မြန်မာသတင်းများ    ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၁၂

 

မြန်မာသတင်းများ    ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၁၂

ကုလားတန်စီမံချက်ကိစ္စ နယူးဒေလီတွင် ချင်းပါတီ ဆွေးနွေးမည် 

အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ Jamia Millia Islamia တက္ကသိုလ်တွင် ကျင်းပရန်ရှိသည့်
မြန်မာ့အရေး ဆွေးနွေးပွဲတွင် ကုလားတန်မြစ်ကြောင်း စီမံချက်နှင့်ပတ်သက်၍ ဆွေးနွေး တင်ပြသွားမည်ဟု နယူးဒေလီရောက် ချင်းအမျိုးသားပါတီ CNP ဥက္ကဋ္ဌ ဦးဇမ်ကျင့်ပေါ် (ခ) ဇိုဇမ် က ပြော
ကြောင်း Bridging South and South East Asia ခေါင်းစဉ်ဖြင့် နှစ်ရက်ကြာ ကျင်းပမည့် ဆွေးနွေးပွဲသို့ မြန်မာ့ နိုင်ငံရေး ပါတီ ၈ ခုမှ ကိုယ်စားလှယ်များ စနေနေ့က ရောက်ရှိနေပြီး အဆိုပါဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံက အကောင်အထည်ဖော်နေသော ကုလားတန် စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးမည်ဟု ဦးဇမ်ကျင့်ပေါ် ကပြောကြောင်းသိရှိရသည်။

လွှတ်တော်ထဲ ရောက်ပါက မတရားဥပဒေ ဖျက်သိမ်းရေး NLD ကြိုးပမ်းမည် 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် လွှတ်တော်ထဲ ရောက်ပါက အများအကျိုး ထိခိုက်စေသည့် ဥပဒေများအား ဖျက်သိမ်းသွားမည်ဟု ပါတီနာယက ဦးတင်ဦးက ပြောသည်။

၁၉၉၈ ခုနှစ်က NLD ဦးဆောင်ပါဝင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ကြေညာထားသည့်အတိုင်း တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုအား ချုပ်ချယ်သည့်ဥပဒေများအား ဖျက်သိမ်းမည်ဟု NLD ဥပဒေရေးရာကော်မတီ ခေါင်းဆောင်လည်း ဖြစ်သည့် ဦးတင်ဦး ကပြော
ကြောင်းသိရှိရသည်။

ပြင်သင့်တဲ့ ဥပဒေများကို ပြင်ဘို့ ကြိုးပမ်းမယ်

မိမိ လွှတ်တော်ထဲကို ရောက်ရင် ပြင်သင့်တဲ့ ဥပဒေတွေကိုပြင်ဆင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအနေနဲ့ကြိုးစား သွားမယ်လို့ ဒီကနေ့ တနင်္သာရီတိုင်း စည်းရုံးရေး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်းသိရှိရသည်။

လွတ်လာတဲ့အလုပ်သမားရေးဆောင်ရွက်သူတွေကို ILO အရာရှိချုပ်တွေ့ဆုံ

မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာတဲ့ အလုပ်သမားအရေး ဆောင်ရွက်သူ တွေကို ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Guy Ryder နဲ့ ရန်ကုန်မြို့ ILO ရုံးတာဝန်ခံ Steve Marshall တို့က ခေါ်ယူတွေ့ဆုံ ခဲ့ကြောင်းသိရှိရသည်။

လူငယ်ရှေ့နေ ၁၉ ဦး NLD ပါတီဝင်ဖို့ လျှောက်လွှာတင်

မန္တလေး NLD တိုင်းရုံးကို လာရောက်ပြီး ပါတီဝင်အဖြစ် လျှောက်ထားခဲ့တဲ့ လူငယ်ရှေ့နေ ၁၉ ဦး ကို မန္တလေးတိုင်း NLD က လက်ခံခဲ့ပြီး ဒီကနေ့ သီးသန့်အခမ်းအနားတရပ်ပြုလုပ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တာဝန်တွေပေးအပ်ခဲ့တယ်လို့ မန္တလေးတိုင်း NLD ပါတီ တိုင်းအောင်နိုင်ရေးကော်မီတီဝင် ရှေ့နေဦးမျိုးဆွေက ပြောကြောင်းသိရှိရသည်။

သမ္မတ ဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေးခရီးထွက်ခွာ

သမ္မတ ဦးသိန်းစိန်နဲ့ မိသားစုဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ခရီးစဉ်အဖြစ် နေပြည်တော်ကနေ စင်္ကာပူနိုင်ငံကို ဒီကနေ့ ထွက်ခွာသွားကြောင်းသိရှိရသည်။

မြောက်ပိုင်း ABSDF က လူသတ်မှုများ

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်-မြောက်ပိုင်း) မှာ လွန်ခဲ့တဲ့နှစ် ၂၀ က ဖြစ်ရပ်ဟာ အခုတလော တကျော့ပြန်ကာ အင်တာနက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေကြောင်းသိရှိရသည်။

SSPP နဲ့ အစိုးရ အပစ်ရပ် လက်မှတ်ထိုး

ရှမ်းပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA မြောက်ပိုင်း ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ဟာ တောင်ကြီးမြို့မှာ ဒီကနေ့ နေ့လည်က သဘောတူ လက်မှတ်ထိုးခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်စုရဲ့နေ့ချင်းပြန် ထားဝယ်ခရီး

NLD ပါတီခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ချင်းပြန်ခရီးနဲ့ ထားဝယ်မြို့နဲ့ အနီးတ၀ိုက်မြို့နယ်တွေကို စည်းရုံးရေးခရီး ထွက်ခဲ့တယ်လို့ သိရပါတယ်။

သမ္မတဦးသိန်းစိန် စင်္ကာပူကို ခရီးထွက်

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် စင်္ကာပူ သမ္မတရဲ့ ဖိတ်ကြားချက်အရ တနင်္ဂနွေနေ့က ရောက်ရှိနေကြောင်းသိရှိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွန်ကင်းလွတ်ခွင့် ပေးနိုင်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ၈ နှစ်တာ အခွန်လွတ်ငြိမ်းခွင့် ပေးဖို့ စဉ်းစားနေတယ်လို့ မြန်မာအစိုးရက ပြောဆိုလိုက်ကြောင်းသိရှိရသည်။

ထာဝရငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အစိုးရရည်မှန်း

တနိုင်ငံလုံး အတိုင်းအတာနဲ့ ထာဝရငြိမ်းချမ်းရေး ရဖို့ အစိုးရက ကြိုးစားနေတယ်လို့ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းက ပြောကြောင်းသိရှိရသည်။

ပြုပြင်မှုတွေ ဆက်လုပ်မည် မြန်မာစက်မှုဝန်ကြီး ကတိပေး

မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲ စရာတွေ အတော်ရှိသေးတယ်လို့ ကမ္ဘာ့စီးပွားရေးညီလာခံ တက်နေတဲ့ မြန်မာစက်မှုဝန်ကြီးက ပြောခဲ့ကြောင်းသိရှိရသည်။

နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်သူများ အား လက်ခံရန် ဂျွန်မက်ကိန်းတိုက်တွန်း

မြန်မာနိုင်ငံအစိုးရအနေဖြင့် ဧပြီလတွင် ကျင်းပရန် စီစဉ်ထားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံ
တကာမှ စောင့်ကြည့်လေ့လာသူများအား ဖိတ်ခေါ်ရန် နိုင်ငံတော်သမ္မတအား တိုက်တွန်းခဲ့ကြောင်း မြန်မာ နိုင်ငံသို့ ပြီးခဲ့သည့်သီတင်းပတ်က လာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဇန်န၀ါရီလ ၂၂ ရက် နေ့ ရန်ကုန်မြို့ အမေရိကန် စင်တာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားတယ်လို့ သိရပါတယ်။


ဥရောပသမဂ္ဂက ကန့်သတ်မှုများ ဆက်လက်၍ ဖြေလျှော့ရုပ်သိမ်းရန် စဉ်းစားနေ

ဥရောပသမဂ္ဂကောင်စီက မြန်မာနိုင်ငံ နှင့်ပတ်သက်၍ ချမှတ်ထားသည့် ကန့်သတ်မှုများအနက်မှ ပြည်ဝင်ခွင့် ပိတ်ပင်မှုကို ဆိုင်းငံ့ ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ဇန်န၀ါရီလ ၂၃ ရက်က ကျင်းပသည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးရာကောင်စီ အစည်းအဝေးက ထုတ်ပြန် ကြောင်းသိရှိရသည်။
ပြီးခဲ့သည့် သီတင်းပတ်၊ ဇန်န၀ါရီလ ၁၉ တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ကေအိုင် အိုနှင့် ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေး ရေးအဖွဲ့တို့ ဆွေးနွေးခဲ့ စဉ် ဆက်လက်ညှိနှိုင်းရန် ကျန်ရှိသော ကေအိုင်အိုဘက်မှ တောင်းဆိုချက် ခုနစ်ချက်တို့နှင့်ပတ်သက်ပြီး အချို့ စကားလုံးများကို အဓိပ္ပာယ်တူစကားလုံးများဖြင့် ပြင်ဆင်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်အချို့ကို ထပ်မံ ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင် ကြမည်ဆိုပါက မြန်မာနိုင်ငံမြောက်ပိုင်းအတွက် ထာဝရငြိမ်းချမ်းရေး ရနိုင်ကြောင်း အဆိုပါဆွေးနွေး ပွဲတွင် ပါဝင်ဆွေးနွေးခဲ့သူတစ်ဦးက မြန်မာတိုင်း(မ်)ကို ဖြေကြားတယ်လို့ သိရပါတယ်။


ထောင်ဒဏ်ကျခံနေရရာမှ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာမီက လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားများ အနေဖြင့် နိုင်ငံ အတွက် ပြုပြင်ပြောင်းလဲလိုသူများဘက် မှ ရပ်တည်ကာ ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့ က ရန်ကုန်မြို့တော်ဝင်စင်တာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့ကြောင်းသိရှိရသည်။


ပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ လယ်မြေ သိမ်းမှုများ စသည့် ပြဿနာများ ဖြစ်ပွားနေသည့် လယ်ယာမြေအငြင်းပွားမှုများကို လယ်ယာမြေ ဥပဒေထွက်လာပါက ဖြေရှင်းနိုင်မည်ဟုယုံကြည်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး က ယခုလ ၂၁ ရက်၌ အဆိုပါရုံးချုပ်တွင် သတင်းထောက်များအား ရှင်းလင်း ပြောကြားကြောင်းသိရှိရသည်။


မြန်မာ့ကျွန်းသစ်များကို တရားမ၀င် ခိုးထုတ်နေမှုများ လျော့ပါးရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ပေးပါရန် သစ်လုပ်ငန်း ရှင်များက နိုင်ငံတော် သမ္မတထံ သို့ မေတ္တာရပ်ခံပြီးနောက် ခိုးထုတ်မှုများ လျော့ကျလာကြောင်း သစ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြော ကြောင်းသိရှိရသည်။
လွန်ခဲ့သောနှစ် ၂၀၁၁ တစ်နှစ်လုံးတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ဧည့်သည်အ၀င်မှာ ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံ၏ သမိုင်းဝင် အထင်ကရဖြစ်သည့် ရွှေတိဂုံစေတီတော်သို့လည်း နိုင်ငံခြား ခရီးသွား ဧည့်သည်အ၀င်မှာ စံချိန်တင်ဝင်ရောက်ခဲ့ကြောင်း ဂေါပက အဖွဲ့မှ ပြုစုထားသော နိုင်ငံခြားခရီးသွား ဧည့်သည် အ၀င် စာရင်းအရသိရှိရသည်။

 
Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment