နိုင်ငံတကာသတင်း

ကင်ဂျုံအီးလ် ဈာပနဓာတ်ပုံ Photoshop နဲ့ ပြုပြင်ထား 

မြောက်ကိုရီးယားက တရားဝင်ထုတ်ပြန်တဲ့ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်ရဲ့ ဈာပန ပို့ဆောင်တဲ့ အခမ်းအနားဓာတ်ပုံဟာ Digital နည်းပညာနဲ့ ပြုပြင်ထားတယ်လို့ ကျွမ်းကျင်သူတွေက အဆုံးအဖြတ်ပေးတာကြောင့် New York Times သတင်းစာက အဲဒီပုံကို ဖယ်ရှားလိုက်ကြောင်းအဲဒီအသုဘပို့တဲ့ ဓာတ်ပုံကို KCNA နိုင်ငံပိုင်သတင်းက ရိုက်ကူးခဲ့တာဖြစ်ပြီး ဥရောပသတင်းအေဂျင်စီက ဖြန့်ဝေတာဖြစ် တယ်လို့ New York Times သတင်းကဆိုပါတယ်။ ညီညီညာညာ တန်းစီရပ်နေကြပြီး ငိုကြွေးနေတဲ့ လူထုရဲ့နောက်မှာ လူ ၆ ယောက်က သပ်သပ်စီ တယောက်တမျိုးရပ်နေတဲ့ပုံကို Photoshop software သုံးပြီး ဖျက်ပစ်ထားတာတွေ့ရ တယ်လို့ ကျွမ်းကျင်သူတွေရဲ့ အပြောကိုကိုးကားပြီး New York Times ကဖော်ပြလိုက်တာဖြစ်ကြောင်းသိရသည်။



မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်၏ ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုံးယမ်းတွင် စတင်ပြုလုပ်ခဲ့သည်။ ကင်ဂျုံအီလ်၏ အလောင်းကိုထားရှိသည့် ကွန်ဆူဆန် အထိမ်းအမှတ်နန်းတော်မှ ထွက်ခွာလာသည့် အသုဘယာဉ်တန်းတွင် မျက်ရည်များဖြင့် သားဖြစ်သူ ကင်ဂျုံအီလ် လိုက်ပါလာခဲ့ပုံအား နိုင်ငံတော်ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့ကြောင်း
နှင်းများပြည့်နေသည့် ပြုံးယမ်းလမ်းမများပေါ်တွင် ကင်ဂျုံအီလ်၏ ရုပ်အလောင်းသယ်ယူခဲ့သည့် အခမ်းအနားကို ပြသခဲ့ရာအခြေအနေအားလုံးသည် စီစဉ်ထားသည့်အတိုင်းဖြစ်နေခဲ့ကြောင်း အသုဘအခမ်းအနားတွင် ကင်ဂျုံအီလ်၏နောက်၌ ဦးလေးတော်သူ ဂျန်ဆောင်သက်က လိုက်ပါခဲ့ပုံကို ရုပ်သံက ပြသခဲ့ကြောင်း
ကင်ဂျုံအီလ်ကို သေနတ် ၂၁ ချက်ပစ် ဖောက်ဂုဏ်ပြုခဲ့ပြီး ၁၉၉၄ ခုနှစ်က ကင်ဂျုံအီလ်၏ဖခင် ကင်အီဆွန်း အသုဘအခမ်းအနားတွင် သေနတ် ၂၄ ချက်ပစ် ဖောက်ခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့ကြောင်းသိရသည်။






ပြဿနာပတ်လည်ဝိုင်းနေသည့် ယီမင်သမ္မတ အလီအဗ္ဗဒူလာဆာလက်ဟ်ကို ဆေးကုသရန်အတွက် အမေရိကန်သို့ လာရောက်ခွင့်ပြုလိမ့်မည်ဖြစ်ကြောင်း အိုဘားမားအုပ်ချုပ်ရေးအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပြောကြားခဲ့ခဲ့ကြောင်း သမ္မတဆာလက်ဟ်ကို ဆေးကုသရန်အတွက် အမေရိကန်သို့ လာရောက်ခွင့်ပေးခြင်းသည် ယီမင်တွင်ဖြစ်ပွားနေသော တင်းမာမှုများကို လျော့ပါးစေပြီး လာမည့်ရွေးကောက်ပွဲအတွက် လမ်းခင်းမှုဖြစ်လာနိုင်သည်ဟု အိမ်ဖြူတော်က မျှော်မှန်းထားခဲ့ကြောင်းသိရသည်။

တရုတ်အလုပ်သမား ဆန္ဒပြမှု စက်ရုံပိုင်ရှင် လိုက်လျော 

 

တရုတ်အလုပ်သမားတွေ ရဲ့ နှစ်ကုန်ဆုကြေားတိုးရရေး တောင်းဆိုချက် တောင်ကိုရီးယားကုမ္ပဏီက လိုက်လျောခဲ့လို့ ၃ ရက်ကြာ ဆန္ဒပြပွဲ အဆုံးသတ်ခဲ့ကြောင်းသိရသည်။

ခါဂျစ်စတန်မှာအမေရိကန်စစ်စခန်း ဆက်ထားတော့မည်မဟုတ်

ခါဂျစ်စတန်အရပ်ဘက်လေဆိပ်ကို စစ်ရေးအတွက်အသုံးခံနေရတာနဲ့စာရင် ရတဲ့ငွေကနည်းတဲ့အတွက် ဆက်မငှားတော့ဘူးလို့ သမ္မတ Atambayev ကပြောကြောင်းသိရသည်။

အီရန် ရေလက်ကြားပိတ်ဆို့မှု အမေရိကန်သည်းခံမည်မဟုတ်

နျူကလီးယားအရေးကြောင့် အနောက်အုပ်စုက အီရန်ရေနံတင်ပို့မှုပိတ်ဆို့တာကို တုံ့ပြန်ဖို့ ဟော်မုဇ်ရေလက်ကြားကို ပိတ်မယ်လို့ အီရန်က ခြိမ်းခြောက် ကြောင်းသိရသည်။

တရုတ်အရှေ့ပိုင်း အလုပ်သမားထောင်ချီ ဆန္ဒပြ
 
တရုတ်မှာဖွင့်ထားတဲ့ ကိုရီးယားလျှပ်စစ်ကုမ္ပဏီက နှစ်ကူးဆုကြေးပေးရာမှာ တရုတ်အလုပ်သမားတွေ ကိုရီးယားအလုပ်သမားလောက်မရတဲ့အတွက် ဆန္ဒပြနေကြကြောင်းသိရသည်။

ကင်မ်ဂျုံအီးလ် နာရေးအခမ်းအနား ကျင်းပ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်ရဲ့ အသုဘ အခမ်းအနားမှာ ပူဆွေး ငိုကြွေးကြသူ ထောင် သောင်းချီ ဂါရ၀ ပြုခဲ့ကြကြောင်းသိရသည်။

အကဲခတ်တွေ မတွေ့နိုင်အောင် အကျဉ်းသားတွေကို ဆီးရီးယားအစိုးရ ရွှေ့ပြောင်း

ဆီးရီးယားအစိုးရဟာ ဖမ်းဆီးထားသူတွေကို အာရပ်ဘ်အဖွဲ့ချုပ်က လေ့လာသူတွေ မတွေ့ရအောင် ရွှေ့ပြောင်းထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောကြောင်းသိရသည်။

Lwin pwin

0 comments:

Post a Comment