ဆီးရီးယားကို အာရပ်အဖွဲ့ချုပ် ပိတ်ဆို့အရေးယူ
ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူဖို့ အာရပ်အဖွဲ့ချုပ် နိုင်ငံခြားရေးဝန်ကြီးတွေက တနင်္ဂနွေနေ့က သဘောတူလိုက်ကြပါတယ်။
ယီမင်အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဖြစ်မည်
ယီမင်ဒုတိယသမ္မတ Abd-Rabbu Mansour Hadi က အတိုက်အခံခေါင်းဆောင် Mohammed Basindwa ကို ၀န်ကြီးချုပ်သစ်အဖြစ် အမည်တင်သွင်းလိုက်ပါတယ်။အီဂျစ်ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ် ထိပ်တိုက်တွေ့ပြန်ပြီ
အီဂျစ်မှာ စစ်တပ်ကိုဆန့်ကျင် ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ဗြိတိန်သံအမတ်ကို အီရန် နှင်ထုတ်တော့မည်
အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ထပ်မံချမှတ်လိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ဗြိတိန်နဲ့ သံတမန်ဆက်ဆံရေးလျှော့ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ရုရှားသမ္မတဟောင်း သမ္မတရွေးကောက်ပွဲ ပြန်ဝင်မည်
ရုရှားညီညွတ်ရေးပါတီရဲ့ သမ္မတလောင်းအဖြစ် လာမယ့်ရွေးကောက်ပွဲမှာ အရွေးခံဖို့ ပါတီရဲ့ရွေးချယ်မှုကို ရုရှားဝန်ကြီးချုပ် ပူတင်က လက်ခံလိုက်ပါတယ်။အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်မှု ပါကစ္စတန် ပြန်သုံးသပ်
နေတိုးနဲ့ အမေရိကန်တပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်နဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်နေတယ်လို့ ပါကစ္စတန်အစိုးရက ပြောပါတယ်။နေတိုးလက်ချက် ပါကစ္စတန်စစ်သား ၂၀ ကျော်သေဆုံး
ပါကစ္စတန်နဲ့ အာဖဂန်နယ်စပ် တောင်ပေါ်တိုင်းရင်းသားဒေသတစ်ခုမှာ နေတိုးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပါကစ္စတန်စစ်သား ၂၀ ကျော် သေဆုံးခဲ့ပါတယ်။အမေရိကန်စစ်ဝန်ထမ်းတွေကို တရားစီရင်ရေး ပိုမိုအခွင့်ရဖို့ ဂျပန်ကြိုးပမ်း
ဂျပန်နိုင်ငံ အိုခီနာဝါကျွန်းမှာ အမေရိကန်တပ်ဖွဲ့တွေ ကျူးလွန်တဲ့ပြစ်မှုတွေကို ကိုင်တွယ်ရေးမှာ အခွင့်အာဏာရ ပိုရဖို့ ဂျပန်က ကြိုးစားနေပါတယ်။ဝက်သားဆေးဆိုးရောင်းသူ ၁၀၀ ကျော် တရုတ်အပြစ်ပေး
တရုတ်နိုင်ငံမှာ ၀က်သားမှာဆေးဆိုးမှုနဲ့ အစိုးရအရာရှိ ၇၇ ယောက်အပါအ၀င် ၁၁၃ ဦးကို အပြစ်ပေးလိုက်ကြောင်း တရုတ်အစိုးရပိုင် သတင်းတွေက ဆိုပါတယ်။လိုက်လျောချက်တွေရပေမဲ့ အီဂျစ်ဆန္ဒပြမှု အရှိန်ကောင်းဆဲ
အီဂျစ်နိုင်ငံမှာ အစိုးရဘက်က လိုက်လျောမှုတချို့လုပ်ခဲ့ပေမဲ့ အီဂျစ်နိုင်ငံသား သောင်းနဲ့ချီပြီး သောင်းနဲ့ချီ ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။| ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနို၏ မိသားစုဝင်များ ထိန်းချုပ်ထားသည့် ကြံစိုက်ပျိုးမြေများကို လယ်သမား ၆၀၀၀ ကျော်ကို ပေးအပ်ရန် တရားရုံးချုပ်က အမိန့်ထုတ်ပြန်ခဲ့သည်။ | ||
| ဆိုးရွားလှသည့် သမိုင်းဝင်ရေကြီးမှုကြောင့် ကျောင်းများ ရက်အတန်ကြာပိတ်ခဲ့ရပြီး ထိုင်းတွင် တက္ကသိုလ်ကျောင်း တစ်ပိုင်းတစ်စနှင့်ထွက်ခဲ့သူ အရေအတွက်သည် မြင့်တက်လာဖွယ်ရှိကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ ထိုင်းရေကြီးမှုကြောင့် လူ ၆၀၀ ကျော်သေဆုံးခဲ့ပြီး ပညာရေးအဆောက်အအုံများ ပျက်စီးမှုသည် ဒေါ်လာ ၂၂၄ သန်းထိ ရှိလာနိုင်ကြောင်း ပညာရေးဝန်ကြီးက ပြောကြားခဲ့သည်။ ရေကြီးမှုတွင် ပုဂ္ဂလိကနှင့်အစိုးရ ပညာရေး အဖွဲ့အစည်း ၂၆၀၀ ခန့် ထိခိုက်ခဲ့ပြီး ပညာရေးနယ်ပယ်မှ လူခုနစ်သိန်းခန့် ရေဘေးဒုက္ခကြုံခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။ |
ထိုင်းနိုင်ငံတောင်ပိုင်းရှိ နေရာအချို့တွင် နိုဝင်ဘာလ ၂၄ ရက်က ရေကြီးမှုဆိုးရွားနေကြောင်း၊ အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့ပြီးနောက် ဆောင်ခလာပြည်နယ်ရှိ နေရာအချို့တွင် သဘာဝ ဘေးအန္တရာယ် ကျသောဇုန်များအဖြစ် ကြေညာခဲ့ကြောင်း သိရသည်။ ဆောင်ခလာပြည်နယ်ရှိ ခရိုင် ၁၆ ခုတွင် ရေကြီးမှုများအတွက် ပြင်ဆင်ထားရန် ပြည်နယ်အုပ်ချုပ်ရေးမှူး Winyu Thongskul က ဒေသခံများကို အသိပေးထား သည်။ ယခုသီတင်းပတ် အစောပိုင်းတွင် အခြားပြည်နယ် ၁၇ ခုတွင်လည်း ရေလွှမ်းမိုးမှုဆိုးဆိုးရွားရွား ခံစားနေရကြောင်း အစိုးရ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
| နှစ်နိုင်ငံနယ်စပ်အနီးတွင် ဆိုးလ်စစ်တပ်က အကြီးစားစစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီး နောက်တစ်ရက်အကြာတွင် ရန်စမှုတိုင်းကို တုံ့ပြန်မှုအဖြစ် တောင်ကိုရီးယား သမ္မတအိမ်တော်ကို မီးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲပစ် မည်ဟု မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်ခဲ့သည်။ တောင်ကိုရီးယားနယ်စပ်အနီးရှိ ယုံပြောင်းကျွန်းကို မြောက်ကိုရီးယားနိုင်ငံမှ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တစ်နှစ်ပြည့်အဖြစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မြေပြင်၊ ရေပြင်နှင့်လေကြောင်း လေ့ကျင့်မှုများကို တောင်ကိုရီယား စစ်တပ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ |
အရပ်ဘက်ခေါင်းဆောင်များထံ အာဏာလွှဲပေးရန် အီဂျစ်နိုင်ငံကို အုပ်ချုပ်နေသော စစ်ခေါင်းဆောင်များကို အမေရိကန်အစိုးရက ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီက မူဘာရက် လက်ထက်က ၀န်ကြီးချုပ်ဟောင်းကို ကြားဖြတ်အစိုးရသစ် ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ကာ ကန့်ကွက်မှုများ ပြေလျော့စေရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ယခုအပတ်အတွင်း ကိုင်ရိုမြို့ တဟီရာရင်ပြင်တွင် လူတစ်သိန်းကျော်စုဝေးကာ ကန့်ကွက်မှုများ ဆက်လက်ပြုလုပ်နေကြသည်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment