နိုင်ငံတကာသတင်း
ကမဲလ်ဂန်ဇိုရီကို အီဂျစ်ဝန်ကြီးချုပ်သစ်အဖြစ် ပြန်လည်ခန့်အပ်
စစ်အစိုးရအုပ်ချုပ်နေတဲ့အီဂျစ်မှာ ဆန္ဒပြမှုတွေကြောင့် အရပ်ဘက်ဝန်ကြီးချုပ် နုတ်ထွက်ပေးခဲ့ပြီး ဝန်ကြီးချုပ်ဟောင်းကို တာဝန်ပြန်ပေးလိုက်ကြောင်း သိရပါတယ်။
ယီမင်အကြမ်းဖက်မှု စုံစမ်းစစ်ဆေးဖို့ သမ္မတအမိန့်ပေး
ယီမင်သမ္မတဆာလေးက ရာထူးက ဆင်းပေးဖို့ သဘောတူခဲ့သလို အဓိကရုဏ်းအတွင်း သေကျေမှုတွေအတွက် စုံစမ်းစစ်ဆေးဖို့လည်း အမိန့်ပေးခဲ့ ကြောင်း သိရပါတယ်။ဆန္ဒပြသူတွေသေဆုံးမှု အီဂျစ်စစ်တပ် ဝန်ချတောင်းပန်
အီဂျစ်နိုင်ငံမှာ စစ်တပ်အာဏာစွန့်ဖို့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့လို့ လူ ၃၅ ယောက်သေဆုံးခဲ့မှုအတွက် စစ်ဘက်ကတောင်းပန်ပါကြောင်း သိရပါတယ်။ရေပိုင်နက်ပြဿနာ ညှိနှိုင်းရေး တရုတ်-ဂျပန် သဘောတူ
ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်အတွင်း အရှေ့တရုတ်ပင်လယ်အငြင်းပွားမှုမျိုး ထပ်မဖြစ်ရအောင် ဖြေရှင်းရေးနည်းလမ်းဖော်ဖို့ ၂ နိုင်ငံ သဘောတူ ကြောင်း သိရပါတယ်။ကျေးဇူးတော်နေ့ အမေရိကန်ပြည်ထောင်စုမှာ ဆင်နွှဲ
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလ ၂၃ ရက်ဟာ Thanksgiving Day လို့ခေါ်တဲ့ ကျေးဇူးတော်နေ့ ဖြစ်ကြောင်း သိရပါတယ်။ယီမင်သမ္မတ အာဏာလွှဲဖို့ သဘောတူ
အာဏာလွှဲပေးဖို့ သဘောတူလိုက်တဲ့ ယီမင်သမ္မတဆာလေးက သူ့အုပ်ချုပ်မှုကို အန်တုလှုပ်ရှားရင်း သွေးမြေကျခဲ့ရမှုတွေအတွက် ၀မ်းနည်းကြောင်း သိရပါတယ်။အင်ဒိုနီးရှား လေကြောင်းလိုင်း ဘိုးအင်းစင်းရေ ၂ဝဝကျော် အော်ဒါ မှာယူ
ကမ္ဘာပေါ်တွင် အကြီးမားဆုံး လေကြောင်းလိုင်းကြီး အဖြစ် ဦးတည်နိုင်ရန်အတွက် အင်ဒိုနီးရှား၏ ပုဂ္ဂလိက လေကြောင်းလိုင်းကြီး Lion Air မှ ဘိုးအင်း ၇၃၇ လေယာဉ် စင်းရေ ၂၃ဝ ကို အော်ဒါ မှာယူခဲ့ကြောင်း သိရှိရသည်။ စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၂၁ ဒသမ ၇ ဘီလျံဖြစ်သည်။ အမေရိကန်သမ္မတအိုဘားမားကလည်း အာရှပစိဖိတ် ဒေသ၏ ဈေးကွက်အခွင့်အလမ်းကို ရယူနိုင်ခဲ့သဖြင့် ဘိုးအင်းကုမ္ပဏီကြီးအား ချီးကျူးစကား ပြောကြားခဲ့သည်။ ထို့ပြင် အာရှပစိဖိတ်ဒေသအတွင်း လူတစ်သိန်းကျော် ပို၍ အလုပ်အကိုင် ရရှိလာမည်ဖြစ်သည်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment