နိုင်ငံတကာသတင်း
အရေးယူပိတ်ဆို့မှု ဆီးရီးယားထပ်ကြုံဖွယ်ရှိ
ဆီးရီးယားနိုင်ငံထဲကို နိုင်ငံတကာလေ့လာသူတွေ ၀င်ခွင့်ပြုဖို့ အာရပ်အဖွဲ့ချုပ်ရဲ့ ထပ်မံကမ်းလှမ်းချက်ကို ဆီးရီးယားက လျစ်လျူရှုခဲ့ပါတယ်။
ရုရှားလွှတ်တော် ရွေးကောက်ပွဲများ စတင်
လာမယ့်ငါးနှစ်အတွင်း ရုရှားအောက်လွှတ်တော် ပုံသဏ္ဌာန်သစ်ကို ဖော်ဆောင်ပေးမဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေ စတင်နေပါပြီ။အီဂျစ်ရွေးကောက်ပွဲ အစ္စလာမ်မစ်ပါတီများ အားကောင်း
အီဂျစ်ရွေးကောက်ပွဲအပြီး ထွက်လာတဲ့ရလာဒ်တွေအရ အစ္စလာမ်မစ်ဝါဒီတွေရဲ့ ပါတီတွေ လွှမ်းမိုးဖွယ်ရှိနေပါတယ်။ဆီးရီးယားခေါင်းဆောင်ပိုင်းကို အာရပ်အဖွဲ့ချုပ်အရေးယူ
ဆီးရီးယားအစိုးရ ထိပ်တန်းပုဂ္ဂိုလ် ၁၉ ဦးရဲ့ ပိုင်ဆိုင်မှုတွေကို အာရပ်နိုင်ငံများ အဖွဲ့ချုပ်က မနေ့ကပဲ ထိန်းချုပ်လိုက်ပါတယ်။ရီပါပလစ်ကန် သမ္မတလောင်း Cain မဲဆွယ်မှုရပ်ဆိုင်း
အိမ်ထောင်ရေး ဖောက်ပြားမှုတွေရှိတယ်လို့ စွပ်စွဲခံရပြီးတဲ့နောက် အမေရိကန် ရီပါပလစ်ကန်ပါတီ သမ္မတလောင်း Cain ဟာ မဲဆွယ်မှုတွေရပ်ဆိုင်းလိုက်ပါတယ်။တရုတ် နျူကလီးယားအင်အား ထင်တာထက်ပိုကြီးနိုင်
တရုတ်နိုင်ငံမှာရှိတဲ့ နျူကလီးယားလက်နက်တွေဟာ တရားဝင်ခန့်မှန်းထားတဲ့ အရေအတွက်ထက် အဆပေါင်းများစွာ ပိုနိုင်တယ်လို့ လေ့လာချက်တစ်ခုက ဆိုပါတယ်။ပြင်သစ်က အီရန်တွင် သံတမန်ဝန်ထမ်းအင်အား လျှော့ချ
လွန်ခဲ့သည့် သီတင်းပတ်က အီရန်ရှိ ဗြိတိန်သံရုံးတိုက်ခိုက်ခံရမှု ဖြစ်စဉ်အပြီး ပြင်သစ်က အီရန်ရှိ သံတမန်ဝန်ထမ်းအင်အားကို ယာယီလျော့ချခဲ့ပြီး အီတလီကလည်း ညှိနှိုင်းမှုများပြုလုပ်ရန် ၎င်းတို့၏ သံအမတ်ကြီးကို ရောမသို့ဆင့်ခေါ်ခဲ့ရာ သံတမန်ရေးရာ အကျပ်အတည်းမှာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပိုမိုနက်ရှိုင်းလာခဲ့သည်။
လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ပြုရန် အာရပ်ခေါင်းဆောင်များအား အမေရိကန်ဒုတိယသမ္မတ တိုက်တွန်း
လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ကန့်သတ်ချုပ်ခြယ်ထားသော အာရပ်ခေါင်းဆောင်များအနေဖြင့် ချုပ်ခြယ်မထားဘဲ လွတ်လပ်ခွင့်ပေးရန် အမေရိကန်ဒုတိယ သမ္မတဂျိုးဘိုင်ဒင် က ဒီဇင်ဘာလ ၃ ရက်နေ့တွင် တိုက်တွန်းခဲ့သည်။ ပြည်သူများအား လွတ်လပ်စွာစဉ်းစားတွေးခေါ်ခွင့်မပြုသော နိုင်ငံများအနေဖြင့် ရပ်တည်နိုင်စွမ်း ရှိမည်မဟုတ်ဟုလည်း ပြောကြားခဲ့သည်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment