Kurt Campbell အရှေ့အာရှခရီးစဉ်အတွင်း မြန်မာ့အရေးဆွေးနွေးမည်
မြန်မာနိုင်ငံရဲ့ နောက်ဆုံးဖြစ်ထွန်းမှုတွေအပါအဝင် အာရှ-ပစိဖိတ်ဒေသတွင်း ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဟာ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေကို ရှေ့သီတင်းပတ်ထဲ သွားရောက်မှာဖြစ်ကြောင်း ဒါဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Darek Mitchell ဒီ အာရှ ၃ နိုင်ငံကို သွားရောက်ပြီး မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုတွေ ရနိုင်ဖို့ ကြိုးစားတဲ့ခရီးစဉ်အပြီး တလမပြည့်ခင် အမေရိကန်ထိပ်တန်းအရာရှိတဦး သွားရောက်တာဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲဝင် ဇာတ်ကားတချို့ ပယ်ဖျက်ခံရ
လွတ်လပ်ခြင်း အနုပညာရုပ်ရှင် ပွဲတော်တွင် ယှဉ်ပြိုင်ရန် တင်သွင်းထားသည် ဇာတ်ကားများ အနက် အင်တာနက်ပေါ်တွင် ကြိုတင် ပြန့်နှံ့နေသော ဇာတ်ကားများကို စာရင်းမှ ပယ်ဖျက် လိုက်ကြောင်း သိရသည်။ ယင်းသို့ ပယ်ဖျက်ခြင်းသည် စည်းကမ်းချက် အရပင် ဖြစ်ကြောင်း ပြိုင်ပွဲတာဝန်ရှိသူ တဦးဖြစ်သည့် ကိုဇာဂနာက ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည့် အင်တာနက်ပေါ်တွင် နာမည်ကြီး လူကြိုက်များနေသည့် ဇာတ်လမ်းတိုများမှာ “အဲဒီ အခန်းဖြတ်” နှင့် “ကြိုး” တို့ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တွင် မီးလောင်ပေါက်ကွဲ၊ ၁၇ ဦးသေ
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ည ၂ နာရီ ဝန်းကျင်က မီးလောင်ပေါက်ကွဲမှုကြီး ဖြစ်ပွားရာ နောက်ဆုံးရရှိသည့် သတင်းများအရ ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၈၀ နီးပါးရှိကြောင်း သိရသည်။ ပြင်းထန်သည့် ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်မှ အဆောက်အအုံများ၊ လူများပါ ထိခိုက်မှု ရှိကြောင်း၊ သေဆုံးသူများတွင် မီးသတ်သမားများလည်း ပါခဲ့ပြီး မီးသတ်ကားများပါ ထိခိုက်ပျက်စီးကြောင်း၊ ကုန်ပစ္စည်းသိုလှောင်သည့် ဂိုဒေါင်များလည်း မီးလောင်ခဲ့ကြောင်း သိရှိရသည်။ ပေါက်ကွဲသည့်နေရာများတွင် ကြီးမားသည့် ကျင်းကြီးများ ဖြစ်ကျန်ခဲ့ကြောင်း သိရသည်။
မိုင်းလား အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး သဘောတူ
မင်္ဂလာတောင်ညွန့် မီးဘေး အကူအညီများ စတင်
အိမ်ခြေ ၂၂၀ ကျော် ပျက်စီးပြီး လူတထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သော ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှုမှ မီးဘေးဒုက္ခသည်များ အတွက်အကူအညီများ စတင်နေပြီး အကူအညီများ လိုအပ်နေဆဲဖြစ် ကြောင်းသိရသည်။
ရန်ကုန်မီးကြောင့် ဒဏ်ရာရသူ ၁၀၈ ဦးရှိ
ဓါတုပစ္စည်းအန္တရာယ် သတိမမူမိ၍ မီးသတ်တပ်ဖွဲ့ဝင်များ ကျဆုံးရ
ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွှန့်မြို့နယ်၌ လူ ၂၀ ကျော် သေဆုံးခဲ့သော
နိုင်ငံပိုင် ဓါတုပစ္စည်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုတွင် ဂိုဒေါင်အတွင်းရှိ ဓါတု ပစ္စည်းများ၏ အန္တရာယ်ကို သတိမမူမိသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှာ လောင်ကျွမ်းမှု အရှိန်မြင့်နေသည့်မီးကို အမြန်ငြိမ်းစေလိုဇောဖြင့် ငြှိမ်းသတ်နေကြစဉ် ဂိုဒေါင်အတွင်းရှိ မီးကူးလောင်နေသည့် ဓါတုပစ္စည်းများမှ ပေါက်ကွဲကာ အရပ်သား ၁၇ ဦးနှင့်အတူ မီးသတ် တပ်ဖွဲ့ဝင် ၅ ဦးပါ သေဆုံးခဲ့ရဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်ဌာန အရာရှိတဦးက ပြောကြောင်း သိရသည်။

မေတ္တာမွန်သိုလှောင်ရုံ ပေါက်ကွဲမီးလောင်မှု ၁၇ ဦးသေဆုံး
ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မနက် ၂ နာရီခန့်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်ရှိ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ပစ္စည်းများထားရှိတဲ့ မေတ္တာမွန် သိုလှောင်ရုံမှာ ဓာတုဗေဒပစ္စည်းတွေ ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရသွားကြောင်းသိရသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအပေါ် ဒေါ်အောင်ဆန်းစုကြည်အမြင်
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ နဲ့ မနေ့က တွေ့ဆုံခဲ့ရာမှာ အင်ဒိုနီးရှားဝန်ကြီးက မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးအတွက် စိတ်ဝင်တစား ဆွေးနွေးခဲ့တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်းသိရသည်။
လူ့အခွင့်အရေး ကော်မရှင် အကျဉ်းသားဘဝမှန် မတွေ့ခဲ့
အင်းစိန်ထောင်ကိုသွားပြီး လေ့လာခဲ့ရာမှာ ထောင်တွင်း နှိပ်စက်ညှဉ်းပန်းမှု မတွေ့ရသလို အကျဉ်းသားတွေဟာ ကျန်းမာရေးကောင်းနေတာ တွေ့ရတယ်လို့ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က အာရ်အက်ဖ်အေနဲ့ ဆက်သွယ် မေးမြန်းချက်မှာပြောဆိုခဲ့ ကြောင်းသိရသည်။
အကျဉ်းကျနေသူ မိသားစုတွေကို အားပေး
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင်တွေက အကျဉ်းကျနေသူ ၈၈ကျောင်းသားတွေရဲ့ အိမ်တွေကို ဒီကနေ့ မနက်ပိုင်းက သွားရောက်ပြီး မိသားစုဝင်တွေကို အားပေးစကားပြောခဲ့ကြကြောင်းသိရသည်။
မြန်မာ့ ဒီမိုကရေစီရေး အင်ဒိုနီးရှားက ကူညီမည်
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်းလဲရေးမှာ အင်ဒိုနီးရှားနိုင်ငံက ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံကို ရောက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂဝါက ပြောလိုက်ကြောင်းသိရသည်။
မြစ်ဆုံဒေသခံများ စားဝတ်နေရေး ဒုက္ခတွေ့ ကြုံ
ဦးသိန်းစိန်အစိုးရဟာ ပြည်သူတွေရဲ့တောင်းဆိုမှုကြောင့် ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို ၅ နှစ်တာ ရပ်ဆိုင်းထားလိုက်ပေမယ့် စီမံကိန်းကြောင့် နေရာပြောင်းရွှေ့ခံထားရတဲ့မြစ်ဆုံဒေသခံရွာသားတွေအနေနဲ့အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်တွေ ထိခိုက်ပျက်ပြားပြီး ၊ ဘာလုပ်ငန်းကိုင်ငန်းကိုမှလဲ မလုပ်ကြရတဲ့အတွက် စားဝတ်နေရေးဒုက္ခတွေ ကြုံနေရကြောင်းသိရသည်။
တမူးတွင် ပစ်ခတ်မှုဖြစ်ပွား
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် ဖြစ်ပွားခဲ့သည့် နယ်စပ်တာဝန်ကျ မြန်မာစစ်သားများကို ကျောင်းသားများက လေးဂွဖြင့် ပစ်ခတ်သောကြောင့် ပြန်လှန် ခြောက်လှန့်ရာမှ ကျည်ဆန်ထွက်ပြီးပစ်ခတ်မှု၏ နောက်ဆက်တွဲ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများကြောင့် နယ်စပ်ဂိတ်နှင့် နန်းဖာလုံဈေးကို ပိတ်ထားခဲ့ရပြီးယမန်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း အရောင်းအ၀ယ်နည်းပါးနေ၍ နယ်စပ်ကုန်သွယ် ရေး ထိခိုက်လာမည်ကို စိုးရိမ်ရကြောင်း ဒေသခံ ကုန်သည်များက ပြောဆိုကြောင်းသိရသည်။
မုတ္တမ သဘာဝဓါတ်ငွေ့ဝယ်ခွင့် ထိုင်းကုမ္ပဏီ PTTEP ထပ်ရ
နေပြည်တော်၌ ဒီဇင်ဘာ ၂၀ တွင် ပဏာမ ဆွေးနွေးခဲ့သည့် မုတ္တမပင်လယ်မှ ထပ်မံ
တွေ့ရှိသော သဘာဝဓာတ်ငွေ့များကို ဝယ်ယူတင်သွင်းရန် ထိုင်းနိုင်ငံက မြန်မာနှင့် လာမည့်နှစ်ဆန်းတွင် စာချုပ်မည်ဖြစ်ကြောင်း မုတ္တမပင်လယ်ကွေ့ရှိ လုပ်ကွက် M3 မှ ထွက်သည့် သဘာဝဓာတ်ငွေ့ ဝယ်ယူတင်သွင်းရန် ၂ဝ၁၂ ခု ဇန်နဝါရီ ၅-၆ ရက်တွင် စာချုပ်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

KIA ရင်း ၈ စခန်း နောက်ဆုတ်လိုက်ရ
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်
ဆွေးနွေးသဘောတူမှုများ ရရှိနေသော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တပ်များနှင့်မူ ထိုးစစ်ဆင်မှုများနေ့စဉ် ဆက်လက်ဖြစ်ပွားနေပြီး တပ်ရင်း တခုမှာ ဆုတ်ခွာ ပေးလိုက်ရ
ဒီဇင်္ဘာ ၂၅ မှ ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ စခန်းသို့ ဗုဒ္ဓဟူးနေ့ကမူ အစိုးရ၏ ခလရ ၆၈၊ ခမရ ၅ဝ၇ တပ်အင်အား ၃ဝဝ ကျော်က ထပ်မံ တိုးမြင့်လာသဖြင့် ရှောင်တိမ်းပေးလိုက်ရခြင်း ဖြစ်ကြောင်း KIO ပြောခွင့်ရ ဦးလနန်က ပြောကြောင်း သိရသည်။

ပဲခူးတိုင်းခရိုင်းမြို့နယ် မြေစာရင်းရုံးမှ အရာရှိ ကြီးငယ်၊ ၀န်ထမ်းများ ပြည်သူလူထုအား အနိုင်ကျင့်နှိပ်စက် လာဘ်ငွေတောင်းမှုများ (ပေးစာ)
ကဏ္ဍပေါင်းစုံတွင် အကူအညီများပေးသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိချိရိုဂင်းဘ ပြောကြား
မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၂၆ ရက် နေ့က လာရောက်ခဲ့သည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိချိရိုဂင်းဘက မြန်မာ နိုင်ငံအတွက် အကူအညီများ ပေးရာ တွင် ကဏ္ဍပေါင်းစုံမှ ကူညီသွားမည်ဟု ၎င်း၏ တစ်ရက်တာ ခရီးစဉ်အပြီးတွင် သတင်းထောက်များကို ပြောကြောင်းသိရသည်။
ကျေးလက်နေပြည်သူများ စာဖတ်ခြင်း အားဖြင့် အသိပညာဗဟုသုတများရနိုင် စေရန် အမရာဖောင်ဒေးရှင်းမှ ရွေ့လျား စာကြည့် တိုက်များကို စတင်ဆောင်ရွက် ပေးနေကြောင်း သိရသည်။
Lwin Pwin
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment