ကမ္ဘာ့သတင်းများ      18/01/2012

နိုင်ငံတကာသတင်း

ဗွီအိုအေ-ပါကစ္စတန် သတင်းထောက်အသတ်ခံရ

 

တာလီဘန်ဆန့်ကျင်တဲ့သတင်းရေးတာရပ်ဖို့ သတိပေးချက်ကိုဂရုမစိုက်တဲ့ အကြောင်းကြောင့် ဗွီအိုအေသတင်းဌာန၊ ပါကစ္စတန်ဒေသခံသတင်းထောက် အသတ်ခံရကြောင်းသိရသည်။

Wikipedia ဝဘ်ဆိုက် ၂၄ နာရီပိတ်မည်

ကွန်ပြူတာအွန်လိုင်းမူပိုင်ခွင့်ကာကွယ်ရေးဥပဒေချဖို့ စဉ်းစားနေတာကို ကန့်ကွက်တဲ့အနေနဲ့ ဝီကီပီးဒီးယားကလည်း သူ့ဝဘ်ဆိုက်ကို ၂၄ နာရီ ပိတ်ထားကြာင်းသိရသည်။

အီတလီဇိမ်ခံသင်္ဘောနစ်မြုပ်မှု ကယ်ဆယ်ရေးလုပ်ငန်းဆက်လက်လုပ်ဆောင်နေဆဲ

အီတလီမြောက်ပိုင်း၊ နစ်မြုပ်သွားတဲ့ဇိမ်ခံသင်္ဘောမှာ ၂၉ ဦးပျောက်နေဆဲဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့ကလည်း ရှာဖွေနေဆဲဖြစ်ကြောင်းသိရသည်။

တောင်တရုတ်ပင်လယ်အငြင်းပွားမှု ထိပ်တိုက်ရင်ဆိုင်မှုမဖြစ်နိုင်

အထက်လွှတ်တော်အမတ် ဂျိုး လီဘာမဲန်က အငြင်းပွားနေတဲ့ရေကြောင်းလမ်းဟာ ဒေသတွင်းအတွက်သာမကဘဲ ကမ္ဘာ့စီးပွားရေးအတွက်ပါ အချက်အခြာကျတယ်လို့ ပြော ကြောင်းသိရသည်။

ဆီးရီးယားကို ပြင်းထန်စွာ အရေးယူဖို့ ဘန်ကီမွန်း တိုက်တွန်း


ဆီးရီးယားနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် အရေးယူဖို့ လုံခြုံရေး ကောင်စီကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ကြောင်းသိရသည်။

 

Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:           www.nlabr.com

0 comments:

Post a Comment