နိုင်ငံတကာသတင်း


ဆီးရီးယားကို ပြင်းထန်စွာ အရေးယူဖို့ ဘန်ကီမွန်း တိုက်တွန်း

 

ဆီးရီးယားနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် အရေးယူဖို့ လုံခြုံရေး ကောင်စီကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ကြောင်းသိရသည်။


ပါကစ္စတန်ဝန်ကြီးချုပ် တရားရုံးမှာ စစ်ဆေးခံမည်


တရားရုံးအပေါ် မထေမဲ့မြင်ပြုမှုနဲ့ ပါကစ္စတန် ၀န်ကြီးချုပ် ယူစွပ်ရာဇာဂီလာနီကို တရားရုံးကိုလာရောက်ဖို့ တရားလွှတ်တော်ချုပ်က ဆင့်ခေါ်ထားကြောင်းသိရသည်။


ဆန္ဒပြခေါင်းဆောင်ကို တရုတ်ကျေးရွာ အကြီးအကဲခန့်


တရုတ်နိုင်ငံတောင်ပိုင်း ကျေးရွာတွေမှာ မြေယာသိမ်းမှုကို ကန့်ကွက်တဲ့ဆန္ဒပြမှုကို ဦးဆောင်ခဲ့တဲ့သူကို တရုတ်အစိုးရက ရွာအကြီးအကဲအဖြစ် ခန့်အပ်ကြောင်းသိရသည်။


အေပီသတင်းဌာန မြောက်ကိုရီးယားမှာ စဖွင့်


မြောက်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ပြုံယမ်းမှာ အေပီသတင်းဌာနတစ်ခု ဖွင့်လှစ်လိုက် ကြောင်းသိရသည်။


လန်ဒန်မြို့မှာ တရုတ်ယွမ်ငွေဈေးကွက် ဖွင့်မည်

တရုတ်ငွေကြေး ရောင်းဝယ်ရာမှာ နိုင်ငံတကာ ကုန်သွယ်ရေးဌာနတစ်ခုကို လန်ဒန်မြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေကြောင်း ဗြိတိန်နိုင်ငံက ပြောကြောင်းသိရသည်။


ဆီးရီးယား သမ္မတ သတ်ဖြတ်မှုတွေရပ်ဖို့ ကုလတောင်းဆို

အတိုက်အခံတွေအပေါ် ဆီးရီးယား အစိုးရရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေကို ရပ်တန့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ကြောင်းသိရသည်။


နိုင်ဂျီးရီးယား ရေနံသပိတ် ဆက်လက် ဆင်နွှဲမည်


လောင်စာဈေးနှုန်းကို အစိုးရနဲ့ ညှိလို့မရတဲ့နောက် တနင်္လာနေ့မှာ နိုင်ငံအနှံ့ သပိတ်မှောက်မယ်လို့ နိုင်ဂျီးရီးယား အလုပ်သမားသမဂ္ဂက ကြေညာကြောင်းသိရသည်။


အီတလီ ဇိမ်ခံသင်္ဘောမှောက်မှု ပျောက်ဆုံးသူများ ရှာဖွေဆဲ

အီတလီနိုင်ငံမြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ဇိမ်ခံသင်္ဘောကြီးတစ်စီး သောကြာနေ့က တိမ်းမှောက်နစ်မြှုပ်ခဲ့ပြီး လူ ၃ ဦးထက်မနည်း သေဆုံးကြောင်းသိရသည်။


နီပေါအတွက် ဒေါ်လာ သန်း ၁၂၀ တရုတ်ကူညီ

 

နီပေါနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် တရုတ်နိုင်ငံက ဒေါ်လာသန်း ၁၂၀ အကူအညီပေးဖို့ သဘောတူလိုက်ကြောင်းသိရသည်။





Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   http://www.nlabr.co.cc/

0 comments:

Post a Comment