အစိုးရအဖွဲ့သစ်ပြောင်းလဲပြီး ဖြစ်သော်လည်း လက်ရှိတရားစီရင်ရေးစနစ်တွင် ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းအချို့နှင့် တရားရေးဝန်ထမ်းအချို့၏ လုပ်ဆောင်မှုဆုံးဖြတ်မှုအချို့မှာမူ ဒီမိုကရေစီဖော်ဆောင်နိုင်သည့် အခြေအနေတွင် မရှိနိုင်ကြောင်း အမှုသည်များ၊ ရှေ့နေများထံမှ သိရသည်။
SSA-S နှင့် အစိုးရ အပစ်ရပ် သဘောတူ
ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S)နှင့် အစိုးရ ကိုယ်စားလှယ်များ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ယနေ့ တွေ့ဆုံ၍ အပစ် အခတ်ရပ်စဲရေး သဘောတူလိုက်သည်။ အစိုးရဘက်က ရှမ်း ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးအောင်သူ နှင့် SSA-S ဘက်က ဗိုလ်ချုပ် စိုင်းလုတို့က သဘောတူလက်မှတ်ထိုးကြောင်း SSA-S နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းက ပြော သည်။
ခွဲထွက်နှင့် နုတ်ထွက် တချို့ NLD ပါတီသစ်ကို ပြန်ဝင်မည်
ဟီလာရီ နှင့် တွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည် ကျေနပ်
အမေရိကန်နှင့် ထိတွေ့ဆက်ဆံရမှုကို အားရကျေနပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်နှင့် ယနေ့ တွေ့ဆုံစဉ် ပြောဆိုသည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အသက် ၉၂ နှစ် ပြည့်ပြီ
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာပြည် အင်္ဂလိပ်ကျွန်ဘဝ ကနေ လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံကို လျှို့ဝှက်သွားရောက်ကာ စစ်ပညာတွေ သင်ကြားခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇောဟာ ယမန်နေ့က အသက် ၉၂ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
မဲဆောက်-မြ၀တီတံတားကို ပြန်ဖွင့်တော့မည်
ထိုင်းဘုရင်မင်းမြတ်၏ ဒီဇင်ဘာ ၅ ရက်နေ့ မွေးနေ့အဖြစ် မွေးနေ့လက်ဆောင်များ မြန်မာအစိုးရတွင် အစီအစဉ်များ ရှိနေသည်။ တနှစ်ကျော်ကြာ ပိတ်ထားသော မဲဆောက် – မြ၀တီ တံတားသည် တနင်္လာနေ့တွင် ပြန်ဖွင့်တော့မည်ဟု ထိုင်းနိုင်ငံ တပ်ခရိုင်အုပ်ချုပ်ရေးဌာန ဒုတိယ အကြီးအကဲ Wuthi Sithisurat က ယနေ့ ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာ အွန်လိုင်းတွင် ရေးသားဖော်ပြထားသည်။မြို့နယ် ၃ ရာကျော်မှာ NLD ရုံးတွေ ပြန်ဖွင့်မည်
ရွေးကောက်ပွဲကော်မရှင်က ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ၁၉၈၈- ၈၉ ခုနှစ် ပါတီ တည်ထောင်ခဲ့စဉ် ကာလအတိုင်း မြို့နယ်တိုင်းမှာ စည်းကော်မတီ နဲ့ ရုံးခွဲတွေ ပြန်ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ မလွတ်သေးခင် ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေ ပြန်လွှတ်ပေး
မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာ မယ့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ ချစ်ကြည်ရေးခရီးစဉ် ကို ကြိုဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ် ကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ယောက်ကို မြန်မာ အာဏာပိုင်တွေက ပြစ်ဒဏ်တွေ လျှော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။မြန်မာ့သဲ စင်္ကာပူ ပြန်လည် စုပ်ယူနေ
မြန်မာ့ရေပိုင်နက်အတွင်း ဆလုံကျွန်း အရှေ့ဘက်၊ သူဌေးကျွန်း အနောက်ဘက်၊ ခရုကျွန်း အရှေ့ဘက်နဲ့ သိရိမြိုင် အရှေ့ရပ်ကွက်တွေမှာ စင်္ကာပူ သဲစုပ်သင်္ဘောတွေ ပြန်ရောက်လာပြီး သဲတွေ တိတ်တဆိတ် စုပ်ယူနေကြောင်း သိရပါတယ်။
ကချင်ပြည်နယ်မှာ စစ်မီးငြိမ်းဖို့ အလှမ်းဝေးနေဆဲ
ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာ အစိုးရက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို ကတိပေး ပြောဆိုခဲ့ပေမယ့် ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။RSF ရဲ့ သတင်းမီဒီယာဆု စာရင်းမှာ Eleven Media Group ပါဝင်
ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကနေ ၂ဝ၁၁ ခုနှစ်အတွက် တနှစ်တာ အကောင်းဆုံး သတင်းထောက်ဆု ချီးမြှင့်မယ့် အမည်စာရင်းမှာ မြန်မာနိုင်ငံက Eleven Media Group ပါဝင်တယ်လို့ သိရပါတယ်။တိုင်းရင်းသားတွေ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းမည်
ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC က ပြည်ထောင်စု တပ်မတော်တရပ် ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။လွတ်လပ်စွာ ဆန္ဒပြခွင့် ဥပဒေပြဌာန်း
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၁၅) ကို ဒီကနေ့ ပြဌာန်းလိုက်ပါတယ်။NDF ပါတီဝင် အမြောက်အမြား မိခင်ပါတီ NLD ကို ပြန်မည်
ပျော်ဘွယ်မြို့နယ် NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဝင် ၅ ဦးဟာ အဖွဲ့ဝင်အဖြစ်က နှုတ်ထွက်စာ တွေကို မြို့နယ်ကော်မရှင်ရုံးနဲ့ မန္တလေးတိုင်း ဒေသကြီး NDF ရုံးတွေကို နိုဝင်ဘာလ ၃ဝ ရက်နေ့က ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အသက် ၉၂ နှစ် ပြည့်ပြီ
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးတော့မယ်
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို နောက်ခံထားပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ကို ရုပ်ရှင်အဖြစ် ရိုက်ကူးနိုင်ဖို့အတွက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ရုပ်ရှင်နယ်ပယ်က ထင်ရှားတဲ့ ဒါရိုက်တာတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေကို နေအိမ်မှာ ဖိတ်ခေါ်ပြီး ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။လူမှုရေးလုပ်ငန်းတွေကို ဒေါ်လာ ၁.၂ သန်း ကူညီမယ်
မြန်မာအစိုးရဘက်က ပြုပြင်ပြောင်းလဲမှု တချို့ လုပ်လာတာကို အားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံအနှံ့ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို အမေရိကန်ဒေါ်လာ ၁.၂ သန်း ကူညီပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားပါတယ်။လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ မေတ္တာရပ်ခံ
ပြည်တွင်းစစ်နဲ့ ဆင်းရဲမွဲတေမှု ပြဿနာ ကြုံတွေ့နေကြရတဲ့ တိုင်းရင်းသား ဒေသတွေကို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကို တိုင်းရင်းသား ပါတီတွေက မနေ့က မေတ္တာရပ်ခံခဲ့ပါတယ်။စီးပွားရေးပိတ်ဆို့မှု ဆွေးနွေးဖို့ အဆင်သင့် မဖြစ်သေး
မြန်မာအစိုးရ အနေနဲ့ ရှေ့ဆက်ပြီး လုံလောက်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်သွားရင် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ စဉ်းစားမှာ ဖြစ်ပေမယ့် လောလောဆယ် ဆွေးနွေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။လူမှုကွန်ယက် (မန္တလေး) နိုင်ငံရေး အကျဉ်းသားတွေကို ငွေ ၂ သိန်း ထောက်ပံ့
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး လူမှုကွန်ယက် (မန္တလေး) ကနေပြီး အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဒီနေ့ အကူငွေ ကူညီ ထောက်ပံ့ခဲ့ပါတယ်။ဒီမိုကရေစီပန်းတိုင် အရောက် လှမ်းရတော့မယ် ဒေါ်အောင်ဆန်းစုကြည် ပြော
မိမိတို့နဲ့တကွ မြန်မာနိုင်ငံ အစိုးရ၊ အမေရိကန် ပြည်ထောင်စုနဲ့ အပြည်ပြည် ဆိုင်ရာက မိတ်ဆွေ နိုင်ငံတွေ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြမယ် ဆိုရင် ဒီမိုကရေစီ ပန်းတိုင် ချီတက်ရာ လမ်းကြောင်းဟာ နောက်ပြန်လှည့်လို့ မရတော့ဘဲ ရှေ့ ကို ဆက်လှမ်းရတော့မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
အာသံခွဲထွက်ရေးခေါင်းဆောင် မြန်မာပြည်မှာဖမ်းမိ
အာသံ လွတ်မြောက်ရေးတပ်ပေါင်းစု ULFA အဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ယောက်ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
မြ၀တီ-မဲဆောက်တံတား ပြန်ဖွင့်
ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား ဆက်သွယ်ထားတဲ့ မဲဆောက်-မြ၀တီတံတားကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်။တိုင်းရင်းသားကောင်စီ ပြည်ထောင်စုတပ်မတော် ဖွဲ့တော့မည်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။ငြိမ်းချမ်းစွာစုဝေးခွင့် ဥပဒေပြဌာန်း
ကာလရှည်ကြာ စစ်တပ်အုပ်ချုပ်မှုအောက် ရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုလိုက်ပါပြီ။ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး ပဏာမညှိနှိုင်း
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်နိုင်ဖို့အတွက် နံမည်ကြီး အနုပညာရှင်များစွာနဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ပြည်တွင်းအပိုင်းရှိ SE-ME-WE 3 ရေအောက် ကေဘယ်လ်ဆက်ကြောင်း ပြတ်တောက်မှုကို ပြင်ဆင်ပြီးသော်လည်း အင်တာနက် ကွန်နက်ရှင်များ ဆက်လက်နှေးကွေးနိုင်
ပြည်တွင်းရေပိုင်နက်အတွင်း ရှိ SE-ME-WE 3 ရေအောက် ကေဘယ်လ်ဆက်ကြောင်း ပြတ်တောက်မှုအား ပြင်ဆင်ပြီးသော်လည်း စင်ကာပူနိုင်ငံအနီးရှိ ရေအောက်ဆက်ကြောင်း ချွတ်ယွင်းမှုကြောင့် အင်တာနက် ကွန်နက်ရှင်နှေးကွေးမှုများ ဖြစ်ပေါ်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်
ဒေါ်အောင်ဆန်းစုကြည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း သိရလာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားလျက်ရှိနေကြောင်း အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်များက ပြောကြားခဲ့ပါသည်။
နိုင်ငံတကာ လေယာဉ်များ အန္တရာယ်ကင်းစွာ ဖြတ်ကျော်ပျံသန်းနိုင်ရန် ရန်ကုန်၊မန္တလေးနှင့် မြိတ်မြို့များမှ ရေဒါစခန်းသုံးခုဖြင့် လေကြောင်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိ လေကြောင်းဆက်သွယ်ရေး လမ်းညွှန်မှု ကွပ်ကဲရေးဌာနခွဲမှ မြန်မာနိုင်ငံပေါ်သို့ ဖြတ်ကျော်ပျံသန်းသည့် လေယာဉ်များ အန္တရာယ်ကင်းစွာ ဖြတ်ကျော်ပျံသန်းနိုင်ရန် ရန်ကုန်၊ မန္တလေးနှင့် မြိတ်မြို့များမှ ရေဒါ စခန်းသုံးခုဖြင့် လေကြောင်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန် ချက်များအရ သိရှိရပါသည်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment