နိုင်ငံတကာသတင်း

အီရန် ရေလက်ကြားပိတ်ဆို့မှု အမေရိကန်သည်းခံမည်မဟုတ်

ဟော်မုဇ် (Hormuz) ရေလက်ကြားထဲမှာ သွားလာခုတ်မောင်းနေတဲ့ ရေနံတင်သင်္ဘောတွေကို ပိတ်ဆို့မယ်လို့ အီရန်က ခြိမ်းခြောက်နေတာကို အမေရိကန် ရေတပ်က နည်းနည်းမှ သည်းညည်းခံမှာ မဟုတ်ဘူးလို့ ဘာရိန်းမှာ အခြစိုက်တဲ့ အမေရိကန်အမှတ်(၅)ရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အမျိုးသမီးအရာရှိ ဗိုလ်ကြီး ရေဘက္ကာ ရေဘာရစ်(ခ်ျ) Rebecaa Rebarich က ဒီဇင်ဘာ (၂၈) ရက်နေ့မှာ ဗီအိုအေကို ပြောကြားခဲ့ကြောင်း သိရသည်။
  

တရုတ်မှာဖွင့်ထားတဲ့ ကိုရီးယားလျှပ်စစ်ကုမ္ပဏီက နှစ်ကူးဆုကြေးပေးရာမှာ တရုတ်အလုပ်သမားတွေ ကိုရီးယားအလုပ်သမားလောက်မရတဲ့အတွက် ဆန္ဒပြနေကြပါတယ်။

ကင်မ်ဂျုံအီးလ် နာရေးအခမ်းအနား ကျင်းပ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်ရဲ့ အသုဘ အခမ်းအနားမှာ ပူဆွေး ငိုကြွေးကြသူ ထောင် သောင်းချီ ဂါရ၀ ပြုခဲ့ကြကြောင်းသိရသည်။

အကဲခတ်တွေ မတွေ့နိုင်အောင် အကျဉ်းသားတွေကို ဆီးရီးယားအစိုးရ ရွှေ့ပြောင်း
ဆီးရီးယားအစိုးရဟာ ဖမ်းဆီးထားသူတွေကို အာရပ်ဘ်အဖွဲ့ချုပ်က လေ့လာသူတွေ မတွေ့ရအောင် ရွှေ့ပြောင်းထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောကြောင်း သိရသည်။

ကင်မ် ဈာပနအခမ်းအနားပြင်ဆင်

ပြုံယမ်းအပြင်က ကွယ်လွန်သူခေါင်းဆောင်ကင်မ်ဂျုံအီးလ်ကို နောက်ဆုံးဂါရဝပြုအခမ်းအနား ကျင်းပတဲ့နေရာမှာ လူထောင်ပေါင်းများစွာ လာရောက်နေ ကြောင်း သိရသည်။

လယ်ယာမြေပိုင်ဆိုင်ခွင့် တရုတ်ဝန်ကြီးချုပ်ထောက်ခံ

တရုတ်ဝန်ကြီးချုပ်က လယ်မြေအသိမ်းခံလယ်သမားတွေအခွင့်အရေး ကာကွယ်ပေးဖို့ ညီလာခံမှာ ပြောခဲ့ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကြမ်း အိန္ဒိယအောက်လွှတ်တော်အတည်ပြု

အစိုးရအရာရှိ၊ ဗျူရိုကရက်၊နိုင်ငံရေးသမားတွေ အဂတိလိုက်စားမှုစုံစမ်းရေး သမိုင်းတွင်မယ့်ဥပဒေကို အိန္ဒိယအောက်လွှတ်တော်က အတည်ပြုပြီ။ ကြောင်း သိရသည်။

ပြည်ပ လက်နက်တင်ပို့မှု တားမြစ်ချက် ဂျပန်လျှော့ပေါ့မည်

ဂျပန်နိုင်ငံက လက်နက်တင်ပို့ရောင်းချမှု ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ပင်ကန့်သတ်ထားတာကို ဖြေလျှော့ပေးတော့မယ်လို့ ပြောကြောင်း သိရသည်။





နက္ခတ်သိပ္ပံရှုထောင့်အရ လာမည့် ၂၀၁၂ ခုနှစ်အတွင်းတွင် အင်္ဂါ ဂြိုဟ်သည် ကမ္ဘာနှင့်အနီးဆုံးဆုံမှတ် သို့ရောက်ရှိခြင်းနှင့် သောကြာဂြိုဟ် မှာ ကမ္ဘာနှင့်နေအကြားဖြတ်ပြီး နေ အ၀န်းအတွင်း အနက်စက်အသွင် ရောက်ရှိသည့်ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ရန်ရှိကြောင်း နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်း မှ သတင်းရရှိသည်။


ခေါင်းဆောင်အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သော မြောက်ကိုရီးယားက ရန်လိုသော အပြုအမူများပြုလုပ် မလာစေရေး တရုတ်က ထိန်းကွပ်ပေးရန် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက တရုတ်သမ္မတဟူကျင်တောင်နှင့် တွေ့ဆုံစဉ် ဒီဇင်ဘာလ ၂၆ ရက်နေ့က တိုက်တွန်းခဲ့ ကြောင်း သိရသည်။


အီဂျစ်အစိုးရက ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် လွှတ်ပေးလိုက်သည့် အသက်၂၉ နှစ်အရွယ် တော်လှန်ရေး ဘလော့ဂါ အယ်လ်ဖာတာအား အောက် တိုဘာလအတွင်းကဖမ်းဆီးခဲ့သည့် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှု များပြုလုပ်ရန် ကျန်ရှိနေပြီး အစိုးရ ရှေ့နေရုံးမှ  တရားသူကြီးသာဝပ် ဟာမတ်က ၎င်းကိုလွှတ်ပေးရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။


အိန္ဒိယနိုင်ငံ၊ ဆင်းရဲသားများကို အဓိကကု သပေးနေရသည့် အစိုးရဆေးရုံများတွင် လုပ်နေသော ဆရာဝန်များက လစာတိုးပေးရန်  တောင်းဆိုနေပြီး ရာထူးတိုးနိုင်မည့်အခွင့်အလမ်းများ လည်းပေးရန် တောင်းဆိုနေသည် ဒီဇင်ဘာလ ၂၄ ရက်တွင် ရဲတပ်ဖွဲ့ဝင်များက ဆရာဝန် ၃၉၄ဦး ကို မရှိမဖြစ်ဝန်ဆောင်မှုလုပ်ငန်းများ စီမံခန့်ခွဲရေး အက်ဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများတွင် ဆရာဝန်များအဖွဲ့ အကြီးအကဲ ဒူရ်ကာရှန်ကာပါဝင်သည်ဟု သိရသည်။ ဆရာဝန်အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး ဆရာဝန် ၁၀၀၀၀ ခန့်မှာ လေးရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြနေ ကြောင်း သိရသည်။

ပါကစ္စတန် အတိုက်အခံ နိုင်ငံရေးသမားနှင့် နာမည်ကျော်ခရစ်ကက်ကစားသမားကို ထောက်ခံသည့် လူထုအစည်းအဝေးသို့ လူတစ်သိန်းကျော် တက်ရောက်


ပါကစ္စတန် အတိုက်အခံ နိုင်ငံရေးသမားနှင့် နာမည်ကျော် ခရစ်ကက်သမား အီမရန်ခန်းကို ထောက်ခံသည့် လူထုအစည်းအဝေးတစ်ခုကို နိုင်ငံတောင်ပိုင်းရှိ ကရာချိမြို့တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပြီး လူတစ်သိန်းကျော် တက်ရောက်ခဲ့ရာ နိုင်ငံရေးတွင် အင်အားကြီးမားလာ သူတစ်ယောက်ဖြစ်ကြောင်း အခိုင်အမာ ပြသနိုင်ခဲ့သည်။ကြောင်း သိရသည်။

Lwin Pwin

0 comments:

Post a Comment