ထောင်တွင်းက အကျဉ်းသားစိတ်ဓာတ်အခြေအနေများကို လစဉ်အစီရင်ခံ
အင်တာနက်မှတဆင့် လက်ခံရရှိသော ကြံ့ဖွံ့အစိုးရထံ အကျဉ်းထောင်အာဏာပိုင်များ၏ (သီးသန့်၊ သာမန်သီးသန့် နှင့် ထောက်လှမ်းရေးအကျဉ်းသားများအကြောင်း) လျို့ဝှက်လစဉ်အစီရင်ခံစာရင်းတွင် ၎င်းတို့၏ စိတ်ဓာတ်အခြေအနေနှင့် ထောင်တွင်းလှုပ်ရှားမှုတို့ကိုပါ သီးခြားကော်လံ ၂ ခုဖြင့် မှတ်ချက်ပေး တင်ပြထားသည်ကို တွေ့ရသည်။
သီးသန့်အကျဉ်းသား၊ သာမန်သီးသန့်အကျဉ်းသားနှင့် ထောက်လှမ်းရေးအကျဉ်းသားတို့၏ စိတ်ဓာတ်အခြေအနေတို့ကို မှတ်ချက်ပေးထားရာတွင် အချို့ကို (တင်းမာ) ဟု၎င်း၊ အချို့ကို (ပျော့ပြောင်း) ဟု၎င်း ရေးသားထားသည်ကို အဆိုပါ ပေါက်ကြားလာသည့် လျို့ဝှက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့ကို အများက လွတ်ငြိမ်းအမိန့်တခု ထပ်ထွက်မယ်လို့ မျှော်လင့်စောင့်စားနေကြတယ်။ အစိုးရတွေ အာဏာပိုင်တွေဟာ ဘယ်လို ကြိုတင်သတ်မှတ်ချက်တွေနဲ့လွှတ်ပေးသလဲ၊ မပေးဘူးလဲဆိုတာကို စောင့်ကြည့်ရမယ်”
ဟု လူ့အခွင့်အရေးစောင့်ကြည့်သူအဖွဲ့တခုက မှတ်ချက်ပေးသည်။
အဆိုပါ စာရင်းများကို လက်ရှိအခြေအနေတွင် အများသူငှာလက်ထဲ မရောက်ရှိသေးကြောင်း၊ ရောက်ရှိပါကလည်း ထိန်းသိမ်းထားပြီး လွတ်ငြိမ်းခွင့် ပေးမပေး၊ လွတ်မြောက်မှု ရှိမရှိကို အရင်ဆုံး တိုက်ဆိုင်ကြည့်ရှု စစ်ဆေးကြည့်ကြစေလိုကြောင်း အဆိုပါ ပုဂ္ဂိုလ်က မှတ်ချက်ပေးသည်။
Lwin Pwin

0 comments:

Post a Comment