ကမ္ဘာ့သတင်းများ 30/01/2012
နိုင်ငံတကာသတင်း
ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ လက်ချက်ကြောင့် ဆန္ဒပြသူ ၄ ဦးသေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ အတိုက်အခံတွေရဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ် လူစုခွဲခဲ့တာကြောင့် အနည်းဆုံး ၄ ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။
အမေရိကန်နဲ့ တာလီဘန် ကိုယ်စားလှယ်တွေ ကာတာနိုင်ငံမှာတွေ့
အမေရိကန် တာဝန်ရှိသူတွေနဲ့ တာလီဘန် စေ့စပ်ညှိနှိုင်းသူတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအကြို တွေ့ဆုံမှုတွေ ကာတာနိုင်ငံမှာ ပြုလုပ်နေကြောင်းသိရှိရသည်။သြစတေးလျ တင်းနစ် ဂျိုကိုးဗစ် အနိုင်ရ
Australia Open Tennis အမျိုးသား ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နော်ဗက် ဂျိုကိုးဗစ် (Novak Djokovic) အနိုင်ရ ဗိုလ်စွဲသွားကြောင်းသိရှိရသည်။ဆီးရီးယား လေ့လာစောင့်ကြည့်ရေး အာရပ်အဖွဲ့ချုပ် ရပ်ဆိုင်း
ဆီးရီးယားနိုင်ငံမှာ စနေနေ့က အကြမ်းဖက် နှိပ်ကွပ်မှုတွေ တိုးမြှင့် လုပ်လာတဲ့အတွက် အာရပ်အဖွဲ့ချုပ်က အကဲခတ်အဖွဲ့ကို ရပ်ဆိုင်းလိုက်ကြောင်းသိရှိရသည်။တရုတ်တောင်ပိုင်း မြစ်တစ်စင်း ဓာတု အဆိပ်ဓာတ် သင့်
တရုတ်နိုင်ငံ တောင်ပိုင်းမှာ အဆိပ်ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ယိုဖိတ်ခဲ့တဲ့အတွက် ရေသန့်ဗူးတွေ ရုတ်တရက် အရောင်းသွက်နေကြောင်းသိရှိရသည်။ထောက်လှမ်းရေး လေယာဉ် ဖိလစ်ပိုင် လက်ခံဖို့စဉ်းစား
တောင်တရုတ် ပင်လယ်ပြင်ထဲ ဖိလစ်ပိုင်နိုင်ငံ ကင်းလှည့်ရာမှာသုံးဖို့ ထောက်လှမ်းရေး လေယာဉ်တွေ ချထားပေးမယ်လို့ အမေရိကန်က ကမ်းလှမ်းထားကြောင်းသိရှိရသည်။ပြင်သစ် အာဖဂန် ဗျူဟာ သဘောတူညီမှု
အာဖဂန်နစ္စတန်နိုင်ငံမှာ တစ်ပတ်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ လေ့ကျင့်ရေး သင်တန်းတွေကို ပြင်သစ်တပ်တွေက ပြန်စမယ်လို့ ပြင်သစ်သမ္မတက ပြောကြောင်းသိရှိရသည်။အမေရိကန် ကာကွယ်ရေး အသုံးစရိတ် သန်းပေါင်းငါးသိန်း လျှော့ချမည်
လာမယ့် ၁၀ နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ် သန်းပေါင်း ငါးသိန်း လျှော့ချရေးအစီအစဉ်ကို သမ္မတအိုဘားမားက ကွန်ဂရက်လွှတ်တော်မှာ တင်ပြဖို့ရှိကြောင်းသိရှိရသည်။အီရန် သိပ္ပံပညာရှင်သတ်မှု မသင်္ကာသူဖမ်း
အီရန်နိုင်ငံက လွန်ခဲ့သည့် သီတင်းပတ်က သိပ္ပံပညာရှင်တစ်ဦးအား သတ်ဖြတ်မှုအတွက် ဖမ်းဆီးမှုများ ပြုလုပ်ကာ အစ္စရေးနှင့် အမေရိကန်တို့ ကို ပြစ်တင်ခဲ့သည်ဟု ပါလီမန် ပြောရေးဆိုခွင့်ရှိသူ အလီလာရီဂျာနီက ဇန်န၀ါရီလ ၁၆ ရက်နေ့က ပြောကြောင်းသိရှိရသည်။သေဆုံးသူ ပြင်သစ်စစ်သားများတွင် ဘူဂေးရီးယားနိုင်ငံသား တစ်ဦးပါဝင်
အာဖဂန်နစ္စတန်အရှေ့ ပိုင်းရှိ ၎င်းတို့၏ အခြေစိုက်စခန်းတွင် ဇန်န၀ါရီလ ၂၀ ရက်နေ့က ပစ်သတ်ခံရသော ပြင်သစ် စစ်သား လေးဦးတွင် ဘူဂေးရီးယားနိုင်ငံသား တစ်ဦးပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုလ ၂၁ ရက်က ပြောကြားကြောင်းသိရှိရသည်။Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment