ရန်ကုန်တွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲလုပ်

 

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ် ဘာသာကြီးလေးခု စုပေါင်းပြီး ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ လုသရင်ဗက်သလီဟင်း (မ်) ဘုရားကျောင်းတွင် ယနေ့ တနင်္လာနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း အဆိုပါ ဆုတောင်းပွဲသည် လူမျိုးရေးအရ၊ ဘာသာရေးအရ ထာဝရ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဓိကထား လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းပွဲသို့ မြောင်းမြအကျဉ်းထောင်မှ မကြာမီက လွတ်မြောက်လာသော အရှင်ဂမ္ဘီရ၊ မဂ္ဂင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် တခြား လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရသည်။


ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ စာရင်း ရှိပါက ပေးပို့နိုင်ပြီး အချိန်မရွေး စိစစ် ပေးမည်

ပြည်တွင်း၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများစာရင်းရှိပါက ပေးပို့နိုင်ပြီး အချိန်မရွေး စိစစ်ပေးသွား မည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီးကိုကိုက နေပြည်တော်၌ ဇန်န၀ါရီ ၁၄ ရက်တွင် ပြည်တွင်း ပြည်ပမီဒီယာ များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
လက်ရှိတွင် ပြည်တွင်း ၌ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူများ လုံးဝ စာရင်းမရှိကြောင်း၊ ယုံကြည်ချက် ကြောင့်နိုင်ငံရေး လုပ်ဆောင်ပါက အ ပြစ်ပေးမည်ဆိုသည့်ဥပဒေလည်းလုံးဝ မရှိကြောင်း၊ ထို့ကြောင့် ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူစာရင်းကို ပေးပါရန် တောင်းခံရခြင်းဖြစ်ကြောင်း၊ မပေးပါက မိမိတို့ အနေဖြင့်ရှာဖွေ ရသည် များလည်းရှိကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြောဆိုကြောင်းသိရသည်။ 


ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ

 ‘ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး’ ဆုတောင်းပွဲကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ လုသရင်ဗက်သလီဟင်း(မ်) ခရစ်ယာန်ဘုရားကျောင်းတွင် တနင်္လာနေ့က ပြုလုပ်ခဲ့ကြောင်း
ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ နှင့် အစ္စလာမ် ဘာသာတို့ စုပေါင်း၍ ငြိမ်းချမ်းရေး ဆုတောင်းခြင်းကို မနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပခဲ့ကြောင်း ကမကထပြုခဲ့သည့် မေတ္တာကမ်ပိန်းအဖွဲ့မှ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဘထူးမောင်က ပြော
ကြောင်းသိရသည်။


အပစ်ရပ်ပြီး ကလေးစစ်သား/ အလုပ်သမားအရေး အလေးပေးရန် အစီရင်ခံစာဆို

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ အကြား အပစ်ရပ်ရေး
ဆွေးနွေးအပြီးတွင် သက်ဆိုင်ရာ နယ်မြေများ၌ ကလေးများကို စစ်သားနှင့် အလုပ်သမားအဖြစ် ခိုင်းစေခံနေရမှု ပပျောက်ရေး အထူးအလေးပေး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း အစီရင်ခံစာက ဆို
ကြောင်းစစ်တမ်းသွားရောက်ကောက်ယူခဲ့သည့် မွန်ပြည်နယ် ရေးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့တွင် ကလေးများကို စစ်သားနှင့် အလုပ်သမားအဖြစ် အသုံးပြုမှုပေါင်း ၁၅၀ ကျော် ရှိပြီး ၎င်းတို့အရေး ဦးစားပေးဆောင်ရွက်ကြရန် လိုသည်ဟု အဖွဲ့ဒါရိုတ်တာ နိုင်ကဆော့မွန် က ပြောကြောင်းသိရသည်။


ဂျပန်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးစာချုပ် ချုပ်ဆိုပြီးစီး

ဂျပန် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စတာ ယူကီအို အီဒါနို Yukio Edano ၏ ခရီးစဉ်အတွင်း မြန်မာအစိုးရနှင့် ရင်းနှီမြှုပ်နှံမှုနှင့် ပြည့်ဖြိုးမြဲစွမ်းအင်နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး နားလည်မှုစာချွန်လွှာ နှစ်ခု သီးခြားစီ လက်မှတ်ရေးထိုးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ကြောင်းသိရသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် မစ်ခ်ျ မက်ကော်နယ် တွေ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ်တို့ တနင်္လာနေ့နံနက် ၁၀ နာရီခွဲတွင် တွေ့ဆုံသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အမေရိကန် အောက်လွှတ်တော်အမတ် မစ္စတာ ဂျိုးဇက် ခရော်လေလည်း မြန်မာ နိုင်ငံ၌ ဖြစ်ပေါ်တိုးတက်မှုများကို လာရောက် လေ့လာခဲ့ကြောင်းသိရသည်။

မြန်မာ့တိုးတက်မှုတွေကို စောင့်ကြည့်နေ အမေရိကန်အမတ် ပြော


မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှု တွေကို ကျေနပ်အားရပေမယ့် ဒီထက် ပိုလုပ်ဆောင်ဖို့ လိုပြီး မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု ရုပ်သိမ်းရေးမှာ တိုင်းရင်းသား ပဋိပက္ခ အဆုံးသတ်ရေး ကိစ္စတွေဟာ အဓိကအချက် ဖြစ်တယ် လို့ အမေရိကန် အထက်လွှတ်တော်အမတ် Mr. Mitch McConnell က ဒီနေ့ ပြောကြားလိုက်ကြောင်းသိရသည်။


အခြေအနေ တိုးတက်မှုအလိုက် ကန်ပိတ်ဆို့မှု လျှော့ချမည်

အမေရိကန် အနေဖြင့် မြန်မာနှင့်ဆက်ဆံရေးများ တိုးမြှင့်နိုင်ရန်အတွက် မြန်မာပြည် ရဲ့ အခြေအနေ တိုးတက်မှုအပေါ်တွင် မူတည်ကြောင်း ဆီးနိတ်လွှတ်တော်အမတ် မစ်မက်ကောနဲလ် Mitch McConnell က ပြောဆိုလိုက်ကြောင်းမြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့က ရောက်ရှိလာပြီး တနင်္လာနေ့ နံနက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် တနာရီကျော်ကြာ တွေ့ဆုံအပြီး သတင်းထောက်များအား ပြောကြားလိုက်ခြင်းဖြစ်ကြောင်း
“အကြောင်းအချက် အမျိုးမျိုးရဲ့ တိုးတက်လာမှု အခြေအနေအရ တုန့်ပြန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မစ္စတာ မက်ကောနဲလ် က ပြော
ကြောင်းသိရသည်။

တိုင်းရင်းသားအရေး ပြေလည်လျှင် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရန် အမေရိကန် စဉ်းစားမည်


မြန်မာအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်ဆံရေးပြေလည်ကာ အခြေအနေများ တိုးတက် ကောင်းမွန်လာပါက စီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းရန် စဉ်းစားသွားမည်ဖြစ်ပြီး မြန်မာအစိုးရ၏ သိသာထင်ရှား ကောင်းမွန် သော အပြောင်းအလဲများကြောင့် အလွန်အမင်း စိတ်လှုပ်ရှားမိကြောင်း အမေရိကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ် က ယနေ့ ပြောဆိုလိုက်ကြောင်းသိရသည်။

KNU နှင့် အစိုးရ ထပ်ဆွေးနွေးဦးမည်

အပစ်ခတ် ရပ်စဲရေးအတွက် ဦးသိန်းစိန် အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့ နှစ်ဘက် ပဏာမ သဘောတူ လက်မှတ် ရေးထိုးပြီးဖြစ်သော်လည်း လက်တွေ့ အကောင်ထည်ဖေါ် ဆောင်ရွက်
နိုင်ရန် အတွက် အသေးစိတ် ဆွေးနွေးစရာများ ကျန်ရှိနေသေးကြောင်း KNU က ပြော
ကြောင်းသိရသည်။

အစိုးရနှင့် KIO ရွှေလီ၌ တွေ့ဆုံဆွေးနွေးမည်

အစိုးရနှင့် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်များ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ယခုတပတ်အတွင်း တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်းတွေ့ဆုံမည့်သူများထဲတွင် အစိုးရဘက်မှ ဆက်သွယ်ရေး ၀န်ကြီးဟောင်း၊ မြစ်ကြီးနားမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း၊ အလုပ်သမားရေးရာ ဝန်ကြီး ဦးအောင်ကြည်တို့ ပါဝင်ကြောင်း၊ KIO ဘက်မှ ကိုယ်စားလှယ်အဖွဲ့ဝင် တချို့ကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောကြောင်းသိရသည်။


ပြင်သစ်အမြင့်ဆုံးဆု ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်

ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ပြုဆု the Legion of Honor ကို ရန်ကုန်မြို့ရှိ ပြင်သစ်သံရုံးတွင် ယမန်နေ့က မြန်မာပြည်ရောက် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးနှင့် ဥရောပရေးရာဝန်ကြီးက ပေးအပ်ချီးမြှင့်သည်။ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Alain Juppe သည် ကိုမင်းကိုနိုင်၊ ကိုဇာဂနာ အပါအဝင် မြန်မာ့အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံခဲ့ကြောင်းသိရသည်။

 

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးသည်မှာ တောင်းဆိုမှုကြောင့် မဟုတ်


နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်ခြင်းသည် မည်သူ့တိုက်တွန်းမှုကြောင့်မှ မဟုတ်ဘဲ သမ္မတ ဦးသိန်းစိန်၏ လုပ်ပိုင်ခွင့်ထဲမှ လွှတ်ပေးခြင်းဖြစ်သည်ဟုပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်ကြောင်းသိရသည်။

သတင်းဂျာနယ်များ စိစစ်ရေးမတင်ဘဲ ဖြန့်ချိ


ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ အကြောင်း သတင်းနှင့် ဓာတ်ပုံများကို စာပေစိစစ်ရေး မတင်ဘဲ ထုတ်ဝေလိုက်ကြရာ ဂျာနယ်များ စောင်ရေပြတ်လပ်သည်အထိ ၀ယ်လိုအား ထိုးတက်သွားကြောင်း သတင်းရရှိသည်။

အတိုက်အခံတချို့ ဦးသိန်းစိန်ကို ကျေးဇူးတင် အိတ်ဖွင့်စာ ပို့


ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံအဖွဲ့တချို့က မြန်မာသံရုံးသို့ သွားရောက်၍ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်ထံအိတ်ဖွင့်ပေးစာ သွားရောက်ပေးပို့ကြကြောင်း သတင်းရရှိသည်

လေးလပတ် အစည်းအဝေး စတင်ကျင်းပ


မြန်မာတပ်မတော် တပ်မှူးများညီလာခံ (လေးလပတ်အစည်းအဝေး) ကို ယနေ့နံနက် ၈ နာရီက နေပြည်တော်၌ စတင်ကျင်းပကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာအသိုင်းအ၀န်းမှ သိရသည်။စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ မည်သို့ချမှတ်သည်ကို မသိရသေးသော်လည်း လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပဏာမ ငြိမ်းချမ်းရေးဆွေး နွေးပွဲပြီးနောက် ကရင်ပြည်နယ် အတွင်းချထားသည့် နှစ်ဘက်တပ်များ အခြေအနေကို ဆွေးနွေးနိုင်ကြောင်း စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ဆိုကြောင်း ဇန်နဝါရီလ ၁၃ ရက်နေ့က  စစ်ဘက်ဆိုင်ရာ အရာရှိကြီး ၁၄ ဦးကို  ရာထူးအပြောင်းအရွှေ့များ ပြုလုပ်ခဲ့ကြောင်း  တပ်မတော် ဆေးတက္ကသိုလ်ကျောင်းအုပ် ဗိုလ်ချုပ် ကိုကိုနိုင်ကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ယခင် တိုင်းမှူး ဗိုလ်ချုပ် ထွန်းနေလင်းကို နိုင်ငံခြားရေးဝန်ကြီး ဌာန၊ တပ်မ (၁၀၁) တပ်မမှူး ဗိုလ်ချုပ် မင်းနိုင်ကို တွဲဖက်စစ်ထောက်ချုပ်၊ စကခ  (၁၈)  တပ်မမှူး ဗိုလ်ချုပ် အောင်ရဲဝင်းကို လက်ထောက် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် တင်ဆွေဝင်းကို တပ်မတော် မှတ်တမ်းရုံးအရာရှိချုပ် တာဝန်များသို့ ပြောင်းရွေ့ တာဝန်ပေးထားကြောင်း အဆိုပါ နီးစပ်သူက ဆိုကြောင်းသိရသည်။


အစိုးရ အရှိန်အဝါသုံး၍ ကြံ့ခိုင်ရေးပါတီ မဲဆွယ်


ကြားဖြတ်ရွေးကောက်ပွဲများ အတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များမှ ဝင်ပြိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)မှ လျာထားသည့် ကိုယ်စားလှယ်နှစ်ဦးသည် အစိုးရအရှိန်အဝါယူလျက် မဲဆွယ်နေကြကြောင်း သိရှိရသည်။

ဒီမိုကရေစီကို ယုံကြည်သူများနှင့် လက်တွဲဆောင်ရွက်မည်ဟု ကိုမင်းကိုနိုင်ပြော


သမ္မတ ဦးသိန်းစိန်အစိုးရအနေဖြင့် ဒီမိုကရေစီကို ယုံကြည်မြတ်နိုးလျှင် လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကရန်ကုန်ပြည်သူများကို ပြောဆိုလိုက်သည်။သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် သရက်ထောင်မှ ပြန်လည် လွတ်မြောက်လာသော ကိုမင်းကိုနိုင်က ဇန်န၀ါရီလ ၁၄ ရက်နေ့ ညပိုင်း ရန်ကုန် မြောက်ဥက္ကလာပသို့ ရောက်ရှိလာစဉ် ရာပေါင်းများစွာသော ထောက်ခံကြိုဆို နှုတ်ဆက်သူများကို အထက်ပါအတိုင်းပြောဆို လိုက်ပြီး ဆက်လက်၍ ၎င်းက ဒီမိုကရေစီကို ယုံကြည်မြတ်နိုးသော မည်သည့် အဖွဲ့အစည်းနှင့် မဆို လက်တွဲဆောင်ရွက် သွားမည်ဟု ပြောကြောင်းသိရသည်။
ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်ဆိုးကို ပြန်လည် အသက်သွင်းသူများအား ပြည်သူများနှင့် အတူ စည်းကမ်းရှိစွာ၊ သစ္စာရှိစွာ၊ ညီညွတ်စွာဖြင့် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုကို ထပ်မံဖိနှိပ်၊ လိမ်လည် လှည့်ဖြားခြင်းများအား လက်ခံမည် မဟုတ်ကြောင်း ကိုမင်းကိုနိုင်က ဆိုကြောင်းသိရသည်။

မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ကို ကင်တားနား စောင့်ကြည့်

 

နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးရမှာ ဖြစ်တယ်လို့ ကင်တားနားက ပြောကြောင်းသိရသည်။

မြန်မာ ပြုပြင်ပြောင်းလဲမှု လမ်းမှန်ကိုဦးတည်


မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေဟာ မှန်ကန်တဲ့လမ်းကို ဦးတည်နေပြီလို့ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနဲလ်က ပြောကြောင်းသိရသည်။

 

မြန်မာအစိုးရနဲ့ SSA တောင်ပိုင်း သဘောတူညီချက်အသစ် လက်မှတ်ရေးထိုး


ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA/RCSS) အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ဒီကနေ့ သဘောတူညီချက်သစ်တရပ် လက်မှတ်ရေးထိုးကြောင်းသိရသည်။

NLD စာစောင်သစ်ထုတ်


Democratic Wave ဒီလှိုင်း ဆိုတဲ့နံမည်နဲ့ ပါတီစာစောင်တစ်ခုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒီကနေ့ စတင် ထုတ်ဝေလိုက်ကြောင်းသိရသည်။

မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ် မျှတရေး ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း


ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးက တိုက်တွန်းလိုက်ကြောင်းသိရသည်။

နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

 

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှဦး ကျန်နေသေးသလဲ ဆိုတာ စိစစ်မယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ကြောင်းသိရသည်။

ထွက်ချက်ပေးဖို့ အနှိပ်စက်ခံရကြောင်း ကာယကံရှင်တွေ ပြော


မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ မလွတ်သေးဘဲ ကျန်နေကြသူတွေဟာ ပြစ်မှုဆိုင်ရာ ပုဒ်မကြီး ၁ဝ ခုနဲ့ ငြိစွန်းနေကြသူတွေ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြီးခဲ့တဲ့ စနေနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ဇာဂနာကို ဖိတ်ကြား


မနေ့က ညနေပိုင်းက ဇာဂနာနဲ့ ရုပ်ရှင်လောကသား တချို့ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာခဲ့တဲ့ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ သူရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဦးခင်ညွန့်က ဖိတ်ခေါ်တဲ့အတွက် သွားရောက်တွေ့ဆုံကြောင်း ဇာဂနာ ခေါ် ကိုသူရက အာအက်ဖ်အေကို ပြောကြောင်းသိရသည်။






လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ လူကုန်ကူးမှုဆိုင်ရာ သတင်းများကို ပေးပို့နိုင်ရန်အတွက် Hot Line ဖုန်းနံပါတ်များ ကိုထားရှိပေးရာ Hot Line ဖြင့် သတင်းပေးပို့မှုမှတစ်ဆင့် လူကုန်ကူးမှုလေးမှုနှင့် ကလေးသူငယ် အပါအ၀င် ပျောက်ဆုံးသူ ၂၂ ဦးတို့အား စုံစမ်းရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။







ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုနှစ် မနောပွဲတော် ပြုလုပ်ကျင်းပနိုင်မှုမရှိခဲ့ကြောင်း ကချင်ပြည်နယ်၏ မြို့တော် ဖြစ်သော မြစ်ကြီးနားမြို့တွင်  မနော ပွဲကို နှစ်စဉ် နှစ်ဦးပိုင်း ဇန်န၀ါရီလ ပထမပတ်တွင် စတင်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း ဒေသခံအချို့က ဆိုပါကြောင်းသိရှိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရှေးဟောင်းဘုရားစေတီပျက်အား ရှင်းလင်းရာမှ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များစွာနှင့် မြေသပိတ်တော်တစ်လုံးအပါအ၀င် ကြေးရေစစ်တော်တစ်ခု တွေ့ရှိ
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်အရပ် နှမ်းကြဲကျေးရွာဟောင်း ဆုတောင်းပြည့်ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်းဘုရားစေတီပျက်အား ချုံနွယ်မြက်ရှင်းလင်းရာမှ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များစွာနှင့် မြေသပိတ်တော် တစ်လုံးအပါအ၀င် ကြေးရေစစ်တော်တစ်ခု တွေ့ရှိခဲ့ကြောင်း သိရှိရသည်။






မန္တလေး-မူဆယ်(နယ်စပ်) ကုန် စည်ပို့ဆောင်ရေးလမ်းကြောင်းရှိ သိန်းနီ(ရေပူစစ်ဆေးရေးဂိတ်)ကို ဇန်န၀ါရီလ ၇ ရက်နေ့မှ စတင်ဖျက်သိမ်းခဲ့ကြောင်း  မန္တလေး-မူဆယ် ကုန်စည်ပို့ရေးလမ်းကြောင်းတွင် ယခင်က ၁၆ မိုင် (ကျောက်ချောစစ်ဆေးရေးစခန်း)၊ သိန်းနီ(ရေပူစစ်ဆေးရေးဂိတ်)၊ ၁၀၅ မိုင်(နယ်စပ်ကုန်သွယ်ရေးဂိတ်) သုံးခုရှိခဲ့ရာ ယခုအခါသိန်းနီ (ရေပူစစ်ဆေးရေးဂိတ်) ကိုဖျက်သိမ်းကြောင်း ကြေ ညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။








အနောက်ပိုင်းတက္ကသိုလ်နှင့် ဆူးလေပြေးဆွဲနေသည့် မထသ (၂၁၁)ယာဉ်ကြီးလိုင်းအား အထူးယာဉ်လိုင်းအဖြစ် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီမှ သတင်းရရှိသည်။







ရန်ကုန်တစ်မြို့လုံး၏ လူသွားလာမှုများပြားသော နေရာများရှိ လူသွားစင်္ကြန်များပေါ်တွင် ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူခြင်းကို လုံးဝခွင့်မပြုတော့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။







ရွှေဂုံတိုင် မိဘမဲ့ကလေးပြုစုရေးဌာန၌ရှိသော မိဘမဲ့ကလေးများတွင် မိဘကိုယ်တိုင် ဆေးရုံ၌ စွန့်ပစ်ထားခံရသည့် ကလေးငယ်များမှာ အများဆုံးဖြစ်ကြောင်း စီးပွာရေး၊ လူမှုရေး စသည့် အကြောင်းအမျိုးမျိုးကြောင့် မိဘကိုယ်တိုင် ပစ်ရန်ဆန္ဒရှိသည့် မိဘများက ဆေးရုံ၌ စွန့်ပစ်ထားခဲ့၍ မိဘများကို ပြန်လည်စုံစမ်းမရရှိတော့သည့်အတွက်ကြောင့် ဆေးရုံမှ လာရောက်ပို့ဆောင်သည့် ကလေးငယ်များဖြစ်ကြောင်း သိရသည်။ 








ရန်ကုန်မြို့ ကန်တော်ကြီး အပန်းဖြေဥယျာဉ်အတွင်းရှိ ‘ပျော် ရွင်စရာရေခဲကမ္ဘာ’ ကို လာမည့် ဖေဖော်ဝါရီလ အတွင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Asia Myanmar Consortium Development ကုမ္ပဏီမှ သိရသည်။



Lwin Pwin
Blog:                                 http://wanna23-23.blogspot.com/
Web-site:                   http://www.nlabr.co.cc/

0 comments:

Post a Comment