြေစိုက် Freedom to Create အဖွဲ့က အကျဉ်းကျ အနုပညာ ဖန်တီးရှင်ဆု ချီးမြှင့်သည်။ ထိုဆုကို နိုဝင်ဘာ ၁၉ ရက်နေ့က တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့တွင် အခမ်းအနားဖြင့်ပေးအပ်ခဲ့ပြီးကိုဝင်းမော်ကိုယ်စား နိုင်ငံရေး အကျဉ်းသား ဟောင်း ကိုအောင်ကြီးက လက်ခံ ယူခဲ့သည်။ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားထားသော ဗီဒီိယိုမိန့်ခွန်းကို လည်းပြသကြောင်း သိရသည်။ ကိုဝင်းမော်ကို၂၀၀၇ နိုဝင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) သတင်း ဌာနသို့ သတင်းပေးပို့မူဖြင့် ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရန် မလေးရှား တိုက်တွန်းမြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့်အရေးယူပိတ်ဆို့မှုများ ပြန် လည်ရုပ်သိမ်းရန် နိုင်ငံတကာအသိုင်းအ၀ိုင်းကို မလေးရှားနိုင်ငံ ခြားရေး ၀န်ကြီး Datuk Seri Anifah Aman က တိုက်တွန်း လိုက်သည်။ မြန်မာပြည်ဖွံ့ဖြိုး တိုးတက်စေမည့်ကူညီထောက်ပံ့မှုများ ပေးရန်လည်း ပြော ကြားကြောင်း The star online သတင်းတွင် ဖော်ပြထား ကြောင်း သိရှိရသည်။ ပြည်ပကူးသန်းရောင်းဝယ်မှုနှင့် ပတ်သက်၍ ပြည်ပမှ နိုင်ငံခြားငွေ လွှဲပြောင်းခွင့်၊ အပ်နှံခွင့်လုပ်ငန်းများ လုပ်ကိုင်ရန် ပုဂ္ဂလိက ဘဏ် ၁၁ ခု ကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ယမန်နေ့က လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း သတင်းရသည်။နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် ဘဏ်များမှာ ထူးကုမ္ပဏီမှ ဦးတေဇပိုင် အာရှစိမ်းလန်းရေး ဖွံဖြိုးမှုဘဏ်၊ မက်စ်မြန်မာ ဦးဇော်ဇော်၏ ဧရာတီဘဏ်၊ မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ၀န်ကြီးဟောင်း ဦးအောင်သောင်း၏ သား ဦးနေအောင်၏ ယူနိုက်တက် အမရာဘဏ်၊ ဦးအောင်ကိုဝင်း၏ ကမ္ဘောဇဘဏ်၊ ထွန်း ဖောင်ဒေးရှင်း၊ သမ၀ါယမ ဘဏ်(CB)၊ စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ အရှေ့တိုင်းဘဏ်၊ မြ၀တီဘဏ်၊ အင်းဝဘဏ်တို့ ဖြစ် ကြောင်း သိရှိရသည်။ နယ်စပ်မြန်မာ ဒုက္ခသည်အရေး စိုးရိမ်ရဆဲထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်များအရေးဆောင်ရွက်နေတဲ့ TBBC အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ Jack Danford က ဗြိတိသျှပါလီမန်မှာ အင်္ဂါနေ့တုန်းက ပါတီပေါင်းစုံက မြန်မာ့ ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ လွှတ်တော်အမတ်များအဖွဲ့ APPG အဖွဲ့ဝင်တွေကို မြန်မာဒုက္ခသည်များအရေး တင်ပြဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စဖြစ်နေပြီလို့ အများက မြင်နေကြပေမယ့် တိုင်းရင်းသားတွေနေထိုင်ရာ နယ်စပ်ဒေသက အခြေအနေကတော့ ပြောင်းလဲမှုမရှိဘဲ တဘက် ထိုင်းနိုင်ငံထဲကို ဒုက္ခသည်တွေဟာ နေ့စဉ်လိုလို ထပ်ပြီးတော့ ရောက်လာနေတာမို့ ဒီဒုက္ခသည်တွေအတွက် အကူအညီတွေ ပေးဖို့ကိုလည်း ဗြိတိသျှအစိုးရကို သူက တောင်းဆိုခဲ့ ကြောင်း သိရှိရသည်။ပြုပြင်ပြောင်းလဲရေး တွန်းအားပေးဖို့ ၀န်ကြီးကလင်တန် မြန်မာပြည် သွားမည်မြန်မာနဲ့ထိစပ်ဆက်ဆံရေး အမေရိကန် မူဝါဒသစ်အရ ဝန်ကြီးကလင်တန် မြန်မာပြည်ကို သွားတဲ့အခါ အဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဖို့ စီစဉ်ထား ကြောင်း သိရှိရသည်။ ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းဖို့ အစီအစဉ်မရှိသေးနိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာပြည် သွားပေမယ့် ဒဏ်ခတ် အရေးယူထားတာတွေ ရုပ်သိမ်းဦးမှာ မဟုတ်ဘူးလို့ အမေရိကန် အဆင့်မြင့် အရာရှိပြော ကြောင်း သိရှိရသည်။မြန်မာနိုင်ငံ ကောက်ကြီးပေါ်ချိန် စပါးဈေးကျရာသီဥတု ဖောက်ပြန်ပြီး စပါး အထွက်နည်းတာကြောင့် လယ်သမားတွေ အရှုံး ပေါ်နေကြ ကြောင်း သိရှိရသည်။အမေရိကန်ရဲ့ခြေလှမ်း မြန်မာအစိုးရကြိုဆိုသမ္မတဦးသိန်းစိန်က အမေရိကန်ဝန်ကြီးလာမှာကို ကြိုဆိုရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲဆောင်ရွက်သွားမယ်လို့ ကတိပြုလိုက် ကြောင်း သိရှိရသည်။
“မလေးရှားနိုင်ငံတွင် ပတ်ဝန်းကျင် အရည်အသွေးဆိုင်ရာ ဥပဒေကို ၁၉၇၄ ခုနှစ်တွင် လည်းကောင်း၊ ဖိလစ်ပိုင်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကို ၁၉၉၇ ခုနှစ်တွင် လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အမျိုးသားပတ်ဝန်းကျင် အရည်အသွေး မြှင့်တင်ရေးနှင့် ထိန်းသိမ်းကာကွယ်ရေး အက်ဥပဒေကို ၁၉၉၂ ခုနှစ်တွင် လည်းကောင်း၊ ဗီယက်နမ်နိုင်ငံတွင် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဥပဒေကို ၁၉၉၃ ခုနှစ်တွင် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ပတ်ဝန်းကျင် စီမံခန့်ခွဲရေးဆိုင်ရာဥပဒေ ကို ၁၉၉၅ ခုနှစ်တွင်လ ည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သယံဇာတများ စီမံခန့်ခွဲရေးဥပဒေကို ၁၉၉၆ ခုနှစ် တွင်လည်းကောင်း၊ လာအိုနိုင်ငံတွင် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဥပဒေကို ၁၉၉၃ ခုနှစ်တွင်လည်းကောင်း အသီးသီးပြဋ္ဌာန်းပြီးဖြစ်ကြောင်း အလားတူအိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့တွင်လည်း ပြဋ္ဌာန်းပြီးဖြစ်ကြောင်း” ပြည်ထောင်စုဝန်ကြီးက တင်ပြခဲ့ကြောင်း သိရှိရသည်။ ကြားဖြတ်ရွေးကောက်ပွဲ အတွက် အင်န်အယ်လ်ဒီ အကြမ်း ညှိနှိုင်းပါတီမှတ်ပုံတင်ခွင့်ရသွားပြီးရင် ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် လုပ်ဆောင်စရာများ အကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အင်န်အယ်လ်ဒီ ပါတီ ဗဟို ကော်မတီဝင်တွေနဲ့ တိုင်းနဲ့ ပြည်နယ်က ပါတီ ခေါင်းဆောင်တွေ ဒီကနေ့ ရွှေဂုံတိုင်ရုံးချုပ်မှာ အကြမ်း ဆွေးနွေးခဲ့ကြောင်း ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ ဥက္ကဋ္ဌ ဦးခွန်ထွန်ဦးနဲ့ တွေ့ခွင့်ရဖို့ SNLD ဆက်ကြိုးပမ်းမယ်မကြာခင်က ပူတာအိုထောင်ကနေ တောင်ငူထောင်ကို ရွှေ့ပြောင်းလိုက်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်ဦးနဲ့ တွေ့ဆုံခွင့်ရဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပါတီ ပြောခွင့်ရ ဦးစိုင်းလိတ်က ပြော ကြောင်း သိရှိရသည်။ချင်းအမျိုးသားတပ်ဦး CNF နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးမယ်ဦးသိန်းစိန် အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တချို့နဲ့သာ အပစ်အခတ် ရပ်စဲပြီး ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ KIA ကို ချောင်ပိတ်တိုက်တာမျိုး မဖြစ်စေလိုကြောင်း ချင်းအမျိုးသား တပ်ဦး CNF က အာရ်အက်ဖ်အေ ကို ပြော ကြောင်း သိရှိရသည်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဖို့ရှိမြန်မာနိုင်ငံကို လာရောက်မဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖွဲ့နဲ့ လာမယ့် ဒီဇင်ဘာ ၁ ရက် နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။NLD ပါတီဆုံးဖြတ်ချက် နိုင်ငံရေး ၁၀ ပါတီမဟာမိတ် ထောက်ခံကြိုဆိုအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပြီး လာမဲ့ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ အောက်တိုဘာ ၁၈ ရက်က ဆုံးဖြတ်တာကို နိုင်ငံရေးပါတီ ၁၀ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေ ပါတီများက ကြိုဆိုလိုက် ကြောင်း သိရှိရသည်။ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့် ဆိုင်ရာ ဥပဒေ မြန်မာလွှတ်တော် အတည်ပြုမြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို လွှတ်တော် နှစ်ရပ်လုံးက သဘောတူညီမှု ရရှိသွားပြီ ဖြစ်တာကြောင့် သမ္မတ ဦသိန်းစိန် လက်မှတ်ရေးထိုးပြီးရင် ဥပဒေ အဖြစ် တရားဝင် အတည်ပြု ပြဋ္ဌာန်းနိုင်တော့မယ်လို့ သိရပါတယ်။အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ခရီးစဉ် အတွင်း ပြစ်ဒဏ်ခတ်မှု လျှော့ချဖို့ မရှိအမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လာမယ့် သီတင်းပတ် အတွင်း မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံ အပေါ် အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ ပြစ်ဒဏ်ခတ်မှုတွေကို လျှော့ချမှာ မဟုတ်သေးဘူးလို့ အမေရိကန် အဆင့်မြင့် အရာရှိ တစ်ဦးက မနေ့က ပြောကြားလိုက် ကြောင်း သိရှိရသည်။လွတ်လပ်စွာ အနုပညာဖန်တီးခွင့် အကျဉ်းကျ အနုပညာရှင်ဆု ရွှေသံစဉ် ကိုဝင်းမော်ကို ချီးမြှင့်တောင်အာဖရိကနိုင်ငံ Freedom to Create အမည်ရှိ လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့် အဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၁ ခုနှစ် အတွက် Imprisoned Artist Prize အကျဉ်းကျ အနုပညာရှင်ဆုကို ကျောက်ဖြူထောင်မှာ ထောင်ဒဏ် ၁၇ နှစ် ကျခံနေရတဲ့ ရွှေသံစဉ် တီးဝိုင်း ခေါင်းဆောင် ကိုဝင်းမော်ကို ချီးမြှင့်လိုက် ကြောင်း သိရှိရသည်။Lwin Pwin |
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment