နိုင်ငံတကာသတင်း
ဆီးရီးယားပြစ်မှု စုံစမ်းဖို့ ကုလ တောင်းဆို
လူသားမဆန်တဲ့ပြစ်မှုတွေအတွက် ဆီးရီးယားကို နိုင်ငံတကာရာဇ၀တ်ခုံရုံးကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိက တောင်းဆိုလိုက် ကြောင်း သိရသည်။
ဘက်ဂဒက် အမေရိကန်စစ်ဌာနချုပ် အီရတ်ကိုလွှဲပေး
အီရတ်နိုင်ငံမှာ အမေရိကန်စစ်ဌာနချုပ် လုပ်ထားခဲ့တဲ့နေရာကို အမေရိကန်က အီရတ်ကို လွှဲပေးလိုက် ကြောင်း သိရသည်။
ဆီးရီးယားကိုပိတ်ဆို့မှု EU ထပ်တိုးမည်
ဆီးရီးယားမှာ အစိုးရဆန့်ကျင်သူတွေကို အကြမ်းဖက်မှုရပ်ဆိုင်းရေး ရည်ရွယ်ပြီး ဥရောပအဖွဲ့ဝင်နိုင်ငံတွေက black list စာရင်းထပ်တိုးလိုက် ကြောင်း သိရသည်။
အဂတိလိုက်စားမှု မြန်မာထိပ်ဆုံးစာရင်းဝင်
Transparency International အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အကျင့်ပျက်ခြစားမှုစာရင်းဆိုင်ရာ အညွှန်းကိန်းထဲ အဆိုးဆုံး ၄ နိုင်ငံမှာ မြန်မာနိုင်ငံပါ ဝင် ကြောင်း သိရသည်။
မြန်မာသင်္ဘောသားတချို့ ဆိုမာလီဓားပြလက်မှ လွတ်မြောက်
ဆိုမာလီပင်လယ်ဓားပြတွေပြန်ပေးဆွဲခံရတဲ့ သင်္ဘောပေါ်က ပြန်လွှတ်ပေးခံရတဲ့ သင်္ဘောသားတွေအနက် မြန်မာ ၄ ယောက် ပါ ဝင် ကြောင်း သိရသည်။
AIDS တိုက်ဖျက်ရေး ရံပုံငွေ လိုအပ်
အမေရိကန်၊ ဥရောပအစိုးရတွေရဲ့ လိုငွေပြမှုကြောင့် AIDS ရောဂါ တိုက်ဖျက်ရေး ရံပုံငွေ ဖြတ်တောက်ခံရတာမျိုးကို စိုးရိမ်နေကြ ကြောင်း သိရသည်။
ဒဏ်ခတ်မှုတွေရုပ်ဖို့ဆိုရင် လိုလားချက်တွေလိုက်လျောပေးဖို့ ဒေါ်စုတိုက်တွန်း
ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းစေချင်ရင် ဒဏ်ခတ်ခံရတဲ့ အကြောင်းရင်းအချက်တွေကို ပြုပြင်ရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြောင်း သိရသည်။
တရုတ် ရေနံယိုဖိတ်မှုပြဿနာ ဖွင့်ဟဝန်ခံပြီ
တရုတ်နိုင်ငံပိုင်ရေနံကုမ္ပဏီကြီး CNPC မှ အကြီးအကဲ၏ ကန့်သတ်ပိတ်ပင်ထားသော လွန်ခဲ့သော နှစ်ရေနံ ယိုဖိတ်မှုအပေါ်တွင်ထုတ်ဖော် ပြောကြားခဲ့ရာတွင် ၄င်းရေနံယိုဖိတ်မှုမှာ နိုင်ငံအတွင်း အဆိုးရွားဆုံးသော ရေနံယိုဖိတ်မှုဖြစ်ကြောင်း ဖော်ပြလိုက် ကြောင်း သိရသည်။
ဖင်လန်နှင့် ဂျာမနီမိုဘိုင်းဖုန်း ဖက်စပ်ကုမ္ပဏီ လုပ်သား ၁၇ဝဝဝ လျှော့ချမည်
ဆက်သွယ်ရေးပစ္စည်းများ ထုတ်လုပ်ကုမ္ပဏီကြီး Nokia Siemens Networks သည် ၄င်း၏လုပ်သားပမာဏ ၂၃ ရာခိုင်နှုန်းကို လျှော့ချပြီး အလုပ်သမားဦးရေ ၁၇ဝဝဝ ခန့် အလုပ်ဖြုတ်ပစ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၄င်းတို့သည် အခက်အခဲများကို ရုန်းကန်ရင်ဆိုင်နေရပြီး ၄င်း ကုမ္ပဏီကြီးနှင့် အပြိုင် Huawei နှင့် Ericsson တို့ကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။ နိုကီယာဆီးမင်း (စ်)သည် ဖင်လန်နိုင်ငံမှ နိုကီယာ ကုမ္ပဏီကြီးနှင့် ဂျာမနီမှ ဆီးမင်း(စ်) တို့ ဖက်စပ်ပူးပေါင်း တည်ထောင်ခဲ့ ကြသော ကုမ္ပဏီတစ်ခုဖြစ်သည်။ ၄င်းတို့နှင့် အပြိုင်ပေါ်လာ သော Huawei မှာ တရုတ်ပိုင်ကုမ္ပဏီဖြစ်ပြီး Ericsson မှာ ဆွီဒင် နိုင်ငံဖြစ်သည်။
ယခုကဲ့သို့ များပြား လှသော အလုပ်သမားများ ရပ်နား ရခြင်းမှာ ဆုံးရှုံးနေသော ဝင်ငွေကို လျှော့ချနိုင်ရန်အတွက် ဖြစ်ကြောင်း ဖော်ပြထား ကြောင်း သိရသည်။
သြစတြေးလျသို့ သွားရောက်အခြေချ အလုပ်လုပ်သူ ဗြိတိန်နိုင်ငံသား ပို၍များလာ
ဗြိတိန်နိုင်ငံသားများသည် သြစတြေးလျသို့ သောင်းချီ၍ ရွှေ့ပြောင်းသွားရောက် အလုပ်လုပ်ကိုင်လာကြကြောင်းကို တရားဝင်စာရင်းများ ထုတ်ပြန် အသိပေး လာကြ သည်။ သြစတြေးလျနှင့် ဗြိတိန်တို့ သည် နိုင်ငံအချင်းအချင်း ပြိုင်ဆိုင် မှုများ လွန်စွာကြီးနေခဲ့သော်လည်း နှစ်နိုင်ငံချင်း ချစ်ကြည်ရင်းနှီးစွာနေ လာခဲ့ကြသည့်နိုင်ငံ များဖြစ်ကြသည်။ နှစ်နိုင်ငံသားများသည် ပြင်ပ ကမ္ဘာ သို့သွားရောက်၍ ဘဝသစ်များရှာဖွေ မှုကို နှစ်သက်ကြသော်လည်းဗြိတိန် နိုင်ငံသားများ သြစတြေးလျ သို့သွား ရောက်မှု များပြားလာနေသည်ကို တွေ့ရှိကြသည်။ ဗြိတိန်နှင့် ဥရောပနိုင်ငံများ၏ ငွေကြေးဘဏ္ဍာရေးဆိုင်ရာ အကျပ် ရိုက်မှုများကြောင့် အလုပ်အကိုင် အခွင့် အလမ်းနှင့် လစာ ကောင်းလှ သော သြစတြေးလျသို့ရွှေ့ပြောင်း အလုပ်လုပ်လာကြသည်ဟု ဗြိတိန် လူဝင်မှု ကြီးကြပ်ရေးဌာနမှ မှတ်ချက် ပြုထားသည်ကို တွေ့ရှိ ရ ကြောင်း သိရသည်။
အင်္ဂါဂြိုလ်ပေါ်သွား စက်ရုပ်ယာဉ်ကြီးတစ်စင်း နာဆာမှ လွှတ်တင်
အမေရိကန် အမျိုးသား အာကာသ အေဂျင်စီမှ အလေး ချိန် တစ်တန်းနီးပါးရှိ စက်ရုပ်ယာဉ်ကြီး တစ်စင်းကို ဖလော်ရီဒါပြည်နယ် အာကာသစခန်းမှ Atlas 5 ဒုံးပျံဖြင့် နိုဝင်ဘာလ ၂၆ ရက်နေ့က လွှတ်တင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ ကြောင်း သိရသည်။
စက်ရုပ်ဖြင့် အကျဉ်းထောင် စောင့်ကြပ်ခြင်း တောင်ကိုရီးယားတွင် စမ်းသပ်မည်
တောင်ကိုရီးယားနိုင်ငံ၏ အရှေ့ပိုင်းမြို့ဖြစ်သော Pohang ရှိအကျဉ်းထောင်တွင် ထောင် ကြီးကြပ်ရေးမှူးများကို စက်ရုပ် ၃ ရုပ်အား တစ်လတာ စမ်းသပ်လုပ်ငန်း တာဝန်ပေးရန်အတွက် လာမည့် ၂ဝ၁၂ မတ်လတွင် စတင်မည်ဟု ဖော်ပြခဲ့ကြသည်။ ၄င်းစက်ရုပ်များသည် ထောင်သားများ၏ ပုံမှန်မဟုတ်သောအပြု အမူလှုပ်ရှားမှု များကို စောင့်ကြပ် စစ်ဆေးသွားမည်ဖြစ်ပြီး စက်ရုပ် သုတေသီများကလူအစောင့်အလုပ် များကို တာဝန်လျော့နည်းသွား အောင်ကူညီလိမ့်မည်ဟု ပြောခဲ့ကြ ကြောင်း သိရသည်။
တရုတ်ရေတပ် စစ်ရေးလေ့ကျင့်မှု ပစိဖိတ်သမုဒ္ဒရာ အငြင်းပွားဒေသထဲတွင် ပြုလုပ်မည်
ရေပြင်ပိုင်နက် အငြင်းပွားနေရာ ဒေသထဲတွင် လာမည့် မကြာမီရက်များ၌ တရုတ်ရေတပ် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းစာ များက ကြေညာခဲ့သည်။ တရုတ် ကာကွယ်ရေးဝန်ကြီး ဌာန၏ ကြေညာချက်တွင် ဤကဲ့သို့ စစ်ရေးလေ့ကျင့်မှုသည် မည်သည့်နိုင်ငံကို မျှ ဦးတည်၍ ဆောင်ရွက်ခြင်း မဟုတ်ဘဲ ပုံမှန်လုပ်ဆောင် မှုတစ်ခုကိုသာ ပြုလုပ်ခဲ့ခြင်း ဖြစ် ကြောင်း ရှင်းလင်းထား ကြောင်း သိရသည်။
Lwin Pwin

0 comments:
Post a Comment