နိုင်ငံတကာသတင်း
မဲခေါင်မြစ်အတွင်း သင်္ဘောများ တိုက်ခိုက်ခံရ
တရုတ် ကုန်တင်သင်္ဘော ၄ စီးနှင့် မြန်မာ ကင်းလှည့်ရေယာဉ်တစီးတို့ ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက မဲခေါင်မြစ်အတွင်း အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့၏ တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သိရသည်။ ယင်းလက်နက်ကိုင် အဖွဲ့က ဒုံးကျည်ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ရာ တကြိမ်မှာ လွဲချော်ပြီး ရေထဲကျသွားသော်လည်း နောက်တကြိမ်တွင် ကင်းလှည့် ရေယာဉ်အနီးထိမှန်ခဲ့ကြောင်း တရုတ် People Daily သတင်းတွင် ဖော်ပြထားကြောင်းသိရသည်။
မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂရုံးဖွင့်မည်
မြန်မာကိုပေးနေတဲ့အကူအညီနဲ့ နိုင်ငံရေးအရဆွေးနွေးတာတွေ တိုးမြှင့်ရေး တွန်းအားပေးဖို့ ကိုယ်စားလှယ်ရုံးခွဲတခု ဖွင့်လှစ်ဖို့ EU က ပြောကြောင်းသိရသည်။
အာရှ-ပစိဖိတ်မှာ အမေရိကန်စစ်တပ်ပိုထားမည်
အိုဘားမားရဲ့ ဒေါ်လာသန်းထောင်ချီဖြတ်တောက်မယ့် ကာကွယ်ရေးအသုံးစရိတ်အစီအစဉ်သစ်ဟာ အသွင်ကူးပြောင်းရေးကာလအတွက် ဆောင်ရွက်ချက်ဖြစ်တယ်လို့သိရသည်။ဆန္ဒပြလို့ဖမ်းထားတဲ့ လူ ၅၀၀ ကျော် ဆီးရီးယားလွှတ်
ဆန္ဒပြပွဲမှာ ပါသူတွေမဟုတ်ဘူးဆိုတဲ့ ကြေညာချက်နဲ့ လူ ၅၀၀ ကျော်ကို ဆီးရီးယားအစိုးရက ပြန်လွှတ်ပေးလိုက်ကြောင်းသိရသည်။Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment