ဂျော့ဆိုးရော့စ် မြန်မာပြည်ရောက်နေ 

နိုင်ငံတကာတွင် ဒီမိုကရေစီရေးနှင့် လွတ်လပ်မှုအတွက် အကူအညီများ ပေးနေသည့် OSI ခေါ် Open Society Institute ကို စတင်ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros သည် ဗုဒ္ဓဟူးနေ့တွင် အင်းလေးကန်သို့ အလည်အပတ်ရောက်နေသည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ညောင်ရွှေမြို့နှင့် ၇ မိုင်ခန့်ကွာဝေးသည့် အင်းလေးကန်စပ်မှ ခေါင်တိုင်ကျေးရွာတွင် တည်းခိုနေ သည့် ဂျော့ဆိုးရော့စ်သည် အင်းလေးနှင့် ပုဂံဒေသသို့ အလည်အပတ် လာရောက်ခြင်းဖြစ်သည်ဟု သိရသည်။ဒီဇင်ဘာ ၂၆ ရက်နေ့က ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိလာပြီး လာမည့် လဆန်းတွင် ပြန်မည့် ဂျော့ဆိုးရော့စ်အား အစိုးရတာဝန်ရှိသူများက တွေ့ဆုံရန် ပြင်ဆင်နေသည်ဟု စီးပွားရေးလုပ်ငန်း ရှင်ကြီးတဦးကလည်း ပြောကြောင်း သိရသည်။

အပြောင်းအလဲ ဆက်လုပ်ရန် နေပြည်တော်ကို အင်ဒိုတိုက်တွန်း

 ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန် ယူမည့် မြန်မာအစိုးရသည်  နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး စသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများဆက်လက် လုပ်ဆောင်ရမည် ဟု ရန်ကုန်တွင် ရောက်နေသော အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa က ယနေ့ ပြောလိုက်ကြောင်း သိရသည်။

ရွေးကောက်ပွဲတွေ မျှတမှန်ကန်ဖို့ အင်ဒိုနီးရှားက မြန်မာကို တိုက်တွန်း

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa က ကျင်းပမဲ့ ရွေးကောက်ပွဲများမှာ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။





မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင်၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်၌ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အင်ဒိုနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်စု တွေ့ဆုံ 

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ Marty Netalegawa သည် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လာရောက် တွေ့ဆုံခဲ့  ကြောင်း ၄၅ မိနစ်အကြာ တွေ့ဆုံဆွေးနွေးအပြီး ဆီဒိုးနားဟိုတယ်တွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများအား ဆွေးနွေးသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်း ပြောပြကြကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားလွှတ်ရင် ပြုပြင်ပြောင်းလဲရေး အရှိန်မြင့်မည်

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရင် ပြုပြင်ပြောင်းလဲရေး အရှိန် မြင့်နိုင်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကြောင်းသိရသည်။

 

ရွှေဂက်စ် အကျိုးအမြတ် ရခိုင်ပြည်အတွက်လည်း ဖြစ်စေလို
လာမည့်နှစ် ဇန်နဝါရီလအတွင်း ကျင်းပရန်ရှိသည့် လွှတ်တော် အစည်းအဝေးများတွင် ၂ဝ၁၂၊ ၂ဝ၁၃ ပြည်နယ်နှင့် တိုင်း ဘတ်ဂျက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန်ရှိရာ အဆိုပါ ဘတ်ဂျက်ခွဲဝေမှုအတွက် ရခိုင်ကမ်းရိုးတန်းဒေသတွင် တူးဖေါ်နေသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိသော အကျိုးအမြတ်များကို ပြည်ထောင်စုအစိုးရမှ ရခိုင်ပြည်နယ်အစိုးရသို့ ခွဲဝေပေးရန် ၂ဝ၁၂ ဇန်နဝါရီလ တရက်နေ့ တွင် ပြည်သူ့ဆန္ဒကောက်ယူ တင်ပြသွားမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြောင်း သိရသည်။

ကုမ္ပဏီများထူထောင်ရန် ကန့်သတ်ချက်များ ပယ်ဖျက် 

ယခင်က ကုမ္ပဏီ မှတ်ပုံတင်ရန် လျှောက်ထားရာ၌ လုပ်ငန်း ကဏ္ဍအသီးသီးတွင် လုပ်ငန်းရည်ရွယ်ချက် ကန့်သက်ချက် ၁၀ ခု ကျော်စီ သတ်မှတ်ထားသော်လည်း ကုမ္ပဏီများ မှတ်ပုံတင် ဖွဲ့စည်း တည်ထောင်ရာတွင် လုပ်ငန်း အမျိုးအစား အလိုက်
ရွေးချယ်ရန် ထားရှိခဲ့သည့် ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ထုတ်ပြန်လိုက်
ကြောင်းသိရသည်။

စီးပွားကူးသန်းဂိုဒေါင် ပေါက်ကွဲမှု အနည်းဆုံး ၁၀ ဦးသေ 

စီးပွားကူးသန်းပိုင် ဂိုဒေါင်တွင် ပေါက်ကွဲမှုက အနည်းဆုံး လူ ၁၀ ဦး သေဆုံးသည်ဟု အခင်းဖြစ်ပွားရာ ရောက်ရှိနေသူများကပြော    မီးလောင်စေနိုင်သော သင်္ဘောဆေးများနှင့် သင်္ဘောဆေး ချက်လုပ်ရာ ပစ္စည်းများထားသော ဂိုဒေါင်တွင်ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်    ခန္ဓာကိုယ် အပိုင်းအစများ လွင့်ထွက်လာခဲ့သည်ကို မြင်ကြရသည်ဟု မျက်မြင်သက်သေ တဦးက ပြောကြောင်းသိရသည်။

မြစ်ဆုံဒေသခံများ စားဝတ်နေရေး ဒုက္ခတွေ့ ကြုံ

ဦးသိန်းစိန်အစိုးရဟာ ပြည်သူတွေရဲ့တောင်းဆိုမှုကြောင့် ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို ၅ နှစ်တာ ရပ်ဆိုင်းထားလိုက်ပေမယ့် စီမံကိန်းကြောင့် နေရာပြောင်းရွှေ့ခံထားရတဲ့ မြစ်ဆုံဒေသခံ ရွာသားတွေ အနေနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်တွေ ထိခိုက်ပျက်ပြားပြီး ၊ ဘာလုပ်ငန်းကိုင်ငန်းကိုမှလဲ မလုပ်ကြရတဲ့အတွက် စားဝတ်နေရေးဒုက္ခတွေ ကြုံနေရကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စံထားသင့်ကြောင်း ပါကစ္စတန်သမ္မတပြောကြား

ပါကစ္စတန်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နမူနာယူရမယ်လို့ သမ္မတ ဇာဒါရီက အင်္ဂါနေ့က ပြောလိုက်ကြောင်းသိရသည်။

ဂျပန်က ဒေါ်အောင်ဆန်းစုကြည်ကို အလည်ဖိတ်

မြန်မာနိုင်ငံသို့ အလည်အပတ်သွားခဲ့သော ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘာက ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံသို့ ဖိတ်ကြားကြောင်း သိရသည်။ ဂျပန်နိုင်ငံတွင် ယခုနှစ် မတ်လ ၁၁ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးမှ ပြန်လည် ထူထောင်လာမှုများကို လာရောက်ကြည့်ရှုလေ့လာရန် ဖိတ်ကြားခြင်းဖြစ်သည်ဟု အဆာဟိရှင်ဘွန်း သတင်းစာက ရေးသားကြောင်း သိရသည်။

လာမည့်ဇန်နဝါရီတွင် လွှတ်တော်ပြန်စမည်

လွှတ်တော်ပုံမှန်အစည်းအဝေးများကို လာမည့်နှစ် ဇန်နဝါရီလတွင် ပြန်စမည်ဟု သိရသည်။ ယင်း ပထမအကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးများတွင် စီးပွားရေးပြုပြင်ပြောင်းလဲရန် အဓိကကျသော ဥပဒေများကို စိစစ် ပြင်ဆင် ပြဌာန်းမှုများ ပြုလုပ်မည်ဟု ပြည်သူ့လွှတ်တော်မှ အကြီးတန်းအရာရှိတဦးကို ကိုးကား၍ Eleven Media Group သတင်းတွင် ဖော်ပြထားကြောင်း သိရသည်။

ဇာဂနာ ပါတီဝင်ရန် ဦးဝင်းတင် ဖိတ်ခေါ်

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က နာမည်ကျော် လူရွှင်တော် ဇာဂနာအား  NLD ပါတီဝင်ရန် ဖိတ်ခေါ်လိုက်သည်။ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် လူရွှင်တော် ဇာဂနာက မြန်မာလူငယ်များ အတွက် အလုပ် လုပ်မည်ဖြစ်ကြောင်း၊ မြန်မာ လူငယ်အများစုမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတ မရှိကြောင်း၊ NLD တွင်လည်း အသက် ၄၀ အောက် ပညာရှင်၊ ပညာတတ်များ  မရှိကြောင်း ဇာဂနာ ထိုင်းနိုင်ငံသို့ ခေတ္တရောက်ရှိစဉ် ထိုသို့ မှတ်ချက်ချလိုက်ခြင်းကို  အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများ၊ မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများကြားတွင် ငြင်းခုန် ဆွေးနွေးနေကြသည်။NLD တွင် ပညာတတ်လူငယ်ကင်းမဲ့နေကြောင်း မကြာသေးခင်က ပေါ်ပေါက်လာသည့် ဇာဂနာ၏ အငြင်းပွားဖွယ် ပြောဆိုချက်နှင့် ပတ်သက်ပြီး ဦးဝင်းတင်က ထိုသို့ တုန့်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ပတရားမ၀င်အဖွဲ့များနှင့် လက်နက်ကိုင်တပ်ဖွဲ့များအား ဆက်သွယ်မေးမြန်း ဖေါ်ပြလာ

ပြည်ပတရားမ၀င်အဖွဲ့များနှင့်  လက်နက်ကိုင်တပ်ဖွဲ့များအား ပြည်တွင်းဂျာနယ်များက ဆက်သွယ်မေးမြန်း ဖေါ်ပြလာ မိုးမခအထောက်တော်၊ ရန်ကုန်။ ဒီဇင်ဘာ ၂၈၊ ရန်ကုန် အပတ်စဉ်ထုတ် ပြည်တွင်း သတင်းဂျာနယ်အချို့တွင် လတ်တလော ဦးသိန်းစိန် အစိုးရနှင့် ဆွေးနွေးလျှက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆက်သွယ်မေးမြန်းထားသည့် သတင်းဖေါ်ပြမှုများ မကြာမီသီတင်းပတ်မှ စတင်ဖေါ်ပြလာကြကြောင်း သိရသည်။

 မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ ၁၀ ဦးသေဆုံး
 
မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် မီးသတ်ဝန်ထမ်းတွေအပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၁၂ခုနှစ်မှာမြန်မာ့ လူ့အခွင့်အရေး စိန်ခေါ်ချက်များရှိနေ

မြန်မာ့လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုရှိလာပေမဲ့ စိန်ခေါ်ချက်နဲ့ အကဲစမ်းမှုတွေ ရှိနေဆဲဖြစ်ကြောင်း မစ္စတာကင်တားနားက ပြောကြောင်း သိရသည်။



ထိုင်းနိုင်ငံသို့ မြန်မာလူမျိုး များအပါအ၀င် ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်မှု ပုံမှန်အနေအထား သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိပါသည်။



၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ဏ အက္ခရာကား ဟောင်းများကို အပ်နှံမှုကို စတင် လက်ခံသွားမည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ်ပေါ်တွင် ထိုင်းနိုင်ငံက ရေအားလျှပ်စစ်ထုတ်လုပ်မည့် ဆည်တစ်ခု တည်ဆောက်မည်
တနင်္သာရီမြစ်ပေါ်တွင် ထိုင်းနိုင်ငံက ရေအားလျှပ်စစ်ထုတ်လုပ်မည့် ဆည်တစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ရေအားလျှပ်စစ်ထုတ်ယူမည့်ဆည်ကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံရှိ Italian-Thai Development Public Co.,Ltd  မှ တည်ဆောက်သွားမည်ဖြစ်သည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံ ရက်ရှည်ရေကြီးမှုကြောင့် နေရပ်ပြန်သူ ရွှေ့ပြောင်းလုပ်သား သုံးပုံတစ်ပုံမှာ မြန်မာများဖြစ်ပြီး ဘားအံစက်မှုဇုန်အတွင်း အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်၍ ထိုင်းနိုင်ငံသို့ မပြန်လိုတော့ကြောင်း သိရှိရ

ထိုင်းနိုင်ငံတွင် ရက်ရှည်ရေကြီးမှုကြောင့် နေရပ်ပြန်လာသူ ရွှေ့ပြောင်းလုပ်သားများအား စစ်တမ်းကောက်ယူရာ ရွှေ့ပြောင်းလုပ်သား သုံးပုံတစ်ပုံမှာ ကရင်ပြည်နယ်ဒေသခံများဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့မှ စတင် တည်ဆောက်လျက်ရှိသော ဘားအံစက်မှုဇုန်ပြီးစီးပါက အလုပ်အကိုင် အခွင့်အလမ်းအတွက် လုပ်ငန်းခွင်ဝင်ရောက်နိုင်၍ ရွှေ့ပြောင်းလုပ်သား အများစုအနေဖြင့် ထိုင်းနိုင်ငံသို့ မပြန်လိုတော့ကြောင်း စုံစမ်းသိရှိရသည်။

Lwin pw

တောင်သူများဒုက္ခရောက်နေရ   ဒီဇင်ဘာ  ၂၈၊ ၂၀၁၁

မြန်မာနိုင်ငံ တောင်သူလယ်သမားများအဖွဲ့ချုပ် လူကြီးမင်းခင်ဗျား..ကျနော်တို့စစ်ကိုင်းတိုင်း၊ကလေးမြို့ နယ်မြောက်ပိုင်း၊ရာဇဂြိုလ်၊အနောက်ခုံသာရွာတောင်သူလယ်သမားများဟာ နှစ်စဉ်နှစ်တိုင်းနွေးလယ်စ ပါးကို မစိုက်မနေရ အလှည့်ကျဖြင့်စိုက်ပျိုးနေရသည့်အတွက် မြန်မာနိုင်ငံတော် တောင်သူလယ်သမား အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံတော်ကို တရားမျှတသော စစ်မှန်သော ဒီမိုကရေစီစနှစ်ပြောင်းလဲနေပါသည် ဟုအသံကုန်ဟစ်ကြွေးကြော်နေသော န အ ဖ ထိပ်ပြောင်သမ္မတသိန်းစိန်နှင့် သက်ဆိုင်ရာလူကြီးမင်း များနှင့် တာဝန်ရှိသူများသိရှိရန်ကျနော် ကျမတို့အွန်လိုင်းမှတစ်ဆင့်တင်ပြအပ်ပါသည်။
တောင်သူလယ်သမားများဟာနွေလယ်အလှည့်ကျမစိုက်မနေအဓမ္မခိုင်းစေခြင်း၊ နွေလယ်များကိုမစိုက်
ပါ က၄င်းလယ်များကို သိမ်းမည်ဟုခြိမ်းချောက်မူ့တို့ကြောင့် ကျနော်တို့လယ်သမားများဟာဒုက္ခရောက် နေကြရပါသည်။ယခုနှစ်မိုးစပါးတစ်သင်းကို ကျပ်ငွေ(၂၀၀၀)ဈေးဖြင့်စပါးဈေးတွေထိုးနေကျနေချိန်တွင် နွေလယ်ပါစိုက်ခိုင်းသည့်အတွက် ကျနော်တို့ တောင်သူလယ်သများမှာအကြီးအကျယ်ဒုက္ခရောက်နေ ရပါသည်။မိုးစပါးတွေဈေးကွက်ထိုးကျသည့်အတွက်အရှံးပေါ်ရပြီး၊နွေရာသီအတွက် စိုက်ပျိုးကြသည့် သီးနှံများကတော့ နေကြာ၊မြေပဲစသည်ဟာလည်း မစိုက်ကြရသည့်အတွက် တောင်သူလယ်သမားဟာ အရမ်းနစ်နာကြရပါသည်။၎င်းနွေလယ်ကိုစိုက်ရသည့်အတွက်လုပ်အားခ၊မြေသြဇာဖိုး၊စပါးအထွက်နှုန်း တို့ကို တွက်ကြည့်သောအခါ နေကြာ၊မြေပဲစိုက်ပျိုးလို့ရရှိသည့်ငွေလောက်မကိုက်ကြောင်းဖြစ်နေပါသ သည်။
၎င်းနွေလယ်ကိုစိုက်ပျိုးချိန်မှာလည်း၊ရေမရသည့်အတွက် တောင်သူလယ်သမားဒုက္ခပေါင်းစုံကြုံတွေ့ နေကြရပါသည်၊တစ်ဧကလျှင်(၄၀)(၅၀)နှုန်းသာထွက်သည့်အတွက်ကြောင့်တောင်သူလယ်သမားများ ဆင်းဆင်းရဲရဲဖြင့်အခက်တွေ့နေကြရပါသည်။ထိုကြောင့်လူကြီးမင်းများသိအောင်တင်ပြအပ်ပါသည်။
သတင်းဌာနသို့ပိုပေးကြပါ။

လွင်ပြင်ဝိုင်းတော်သားများအဖွဲ့
Information given by Mr. Myat Ko Ko
Pen Name   : Min Maung (Samurai)
Blog          : http://wanna23-23.blogspot.com/
Facebook    : samuraiminmaung
E-mail        : myatkoko74@gmail.com


1 comments:

starflower said...

တော်လှန်ရေးဋီကာကိုဖတ်သွားတယ်ဆရာ တကယ်ကောင်းပါတယ် အားပေးနေပါတယ်ဆရာ

Post a Comment