KIO နှင့် အစိုးရ သောင်မတင် ရေမကျ
မြန်မာအစိုးရ ကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တွေ့ဆုံခဲ့သော်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် မရေရာသေးဘဲ ဖြစ်နေသည်ဟု KIO က ပြောသည်
ကလင်တန်နှင့်တွေ့လျှင် ပိတ်ဆို့မှုနှင့် နိုင်ငံရေးအကျဉ်းသားကိစ္စ တင်ပြမည်
မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ်အတွင်း စီးပွားရေး ပိတ်ဆို့မှုကိစ္စနှင့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကိစ္စများ ဆွေးနွေးသွားမည်ဟု လွှတ်တော်အမတ်များက ပြောဆိုသည်။
NLD တည်ထောင်သူများတွင် အမျိုးသမီး ထက်ဝက်ကျော်ပါဝင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမည့် ပါတီတည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင်သလို ကယားပြည်နယ်မှလွဲ၍ နယ်စုံမှပါဝင်သည်ကို တွေ့ရသည်။
မွန်ပြည်သစ် ဗဟိုအစည်းအဝေး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမည်
မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးကို လာမည့်လအတွင်း ကျင်းပရန် စီစဉ်ထားပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်ကိစ္စမှာ အဓိက ဆွေးနွေးမည့် အကြောင်းအရာတခု ဖြစ်သည်ဟု
ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာပိန်ခိုင်းက ပြောသည်။

တာချီလိတ်တွင် ဂက်စ်အိုးပေါက်ကွဲမှုဖြစ်

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ပုံးထွန် ရပ်ကွက်ရှိ ဦးပေါက်စီ ပိုင်ဆိုင်သော ရွှေရည် ကုန်စုံဆိုင်၏ ပစ္စည်းသိုလှောင်ရုံ တွင် ဂက်စ်အိုးပေါက်ကွဲမှုတခု ယနေ့ ညနေ ၃ နာရီခန့်က ဖြစ်ပွားခဲ့ရာ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း မြို့ခံများက ဆိုသည်။ ကုန်ပစ္စည်း များ သိုလှောင်ထားရာ ဂိုဒေါင်အတွင်း ဂက်စ်အိုး ၃ လုံး ဆင့်ကဲ ပေါက်ကွဲမှုကြောင့် ငလျင်ဒဏ် ခံစားခဲ့ရသည့် မြို့ခံများမှာ ထိတ်လန့် ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထိခိုက် ဒဏ်ရာရသူ မရှိကြောင်းနှင့် မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ကားတချို့ ရောက်လာကာ မီးငြိမ်းသတ်နေကြောင်း သတင်းရရှိသည်။
 ဒေါ်အောင်ဆန်းစုကြည် ဦးအောင်သန်း ကွယ်လွန် နှစ်၂၀ ပြည့် ဆွမ်းကျွေး သွားရောက်
လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို ဦးအောင်သန်း၏ ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့် ဆွမ်းကျွေး အလှူသို့ ဒေါ်အောင်ဆန်းစုကြည် ယနေ့ နံနက်ပိုင်းက သွားရောက်ခဲ့သည်။ ဦးတင်ဦး၊ ဦးဝင်းထိန် အစရှိသည့် အဖွဲ့ချုပ် ခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ အဖွဲ့ချုပ်ဝင်များ သွားရောက်ကြကြောင်း သတင်းရရှိသည်။ ဆွမ်းကျွေး အလှူကို ကျန်ရစ်သူ မိသားစုများနေထိုင်ရာ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ နေအိမ်တွင် နံနက် ၈ နာရီမှ နေ့လည် ၁၁ နာရီအထိပြုလုပ်ခဲ့သည်။ ဦးအောင်သန်းသည် အသက် ၈၁ နှစ် အရွယ် ၁၉၉၁ ခုနှစ်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ကရင်ခွဲထွက်အဖွဲ့ ထိုင်းအမျိုးသမီး ပြန်ပေးဆွဲ
ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ခွဲထွက်အဖွဲ့ဝင်တချို့က ပြန်ပေးဆွဲ ထားသော ထိုင်း အမျိုးသမီး ၃ ဦးမှ ကျန် ၁ ဦးကို ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ ထိုင်း ဘတ်ငွေ ၁၅ သိန်းဖြင့် ယခုလ ၁၅ ရက်နေ့တွင် ထိုင်းအာဏာပိုင်များ ကြားဝင်ဆောင်ရွက်ပေးခဲ့သောကြောင့် အမျိုးသမီး၂ ဦးကို ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ် သည်။ ကျန် ၁ ဦးကိုမူ လတ်တလော မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရှိရသေးပေ။ ပြန်ပေးဆွဲ အဖွဲ့သည် အင်အား ၁၀ ဦးကျော်ဖြင့် လွန်ခဲ့သည့်နှစ်က အစိုးရထံ သွားရောက် လက်နက်ချခဲ့သည့် ကရင်ငြိမ်းချမ်းရေး ကောင်စီ တပ်ရင်း (၇၇၇) ဟု အမည်ပေးထားသော အဖွဲ့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ မြေမြှုပ်မိုင်း ဆက်လက်သုံးနေဆဲ 
ကမ္ဘာပေါ်တွင် မြှေုပ်မိုင်း အသုံးပြုမှုသည် ပြီးခဲ့သည့် ၇ နှစ်အတွင်း ယခုနှစ်သည်အများဆုံးဖြစ်ကြောင်း နိုင်ငံတကာမြေမြှုပ်မိုင်းလေ့ လာစောင့်ကြည့်ရေး အဖွဲ့(ICBL)က ပြောဆိုလိုက်သည်။ အစ္စရေး၊ လစ်ဗျား၊ ဆီးရီးယားနှင့် မြန်မာနိုင်ငံ တို့သည် အချိန်ကြာမြင့်စွာကပင် မြေမြှုပ်မိုင်း အသုံးပြုလာခဲ့ကြောင်း၊ မကြာသေးခင်ကအထိ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးမှုများ ရှိကြောင်း လည်း ဆိုသည်။ မြန်မာနိုင်ငံတွင် အစိုးရနှင့် လက်နက်ကိုင်သောင်းကျန်းသူများ၂ ဘက်စလုံးက မြေမြှုပ်မိုင်း အသုံးပြုကြောင်း၊ ယင်းမြေ မြှုပ်မိုင်း အသုံးပြုမှုနှင့် ပတ်သက်ပြီး ၁၉၉၉ ခုနှစ်က ယနေ့အထိ ICBL က ထုတ်ပြန်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားဟု အစိုးရသတင်းစာ၌ ဖော်ပြ

ယခင် နအဖစစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား အငြိမ်းစားဟူသည့် သုံးနှုန်းဖော်ပြချက်ကို ပထမဆုံး အကြိမ်အဖြစ် ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မထင်မရှား တွေ့ရသည်။“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)+ ဒေါ်ကြိုင်ကြိုင် မိသားစုက အမေရိကန်ဒေါ်လာ ၁၃၀၀၊ ပတ္တမြားတာ ၁၁ ပွင့်၊ မြိတ်ပုလဲ တစ်ပွင့်၊ ကာလ တန်ဖိုးကျပ် ၄၈၈၀၀၀ရှိ ရွှေလက်စွပ်တကွင်း လာရောက်လှူဒါန်းခဲ့”ဟု ဗုဒ္ဓစွယ်တော်အတွက် လှူဒါန်းခဲ့ခြင်း အား သတင်းစာများ၏ အတွင်းစာမျက်နှာ၌ ရေးသားထားသည်ကို တွေ့ရခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အငြိမ်းစားယူမှုအပေါ်အမြင် အမျိုးမျိုး

မြန်မာအစိုးရပိုင် သတင်းစာတွေထဲမှာ ပထဆုံးအချိန်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမည်ရဲ့နောက်မှာ အငြိမ်းစားလို့ ဖော်ပြခဲ့တာတွေ့ရ ကြောင်း သိရပါတယ်။
သီလဝါဆိပ်ကမ်းနားမှာ တောင်ကိုရီးယားက ဒေါ်လာသန်း ၅ ထောင်ဖိုး ရင်းနှီးမယ့်စီမံကိန်းကြောင့် သံလျင်မြေဈေးတွေ ၁၀ ဆ လောက် တက်သွားပါ ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင် ၅၀ ကျော်တို့ တွေ့ကြမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင် ၅၀ ကျော်သည် ရွေးကောက်ပွဲ အောင်နိုင်ရေး လှုံ့ဆော်တေးများ ဖန်တီးရန်အတွက် မနက်ဖြန် ညနေ ၃ နာရီခန့်၌ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံမည်ဟု သတင်း ရသည်။အဆိုပါတွေ့ဆုံပွဲကို ဂီတပညာရှင်များဖြစ်သည့် ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ သားထွေး၊ ကိုးတိုးလွင်နှင့် ဆောင်ဦးလှိုင်တို့က စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး ဖိတ်ကြားခြင်းခံရသည့် အနုပညာရှင်များမှာ တေးရေးနောင်နောင် (ဆန်းဖလားဝါး)၊ စံလင်း၊ ရင်ဂို၊ မာရဇ္ဇ၊ ဆောင်းဦးလှိုင်၊ ဇေယျာသော်၊ အနဂ္ဂ၊ ကျားပေါက်၊ ချောစုခင်၊ ကဗျာဘွဲ့မှူး၊ ချစ်သုဝေ၊ သံသာဝင်း၊ ချမ်းချမ်း စသည်တို့ အပါဝင် အနုပညာရှင် ၅၀ ကျော်တို့ ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြခွင့်ဆိုင်ရာ နည်းဥပဒေ ထုတ်ပြန်ဖို့ ကျန်နေသေး

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလမ်းလျှောက် ဆန္ဒပြခွင့် ဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးတာကြောင့် လာမယ့် ဒီဇင်ဘာလအတွင်း သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးဖို့သာ ကျန်ပြီး နည်းဥပဒေကို ထုတ်ပြန်ပြီးတာနဲ့ တရားဝင် ဆန္ဒပြခွင့် လျှောက်ထားနိုင်တော့မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ရေး ဈေးပြိုင်ခေါ်

မြန်မာနိုင်ငံ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်အသစ်တွေ အတွက် တင်ဒါစနစ်နဲ့ ဈေးပြိုင်ခေါ်ရာမှာ တရုတ်နဲ့ အနောက်နိုင်ငံ ကုမ္ပဏီကြီးတွေက စိတ်မဝင်စားကြဘဲ အိန္ဒိယ၊ ထိုင်းနဲ့ မလေးရှား ကုမ္ပဏီတွေသာ စိတ်ဝင်စားတာ တွေ့ရတယ်လို့ ရိုက်တာ သတင်းမှာ ဒီကနေ့ ဖော်ပြကြောင်း သိရပါတယ်။

ကချင်ပြည်နယ်မှာ သနပ်ခါးရောင် မိုးတွေရွာ

ကချင်ပြည်နယ် အရှေ့တောင်ပိုင်း တရုတ် မြန်မာနယ်စပ်အနီးက လွယ်ဂျယ်နဲ့ မိုင်ဂျာယန်ဒေသမှာ အခုရက်ပိုင်းအတွင်း သနပ်ခါးရောင် အနီရောင်စတဲ့ မိုးမျိုး ရွာသွန်းခဲ့တဲ့အတွက် သက်သေခံ အထောက်အထားတွေကို ရယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးနိုင်ဖို့ ကေအိုင်အေက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းသစ် ဆွေးနွေးတိုင်ပင်မယ်

အင်န်အယ်လ်ဒီ ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ အသုံးပြုမယ့် တေးသီချင်းအသစ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆို/အတီး အနုပညာရှင်တွေ မနက်ဖြန်ကျရင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ တွေ့ဆုံပွဲကို တက်ရောက်မယ့် ဟစ်ပ်ဟော့ အဆိုတော် ကိုဇေယျာသော်က ပြော ကြောင်း သိရပါတယ်။

ရှေ့ ၂၅ နှစ်ကာလ အရှေ့တောင်အာရှမှာ မြန်မာ စီးပွားရေး ထိပ်တန်းနိုင်ငံ ဖြစ်လာနိုင်

မြန်မာနိုင်ငံဟာ လာမဲ့ ၂၅ နှစ်ကာလအတွင်း အရှေ့တောင်အာရှမှာ စီးပွားရေး ထိပ်တန်းနိုင်ငံ ဖြစ်လာမယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ်က ပြော ကြောင်း သိရပါတယ်။

ဥက္ကဋ္ဌ ဦးခွန်ထွန်ဦးနဲ့ တွေ့ခွင့်ရဖို့ SNLD ဆက်ကြိုးပမ်းမယ်

မကြာခင်က ပူတာအိုထောင်ကနေ တောင်ငူထောင်ကို ရွှေ့ပြောင်းလိုက်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်ဦးနဲ့ တွေ့ဆုံခွင့်ရဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပါတီ ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောကြောင်း သိရပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးမယ်

ဦးသိန်းစိန် အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တချို့နဲ့သာ အပစ်အခတ် ရပ်စဲပြီး ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ KIA ကို ချောင်ပိတ်တိုက်တာမျိုး မဖြစ်စေလိုကြောင်း ချင်းအမျိုးသား တပ်ဦး CNF က ပြော ကြောင်း သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဖို့ရှိ

မြန်မာနိုင်ငံကို လာရောက်မဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖွဲ့နဲ့ လာမယ့် ဒီဇင်ဘာ ၁ ရက် နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိ ကြောင်း သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ အတွက် အင်န်အယ်လ်ဒီ အကြမ်း ညှိနှိုင်း

ပါတီမှတ်ပုံတင်ခွင့်ရသွားပြီးရင် ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် လုပ်ဆောင်စရာများ အကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အင်န်အယ်လ်ဒီ ပါတီ ဗဟို ကော်မတီဝင်တွေနဲ့ တိုင်းနဲ့ ပြည်နယ်က ပါတီ ခေါင်းဆောင်တွေ ဒီကနေ့ ရွှေဂုံတိုင်ရုံးချုပ်မှာ အကြမ်း ဆွေးနွေးခဲ့ကြောင်း ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြော ကြောင်း သိရပါတယ်။




အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော လေဘေးသင့် မြန်မာရေလုပ်သား ၁၃၅ ဦးမှာ နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်မှုဖြင့် နိုဝင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်တွင် နှစ်သုတ်ခွဲ၍ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရပါတယ်။
 




မြန်မာသင်္ဘောသားများပါဝင်သော တောင်ကိုရီးယား ကုန်တင်သင်္ဘောသည် တောင်တရုတ်ပင်လယ်ပြင်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် နိုဝင်ဘာလ ၂၁ ရက်နေ့က နစ်မြုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြောက်ဥက္ကလာပ လူသတ်မှု အမှန် ပေါ်ပေါက်ရေး လွှတ်တော် ကိုယ်စားလှယ် အချို့ ဆောင်ရွက်ပေးမည်

ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် နွယ်သာကီ (၆) လမ်း လူသတ်မှုအား အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောသည်။
နိုဝင်ဘာ ၁၉ ရက်နေ့က သေဆုံးသူ ကိုကျော်မင်း၏ မိသားစုဝင် များနှင့် သွားရောက် တွေ့ဆုံစဉ် ဦးကျော်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ် ကြောင်း သိရပါတယ်။

ဥပဒေ စိုးမိုးမှုကို ဗြောင်ကျကျ စိန်ခေါ်သွားသော မြောက်ဥက္ကလာ လူသတ်မှု

 မြောက်ဥက္ကာလာပမြို့၊ နွယ်သာကီ ၆ လမ်းသို့၊ နိုဝင်ဘာ ၁၇ ရက်ညအချိန် ကားများဖြင့် ဝင်ရောက်ပြီး လူတစ်ဦးအား ဓားရှည်များဖြင့် ခုတ်သတ်ခဲ့သည့် မျက်နှာဖုံးစွပ် လူသတ် သမားများ နှင့် ပတ်သက်၍ သံသယ ရှိသူများအား စစ်ဆေးလျက်ရှိကြောင်း ဝေဘာဂီမြို့သစ်ရဲစခန်းမှ တာဝန်ရှိသူများက ဆိုသည်။ယင်းနေ့ည ၈ နာရီ ၃ဝ မိနစ် ခန့်တွင် နွယ်သာကီ လမ်းမကြီးအတွင်းသို့ ဝေဘာဂီမြို့သစ်ဘက်မှ လိုက်ထရပ်ကား တစ်စီးအပါအဝင် ကား၃ စီး ဝင်ရောက်လာကာ ၆ လမ်း ထိပ်တွင် ရပ်တန့်ခဲ့သည်။ ယင်းနောက် အဆိုပါ လမ်းသွယ် ထိပ်ရှိ 6th Star အရက်ဆိုင် အတွင်း သို့ လိုက်ထရပ်ပေါ်မှ ဆင်းလာသည့် ဓားရှည်ကိုင် မျက်နှာဖုံး စွပ်လူ ၆ ဦး ဝင်ရောက်သွားပြီး သေဆုံးသူ ကိုကျော်မင်း၊ အသက် (၃ဝ) နှစ် အား ခုတ်ခဲ့ကြောင်း ကိုယ်တွေ့မြင်ခဲ့ သူများက ပြောဆိုကြောင်း
၎င်း လူသတ်သမား ၆ ဦး အနက် ဆိုင်အတွင်းသို့ ၃ ဦိးဝင် ရောက် ခုတ်ခဲ့ခြင်း ဖြစ်ကာ ကျန် ၃ ဦးမှာ အဝ၌ စောင့်နေခဲ့ပြီး ကိုကျော်မင်း ပြေးထွက်လာစဉ်၌ ၄င်း တို့က ထပ်မံ ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း နွယ်သာကီ ၅ လမ်းမှ ကိုယ်တွေ့မြင်ခဲ့သူ တစ်ဦးက ပြောဆိုကြောင်း သိရပါတယ်။

ရွှေကြက်ယက် ဆိပ်ကမ်း လောင်စာဆီတင် သင်္ဘောများဖြင့် စည်ကားနေ

မန္တလေးမြို့အနီး၊ ဧရာဝတီမြစ်ဆိပ် ရွှေကြက်ယက် ဆိပ်ကမ်းတွင် လောင်စာဆီတင် သင်္ဘော၊ ဆီသယ်ယာဉ်၊ ဘောက်ဆာ ကားကြီးများဖြင့် စည်ကားနေကြောင်း သိရသည်။
မိုးရာသီကာလအတွင်း ရပ်နား ထားခဲ့ရသည့် မြန်မာနိုင်ငံ အထက် ပိုင်းဒေသများ၌ ရွှေနှင့် သတ္တုတူးဖော်ရေး လုပ်ငန်း၊ သစ်ထုတ်လုပ် ရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း စသည့် လုပ်ငန်းများ ပြန်လည် လုပ်ကိုင်လာရာ အဆိုပါ လုပ်ငန်းများ အတွက် လိုအပ်သော လောင်စာဆီကို အဓိက သယ်ယူ ဖြန့်ဖြူး ပေးနေသည့် မန္တလေးမြို့ အနီး ရွှေကြက်ယက် ဆိပ်ကမ်း တွင် နိုဝင်ဘာလ လယ်ပိုင်းမှ စတင်၍ လောင်စာဆီတင် သင်္ဘော၊ ဆီသယ်ယာဉ် ဘောက်ဆာ ကားကြီးများဖြင့် ပြန်လည် စည်ကားလာ ခြင်း ဖြစ်
ကြောင်း သိရပါတယ်။

ကြား ဖြတ် ရွေးကောက် ပွဲ၌ လွတ်လပ် နေရာ ၄၈ နေရာ NLD ဝင်ရောက် ယှဉ်ပြိုင်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ပါတီမှတ်ပုံတင်ပြီး ကြား ဖြတ်ရွေးကောက်ပွဲ၌ လွတ်လပ်မဲ ဆန္ဒနယ် ၄၈ နေရာလုံး ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထူး အုပ်စု ပိုင် ဟိုတယ်သစ် မကြာမီ ဖွင့်လှစ်မည်

ထူးထရေးဒင်း ကုမ္ပဏီလီမိတက်မှ အင်းလေးကန်၊ မိုင်းသောက်တိုက်နယ်၊ ပေ ပင်ရွာ အနီးတွင် အဆင့်မြင့် တည်ဆောက် နေသော အခန်း ၆၆ ခန်းပါဝင်သည့်အော်ရီယမ်ပဲလေ့စ်အင်းလေးရီဆော့နှင့် စပါးဟု အမည်ပေးထားသော ဟိုတယ် သစ်အား မကြာမီ ဖွင့်လှစ်သွားမည်ဟု သိရပါတယ်။

Lwin Pwin

0 comments:

Post a Comment