သမ္မတထက် အကလ အရေးပါပုံ ၀ီလျံဟိတ်ကို ၈၈ မျိုးဆက်ပြော 

တိုင်းပြည်၏ အရေးပါသောဆုံးဖြတ်ချက်များတွင် သမ္မတထက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (အကလ) ပို၍ အရေးပါကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝီလျံဟိတ်နှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောပြခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က သောကြာနေ့ မွန်းလွဲပိုင်းက မစ္စတာဟိတ်နှင့် ဗြိတိန် သံအမတ်ကြီးနေအိမ်တွင် တနာရီခန့်ကြာ
တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်အဖွဲ့မှ ကိုမြတ်သူကပြော
ကြောင်းသိရသည်။

ဒီမိုကရေစီအိပ်မက်များအတွက် ဗြိတိန်နှင့် ဒေါ်စု လက်တွဲလို 

မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စိတ်ကူးကို အကောင်အထည် ဖော်ရာတွင် ဗြိတိန်နိုင်ငံ အပါအဝင် နိုင်ငံတကာက အတူတကွလက်တွဲသွားမည်ဟု ယုံကြည်ကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ၀ီလျံဟိတ်နှင့် သောကြာနေ့က တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောဆိုလိုက်ကြောင်းသိရသည်။


၁၉၅၅ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၀ီလျံဟိတ်ခ်ျသည် ၎င်း၏ နှစ်ရက်တာ သမိုင်းဝင်ခရီးအဖြစ် မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ ၅ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ လူမျိုးစုခေါင်းဆောင် များနှင့် နေပြည်တော်နှင့် ရန်ကုန်တို့တွင် ဇန်န၀ါရီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွှတ်ပေးရန်နှင့် ဒီမိုကရက်တစ်ပြုပြင် ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်ရန် တိုက်တွန်း ကြောင်း သိရသည်။

ဗြိတိန် Standard Chartered ဘဏ် မြန်မာပြည်မှာ လုပ်ကိုင်လို 

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ် William Hague မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ဗြိတိသျှ ဘဏ်ကြီးတခုဖြစ်သည့် Standard Chartered Plc က မြန်မာနိုင်ငံကိုပြန်လည်ဝင်ရောက်လိုကြောင်း
အမေရိကန်နှင့်ဗြိတိန်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းလိုက်ပါက မြန်မာနိုင်ငံကို ပြန်လည်သွားရောက် လုပ်ကိုင်လိုကြောင်း Standard Chartered ဘဏ် အာရှ အမှုဆောင်အရာရှိချုပ် Jaspal Bindra က ဟောင်ကောင်တွင် ပြောဆိုလိုက်ခြင်းဖြစ်
ကြောင်းသိရသည်။

ပြည်သူ့ရဲဘော်ခေါင်းဆောင် ဗိုလ်စက်ရောင်၏ဇနီး ဒေါ်ခင်ရီ (ဖွားစွာ) ရက်လည်ဆွမ်းကျွေးအလှူ


ဇန်န၀ါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ အောင်သစ္စာလမ်း၊ အမှတ် (၅) မှာနေတဲ့ ဗိုလ်စက်ရောင် (ခ) ဦးခင်မောင် (ဂျပန်ခေတ် တတိယပတ်ဗိုလ်သင်တန်းဆင်း) ၏ ဇနီး ဒေါ်ခင်ရီ (ဖွားစွာ) သထုံ/ဇီးကုန်း (၈၆) ရဲ့ ရက်လည် ဆွမ်းကျွေးကို နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ ရပ်နီး၊ ရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများ တက်ရောက်ခဲ့ကြ        ဒေါ်ခင်ရီဟာ ၃၀၊ ၁၂၊ ၂၀၁၁ (သောကြာနေ့) မနက် ၅း ၄၀ နာရီက လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဈာပနကို ၁၊ ၁၊ ၂၀၁၂ (တနင်္ဂနွေ) ညနေ ၄ နာရီက ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

စစ်တွေ တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်မှ နေ့ကျောင်းသားများသည် ကျောင်းဖယ်ရီ နှုန်းထားများအား ၂၀၀ မှ ၄၀၀ ကျပ်သို့ မြှင့်တင် လိုက်သည့်အတွက် လျှော့ချပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။ စစ်တွေ တက္ကသိုလ်မှ ရာချီသည့် ကျောင်းသားများသည် ယနေ့ နံနက် ၁၁ နာရီတွင် တကြိမ်၊ ညနေ ၂ နာရီခန့်တွင် တကြိမ် ဆန္ဒပြ ခဲ့ကြကြောင်း ဒေသခံများက ပြောကြောင်း
လတ်တလော သတင်းများအရ ကျောင်းသားများအား ဖမ်းဆီး အရေးယူမှု တစုံတရာမရှိသေးဟု သိရသည်။ ဓာတ်ဆီ ဈေးနှုန်းများကို အစိုးရက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဈေးတင်လိုက်သည့်နောက် မော်တော်ယဉ် လိုင်းများလည်း ဈေးနှုန်းများ တိုးမြှင့်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


KIA စခန်းတခု ထပ်မံဆုတ်ခွာရ

အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုနှင့်ရင်ဆိုင်နေရသည့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ ထိန်းချုပ်ဒေသမှ ရော ယုံ တပ်စခန်းကို ဗုဒ္ဓဟူးနေ့က ဆုတ်ခွာပေး လိုက်ရသည်။ အစိုးရတပ်က ပစ်ခတ်သည့် လက်နက်ကြီးဒဏ်ကို မခံနိုင်သောကြောင့် ဆုတ်ပေးခြင်းဖြစ်ကြောင်း၊ KIA တပ်စခန်းကို သိမ်းပိုက်နိုင်ရန် အစိုးရ တပ်မ ၈၈ လက်အောက်ခံ တပ်များက ပြီးခဲ့သည့် လ ၂၁ ရက်နေ့မှ စတင်၍တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KIO က ပြောသည်။ ဒီဇင်ဘာ လကုန်ပိုင်းကလည်း ရှမ်ပြည် မြောက်ပိုင်း မန်တုံမြို့နယ်ရှိ KIA  တပ်မဟာ ၄ ထိန်းချုပ်ဒေသမှ နမ့်လတ် တပ်စခန်း တခုကို ဆုတ်ခွာပေးခဲ့ရကြောင်းသိရသည်။

ဒဲရစ် မစ်ချယ်လ် မြန်မာနိုင်ငံ ထပ်သွားဦးမည်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချယ်လ်သည် လာမည့်အပတ်အတွင်း မြန်မာနိုင်ငံ သို့ စတုတ္ထအကြိမ်အဖြစ် ထပ်မံသွားရောက်မည်ဖြစ်ကြောင်း
ဒဲရစ် မစ်ချယ်လ်သည် ဇန်န၀ါရီ ၉ ရက်မှ ၁၃ ရက်အထိခရီးစဉ်အတွင်း ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်း သိရသည်။

နိုင်/ကျဉ်းတွေလွှတ်မှ EU ဒဏ်ခတ်မှု ရုပ်မည်

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးသရွေ့ EU ရဲ့ ဒဏ်ခတ်မှု ပြောင်းလဲမှာမဟုတ်ဘူးလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်း သိရသည်။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့တို့သည် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ဇန်န၀ါရီလ ၆ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မြန်မာဖွံ့ဖြိုးရေးအကူအညီ ဒိန်းမတ် တိုးမြှင့်မည်


မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတဲ့အတွက် ဒိန်းမတ်နိုင်ငံက တိုးပြီးပေးသွားမယ်လို့ ဒိန်းမတ်သံအမတ်ကြီးက ပြောကြောင်း သိရသည်။

အစိုးရရုံးရှေ့ စစ်တွေကျောင်းသားတွေ ဆန္ဒပြ


ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကျောင်းကားခတွေ ဈေးတက်လို့ တက္ကသိုလ်ကျောင်းသား ၄၀၀ ကျော်လောက် ဒီကနေ့ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ရွေးကောက်ပွဲဝင်ရေး ကြိုးပမ်းဦးမယ့် ဒေါက်တာ တူးဂျာ


ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်ဟောင်းနှင့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ မနန် တူးဂျာသည်ကြားဖြတ် ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ အနေနှင့် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

စတိတ်ရှိုးတွေ ဘုံပျောက်တော့မလား၊ နိုင်ငံတကာအဆင့်မီ စင်မြင့်မှာ ချီးမြှင့်မယ့် ၂၀၁၀ အကယ်ဒမီ

 သုဝဏ္ဏအားကစားရုံကြီးမှာ စင်တင် ဖျော်ဖြေခွင့်တွေ ပိတ်ပြီ

မြန်မာနိုင်ငံမှာ စင်တင်ရှိုးပွဲပေါင်းများစွာ လက်ခံကျင်းပပေးနိုင်ခဲ့တဲ့ ဇာတ်ရုံအဖြစ် အသုံးပြုနေကျ သုဝဏ္ဏ မိုးလုံ လေလုံ အားကစားရုံကြီးကတော့မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာနိုင်ငံရဲ့ အကြီးကျယ်အခမ်းနားဆုံး ပြည်ထောင်စု တိုင်းရင်းသားရံပုံငွေ ဖျော်ဖြေပွဲကြီးနောက်ပိုင်းမှာ ဘယ်ဖျော်ဖြေပွဲကိုမှ လက်မခံနိုင်တော့ဘူးလို့ သိရပါတယ်။ဒီလို ရှိုးပွဲများကို လက်ခံကျင်းပပေးခဲ့လို့ ဇာတ်ရုံကြီးအနေနဲ့ ပျက်ဆီး ယိုယွင်းခဲ့ရတာဖြစ်တဲ့အတွက် အားကစား ပွဲတွေကလွဲလို့ ဘယ်ပွဲမျိုးကိုမှ လက်ခံကျင်းပခြင်း မပြုတော့ကြောင်းနဲ့ မြန်မာနိုင်ငံမှာ မကြာခင် နိုင်ငံတကာ ဆီးဂိမ်းပြိုင်ပွဲတွေ ကျင်းပတော့မှာဖြစ်လို့ အခုလို ကျင်းပခွင့်မပြုတော့တာပါလို့  အားကစားကွင်းရုံ ညွှန်ကြားရေးမှူး ဦးကျော်စန်းက မြန်မာတိုင်းမ်စ် ဂျာနယ်ကို ပြောလိုက်ကြောင်း သိရသည်။

Lwin Pwin

0 comments:

Post a Comment