မြန်မာသတင်းများ  ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၁၂

 

အမေရိကန်ဒဏ်ခတ်မှုရုပ်သိမ်းရေး ဒေါ်စုအမြင် အရေးပါ

 

အမေရိကန်ဒဏ်ခတ်မှုရုပ်သိမ်းရေးမှာ ဒေါ်စုအမြင်ကို အလေးပေးစဉ်းစားသလို တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးပိုင်းကိုလည်း ထည့်သွင်းစဉ်းစားမှာဖြစ်ကြောင်းသိရသည်။

NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ စာရင်းထုတ်ပြန်

NLD က လစ်လပ် ၄၈ နေရာမှာဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းစာရင်းတွေထဲ ၃ နေရာသာ ကြေညာဖို့ ကျန်ပါတော့ ကြောင်းသိရသည်။

မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ကို ကင်တားနား စောင့်ကြည့်

နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးရမှာ ဖြစ်တယ်လို့ ကင်တားနားက ပြောကြောင်းသိရသည်။

မြန်မာ ပြုပြင်ပြောင်းလဲမှု လမ်းမှန်ကိုဦးတည်

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေဟာ မှန်ကန်တဲ့လမ်းကို ဦးတည်နေပြီလို့ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနဲလ်က ပြောကြောင်းသိရသည်။

 

ရွှေညဝါဆရာတော်ကို ဖယ်ရှားမယ့် ကြားနာပွဲ

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရွှေညဝါဆရာတော်ကို ကျောင်းသင်္ခမ်းက ဖယ်ရှား အရေးယူ ဖို့အတွက် ဇန္နဝါရီ ၁၉ ရက် လာမယ့်ကြာသပတေးနေ့မှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်တွေက ကြားနာမယ်လို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် မဲဆွယ်ကြောင်း ကော့မှူးဒေသခံတွေ ပြော

ဧပြီလ ၁ ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကော့မှူးမြို့နယ် အတွင်း လွန်ခဲ့တဲ့ တစ်လလောက်က စပြီး ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက မဲဆွယ် စည်းရုံးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက အာရ်အက်ဖ်အေကို ပြောကြောင်းသိရသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားနယ်မြေ စစ်ပွဲရပ်စဲရေး ဆက်ကြိုးပမ်းမယ်


ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် အရှင်ဂမ္ဘီရက ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ တိုင်းရင်းသား နယ်မြေတွေက စစ်ပွဲတွေရပ်စဲရေးကို ဆက်လက် ကြိုးပမ်း လုပ်ဆောင်သွားရမယ်လို့ မိန့်ကြားလိုက်ကြောင်းသိရသည်။

ဒီမိုကရေစီလမ်းကလွဲလို့ တခြားရွေးစရာမရှိလို့ ဦးရွှေမန်း ပြော


မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလမ်းကြောင်းကလွဲလို့ တခြားရွေးစရာမရှိပါဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက AFP သတင်းဌာနနဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံရာမှာ ပြောကြားလိုက်ကြောင်းသိရသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ကျန်နေသေး


ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားများ မကြာသေးခင်က လွတ်မြောက် လာခဲ့သော်လည်း အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသားများစွာ ကျန်ရှိနေသေးကြောင်းသိရသည်။

 

ထွက်ချက်ပေးဖို့ အနှိပ်စက်ခံရကြောင်း ကာယကံရှင်တွေ ပြော

 

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ မလွတ်သေးဘဲ ကျန်နေကြသူတွေဟာ ပြစ်မှုဆိုင်ရာ ပုဒ်မကြီး ၁ဝ ခုနဲ့ ငြိစွန်းနေကြသူတွေ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြီးခဲ့တဲ့ စနေနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့  ကြောင်းသိရသည်။
-အခုလို ဆက်လက် အဖမ်းဆီးခံရနေသူ အများစုဟာ ဗုံးခွဲမှု၊ လက်နက်မှုစတဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်နေပါတယ်။ ဒါပေမယ့် အကျဉ်းကျသူတွေကတော့ မိမိတို့ဟာ စွပ်စွဲထားတဲ့အမှုတွေနဲ့ အမှန်တကယ် လုံးဝ ပတ်သက်ခြင်းမရှိဘဲ စစ်ကြောရေးမှာ ထွက်ချက မပေးပေးအောင် နည်းမျိုးစုံသုံးတာ ခံခဲ့ရတယ်လို့ ပြောကြောင်းသိရသည်။

 

ရွှေဂက်စ်က ထွက်တဲ့ လျှပ်စစ်မီးကို လူတိုင်း လိုလားတယ်ရှင့်”

ရခိုင်ပြည်နယ် လျှပ်စစ်မီး ရရှိသုံးစွဲနိုင်ရေးအတွက် သမ္မတ ဦးသိန်စိန်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် တို့ထံ အိတ်ဖွင့်ပေးစာ တစောင်ကို ရက္ခအလင်းတန်းအဖွဲ့မှ ဇန်နဝါရီ ၁၆ ရက်နေ့က ပေးပို့ခဲ့သည်။ မီးလင်းရေး လှုပ်ရှားမှုတခုကို ထိုနေ့ မနက်ပိုင်းတွင် ရခိုင်ကျောင်းသား လူငယ်များက စတင်ပြုလုပ်ခဲ့ကြောင်း ရခိုင်ကမ်းလွန်ဒေသ ရွှေဂက်စ် သဘာဝဓါတ်ငွေ့မှ ထွက်ရှိသည့်စွမ်းအင်များမှ ရခိုင်ပြည်နယ်တွင်း ၂၄ နာရီ လျှပ်စစ်မီးရရှိရေးနှင့် မီတာခ သက်သက်သာသာဖြင့် သုံးစွဲခွင့် ရရှိရေး တောင်းဆိုကြပြည်ထောင်စုလွှတ်တော်တွင် ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့များ ရခိုင်ပြည်နယ်အတွက်လည်း အသုံးချရေးအတွက် ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှ တင်ပြခဲ့သော်လည်း နှစ်ကြိမ်တိုင်တိုင် ပယ်ချခြင်းခံခဲ့ရကြောင်းသိရသည်။

လွှတ်တော်အမတ်တွေကို ဝေဖန်ပိုင်ခွင့်ရှိသင့်

 

လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်ဖြစ်စေချင်တဲ့ ပုံစံဖြစ်အောင်ထိန်းကျောင်းပေးဖို့က ပြည်သူတွေရဲ့တာဝန်ဖြစ်ကြောင်း ဒေါ်စုကပြောကြောင်းသိရသည်။

ရွေးကောက်ပွဲမှာ မဲထည့်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော


ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အန်အယ်လ်ဒီ မြို့နယ် စည်းရုံးရေး ကော်မတီ ရုံးဖွင့်ပွဲ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ မြန်မာ့ဂုဏ်ရည်လမ်းမှာ ပြုလုပ်ရာ လူ ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရခြင်း အကြောင်းရင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ မင်္ဂလာတောင်ညွန့် မြို့နယ်ရုံး ဖွင့်ပွဲတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က လူတယောက်တည်းပင်ဖြစ်သော်လည်း စိတ်ဆန္ဒရှိပါက တိုင်းပြည်တပြည်ကို လှုပ်ရှားအောင် လုပ်ဆောင်နိုင်သည်ဟု ပြောသွားကြောင်းသိရသည်။

ဘွဲ့ရခဲ့သူ ဒေါ်ဖြူဖြူသင်းလည်း မင်္ဂလာတောင်ညွန့် မြို့နယ်မှ NLD ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ ၄၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၄ ဦးကို ထုတ်ပြန်ပြီးဖြစ်ရာ ထိုအထဲတွင် အမျိုးသမီး ၁၂ ဦး ပါဝင်ကြောင်း-HIV ပိုး ကူးစက်ခံထားရသူများကို အကူအညီပေးနေသူ အသက် ၄ဝ ခန့်ရှိ မဖြူဖြူသင်းသည် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာ အဓိကဖြင့် ဘွဲ့ရခဲ့သူ ဒေါ်ဖြူဖြူသင်းလည်း မင်္ဂလာတောင်ညွန့် မြို့နယ်မှ NLD ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း
NLD သည် စတင် တည်ထောင်စဉ်ကတည်းက အာဏာပိုင်တို့၏ ဖိနှိပ်မှုအမျိုးမျိုးကိုခံခဲ့ရပြီး ယခုအချိန်တွင်နိုင်ငံရေးလုပ်ခွင့် ရရှိလာပြီဖြစ်ခြင်းကြောင့် နိုင်ငံရေးလောကတွင်းသို့ ဝင်ရောက်ကာ ပြည်သူများ၏ လိုအပ်ချက် များကို တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးရန် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်
ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုတ်တရက်စကား လူထုသဘောကျ

အင်္ဂါနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ် လာရောက် နားထောင်ကြသော ပရိသတ်ထဲမှ ထိုင်ခုံ ကျိုးကျသည်ကို မြင်၍ ရုတ်တရက် ပြောဆိုလိုက်သော စကားကြောင့် လူထုပရိသတ် လက်ခုပ်သြဘာ ပေးခဲ့ကြကြောင်း

“ဒီလောက်အများကြီး ဒီခုံလေးပေါ်မှာ တက်နေရင် ပြုတ်ကျမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ရယ်ရွှန်း မှတ်ချက် ပေးလိုက်သည့်အတွက် ပရိသတ်က နှစ်သက် သဘောကျသွားခြင်း ဖြစ်သည်။

ဤသို့ ပရိသတ်သြဘာပေးကြသည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “ကျမ ရိုးရိုးပြောတာပါ။ ပြည်သူတွေက ……. အရမ်းဉာဏ်ပြေးတာပဲ” ဟု ထပ်မံမှတ်ချက်ပြုလိုက်သေး
ကြောင်းသိရသည်။

မြန်မာ့ ရေ ဖြန့်ဝေထိန်းချုပ်မှု ဈေးကွက် ထိုင်းကုမ္ပဏီ ဝင်ရောက်ရန် စီစဉ်

ထိုင်း အင်ဂျင်နီးယားရင်း ကုမ္ပဏီ တခုဖြစ်သည့် Hydrotek က မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အားနည်းကာ ကြီးထွားလာနိုင်ချေ ရှိသည့် ရေထိန်းချုပ် စီမံမှုနှင့် ပတ်သက်သည့် စီးပွါးရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် စီစဉ်ထားကြောင်း အမှုဆောင် အရာရှိချုပ် ဖြစ်သူ Slib Soongswang က ဘန်ကောက် အခြေစိုက် The Nation သတင်းစာသို့ပြောကြားရာတွင် ကုမ္ပဏီအနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ က ထိုင်းနိုင်ငံ အခြေအနေနှင့် ဆင်တူနေသည့်မြန်မာနိုင်ငံနှင့် လာအို နိုင်ငံများအား အထူးအာရုံစိုက်ကာ ဝင်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ စက်ရုံ အများတွင် သင့်လျော်သည့် ရေဆိုးထုတ်စနစ် မရှိဘဲဖြစ်နေပြီး စက်မှုကဏ္ဍ ကြီးထွားလာသည့်
နိုင်ငံတခု အနေဖြင့် ယေဘုယျအားဖြင့် ပိုက်လိုင်းမှ ရေပေးဝေမှု စနစ်တွင် အားနည်းလျက်ရှိကြောင်း
Slib က The Nation သတင်းစာသို့ ပြောကြားရာတွင် ရေညစ်များ စွန့်ပစ်မှုနှင့် ပတ်သတ်၍ စက်ရုံများအပေါ် ကန့်သတ်သည့် ဥပဒေ တရပ်ကို လအနည်းငယ်အတွင်း ပြဋ္ဌာန်းရန် မြန်မာအစိုးရ အနေဖြင့် စီစဉ်လျက်ရှိကြောင်း ဆိုခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ကျောင်းသားခေါင်းဆောင်တချို့ အလွတ်သဘောတွေ့

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချို၊ ကိုမြအေးတို့ ယနေ့ နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးဖွင့်ပွဲတွင် တွေဆုံကြောင်း ထိုသို့ အလွတ်သဘော တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းဆောင်ရွက်ရန် ပြောဆိုကြပြီး ကိုပြုံးချိုနှင့် ကိုမြအေးတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံမည်ဟု ပြောဆိုသည်ဟု အဆိုပါအခမ်းအနား သွားရောက်ခဲ့သူတဦးကေ ပြောကြောင်းသိရသည်။

 

တမူး NLD ရုံးခွဲဖွင့်၊ နယ်စပ်ဂိတ် ယာယီပိတ်

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ NLD ရုံးခွဲကို ယနေ့ ဖွင့်လှစ်လိုက်ပြီဟု သတင်းရရှိသည်။ ရုံးဖွင့်ပွဲအခမ်းအနားပြုလုပ်စဉ် မြန်မာအာဏာပိုင်တို့က နယ်စပ်ဖြတ်ကျော်ဂိတ်ကို  ယာယီ ပိတ်ထားသည်ဟု ဒေသခံများက ဆိုသည်။ အိန္ဒိယတွင် နေထိုင်သော နိုင်ငံရေးတက်ကြွသူများ လာရောက်မည်စိုး၍ ပိတ်ထားခြင်းဖြစ်နိုင်သည်ဟု ဒေသခံတို့က ယူဆနေကြကြောင်းသိရသည်။

Lwin Pwin
Blog:                 http://wanna23-23.blogspot.com/
Web-site:           www.nlabr.com

0 comments:

Post a Comment