အစိုးရနှင့် ရှမ်း (တောင်) တို့ အပစ်ခတ်ရပ် လက်မှတ်ထိုး
မြန်မာအစိုးရနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S တို့ အပစ်ခတ်ရပ်စဲရေး
နှစ်ဘက် သဘောတူစာချုပ် တရပ်ကို သောကြာနေ့ နေ့လည်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။လက်မှတ်ရေးထိုးခြင်းကို မူလက သဘောတူထားသည့်အတိုင်း တောင်ကြီး ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး မြန်မာအစိုးရပြည်နယ်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ဗဟိုအစိုးရဝန်ကြီးများဖြစ်သော မီးရထားဝန်ကြီး ဦးအောင်မင်း၊ အမှတ် (၂) လျှပ်စစ်ဝန်ကြီး ဦးခင်မာင်စိုး တို့အပါအဝင် တပ်မတော် အရာရှိတချို့နှင့်အတူ SSA-S မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် ဗိုလ်မှူးကြီး စိုင်းလှတို့က ဦးဆောင်သည့် ခြောက်ဦးအဖွဲ့တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ် ကြောင်း သိရသည်။
နှစ်ဘက် သဘောတူစာချုပ် တရပ်ကို သောကြာနေ့ နေ့လည်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။လက်မှတ်ရေးထိုးခြင်းကို မူလက သဘောတူထားသည့်အတိုင်း တောင်ကြီး ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး မြန်မာအစိုးရပြည်နယ်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ဗဟိုအစိုးရဝန်ကြီးများဖြစ်သော မီးရထားဝန်ကြီး ဦးအောင်မင်း၊ အမှတ် (၂) လျှပ်စစ်ဝန်ကြီး ဦးခင်မာင်စိုး တို့အပါအဝင် တပ်မတော် အရာရှိတချို့နှင့်အတူ SSA-S မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် ဗိုလ်မှူးကြီး စိုင်းလှတို့က ဦးဆောင်သည့် ခြောက်ဦးအဖွဲ့တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ် ကြောင်း သိရသည်။
တရားဥပဒေ စိုးမိုးရေး ပြည်တွင်းစစ်ရပ်ရေး အရေးတကြီးလိုဟု ဒေါ်စုပြော
မြန်မာအစိုးရအတွက် အရည်အသွေး မြှင့်တင်ရေးနှင့် နည်းပညာ အကူအညီများ လိုအပ်
သော်လည်း အရေးတကြီး လိုအပ်နေသည်မှာ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းစစ်ရပ်ရေး ဖြစ်သည်ဟုဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့တွင် ပြောဆိုလိုက်သည်။
သောကြာနေ့ မနက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် သီးသန့် တွေ့ဆုံအပြီး ပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းပွဲတွင် သတင်းထောက် များကို ပြောကြားခြင်း ဖြစ် ကြောင်း သိရသည်။
သော်လည်း အရေးတကြီး လိုအပ်နေသည်မှာ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းစစ်ရပ်ရေး ဖြစ်သည်ဟုဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့တွင် ပြောဆိုလိုက်သည်။
သောကြာနေ့ မနက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် သီးသန့် တွေ့ဆုံအပြီး ပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းပွဲတွင် သတင်းထောက် များကို ပြောကြားခြင်း ဖြစ် ကြောင်း သိရသည်။
ကလင်တန်ကို တိုင်းရင်းသားဒေသများ အတွင်း ပဋိပက္ခများ တင်ပြ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် တိုင်းရင်းသားပါတီများ လူမှုရေး အဖွဲ့အစည်းအချို့တို့နှင့် ရန်ကုန်မြို့ ကမ္ဘာအေးလမ်း ဗိဿနိုး ပန်းချီပြခန်းမတွင် သောကြာနေ့က တွေ့ဆုံရာ တိုင်းရင်းသားဒေသများ အတွင်း ဖြစ်နေသည့် ပဋိပက္ခများကို တင်ပြခဲ့သည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDPမှ စပ်ယွန်းပိုင်က ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံမှုအတွင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို လွှတ်ပေးရန် ဆွေးနွေးခဲ့ပြီး ရှမ်းပြည်တွင်း ဖြစ်နေသည့် အစိုးရနှင့် ပဋိပက္ခများကို တင်ပြခဲ့ ကြောင်း သိရသည်။
မန္တလေးတွင်ဆန္ဒပြသော သံဃာများ ဇာတိကျေးရွာမှ ထွက်ခွာခွင့် မရ
မိုးမခအထောက်တော် အမှတ် ဝဝ၈ ဒီဇင်ဘာ ၂၊ ၂ဝ၁၁မိတ်ဆွေကောင်း စာကြည့်တိုက် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော အရှင်သောပါက၏ ဓာတ်ပုံ ပြီးခဲ့သည့်လက မန္တလေးမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် အရှင် သောပါက နှင့် သံဃာတချို့သည် ၎င်းတို့၏ ဇာတိတွင် အကျယ်ချုပ်ကျနေသည်ဟု ဆို ကြောင်း သိရသည်။
လူမှုရေးအဖွဲ့များ အရေးပါကြောင်း ဒေါ်ရွှေဇီးကွက်နှင့်တွေ့စဉ် ကလင်တန်ပြော
ရန်ကုန်မြို့တွင် ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က လူမှုရေးဆိုင်ရာ အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ် မြန်မာပြည်တွင် လူမှု အဖွဲ့အစည်းများ အရေးကြီးကြောင်း ပြောဆိုခဲ့သည်ဟု တွေ့ဆုံရာတွင် ပါဝင်သူ တဦး ဖြစ်သည့် ဒေါ်ရွှေဇီးကွက်က ပြောသည်။ဝန်ကြီး ဟီလာရီကလင်တန်နှင့် ယနေ့တွေ့ဆုံသူများထဲတွင် Myanmar Egress မှ ဒေါက်တာနေ၀င်းမောင်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများဖြစ်သော ရွှေည၀ါဆရာတော်၊ ၉၆ ကျောင်းသူ မဇင်မာအောင်၊ အိတ်ခ်ျအိုင်ဗွီ လူနာများအား ကူညီ စောင့်ရှောက်သူ မဖြူဖြူသင်း၊ သတင်းစာဆရာ မောင်ဝံသ၊ ဗေဒါ အခမဲ့ ပညာရေးကျောင်း တာဝန်ခံ ကိုမျိုးရန်နောင်သိန်း၊ အဆိုတော် ဇေယျာသော်၊ ဇာဂနာတို့လည်း ပါဝင်သည်။ ဒေါ်ရွှေဇီးကွက်က ဒီမိုကရေစီ မရသေးသည့် အချိန် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ကြုံတွေ့ရသော အခက်အခဲတချို့အကြောင်း ဟီလာရီကလင်တန်အား ပြောပြခဲ့ ကြောင်း သိရသည်။စီးပွားရေးပိတ်ဆို့မှု ဆွေးနွေးဖို့ အဆင်သင့် မဖြစ်သေး
မြန်မာအစိုးရ အနေနဲ့ ရှေ့ဆက်ပြီး လုံလောက်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်သွားရင် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ စဉ်းစားမှာ ဖြစ်ပေမယ့် လောလောဆယ် ဆွေးနွေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြော ကြောင်း သိရသည်။
လူမှုရေးလုပ်ငန်းတွေကို ဒေါ်လာ ၁.၂ သန်း ကူညီမယ်
မြန်မာအစိုးရဘက်က ပြုပြင်ပြောင်းလဲမှု တချို့ လုပ်လာတာကို အားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံအနှံ့ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို အမေရိကန်ဒေါ်လာ ၁.၂ သန်း ကူညီပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားပါတယ်။လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ မေတ္တာရပ်ခံ
ပြည်တွင်းစစ်နဲ့ ဆင်းရဲမွဲတေမှု ပြဿနာ ကြုံတွေ့နေကြရတဲ့ တိုင်းရင်းသား ဒေသတွေကို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကို တိုင်းရင်းသား ပါတီတွေက မနေ့က မေတ္တာရပ်ခံခဲ့ ကြောင်း သိရသည်။လူမှုကွန်ယက် (မန္တလေး) နိုင်ငံရေး အကျဉ်းသားတွေကို ငွေ ၂ သိန်း ထောက်ပံ့
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး လူမှုကွန်ယက် (မန္တလေး) ကနေပြီး အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဒီနေ့ အကူငွေ ကူညီ ထောက်ပံ့ခဲ့ ကြောင်း သိရသည်။ဒီမိုကရေစီပန်းတိုင် အရောက် လှမ်းရတော့မယ် ဒေါ်အောင်ဆန်းစုကြည် ပြော
မိမိတို့နဲ့တကွ မြန်မာနိုင်ငံ အစိုးရ၊ အမေရိကန် ပြည်ထောင်စုနဲ့ အပြည်ပြည် ဆိုင်ရာက မိတ်ဆွေ နိုင်ငံတွေ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြမယ် ဆိုရင် ဒီမိုကရေစီ ပန်းတိုင် ချီတက်ရာ လမ်းကြောင်းဟာ နောက်ပြန်လှည့်လို့ မရတော့ဘဲ ရှေ့ ကို ဆက်လှမ်းရတော့မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ကြောင်း သိရသည်။ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သတင်းစာ ရှင်းလင်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ၀န်ကြီးတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ တွေ့ဆုံ
နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် အဖြစ် ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တွေ့ဆုံခဲ့ ကြောင်း သိရသည်။အမေရိကန်ရဲ့ထိစပ်ရေးမူဝါဒ မြန်မာ့ဒီမိုကရေစီအတွက် အကူအညီဖြစ်
မြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံတဲ့ အမေရိကန်မူဝါဒဟာ ဒီမိုကရေစီ အပြောင်းအလဲအတွက် အကူအညီပေးနေတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြောင်း သိရသည်။ကုလ အတွင်းရေးမှူးချုပ် နောက်နှစ်ဆန်း မြန်မာပြည်လာရောက်မည်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မကြာခင်လပိုင်းတွေအတွင်း မြန်မာနိုင်ငံကို သွားဖို့ရှိတယ်လို့ အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီးကလင်တန် ပူးတွဲသတင်းစာရှင်းလင်းပွဲ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ ဒီကနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ခိုင်မာတဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ အမေရိကန်လိုလား
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ မြင်နေရပေမဲ့လည်း ပြီးခဲ့တဲ့သင်ခန်းစာအရ အချိန်မရွေး နောက်ပြန် လှည့်သွားနိုင်တာမျိုးကို သတိထားနေရတယ်လို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ပြောပါတယ်။ ဒါကြောင့် ရလဒ်ကောင်းထွက်မယ့် အပြောင်းအလဲတွေ ခိုင်ခိုင်မာမာရှိနေဖို့နဲ့ ဒီလို ပြောင်းလဲမယ်ဆိုရင် အမေရိကန်ဘက်ကလည်း ပူးပေါင်းကူညီသွားဖို့ ပြင်ဆင်ပြီးသားဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ပြောကြောင်း သိရသည်။
မြောက်ဥက္ကလာ လူသတ်မှုတွင် နောက်ကွယ်မှ ကြိုးကိုင်သည်ဟု သံသယရှိသူများအား ဖမ်းဆီးထားပြီ
မြောက်ဥက္ကလာ လူသတ်မှုတွင် အဓိကကြိုးကိုင်သည်ဟု သံသယရှိသူများအပါအဝင် လူရှစ်ဦးခန့်ကို ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း ဝေဘာဂီမြို့ သစ် နယ်မြေခံရဲတပ်ဖွဲ့ ထံမှ သိရသည်။၂ဝ၁၁ နိုဝင်ဘာ ၁၇ ရက် ညတွင် မြောက်ဥက္ကလာပမြို့နယ်၊ (က) ရပ်ကွက်၊ နွယ်သာကီ ၆ လမ်း၌ဖြစ်ပွားခဲ့သော ယင်းလူသတ်မှုတွင် ကိုယ်တိုင်ကျူးလွန်ခဲ့သောအဖွဲ့ ခေါင်းဆောင်များမှာမူ မန္တလေး ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေ ဆဲဖြစ်ကြောင်းလက်ရှိ ဖမ်းဆီးထားသူများထဲ တွင် သေဆုံးသူ ကိုကျော်မင်းနှင့် ပြဿနာများဖြစ်ပေါ်ခဲ့ပြီး နောက်ကွယ်မှ ခိုင်းစေသည်ဟု ယူဆရသည့် ကိုသက်ဦးနှင့် ဇနီး မနီလာ၊ သား ဖြစ်သူ ကိုသက်ဇော်ဦးနှင့် ကိုသက်ဦး၏ ယောက်ဖဖြစ်သူ ကိုမြင့်ဦးတို့ပါဝင်ကြောင်း၎င်းအပြင် အခင်းဖြစ်ည ရပ်ကွက်အတွင်း ဝင်ရောက်ခဲ့သော ကားပေါ်လိုက်ပါခဲ့သည့် လူနှစ်ဦးလည်းပါဝင်ပြီး တစ်ဦးမှာ ဒဂုံအရှေ့နှင့်တစ်ဦးမှာ သင်္ဃန်းကျွန်းမှဖြစ် ကြောင်း သိရသည်။
| Lwin Pwin |
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment