မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၁၂
ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွန့် တင်သွင်းသည့် အဆိုသုံးခုအနက် နှစ်ခု ပြန်လည်ရုပ်သိမ်းခဲ့ရ
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့၌ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ဦးသိန်းညွန့်က အဆိုသုံး ခု တင်သွင်းခဲ့သည့်အနက် အဆိုနှစ်ခုကို ပြန်လည် ရုပ်သိမ်းခဲ့ရကြောင်း သိရပါသည်။ ဦးသိန်းညွန့် တင်သွင်းခဲ့သည့် အဆိုသုံးခုမှာ (၁) တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရန်အဆို၊ (၂) ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော (ရာဇသတ်ကြီး) ပြစ်မှု ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုနှင့် (၃) တရားရုံးချုပ်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုတို့ ဖြစ်သည်။ ထိုသို့တင်သွင်းခဲ့သည့် အဆိုသုံးခုအနက် ပထမအဆိုနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ယင်းဥပဒေနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်တို့မှာ လက်ရှိအခြေအနေတွင် ပြဋ္ဌာန်းချက်များ ပြည့်စုံပြီးဖြစ်၍ ထပ်မံဖြည့်စွက် ပြင်ဆင်ရန်မလိုအပ်တော့ကြောင်း ရှင်းလင်းခဲ့သည်။ဒုတိယအဆိုသည် ၁၈၆၁ခုနှစ် တွင် ပြဋ္ဌာန်းခဲ့သော(ရာဇသတ်ကြီး) ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပါဝင်သော အသရေဖျက်မှုဆိုင်ရာ အချက်များကို ထောက်ပြခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “ . . . ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော (ရာဇသတ် ကြီး) ပြစ်မှုဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းသွား မှာ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေ အခန်း ၂၁ မှာ ပါဝင်တဲ့ အသရေ ဖျက်မှုပုဒ်မ ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂ ကို ပယ်ဖျက်ပေးဖို့ တင်ပြသွားမှာဖြစ် ပါတယ်။ ဒီပုဒ်မတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုယ်တွေ့ အခုတစ်လော မှာပဲ မြန်မာပြည်မှာ စောင်ရေ အများဆုံး ထုတ်ထားတဲ့ သတင်းမီဒီယာကြီး တစ်ခုရဲ့ အုပ်ချုပ်မှုတာဝန်ခံကို သာမက လူခုနစ်ယောက်ကို ပုဒ်မ ၅၀၀ နဲ့ လွယ်လင့်တကူ ကောက်စွဲခဲ့တာကို ကျွန်တော်ကြုံတွေ့ခဲ့ရပါတယ်။ ဒါဒီ တစ်ခုထဲ မဟုတ်ပါဘူး။ နောက်ထပ် အများကြီးပါပဲ။ တော်တော်များများ က သတင်းမီဒီယာတွေကို တရားစွဲ လိုက်ရင် သတင်းမီဒီယာတွေကို လွယ်လင့်တကူ ပုဒ်မ ၅၀၀အသုံးပြုပြီး စွဲတဲ့အခါမှာ ကျန်တဲ့ဥပဒေအရ ဆောင်ရွက်တာကို ဝေဖန်စရာမရှိပါဘူး။ သို့သော် အခုဖြစ်ပျက်နေတဲ့ အခြေအနေက ဒီနေရာတွေဟာ ငွေ ထွက်နိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် တချို့သော တရားစီရင်ရေး နယ်ပယ်နဲ့ ဒီနယ်ပယ်နဲ့ ဆက်စပ်နေတဲ့ နယ်ပယ်တွေက ဒီပုဒ်မကိုသုံးပြီး လွယ်လင့်တကူ တရားစွဲလာတာကို တွေ့ရတယ်။ အဲဒီတော့ သတင်းမီဒီယာဆိုတဲ့ စတုတ္ထမဏ္ဍိုင်က နိုင်ငံအတွက် လူထုအတွက် သတင်းမီဒီယာ လွတ်လပ်ခွင့်တွေကို တင်ပြရမယ့်အစား တရားရုံးရဲ့ဝက်ခြံလေးထဲမှာပဲ နာမည်ကြီး သတင်းမီဒီယာသမားတွေ သွားပြီး ထိုင်နေရပါတယ်။ နောက်တစ်ချက် အခုအချိန် မှာ သတင်းမီဒီယာဥပဒေ ထွက်လာတော့မယ့်အချိန်မှာ သတင်းရယူရေးသား ဖော်ပြခြင်းအတွက် ဘယ်သတင်းသမား၊ ဘယ်သတင်းမီဒီယာ လုပ်ငန်းကိုမဆို တရားစွဲတော့မယ် ဆိုရင် ပြစ်မှုကြောင်းနဲ့စွဲတာ ခေတ်မမီတော့ပါဘူး။ ခုနက အသရေ ဖျက်မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခွင့် ကို လုံးဝပယ်ဖျက်ဖို့ တင်ပြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ တရားမကြောင်းနဲ့ တရားစွဲဆိုခွင့်ရှိပါတယ်။ တရားမ နစ်နာမှုဥပဒေနဲ့ ငွေသိန်း သန်းကုဋေချီပြီး တောင်းနိုင်ပါတယ်။ ဒီလိုပါပဲ သီးခြားသက်သာခွင့် ဥပဒေများနဲ့လည်း အရေးယူနိုင်ပါတယ်။ အဲဒီတော့ ၁၉ ရာစုက ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ ၅၀၀ နဲ့ပဲ ၂၁ ရာစု သတင်းမီဒီယာသမားများကို ဆက်လက်တရား စွဲမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုရဲ့ အရေးကြီးတဲ့ကာလမှာ စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုနေရာမျိုးပဲ ရှိမလဲဆိုတာ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကို လေ့လာဆန်းစစ်နိုင်ဖို့ တင်ပြလို ပါတယ်။ သတင်းသမားများ သာမက သာမန်ပြည်သူတွေ အတွင်းမှာလည်း ပြစ်မှုကြောင်းကို သုံးပြီး တရားစီရင်ရေးယန္တရားကို အလွဲသုံးစား လုပ်နေတာကိုလည်း ကာကွယ်တားဆီးနိုင်ပါတယ်။ နိုင်ငံတကာမှာ တရားမနစ်နာမှုနဲ့ အရေးယူနေတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့မှာ အခုထက်ထိ ပြစ်မှုကြောင်း နယ်ပယ်မှာပြဋ္ဌာန်းပြီး အရေးယူနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုလိုနီခေတ် ၁၈၆၁ က ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီးပြစ်မှုဆိုင်ရာ ဥပဒေမှာပါတဲ့ အခန်း ၂၁ မှာပါ တဲ့အသရေဖျက်မှုပုဒ်မ ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂တို့ကို ၂၁ရာစုနဲ့ညီအောင် ရုပ်သိမ်းဖို့ လိုအပ်လာပြီဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။ အဆိုပါအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ထိုဥပဒေ ပါပြဋ္ဌာန်းချက်များသည် သတင်း မီဒီယာသမားများကိုသာ ထိခိုက်စေသည့် ဥပဒေပြဋ္ဌာန်းချက်များ မဟုတ်ပါကြောင်း၊ ဥပဒေနှင့်အညီ မှန်ကန်စွာ ပြောဆိုနေထိုင်သည့် သတင်းမီဒီယာသမားများ အပါအ၀င် အများပြည် သူများအား အကာအကွယ်ပေးထားသော ပြဋ္ဌာန်းချက်များသာ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေ အရ ခေတ်နှင့် လျော်ညီသည့် ဥပဒေပြဋ္ဌာန်းချက်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ပြန်လည် စဉ်းစားနိုင်ရန် အကြံပြုတင်ပြပါကြောင်း ရှင်းလင်းခဲ့သည်။
တတိယအဆိုနှင့် ပတ်သက်၍မူ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်က ရှင်းလင်းခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး အနေဖြင့် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို သုတေသနပြု ရေးဆွဲကာ လွှတ်တော်သို့ တင်ပြရန် ဆောင်ရွက်လျက်ရှိ၍ အဆိုပြုဥပဒေကြမ်းကို တင်ပြရန် မလိုအပ်တော့ကြောင်း ရှင်းလင်းခဲ့သည်။
ယင်းကဲ့သို့ ရှင်းလင်းမှုများကြောင့် ဦးသိန်းညွန့်က တင်သွင်းထားသော အဆိုသုံးခုအနက် ပထမ အဆို နှင့် တတိယ အဆိုတို့ကို ပြန်လည် ရုပ်သိမ်းကြောင်း ပြောဆိုခဲ့ပြီး ဒုတိယအဆိုကိုမူ မှတ်တမ်းတင်ပေးရန် တင်ပြတောင်းဆိုခဲ့၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
EMG
အိန္ဒိယဆွေးနွေးပွဲ မြန်မာပါတီတွေ တက်မယ်
BBC — တောင်အာရှနဲ့ အရှေ့တောင် အာရှ ဒေသ မျာကြား ပေါင်းကူး ဆက်ဆံရေး (Bridging South and South East Asia) ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂ရက်ကြာ ဆွေးနွေးပွဲ တရပ်ကို အိန္ဒိယ နိုင်ငံ ဒေလီ မြို့မှာ ဒီကနေ့ စတင် ကျင်းပမှာ ဖြစ်ပါတယ်။အဲဒီ အစည်းဝေး ကို မြန်မာ နိုင်ငံက နိုင်ငံရေး ပါတီ ၁၀ ခုကျော် တက်ရောက်မှာ ဖြစ်ပြီး ဒီထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ၊ ချင်း အမျိုးသား ပါတီ၊ အမျိုးသား ဒီမို ကရေစီ အင်အားစု နဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက ကိုယ်စားလှယ် တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံရဲ့ ဒီမိုကရေစီ စံနစ်ကို မြန်မာ ပါတီတွေက လေ့လာချင်နေ သလို၊ မြန်မာ နိုင်ငံ အခြေအနေ နဲ့ ပတ်သက်လို့ အိန္ဒိယ ဖက်ကလည်း လေ့လာချင် နေပုံ ရတယ်လို့ ဆွေးနွေးပွဲ တက်ရောက်ဖို့ အတွက် ဒေလီ မြို့မှာ ရောက်ရှိ နေတဲ့ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် (PNO) က ဗဟိုကော်မီတီဝင် ဦးခွန်မောင်ငွေ က ဘီဘီစီ ကို ပြောပါတယ်။
ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကို ထုတ်ပြန်ထားခြင်း မရှိ သေးဘဲ ဒီကနေ့ အစည်းဝေး စတင်တော့မှ သိရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
သမ္မတဦးသိန်းစိန် စင်္ကာပူကို ခရီးထွက်
VOA — မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်ဟာ စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် စင်္ကာပူ သမ္မတရဲ့ ဖိတ်ကြားချက်အရ တနင်္ဂနွေနေ့မှာ သွားရောက်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့အထိ နေထိုင်မှာ ဖြစ်ပါတယ်။သမ္မတကြီး ဦးသိန်းစိန်နဲ့အတူ ၀န်ကြီးတော်တော်များများ စီးပွားရေးလုပ်ငန်း ကိုယ်စားလှယ်များ ပါလာမယ်လို့ စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။စင်ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် နားလည်မှုစာချွန်လွှာကိုလည်း သမ္မတကြီး ဦးသိန်းစိန်နဲ့ စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong တို့ရှေ့မှာ တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးကြဖို့ ရှိပါတယ်။သမ္မတ ဦးသိန်းစိန်ဟာ အကြီးတန်းဝန်ကြီး Goh Chok Tong နဲ့ မနက်စာ စားဖို့လည်း စီစဉ်ထားပါတယ်။ ၀န်ကြီးချုပ် တာဝန်ယူခဲ့စဉ်က ဦးသိန်းစိန်ဟာ စင်ကာပူနိုင်ငံကို ၂၀၀၉ ခုနှစ်က နောက်ဆုံး သွားရောက်ခဲ့ဖူးပါတယ်။
VOA (မြန်မာဌာန)
OPENING CHEQUE BOOKS-ဘဏ်စာရင်း ဘဏ်စာအုပ်တွေ လှန်ကြပြီ???
အစိုးရက ပထမဆုံးအကြိမ်အဖြစ် အစိုးရ၏ရသုံးငွေဥပဒေကြမ်ဒကို တရားဝင် လူသိရှင်ကြား ချပြပြီး လွတ်တော်မှာ စတင်ဆွေးနွေးဖို. ပြင်ဆင်လာပါသည်။ ဒါဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုပါ။အစိုးရက နှစ်ပေါင်းမြောက်စွာ အစိုးရ၏ ရသုံးစာရင်း-Budget ကို တရားဝင် လူသိကြေညာ တာ အသိပေးတာ မရှိခဲ့ပါဘူး။ ဒီတော့ အစိုးရက ဘယ်ကဏ္ဍတွေမှာ ငွေဘယ်လောက် သုံးစွဲတယ်ဆိုတာ အတိအကျ မသိနိုင်သလို နိုင်ငံတော်ဝင်ငွေစုစုပေါင်း Revenue ဘယ်လောက် ရှိသလဲဆိုတာလဲ သိခွင့် မရရှိခဲ့တာ အတော် ကြာနေပါသည်။
အခုတော့အစိုးရက သူရဲ့ရသုံးစားရင်းအတွက် အစိုးရ၏ ဘဏ်စာအုပ်တွေကို စတင်ဖွင့်ပေး လှန်ပေးလိုက်ပါပြီ။
The government Opens its Cheque books and allow to see the accounting books.
ဒါဟာ နိုင်ငံတခုအတွက် သိသာမြင်သာရှိမှု ရိုးသားပွင့်လင်းမှုနှင့် အနီးကပ်စောင့်ကြည်.ဖို.အတွက် ပြည်သူတွေအတွက် အထူး အရေးကြီးပါသည်။
အစိုးရကနေ သူ၏ ဘဏ်စာရင်းစာအုပ်ကို စတင်ပြီး လှန်ပေး ဖွင့်ပေးပြီဆိုတော့ အတိုက်အခံတွေ နိုင်ငံရေးပါတီတွေ အစိုးရမဟုတ်တဲ့ NGOsတွေ လူမှုရေးအသင်းအဖွဲ.တွေ၊ Charity Groups နဲ. သတင်းမီဒီယာအဖွဲတွေဟာလည်း သူတို.၏ ဘဏ်စာရင်းတွေ Accounting စာအုပ်တွေကိုလဲ စပြီး ဖွင့်ပေးဖို. လိုပါသည်။
ငွေတွေကို ဘယ်ကရနေတယ်။ ဘယ်လောက်ရတယ်။ ဘယ်နေရာတွေမှာ သုံးတယ်။ ဘယ်လိုမျိုး ငွေကြေးဆိုင်ရာ အသုံးစွဲရေးမူတွေနဲ.သုံးနေပြီး နိင်ငံခြားအစိုးရတွေ နိုင်ငံခြား အဖွဲ.အစည်းတွေနဲ. ပြည်တွင်းက အလှူရှင်တွေဆီက ရရှိနေတဲ့ ၀င်ငွေ ထွက်ငွေတွေကို အများပြည်သူ သိရှိဖို. တရားဝင် ထုတ်ပြန်ဖို.-သူတို.၏ ငွေကြေးရှင်းတန်း Financial Statement တွေ ငွေကြေးစာရင်းရှင်းတမ်း- Audited Accounting Statement တွေကို လူတွေ အလွယ်တကူ သိရှိလေ့လာနိုင်အောင် Make Public Available လုပ်ပေးဖို. လိုပါသည်။
သိသာမြင်သာရှိမှု- Accountability, ရိုးသားပွင့်လင်းမှု-Transparency, အနီးကပ်စောင့် ကြည့်မှု-Closing Monitoring တွေဟာ အစိုးရရော အတိုက်အခံအဖွဲ.တွေရော NGOs နဲ. Media တွေလဲ အကျုံးဝင်ပါသည်။ ဘယ်သူဆီကနေ ဘာအတွက် ငွေတွေ ဘယ်လို ရရှိနေပြီး ဘယ်နေရာတွေမှာ ဘယ်လို သုံးစွဲနေတယ်။ ဘာအတွက် သုံးစွဲနေတယ်။ ငွေပေးတဲ့သူ ကူညီသူတွေကလဲ ဘာကြောင့် ဒီငွေတွေကို ကူညီပေးတာလဲ။ လက်ခံသူတွေကလဲ ဘယ်လို အကြောင်းပြချက်တွေ ဘယ်လို အာမံချက်တွေ ကတိခံဝန်ချက်တွေနဲ. ငွေတွေကို လက်ခံ ရရှိနေသလဲဆိုတာ ပြည်သူလူထုက သိခွင့်ရှိရမည်ဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံခြားအစိုးရ တွေ နိုင်ငံခြားအဖွဲ.အစည်းတွေက ငွေတွေ လက်ခံရရှိသူတွေအနေဖြင့် ပိုပြီးတောင် လူထုကို တာဝန်ခံဖို. ပွင့်လင်းမြင်သာအောင် လုပ်ဖို. အရေးကြီးပါသည်။
ဒါကြောင့် အမျိုးသားဒီမိုကရေစီသစ်ပါတီ-New National Democracy Party-NNDP၏ ခေါင်းဆောင် လွတ်တော်အမတ် ဦးသိန်းညွှန်.က လွတ်တော်မှာ တင်သွင်းသည့် Fully Disclosure ငွေကြေးလက်ခံရယူမှုတွေကို လူသိရှင်ကြား ထုတ်ဖော်ပေးရေး ဥပဒေ ပြင်ဆင် ရေး မူကြမ်းတင်ပြချက်ကို လုံးဝ ထောက်ခံ အားပေးပါသည်။ ဒါမှသာလျင် တိုင်းပြည်အတွက် ရိုးသားပွင့်လင်းမှုနှင့် တာဝန်ခံဖို.အတွက် ငွေဝင်ငွေထွက်တွေကို တရားဝင် အသိပေးဖို. အစိုး ရရော အတိုက်အခံအဖွဲ.အစည်းတွေမှာပါ မကျန် NGOs & MEDIA အားလုံးမှာ ဥပေဒအရကိုပါ တာဝန်ခံဖို. တာဝန်ယူဖို. လိုပါသည်။
ဒါကြောင့် မြန်မာပြည်က အဖွဲ.အစည်းတွေ အသင်းအဖွဲ.တွေ၊ NGOs & MEDIA အနေဖြင့် ဘဏ်စာရင်းတွေ ဘဏ်စာအုပ်တွေ Open Cheque Books and Accounting Books တွေ လှန်ဖို. ဖွင့်ပေးဖို. လိုပါသည်။
ဆင်းရဲတွင်းက လွတ်မတဲ့လား
ဦးစိန်ကျော်လှိုင်
ပီးခဲ့တဲ့မေလထဲက အမျိုးသားအဆင့် ကျေးလက်ဒေသ ဖွံဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်မှာကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ သမတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့် တင်ပြခဲ့တဲ့စာတမ်းအမည်က မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး-လမ်းပြစာတမ်းဖြစ်ပါတယ်။ ဒေါက်တာဦးမြင့်ရဲ့ စာတန်းပါ အကြံပေးချက်တွေနဲ့ ပတ်သက်ပီး ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။
ဒီစာတမ်းဟာ ဦးမြင့် သမတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးဖြစ်လာပီး ပထမဆုံးအကြိမ်တင်ပြတဲ့ စာတမ်းဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပမှာ စိတ်ဝင်တစား ဝေဖန် ဖတ်ရှုကြပါတယ်။ မြန်မာပြည်သူတွေ ဆင်းရဲတွင်းကလွတ်စေချင်ရင် ဘာတွေလုပ်ရမယ်ဆိုတဲိ့ ဒေါက်တာဦးမြင့်အကြံပေးချက်အတော်များများက သမတ အကြံပေးမဖြစ်ခင်က မြန်မာနိုင်ငံ စီးပွားရေးဘယ်လိုပြုပြင်သင့်တယ်ဆိုတဲ့ ဦးမြင့်ရဲ့ အကြံပေးချက်စာတမ်းတွေထက်ပိုပီး ပျော့ပြောင်းနေတယ်လို့ ဝေဖန်သူတွေလဲ ရှိပါတယ်။
ဆင်းရဲမှုလျော့ပါးရေး ကမ္ဘာ့ဘဏ်ရဲ့ သီဝရီကိုပြန်ကြည့်ရင် စီးပွားရေးတိုးတက်မှ ဆင်းရဲမှုလျော့ကျမယ်-စီးပွားရေးတိုးတက်မှုဆိုတာလဲ ဈေးကွက်စီးပွားရေးစစ်စစ်ဖြစ်မှသာ စီးပွားရေး တိုးတက်မှုရနိုင်မယ် ဒါမှသာဆင်းရဲမှုလျော့ကျမယ်ဆိုတာကို စီးပွားရေး ပညာရှင် ဒေါက်တာမျိုးညွန်က ထောက်ပြပါတယ်။
ဒေါက်တာမျိုးညွန့်ပြောတဲ့ ကမ္ဘာ့ဘဏ်သီဝရီအရဆိုရင် မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေး စစ်စစ်ဖြစ်ပလားဆိုတာ မေးစရာဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေး လက္ခဏာတွေနဲ့ တချက်မှ မကိုက်ညီတဲ့ပြင် ပုဂ္ဂလိကကဏ္ဍ ထွန်းကားပလားဆိုတော့လဲ အစိုးရနဲ့ ရင်းနှီးသူတွေသာ လက်သင့်ရာစားတော်ခေါ်တဲ့ စီးပွားရေးအဆင့်သာရှိတယ်လို့ ဒေါက်တာမျိုးညွန့်က မြင်ပါတယ်
ဒါပေမဲ့ ဒေါက်တာ ဦးမြင့်စာတန်းမှာ ဆင်းရဲ့မှုလျော့ကျဘိုအတွက် ဈေးကွက်စီးပွားရေး စစ်စစ်ဖြစ်အောင်လုပ်ဘို့လိုတယ်-- အဲသလို ဈေးကွက်စီးပွားရေးမျိုးဖြစ်ဘို့ ဘာတွေလုပ်ဘို့လိုတယ်လို့ ဦးမြင့်ထောက်ပြရင် သမတ ဦးသိန်းစိန်က လက်ခံပါ့မလားဆိုတာလဲ စဉ်းစားစရာ ဖြစ်ပါတယ်။
ဒါကြောင့်လဲ ဆင်းရဲမှုလျော့ကျရေး မဟာဗျူဟာအတွေးအမြင်ကဏ္ဍမှာ ကောင်းမွန်တဲ့ နိုင်ငံအဆင့် စီးပွားရေး စီမံခန့်ခွဲံမှုမျိုးလိုတယ်ဆိုတာလောက်သာ ဒေါက်တာဦးမြင့်က ခံသာတဲ့ စကားလုံးမျိုးနဲ့ ထောက်ပြထားတာ တွေ့ရပါတယ်
နောက်အရေးကြီးတဲ့အချက်က ဆင်းရဲမှုလျော့ကျရေးအတွက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးလိုတယ်ဆိုတာကို ဦးမြင့်က သူစာတမ်းမှာ အသေးစိတ် အကြံပေးထားပေးထားပေမဲ့ သမတ ဦးသိန်းစိန်မိန့်ခွန်းပါ Good Governance ဆိုတဲ့ စကားအရာ စကားပမာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးမျိုးကို ဆိုလိုတာမဟုတ်ကြောင်း ပေါ်လွင်အောင် ရှင်းပြချင်ပုံရပေမဲ့ ပညာရှင်စကားဆန်နေပါတယ် နိုင်ငံရေးပြောင်းဘို့လိုတယ် နိုင်ငံရေးတည်ငြိမ်ဘို့ အရေးကြီးတယ်ဆိုတဲ့အချက်ကို ရဲရဲတင်းတင်း အကြံပေးထားတာ မတွေ့ရပါဘူး
ဒေါက်တာဦးမြင့်အကြံပေးချက်တွေထဲမှာ စစ်အစိုးရလက်ထက်ကရော ဦးသိန်းစိန်အစိုးရလက်ထက်ထိ အမွေခံထားတဲ့ အထူးစီမံကိန်းတွေကို ဆင်းရဲမှုလျာ့ကျရေးအတွက် အဓိက လုပ်ဆောင်ချက်များကဏ္ဍမှာ ဝေဖန်ထားတဲ့ စာပုဒ်တခုကတော့ အတော့်ကို စွန့်စားပီး ဝေဖန်ထောက်ပြခဲ့တာဖြစ်ပါတယ် အခန့်မသင့်ရင် မင်းဒဏ်ပါ သင့်နိုင်တာမို့ ခုလောက်ထောက်ပြတာကို ချီးကျုးစရာဖြစ်ပါတယ်။
ဆည်မြောင်းတွေ ဘယ်နှစ်ခုဖောက်ထားတာ ပြောနေသလို ကျေးလက်က ဆင်းရဲသားလယ်သမားဆီ ဆည်ရေတွေ ဘယ်လောက်ရောက်သလဲဆိုတာလဲ သိဘို့လိုပါတယ်-ရေအားလျှပ်စစ်စက်ရုံတွေ ဘယ်နှစ်လုံးဆောက်ထားတယ် မဂ္ဂါဝပ်ဘယ်လောက်ထုတ်နိုင်တယ်ဆိုတဲ့ ကိန်းဂဏန်းတွေပြောနေသလို ဆင်းရဲသား အိမ်ထောင်စုဘယ်လောက် လျပ်စစ်သုံးနိုင်ပီ-လျပ်စစ်ကြောင့် ကျေးရွာ အသေးစားလုပ်ငန်းတွေ ဘယ်လောက်ထူထောင်နိုင်ပီဆိုတာလဲ ဖော်ပြသင့်တယ်-လမ်းတံတားတွေ ဘယ်လောက်ဖောက်ပီးပီဆိုတဲ့ သတင်းအပြင် ဒီလမ်းတံတားတွေဟာ နိုင်ငံထဲက ဆင်းရဲသားပြည်သူတွေဆီ ဘယ်လောက်အတိုင်းအတာထိ ရောက်သလဲဆိုတာ ဖော်ပြသင့်တယ်-ဆေးရုံနဲ့ကျောင်းတွေ ဘယ်လောက်ဆောက်ထားပီးပီဆိုတဲ့ သတင်းအပြင် ဒီဆေးရုံတွေ ကျောင်းတွေကို ဆင်းရဲသားဘယ်လောက် ချဉ်းကပ်ခွင့်ရပလဲဆိုတာပါ ဖော်ပြသင့်တယ်ဆိုတဲ့အချက်တွေကို ဒေါက်တာမောင်မြင့်က ရဲရဲဝံ့ဝံ့ထောက်ပြထားပါတယ်။
တကယ်တော့ စစ်အစိုးရလက်ထက်ကနေ ဦးသိနိးစိန်အစိုးရထိ လက်ကိုင်ထားတဲ့ပေါ်လစီက လမ်းတံတားတွေ ဘယ်နှစ်ခုပီးသွားပီ ဆည်တွေ ဘယ်နှစ်ခုပီးသွားပီစတဲ့အချက်တွေသာ ဇောင်းပေးထားပီး ဦးမြင့်အကြံပေးသလို ဒီလုပ်ငန်းတွေကို မြန်မာနိုင်ငံက ဆင်းရဲသူ ဘယ်လောက် အသုံးချခွင့်ရသလဲဆိုတဲ့အချက်ကို လစ်လျူရှုထားတာမိုံ ဦးမြင့်အကြံပေးချက်နဲ့ အစိုးရပေါ်လစီက ပြဒါးတလမ်း သံတလမ်းလို ဖြစ်နေပါတယ်။
အစိုးရတည်ဆောက်ပြု့ပင်လုပ်ငန်းတွေကို ဆင်းရဲသားဘယ်လောက် အသုံးချနိုင်သလဲဆိုတဲ့ ပေတံနဲ့တိုင်းရင် အစိုးရဖုံးကွယ်ထားတဲ့ ပြည်သူတွေ လျပ်စစ်လုံလုံလောက်လောက်မရတာတို့ ကျန်းမားရေး ပညာရေးကို လစ်လျူရှုထားတာတို့ ဘူးပေါ်သလို ပေါ်တော့မှာမို ဦးမြင့်အကြံပေးချက်ကို ဦးသိန်းစိန်အစိုးရ လိုက်နာပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ် ဒါတွေ မလိုက်နာနိုင်ရင်လဲ ဆင်းရဲမှုလျော့ကျရေးလုပ်ငန်းမှာ နှောင့်နှေးသွားမှာ သေချာနေတာမို့ ဘယ်လိုဘဲ အကြံပေးပေး အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမှာ မငြင်းနိုင်တဲ့အချက် ဖြစ်ပါတယ်။
ဆင်းရဲမှုလျောချရေးမှာ အရေးပါတဲ့ ကျန်းမာရေး ပညာရေးကို စစ်အစိုးရ ဘယ်လောက်ပစ်ပယ်ထားခဲ့သလဲဆိုတာ ဒေါက်တာမျိုးညွန့်က ရှင်းပြပါတယ်။
မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲံက ကောက်ယူတဲ့ ၂၀၀၂ ခု စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ သာမန်မိသားစုတခုအနေနဲ့ စုစုပေါင်းသုံးစွဲမှုစရိတ်ရဲ့ ၇၀%ကျော်ကို အစားအစာအတွက်သုံးနေရတယ် အစားအစာအတွက်သုံးတဲ့ စရိတ်ရဲ့ ၅ပုံတပုံကို ဆန်အတွက် သုံးနေရတယ်-အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် အစားအစာအတွက် သုံးရတဲ့စရိတ်အချိုးအစား မြန်မာက အများဆုံးဖြစ်နေတာဟာ ၀င်ငွေနည်းတာပြနေတယ် ဒါကြောင့် ဆန်ကို အဓိကတင်ပို့တဲ့နိုင်ငံဖြစ်အောင် ပြန်လုပ်သင့်တယ်လို့ အသေးစိတ် အကြံပေးထားပါတယ်။
တဘက်က ဒေါက်တာ ဦးမြင့်လို စီးပွားရေး ပညာရှင်တွေကို အကြံပေးရုံလောက်သာ ခန့်ထားပီး တကယ်အကောင်အထည်ဖော်မဲ့ စီးပွားရေးဝန်ကြီးဌာနတွေကျတော့ ဘာစီးပွားရေးမှ မတတ်တဲ့ စစ်ဗိုလ်လူထွက်တွေက ချုပ်ကိုင်ထားတဲ့ ဦးသိန်းစိန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေ ဆင်းရဲတွင်းက လွတ်အောင်လုပ်ချင်စိတ် တကယ်ရှိသလားဆိုတာလဲ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းပါ ခင်ဗျား။
(ဦးစိန်ကျော်လှိုင်၏ အာအက်အေ သုံးသပ်ချက်မှ)
အစိုးရ နဲ့ အတိုက်အခံ တန်တူအခွင့်အရေးရဖို့က အဓိက
မြန်မာနိုင်ငံမှာ ပါလီမန်အတိုက်အခံတွေကို အစိုးရက တန်တူအခွင့်အရေးပေးပြီး လေးလေးစားစား ဆက်ဆံရေး ပေါ်ထွန်းရေးစနစ်ဟာ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက စံတရပ်ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ Dr. Josef Silverstein က ပြောဆိုလိုက်ပါတယ်။ ဦးကျော်ဇံသာ က ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက် အစီအစဉ်မှာ Dr. Josef Silverstein ကို ဆက်သွယ် ဆွေးနွေးထားပါတယ်။ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံဟာ အခုအခါမှာ ဒီမိုကရေစီဖြစ်ထွန်းရေးဆီကို ဦးတည်ရွေ့ လျားနေတယ်လို့ အနောက်နိုင်ငံတွေ အပါအဝင် နိုင်ငံအတော်များများက ယူဆနေကြပါတယ်။ ဒီကိစ္စအပေါ် ဆရာကြီးရဲ့  သဘောထားကို သိချင်ပါတယ်။
Dr. Josef Silverstein ။ ။ ကျနော်တို့ နားလည်းထားရမယ့် ကိစ္စ နှစ်ခု ရှိပါတယ်။ ပထမတချက်က မြန်မာအစိုးရဟာ အရေးကြီးတဲ့ အတိုက်အခံအင်အားစုဖြစ်တဲ့ ကရင် ကေအန်ယူနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နေပါတယ်။ ရှမ်းအပါအဝင် တခြား တိုင်းရင်းသားအင်အားစုတွေနဲ့လည်း အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ဒါပေမဲ့ ကချင်နဲ့တော့ သိပ်တိုးတက်မှု မရှိသေးပါဘူး။ ဒါကတော့ ကျနော် သိရှိထားတဲ့ အခြေအနေပါ။
ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားအတိုက်အခံတွေ ပြဿနာအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြေပေါ်အင်အားစုတွေအပေါ် သဘောထားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေပေါ် ဆရာကြီး ဘယ်လိုမြင်ပါသလဲ။
Dr. Josef Silverstein ။ ။ ဒီဘက်မှာတော့ အခြေအနေ ပိုကောင်းတဲ့ပုံ ပေါက်နေပါတယ်။ ဧပြီလမှာလုပ်မယ့် ရွေးကောက်ပွဲပြီးရင် ကျနော်တို့ ပိုပြီး တိတိကျကျ ပြောလာနိုင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်ပြီး ပါလီမန်မှာ နေရာရလာတဲ့အခါ အစိုးရက ဘယ်လိုတုံ့ပြန်မလဲ။ မဲဆွယ်ချိန်မှာ လွတ်လွတ်လပ်လပ် ဟောပြောခွင့် ပေးမလား။ လူထုက သူကို တခဲနက် ထောက်ခံပြီး အတိုက်အခံခေါင်းဆောင်အဖြစ် သတ်မှတ်လာကြရင်ကော စစ်တပ်က၊ ဒါမှမဟုတ် အစိုးရက အဲဒါကို သဘောတူခွင့်ပြုမလားဆိုတာတွေကို ကြည့်ရမှာပါ။ ဒါကြောင့် ကျနော် သတိထားပါတယ်။ အကောင်းမြင်ပါတယ်။ ဒါပေမဲ့ သတိနဲ့ အကောင်းမြင်တာပါ။ အခုတော့ ရွေးကောက်ပွဲဆိုတာ ရှိခဲ့ပြီ။ အမည်ခံ ဒီမိုကရေစီ။ ဒါမှမဟုတ် ပွင့်လင်းတဲ့ အစိုးရဆိုတာ ရှိနေပါပြီ။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ တကယ် စမ်းသပ်ဖို့ လိုနေပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံခေါင်းဆောင်အနေနဲ့ ပေါ်ထွက်လာမှ လူထုဆန္ဒကို ကိုယ်စားပြုပြီး လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခွင့် ရှိမရှိနဲ့ စမ်းသပ်ရပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ လူတွေက ကြားဖြတ်ရွေးကောက်ပွဲကိစ္စကို အတော်လေး အလေးထားပြောနေကြပါတယ်။ ဒီ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ အရေးကြီးတယ်။ ဒါကို စောင့်ကြည့်ပြီးမှ ပိတ်စို့အရေးယူမှုကိစ္စကို စဉ်းစားမယ် ဘာညာ ပြောကြတာ ရှိပါတယ်။ ဒါပေမဲ့ ဒီ ကြားဖြတ်ရွေးကောက်ပွဲဟာ ဘယ်လောက်များ အရေးကြီးလိုလဲ။ ဒီ ရွေးကောက်ပွဲ နိုင်ရုံနဲ့ ယူနီဖောင်း ပြောင်းထားတဲ့ အစိုးရရဲ့  အာဏာကို စိန်ခေါ်လာနိုင်မှာလဲ မဟုတ်ပါဘူး။ ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ စစ်တပ်ဟာ လွှတ်တော်နှစ်ရပ်လုံးမှာ အများကြီး အပေါ်စီးယူထားပြီး ဖြစ်ပါတယ်။ ဆိုတော့ ဒီ ကြားဖြတ်ရွေးကောက်ပွဲကိုတော့ မျှမျှတတ လုပ်ပေးဖို့က အစိုးရအတွက် သိပ်ဝန်လေးမယ် မထင်ပါဘူး။ လွတ်လပ်မှု ပေးသွားမယ် ထင်ပါတယ်။
Dr. Josef Silverstein ။ ။ ဒါကတော့ ခင်များ ကျနော်ရဲ့  မှတ်ချက်စကားကို နိဂုံးမှားဆွဲတယ် ထင်ပါတယ်။ ကျနော် ပြောလိုတာက သူဟာ တိုင်းပြည်ခေါင်းဆောင်မှုရာထူး ဒါမှမဟုတ် အစိုးရယန္တယားရဲ့  အစိတ်အပိုင်းတခုခုကို ရယူမယ့်ကိစ္စ မဟုတ်ပါဘူး။ အစိုးရက သူအပေါ် မျှမျှတတ တန်တူထားပြီး ဆက်ဆံမယ်၊ မဆက်ဆံဘူးဆိုတာပဲ ဖြစ်ပါတယ်။ သူကို လွတ်လွတ်လပ်လပ် လှုပ်ရှားပြောဆိုခွင့် မပေးဘဲ ချိုးနှိမ်ထားအုံးမလားဆိုတာကို စောင့်ကြည့်ရမှာပါ။ သူကို ပြည်သူတရပ်လုံးက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြပါတယ်။ ဒါကြောင့် သူ ပါလီမန်မှာ နေရာယူတဲ့အခါ အရွေးခံရမယ်လို့ ကျနော်က ယုံကြည်ထားပြီသာပါ။ အရွေးခံရပြီး လွှတ်တော်အမတ် ဖြစ်လာတဲ့အခါ ကျန် လွှတ်တော်အမတ်တွေက သူကို ခေါင်းဆောင်တင်ကြရင် ဒါမျိုးကို ခွင့်ပြုမလား။ လူထုခေါင်းဆောင်၊ အတိုက်အခံ ခေါင်းဆောင်အဖြစ် အစိုးရက လေးလေးစားစား ဆက်ဆံမလား။ ပါလီမန်မှာ သူ ဘယ်အတိုင်းအတာအထိ လှုပ်ရှားဆောင်ရွက်ခွင့်ရှိမယ်ဆိုတာကို ကျနော်တို့ မသိရသေးပါဘူး။ သူ အရွေးခံရမယ်၊ ပါလီမန် ရောက်လာမယ်ဆိုတာကိုတော့ ခန့်မှန်းလို့ ရပါတယ်။ ဒါပေမဲ့ အမတ်ဖြစ်လာတာနဲ့ အတိုက်အခံခေါင်းဆောင် တယောက်ဖြစ်လာတယ်ဆိုတာ မတူပါဘူး။ အတိုက်အခံ ခေါင်းဆောင်ဖြစ်လာမယ်ဆိုတာကိုလည်း ကျနော် ယုံကြည်နေပါတယ်။ အဲဒီလို အတိုက်အခံ ခေါင်းဆောင်ဖြစ်လာရင် အာဏာပိုင်တွေက ဘယ်အတိုင်းအတာအထိ ခွင့်ပြုမလဲ၊ စစ်တပ်ဘက်က ဘာအရိပ်အမြွက်မှ မပြောသေးပါဘူး။ တိုင်းပြည်အနှံ ခရီးထွက်ခွင့် ပြုမလား။ ပြည်ပသွားရင် ပြန်လာခွင့်ပေးမလား ဒါတွေကို ကျနော်တို့ စောင့်ကြည့်သွားရမှာပါ။
ဦးကျော်ဇံသာ ။ ။ ဝေဖန်သူတချို့ ကတော့ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် ကို သူတို့အကျိုးအတွက် အသုံးချနေတယ်။ နိုင်ငံတကာမှာ အသိအမှတ်ပြုခံရဖို့အတွက် ပိတ်စို့ဒဏ်ခတ်မှုတွေက လွတ်ကင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ကို ရှေ့ တန်းထုတ် အသုံးချနေတယ်လို့ ပြောနေကြပါတယ်။
Dr. Josef Silverstein ။ ။ ကျနော်ကတော့ ဒီလို ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန် ဥာဏ်ပညာထက်မြက်တဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း အစိုးရရဲ့  အကျဉ်းသားအဖြစ် နှုတ်ပိတ်ခံနေရတာပါ။ ဒါပေမဲ့ သူ့ရင်ထဲမှာ မုန်းတီးခံစားမှုတွေ မထားရှိခဲ့ပါဘူး။ မေတ္တာတရားကို လက်ကိုင်ထားပြီး ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာရေးကို ဦးတည်လာပါတယ်။ ဒါကြောင့် သူ ပါလီမန်ကို ဦးတည်လာတာကလည်း မှန်ကန်သော သဘောထားနဲ့ လာနေတာပါ။ မေးခွန်းမေးဖို့ ရှိတာက သူကို စစ်တပ်က ဘယ်လိုဆက်ဆံမလဲဆိုတာပဲ ဖြစ်ပါတယ်။ သူ ရလာမယ့် အနေအထားမှာ ထိုက်တန်သလို လေးလေးစားစား မဆက်ဆံရင်။ လွတ်လွတ်လပ်လပ် သွားလာခွင့် မပြုရင် သူရရှိတဲ့ အခန်းကဏ္ဍအတိုင်း လှုပ်ရှားမှုကို တနည်းနည်းနဲ့ ဟန့်တားထိန်းချုပ်ဖို့ လုပ်လာရင်တော့ ကျနော်တို့ မျှော်လင့်ထားတဲ့၊ မျှော်လင့်နေတဲ့ တိုးတက်မှုဟာ တကယ် မဖြစ်လာသေးဘူးလို့ ပြောရပါလိမ့်မယ်။ ဒါကြောင့် ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ အရွေးခံရရင် လူထုနဲ့ လွတ်လွတ်လပ်လပ် ဆက်ဆံပြီး လူထုဆန္ဒကို လွတ်လွတ်လပ်လပ် ဖေါ်ထုတ်ပြောကြားနိုင်မှုတွေကို စောင့်ကြည့်ပြီး တိုးတက်မှုကို ဆုံးဖြတ်မှာပါ။ ဒါ ကျနော်တိုင်းတာတဲ့ စံဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီဟာတွေကို အခု မတွေ့မမြင်ရသေးဘဲနဲ့ အနောက်နိုင်ငံတွေ အမေရိကန်ပြည်ထောင်စုကအစ လိုက်လျောမှုတချို့  လုပ်လာတာ။ စဉ်ဆက်မပြတ် ဆက်သွယ်နေကြတာ။ တခါ သံအမတ်ကြီးအဆင့် တိုးမြှင့်လုပ်ဆောင်လာတာတွေကို ဆရာကြီး ဘယ်လိုမြင်ပါသလဲ။ ဒီလူတွေ နည်းနည်းများ အဖြစ်သည်းနေကြတယ်လို့ မထင်ဘူးလား။
Dr. Josef Silverstein ။ ။ ဘာတွေဖြစ်နေကြတယ်ဆိုတာကို သူတို့က သတိကြီးကြီးနဲ့ စောင့်ကြည့်နေကြတာပါ။ စစ်အစိုးရကို ထွေးပိုက်ဖို့ အလောတကြီး လုပ်ဆောင်နေကြတာတော့ မဟုတ်ပါဘူး။ စစ်အစိုးရကို ဘယ်လိုဆက်ဆံကြရမယ်ဆိုတာကို သူတို့ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိကြပါတယ်။ ရှေ့ ကို ခရီးဆက်တဲ့နေရာမှာ အရှိန်လျှော့ပြီး လှုပ်ရှားကြရမှာပါ။ အခု ကျနော်တို့ဘက်က ခြေလှမ်းတိုင်းဟာ အနာဂတ်မြန်မာအစိုးရကို ရိုက်ခတ်ပါလိမ့်မယ်။ ဒါကြောင့် ပထမအနေနဲ့ ရွေးကောက်ပွဲဟာ မျှမျှတတ ရှိမလားဆိုတာကို ကြည့်ရမယ်။ မျှတမယ်ဆိုရင် လွှတ်တော်အမတ် ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဘယ်လို ဆက်ဆံလာမလဲဆိုတာကို ကြည့်ရမယ်။ မျှတမှု၊ ဖြောင့်မတ်မှု၊ လေးစားမှု အပြည့်အဝ ပြသမလား။ သူတို့က အဲဒီလို ဆက်ဆံမယ်။ သူကလည်း လူထုကို ပေးထားတဲ့ ကတိအတိုင်း အကောင်းအထည်ဖော် ဆောင်ရွက်နိုင်မယ်။ လူထုပြောစေ၊ လုပ်စေချင်တဲ့အတိုင်း လုပ်နိုင်ဆောင်ရွက် နိုင်ရပါလိမ့်မယ်။ ဒါတွေဟာ တကယ့် လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေမှာ လုပ်နေတဲ့ကိစ္စတွေပါ။ ပါလီမန်အမတ်တွေ လုပ်နေပြီး ထောင်ကျမှာစိုးလို့၊ အဖမ်းခံရမှာစိုးလို့ မပြောရဲ၊ မလုပ်ရဲ ဖြစ်နေတာမျိုး မရှိစေရပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အနောက်နိုင်ငံတွေအဖို့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ်အရေးယူမှုကို ရုတ်သိမ်းဖို့ သတ်မှတ်ထားတဲ့ အဓိကဖြစ်ထွန်းမှုက ဘာလဲခင်များ။ ဘယ်လိုအချက်တွေကို မြင်ရတွေ့ရရင် ရုတ်သိမ်းသွားကြမလဲ။
Dr. Josef Silverstein ။ ။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုပြီး အနောက်နိုင်ငံတွေက ယေဘုယျအားဖြင့်တော့ ချီးကြူးနေကြပါပြီ။ ဒါပေမဲ့ လုံးဝဥဿုံအကောင်းမြင်တဲ့လူတော့ ဘယ်သူမှ မရှိသေးပါဘူး။ သတိထားစောင့်ကြည့်နေကြတုန်း ရှိပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်လာမယ့်အချိန်မှာ သူကို အတိုက်အခံခေါင်းဆောင်အဖြစ် အာဏာပိုင်တွေက ဘယ်လိုဆက်ဆံကြမလဲဆိုတာကို စောင့်ကြည့်နေကြတာပါ။ ဒါက တကယ်တော့ ဒုတိယအဆင့်ပါ။ ပထမအဆင့်ကတော့ တိုင်းရင်းသားပြဿနာ ဖြေရှင်းပုံဖြေရှင်းနည်းပါ။ တိုက်ပွဲတွေ လုံးဝရပ်ဆိုင်းသွားခြင်း ရှိမရှိကို စောင့်ကြည့်ရပါမယ်။ အတိုပြောရရင် ကျနော်တို့က ပထမအဆင့်ကနေ ဒုတိယအဆင့်ကို ပြောင်းနေကြပါတယ်။ တကယ်တော့ ပထမအဆင့်လည်း မပြေလည်သေးပါဘူး။ ကချင်ဒေသမှာ တိုက်ပွဲတွေ ရှိနေစဲပါ။ ဒုတိယအဆင့်ကတော့ အတိုက်အခံရှိသော ပါလီမန်တရပ် ထွန်းကားရေးပါ။ အဲဒီ ပါလီမန်မှာ အစိုးရနဲ့ အတိုက်အခံ တန်တူ ပြောဆိုခွင့် ရှိရမယ်။ တူညီမျှတတဲ့ လေးစားမှု ရရှိစေရမယ်။ မဲဆန္ဒရှင်တွေနဲ့ လွတ်လွတ်လပ်လပ် ရရှိဖို့ပဲ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ကျနော် နောက်ဆုံးမေးချင်တာကတော့ မြန်မာအစိုးရအနေနဲ့ ဒီလို အပြောင်းအလဲ ဖြစ်လာရတာ ဘာကြောင့်လည်းဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာကြီး ဘယ်လိုမြင်ပါသလဲ။
Dr. Josef Silverstein ။ ။ အကြောင်းတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ မနှစ်တုန်းက တရုတ်ကို ဧရာမ ရေကာတာကြီး စပြီးလုပ်ပိုင်ခွင့် ပေးလိုက်ပြီးနောက် သူတို့ပြည်သူတွေအတွက် ဘာမှ ပြောခွင့်ဆိုခွင့် မရှိတော့ပါလားလို့ အထူးစိုးရိမ်လာတယ်လို့ ထင်ပါတယ်။ ပြည်သူလူထုဟာ အဲဒီ စီမံကိန်းကို မလိုလား မနှစ်သက်ဘူးဆိုတာကို ပြသပြီး စစ်အစိုးရကို ထွက်ပေါက်ပေးခဲ့ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေဟာ တရုတ်တို့နဲ့ တွေ့ဆုံပြီး လူထု မကျေမနပ် ဖြစ်နေရတာမို့ ပြန်ပြင်ပါရစေလို့ ပြောနိုင်ခဲ့ပါတယ်။ ဒါ အပြောင်းအလဲရဲ့  တကယ့် ကနဦးစဖြစ်တယ်လို့ ထင်တယ်။ အဲဒီ ဖြစ်ရပ်ဟာ စစ်တပ်ရဲ့  လုပ်ဆောင်ချက်ကို ပြည်သူလူထုတရပ်လုံးက ကြိုဆိုထောက်ခံခဲ့တဲ့ ပထမဦးဆုံး ဖြစ်ရပ်ပါ။ ဧရာဝတီမြစ်ကြောင်း ပိတ်စို့စေမယ့် တရုတ်တို့ လုပ်ရပ်ကို မလိုလားကြဘူးလို့ ပြသကြတဲ့နေရာမှာလည်း ပြည်သူတွေဟာ အင်မတန် ခိုင်မာပြတ်သားခဲ့ကြပါတယ်။ ဒါကိုလည်း တရုတ်နဲ့ ဆွေးနွေးခဲ့ကြတဲ့အခါမှာ အစိုးရအနေနဲ့ ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ တရုတ်တို့ကိုလည်း ချီးကျူးရပါလိမ့်မယ်။ သူတို့မှာ မြန်မာအစိုးရရဲ့  တင်ပြချက်ကို လက်ခံခဲ့ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံအခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်ဆိုတော့ စစ်တပ်နဲ့ပြည်သူ လူထု ပဋိပက္ခဖြစ်ပြီး ပြည်တွင်းစစ်မီး အရှိန်အဟုန် ကြီးထွားလာမယ့်အရေးကို မလိုလားကြပါဘူး။ အစိုးရကလည်း ဒါကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ပါတယ်။ အဲဒီကစပြီး ဒုတိယခြေလှမ်းကို လှမ်းနိုင်ခဲ့တာပါ။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ပေးလာတာ ဖြစ်ပါတယ်။ အခုတော့ သူတို့လုပ်ပြမယ့် ပါလီမန်ဟာ ကျနော်တို့မျှော်လင့်တဲ့ ဖြစ်စေချင်တဲ့ Liberal Democracy ဆန်သော ပါလီမန် ဟုတ်မဟုတ်ဆိုတာကို စောင့်ကြည့်ကြရတော့မှာ ဖြစ်ပါတယ်။
အသံဖိုင် ရယူရန် @ http://www.voanews.com/MediaAssets2/burmese/2012_01/news_analysis_01-26-2012.mp3
မြန်မာဟာ ကံကောင်းလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် အပြောင်းအလဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး သမိုင်းပညာရှင် စာရေးဆရာ ဒေါက်တာသန့်မြင့်ဦးကို မြန်မာတိုင်း(မ်) အကြီးတန်းလက်ထောက်စာတည်း စန္ဒာလွင်က အီးမေး(လ်)မှတစ်ဆင့် မေးမြန်းထားပါသည်။
အပြောင်းအလဲဖြစ်စဉ် တစ်ခုကိုတော့ ဖြတ်သန်းနေပြီ။ ဒါပေမယ့် ဒီဖြစ်စဉ်ကနေ ပေါ်လာမယ့်ရလဒ်ကိုတော့ ပီပီပြင်ပြင် ပုံဖော်ကြည့်လို့ မရသေးသလိုပါပဲ။ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ကို စရောက်ပြီလို့ ဆရာယူဆပါသလား။ယေဘုယျအားဖြင့် ကျွန်တော် အကောင်းမြင်ထားချင်ပါတယ်။ စစ်အုပ်ချုပ်ရေး ခေတ်ဟောင်းကတော့ ကျန်ခဲ့ပြီလို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလိုပြောတာဟာ ရှေ့လျှောက် လွယ်လင့် တကူပဲလို့တော့ ဆိုလိုတာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေဟာ သိပ်ကို အမြောက်အမြားပဲ။ နိုင်ငံရေးမှာရော၊ စီးပွား ရေးမှာရော။ သမ္မတကြီးဟာ ဆင်းရဲနွမ်းပါးမှု လျော့ကျဖို့ အားလုံးဦး တည်ပြီး လိုအပ်တဲ့ စီးပွား ရေးပြုပြင်ပြောင်းလဲမှုတွေကနေ ဒီ ဦးတည် ချက် အကောင်အထည်ပေါ်လာ ဖို့ အပြင်းအထန် ကြိုးပမ်းနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် အကောင်အထည်မြင်ရဖို့ အနည်းဆုံး နှစ်တိုကာလအတွင်းမှာ ဖြစ်လာဖို့ အလွန့်အလွန်ကို ခက်ခဲ ပါလိမ့်မယ်။ ကျွန်တော် အကောင်းကို မြင်ပါတယ်။ ဒါပေမယ့် ရှေ့ လမ်းခရီး အလွန်ခက်ခဲ မယ်ဆိုတာကိုတော့ ကျွန်တော်တို့ တည်တည် ငြိမ်ငြိမ်နဲ့ ကြည့်ထားဖို့လိုမယ်။ မြန်မာနိုင်ငံရဲ့အပြောင်းအလဲဖြစ်စဉ်ဟာ ကမ္ဘာ့သမိုင်းမှာ အတော်မကြုံစဖူး ဖြစ်တဲ့ကာလမှာ ပေါ်ပေါက်နေတယ် ဆိုတာလည်း သတိရဖို့လိုတယ်။ ဥပမာ ရှေ့တစ်နှစ်နှစ်နှစ်မှာ ဥရောပမှာ အတန်အသင့် စီးပွားကျတဲ့ကာလနဲ့ ကျွန်တော်တို့ ကြုံရနိုင်တယ်။ တစ်ကမ္ဘာလုံးနဲ့ချီ ပိုပြင်းထန်သွားတာမျိုးလည်း ဖြစ်သွားနိုင်တယ်။ ဒီအချက်က မြန်မာအပေါ် အလွန်ဆိုးရွားစွာ ရိုက်ခတ်နိုင်တယ်။ နိုင်ငံတွင်းအခြေအနေကို ကြည့်ရင်လည်း ကျွန်တော်စဉ်းစားလို့ ရသ လောက် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတုန်း၊ နိုင်ငံတကာက ပိတ်ဆို့ နေတုန်း၊ နိုင်ငံရေးနဲ့ စီးပွားရေးစနစ် နှစ်ခု စလုံး တစ်ပြိုင်နက် ကူးပြောင်းမှု စတင်တာ ဘယ်နိုင်ငံမှ မရှိခဲ့ပါဘူး။ ကျွန်တော်တို့မှာ မရရအောင် ကျော်လွှားရမယ့် အဂတိလိုက်မှုဆိုင်ရာ စိန်ခေါ်မှု အကြီးကြီးတွေ ရှိနေတယ်။ အခု ထက်ထိ ရင်ဆိုင် နေရဆဲ လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်ဖို့ လုပ်ရဦးမယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ရှိနေလို့ကတော့ ကျွန်တော်တို့နိုင်ငံ အခုထက်ပို ဖွံ့ဖြိုး မလာနိုင်ဘူး။ ငွေကြေးနဲ့ ဘဏ္ဍာရေး မူဝါဒတွေ ပါဝင်တဲ့ ကျွန်တော်တို့ရဲ့ မက်ခရိုစီးပွားရေး မူဝါဒတွေ နည်းလမ်း တကျဖြစ်ဖို့ လိုတယ်။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ရာ လည်း လိုအပ်တဲ့ လုပ်ထုံးလုပ်နည်း၊ ဥပဒေအဖွဲ့အစည်း၊ လူအဖွဲ့အစည်း (Institutions) တွေ မရှိဘူး။ အဲဒီ အတွက် စိတ်လည်း မကောင်းဘူး။။အခြေခံ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်း တွေ အထူးသဖြင့် ကျန်းမာရေး၊ ပညာ ရေး၊ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်း၊ ဥပဒေ နဲ့ တရားစီရင်ရေးနယ်က ပြည်သူ့ ၀န်ထမ်းအဖွဲ့အစည်းတွေ အားကောင်း လာအောင် လုပ်ရမယ်။ အဲဒီ Institution change ကို လုပ်ရတာ အထူးသဖြင့်ကို အချိန်ယူရပါတယ်။ ဒါပေမယ့်လည်း ထပ်ပြောရရင် သမ္မတဟာ ဒီကိစ္စတွေကို လမ်းမှန်ကမ်း မှန်အတိုင်း ဖြစ်ထွန်းလာစေဖို့ သန္နိဋ္ဌာန် ချထားတယ်လို့ ကျွန်တော် ယုံကြည် ပါတယ်။ အောင်မြင်မှုရဖို့ ကျွန်တော်တို့ ပထမဦးဆုံး လိုအပ်တာက အောင်မြင် ဖို့ဆိုတဲ့ စိတ်ပဲလေ။ မြန်မာနိုင်ငံတွင်းက လူတိုင်း နီးပါးဟာ ကျွန်တော်တို့ရဲ့ နိုင်ငံကို အောင်မြင်စေချင်တယ်၊ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်မနေစေချင်ကြတော့ဘူးလို့လည်း ကျွန်တော် သဘောရထားတယ်။ ခြုံပြောရင် အနာဂတ်မှာ နှောင့် နှေးစေမယ့် အခက်အခဲတွေရော၊ အံ့အားတသင့် ဖြစ်ရတာတွေရော သေချာပေါက် ရှိပါလိမ့်မယ်။ အပေါ် စီးက လွှမ်းခြုံကြည့်လို့ ဘယ်လိုပဲဖြစ်နေနေ တိုင်းသူပြည်သား လူတစ်ဦးချင်းစီဟာ အပြောင်း အလဲကြီးတွေကို ဖြစ်စေလိမ့်မယ်။ ကံတရားကလည်း အပြောင်း အလဲကြီးတွေကို ဖြစ်စေပါလိမ့်မယ်။ မြန်မာဟာ ကံကောင်းလိမ့် မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
* အစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ဦးစားပေးအဖြစ် ရည်ရွယ်ထား ပြီး ပြည်ပလုပ်ငန်းတွေကလည်း လာပြီးရင်းနှီးမြှုပ်နှံဖို့ ကြည့်နေကြပြီ။ ဒီနောက်ပိုင်းမှာ လူ့အဖွဲ့အစည်း ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပုံစံအမျိုးမျိုးနဲ့ စဉ်းစားကြတာလည်းရှိတဲ့အတွက် ဆရာ့ အနေနဲ့ နိုင်ငံမှာ ဘယ်လိုဖွံ့ဖြိုး တိုးတက်မှုမျိုးရတာကို မြင်ချင်ပါသလဲ။
နံပါတ်တစ် ဦးစားပေးကတော့ ဆင်းရဲ နွမ်းပါးခြင်း လျော့ကျဖို့ ဖြစ်ရမှာပဲ။ အရေအတွက် သန်းဆယ်ချီတဲ့ သိပ်ဆင်းရဲနေသူတွေဟာ မသေရုံတမယ်ပဲ ဖြစ်နေကြတယ်။ ကျန်းမာရေးကိစ္စပေါ်ရင် ဆေးကုစရာမရှိဘူး။ သားသမီးတွေဟာ များသောအားဖြင့် ကျောင်းကို တစ်နှစ် နှစ်နှစ်ပဲ တက်ကြတယ်။ စားစရာ လုံလောက်တယ်ဆိုဦး ကလေးတွေ အတွက်လိုအပ်တဲ့ အာဟာရပြည့် အစားအ သောက် တွေ မဟုတ်ဘူး။ အကြွေးပိနေသူ သန်းချီရှိနေတယ်။ နောက်ထပ်လူသန်းပေါင်းများစွာလည်း နိုင်ငံကနေထွက်ပြီး ပြည်ပမှာ အလုပ် ရှာကြရတယ်။ တစ်ခေါက်သွားရင် နှစ် အတော်ကြာ မိသားစုနဲ့ဝေးနေရတယ်။ ကျွန်တော် ပထမဦးဆုံးမြင်ချင်တာက နိုင်ငံမှာ ဒီ လူဆင်းရဲတွေအတွက် အထောက်အကူဖြစ်မယ့်၊ နောက် ကျေးလက်ဆိုင်ရာ သက်မွေးလုပ်ငန်းပိုင်းနဲ့ အစားအသောက်ဖူလုံရေး အပိုင်းကို တိုးတက်စေမယ့် လက်တွေ့နဲ့ ကိုက်ပြီး အခြေခိုင်တဲ့ခြေလှမ်းတွေကိုပဲ။ ကုန် ဈေးနှုန်းကို ကြီးမလာစေဘဲ တစ်ချိန်တည်းမှာ မြို့ကြီးတွေမှာ အလုပ်အကိုင်တွေ ကျွန်တော်တို့ ဖန်တီးဖို့လိုတယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့မက်ခရို စီးပွားရေးမူဝါဒတွေ လမ်း မှန်ကျဖို့လို့ အဓိပ္ပာယ်ရောက်တာပဲ။ နိုင်ငံမှာ ပုံဖော်မယ့် ဖွံ့ဖြိုးတိုးတက်မှု အတွက် စံပုံစံတစ်ခုခုကို သတ်သတ် မှတ်မှတ် ရွေးဖို့ လိုတယ်လို့ ကျွန်တော်တော့ မထင်ဘူး။ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် ပြောသလို ကျောက်တုံးကို စမ်းရင်းနင်းရင်းနဲ့ (ချောင်း တစ်ခုကို ဖြတ်သည့်အခါ အောက်ခြေမြေပြင်ကို ခြေဖြင့် စမ်းကာစမ်းကာ ခြေကုတ်မြဲစေ လျက်ကူးသကဲ့သို့) မြစ်ကိုကူးသွားရမှာပဲ။ ကျွန်တော်တို့ ရှေ့ဆက်လုပ်တဲ့ အခါ ကြုံလာရမယ့် ညှိနှိုင်းစရာအခြေ အနေတွေနဲ့ပတ်သက်ပြီး သိမြင်နှံ့စပ်ပြီး ပွင့်လင်းမှုရှိရှိ အခြေ အတင် ငြင်းခုန် ဆွေးနွေးအဖြေရှာဖို့ (အလုပ်ရုံဆွေးနွေး ပွဲများ) လိုတယ်။ ဥပမာ ပမာဏကြီးလာနေတဲ့ ခရီးသွား လုပ်ငန်းဆိုရင် နိုင်ငံမှာကောင်းကျိုးရနိုင် သလို ဆိုးကျိုးတွေလည်း ဖြစ်နိုင်တယ်။ ဒါကို အလုပ်အကိုင်တွေလည်း ပေါ်ပေါက်စေ၊ တစ်ချိန်တည်းမှာ သဘာဝ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေ၊ တခြားဖြစ်လာနိုင်တဲ့ များစွာသော ဆိုးကျိုးဆက်တွေလည်း ပါမလာစေအောင် ဘယ်လို ကိုင်တွယ်မလဲ ကျွန်တော်တို့ စစဉ်းစားကြဖို့လိုပြီ။
* နိုင်ငံမှာ မဖွံ့ဖြိုးဘဲ တခြားဖွံ့ဖြိုးတဲ့ နိုင်ငံတွေကိုပဲမျှော်ရင်း အနေကြာ လာတော့ ကျွန်မတို့နိုင်ငံက လူတချို့ အနေနဲ့ ကိုယ်တိုင်နဲ့ ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုးနိုင်မှုအလားအလာအပေါ် မယုံမရဲ ဖြစ်နေနိုင်မလား။
ကျွန်တော်တို့ရဲ့ မက်ခရိုစီးပွားရေး မူဝါဒတွေနဲ့ ဘတ်ဂျက်ဦးစားပေးသုံးစွဲမှု ကဏ္ဍတွေကို မှန်ကန်အောင် ပြုနိုင်စွမ်းရင်၊ ကျွန်တော် တို့ရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှု အစီအစဉ်တွေကို လမ်းကျအောင် အစီအစဉ်ချနိုင်စွမ်းရင်၊ ပြည်သူ့ ၀န်ထမ်းအဖွဲ့အစည်းတွေ အားကောင်းလာရေး ရေရှည်လမ်းကြောင်းပေါ်ကို အနည်းဆုံး ခြေစချနိုင်စွမ်းပြီဆိုရင်၊ အဲလို ဆိုရင် ကျွန်တော်ထင်ပါတယ်၊ စစ်မှန်ပြီး ကောင်းမွန်တဲ့ အပြောင်းအလဲကောင်းတွေကို နှစ်နှစ် သုံးနှစ် အတိုင်းအတာအတွင်း ကျွန်တော်တို့ စမြင်နိုင်မှာပါ။ အလားအလာ ကတော့ ဧရာမကြီးပဲ။ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်တွေ မပျက်စီးသေးဘူး။ လူဦးရေ မတန်တဆများတဲ့ပြဿနာ မရှိသေး ဘူး။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား အိန္ဒိယ သမုဒ္ဒရာဘေးတစ်လျှောက် အံ့ဩစရာ ကောင်းလောက်အောင် ကောင်းတဲ့ ပထ၀ီ တည်နေရာ ရှိတယ်။ သူများနိုင်ငံ တွေနောက် အများကြီး ကျန်နေရစ်တာ ကတော့ ဆိုးလှတာပေါ့။ ဒါပေမယ့် ဒါတွေကို ကျွန်တော် တို့ရဲ့ အားသာချက် တွေဖြစ်လာအောင် အသုံးချလို့ရတယ်။ သူများနိုင်ငံတွေ လုပ်ခဲ့မိတဲ့ အမှားတွေကို ရှောင်ရှားနိုင်တယ်။ အခု လက်ငင်းအချိန်ကာလမှာ အဲဒီ ဒေသတွင်း တခြားနိုင်ငံတွေရဲ့အမှား တွေအပေါ် လေ့လာသုံးသပ် သင်ခန်းစာ ထုတ်ယူနေမှုကို ဦးစားပေးလုပ်ငန်းကြီး အဖြစ် လုပ်ဆောင်နေသင့်တယ်။ မြန်မာပြည်သူတွေဟာ အကြာကြီး စိတ်ရှည်ပေးထားခဲ့ပြီးပြီ။ မြန်မာပြည် သူတွေဟာ ကိုယ်တိုင်အတွက်ရော၊ သူတို့ ရဲ့ကလေးတွေအတွက်ရော ပိုကောင်း တဲ့ ဘ၀တစ်ခုကို အချိန်မဆိုင်းဘဲ ခံစား ရဖို့ ထိုက် တန်နေသူတွေဖြစ်တယ်။ ပြီးတော့ ယနေ့ကလေးငယ်တွေဟာ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်တို့ အလုပ်တွေကို မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း 'အခု' ကျွန်တော်တို့ ရှေ့ဆက် ရွေ့လျားစေနိုင်စွမ်းရင် ဒီနေ့ သားသမီး အရွယ်တွေအတွက် အလားအလာတွေ ဟာ အဆုံးမရှိပါဘူး။
* ဒီအလားအလာတွေ ရှိသလောက် လက်တွေ့ခံစားကြရအောင် သာမန် ပြည်သူပြည်သားတွေရဲ့ ပါဝင်လုပ် ဆောင်မှုနဲ့ပတ်သက်ပြီး တော့ရော ပြောချင်တာရှိပါသလား။
မြန်မာဟာ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု ကစ ဘဏ်လုပ်ငန်းအဆုံး၊ လူထုကျန်းမာ ရေးကစ နိုင်ငံတကာဥပဒေရေးရာအဆုံး လက်တွေ့ နယ်ပယ်တိုင်းမှာ ပညာခန်း အထူးပိုင်နိုင်ကျွမ်းကျင်သူတွေ အသည်း အသန်ကို လိုအပ်တယ်။ အသိပညာရေးရာအတွက် ရင်းနှီးမြှုပ် နှံခြင်းမရှိဘဲနဲ့ တခြားဘယ်အရာမှ အများကြီးဖြစ်ထွန်း လာဖို့ဆိုတာတော့ ကျွန်တော် သံသယ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရောက်ဖို့ လိုတဲ့အနေအထားကိုရဖို့ မျိုးဆက် တစ် ဆက်စာတော့ အချိန်ယူမှာပဲ။ လက်ရှိ အချိန်ရဲ့ စိန်ခေါ်မှုကြီးတစ်ခုက အမျိုး မျိုးသော နယ်ပယ်များစွာမှာ အတွေ့အကြုံ၊ ပညာရေးပြည့်ဝသူ မရှိ ဖြစ်နေ တဲ့ ကျွန်တော်တို့ရဲ့ အနေအထားကို နှစ်တိုနဲ့ နှစ်လတ် အပိုင်းအခြားအတွင်း ဖြည့်ဆည်းနိုင်မယ့် နည်းလမ်းတွေ ရှာ တွေ့ရေးပဲလို့ ကျွန်တော် ထင်တယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ မှုတွေကို ကျွန်တော် နှစ်ပေါင်းများစွာ ဆန့်ကျင် ခဲ့တာ အကြောင်းပြချက်တစ်ခုက ကျွန်တော်တို့ဟာ လစ်ဘရယ်ဒီမိုကရေစီ စနစ် ကျင့်တဲ့သုံးနိုင်ငံတွေနဲ့ ပိုအထိ အတွေ့များဖို့ လိုအပ်နေချိန်မှာ ဒီပိတ်ဆို့ မှုဟာ မြန်မာကို လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံတွေနဲ့ ကင်းကွာ အောင်ပဲ အဓိက ဖြစ်စေတယ်လို့ ယုံကြည်လို့ ဖြစ်တယ်။ နောက်တစ်ချက်ကတော့ ဒီမိုကရေစီ စနစ်ကို ပြောင်းကျင့်သုံးလာအောင် လုပ်ဖို့၊ အဲလို ကျင့်သုံးခဲ့ပြီဆိုရင်လည်း ဒီကူးပြောင်းမှု ရေရှည်ခံအောင်မြင် တည်တံ့အောင်လုပ်ဖို့ ကျွန်တော်တို့မှာ လိုအပ်လာမှာ ဖြစ်တဲ့ ပညာခန်းနဲ့ အဖွဲ့ အစည်းရင်းမြစ်အခြေခံတွေရှိ နေစေရ အောင်၊ အသိပညာရေးရာအတွက် အစိုးရရဲ့ ဘတ်ဂျက်သုံးစွဲမှုလည်း သိပ် နည်းနေချိန်မှာ အဲဒီအသိပညာနဲ့ ကျွမ်းကျင်မှု ရင်းမြစ်အခြေခံတွေကို တည်ဆောက်ထားဖို့ အဆောတလျင်ကို လိုအပ်တယ်လို့ ယုံကြည်နေခဲ့လို့ပဲ။ ပိတ်ဆို့မှုကြောင့် ဖြစ်ခဲ့ရတာက သင်ယူလေ့ကျင့်မှုတွေအတွက်ဒေါ်လာ သန်းပေါင်းရာပေါင်းများစွာအကူအညီ တွေ၊ နောက် ဒီနေ့ ကျွန်တော်တို့ အသည်းအသန် လိုအပ်နေတဲ့ အဖွဲ့အစည်း အမျိုးမျိုး အားကောင်းအောင် သုံးစွဲနိုင်ခဲ့မယ့် တခြား အကူအညီတွေ ကျွန်တော်တို့ မရခဲ့တာပဲ။ ပြီးတော့လည်း - ဒါကတော့ တခြား အဓိကကျတာတစ်ခုပါ - ဒီနိုင်ငံမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီ စနစ်ကို တကယ် ကျင့်သုံးချင်တယ်ဆိုရင် နိုင်ငံ သားအားလုံး အသိပညာ သိမြင်နှံစပ်ပြီး ကိုယ်ကိုယ်တိုင်အတွက်လည်း ဖြစ် တဲ့ကိစ္စရပ်တိုင်းကို ဆန်းစစ် ဝေဖန်စဉ်းစား နိုင်စွမ်း ရှိနေစေဖို့ လိုအပ်တယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတွေဟာ အသိပညာ သိမြင် နှံစပ်ပြီး အရေးကိစ္စ တွေကို သူတို့ကိုယ်တိုင် ဂရုတစိုက် စဉ်းစားချင်စိတ် ရှိမှ၊ ပါတီတစ်ခု၊ ခေါင်း ဆောင်တစ်ယောက်၊ အယူ ၀ါဒ တစ်ခုတည်းနောက် အသာလိုက် မသွားမှသာလျှင် ဒီမိုကရေစီစနစ်က အသက် ၀င်နိုင်တယ်။
* လက်ရှိ မွဲမွဲတေတေ အနေအထားကနေ တက်မလာနိုင်ခဲ့ရင် ရှေ့ကြုံရနိုင်တဲ့ အခြေအနေတွေကိုလည်း ဘယ်လိုသုံးသပ်မိပါသလဲ။
ကုန်ဈေးနှုန်းမြင့်မလာစေဘဲ အလုပ်အကိုင်တွေ ပေါ်ပေါက်ဖို့ ကျွန်တော်တို့ အရေးတကြီး လိုအပ်တယ်။ အဓိပ္ပာယ်က မှန်ကန်တဲ့ မက်ခရိုစီးပွားရေးရပ်ဝန်းနဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေး မူဝါဒတွေ ရဖို့ပဲ၊ ကျွမ်းကျင်မှုနဲ့ နည်းပညာတွေ ဆင့်ပွားရရှိစေမယ့် မက်လောက်တဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေရဖို့နဲ့ ကျွမ်း ကျင်မှုပြည့်ဝစွာ ကိုင်တွယ်ခန့်ခွဲထားတဲ့ ပြင်ပအကူအညီတွေရဖို့ပဲ။ ဒါကို ကျွန်တော်တို့ လုပ်နိုင်တယ်။ လွယ်မှာတော့ မဟုတ်ဘူး။ စီးပွားရေး ချို့တဲ့နေချိန်မှာ ဘယ်နိုင်ငံမှ ဒီမိုကရေစီအသွင် ကူးပြောင်းမှုတွေ၊ ပဋိပက္ခ အလွန် ကူးပြောင်းမှုတွေ မအောင်မြင်နိုင်ဘူး။
* နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီး တချို့က တချို့ကို တရုတ် တပည့်ခံတယ်လို့ အပြစ်တင်တယ်။ တချို့ကလည်း အနောက် နိုင်ငံတွေ ကိုမျှော်နေတယ်လို့ ဝေဖန်တယ်။
မြန်မာဟာ နိုင်ငံအားလုံးနဲ့ မိတ်ဆွေ ဖြစ်ရမယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့နဲ့ ဆက်ဆံရေးကောင်းဖို့ အလွန်အရေး ကြီးသလို အမေရိကန်နဲ့ ဂျပန်လို အဝေးက နိုင်ငံကြီးတွေနဲ့ ဆက်ဆံရေးကောင်း ဖို့လည်း အလားတူ အရေးကြီးတယ်။ ကျွန်တော်တို့ နိုင်ငံရွေးပြီး ဆက်ဆံရေးလုပ်စရာ ဘာအကြောင်းမှမရှိဘူး။ စစ်အေးကာလတုန်းကတောင် မလုပ်ခဲ့တာ အခုချိန် ဒီနိုင်ငံ တွေအ ကုန်လုံး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလွန်နီးကပ်စွာ စီးပွားရေးဆက်ဆံမှု ရှိနေတဲ့အချိန်မှာ ဒီလိုလုပ်စရာ ဘာအကြောင်းမှမရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘာလိုအပ် သလဲဆိုတော့ ပါးနပ်ကျွမ်းကျင်ဖို့ လို တယ်။ နိုင်ငံအမျိုးမျိုး ဘယ်နိုင်ငံက ဘယ်လိုအထောက် အကူပေးနိုင်တယ် ဆိုတာ နားလည်ဖို့လိုတယ်။ ကမ္ဘာ့ဘဏ်လို အာရှဖွံ့ဖြိုးရေးဘဏ်လို အဖွဲ့ အစည်းအမျိုးမျိုးတွေဟာ ဘယ်အဖွဲ့ အစည်းက ဘယ်လိုအထောက်အကူပေး နိုင်တယ်ဆိုတာ နားလည်ဖို့လိုတယ်။ လက်တွေ့အလုပ်ဖြစ်တဲ့ စီးပွားရေး မဟာဗျူဟာ တစ်ရပ် ရှိဖို့လိုပြီး ကျွန်တော် တို့ရဲ့ နိုင်ငံတကာဆက်ဆံရေးတွေကို အနည်းဆုံး တစ်စိတ်တစ်ဒေသအားဖြင့် အဲဒီမဟာဗျူဟာ အပေါ်မှာ အခြေခံဖို့ လိုတယ်။ ကျွန်တော်တို့ကို မြန်နိုင်သမျှ အမြန်ဆုံး ဆင်းရဲမွဲတေမှု လျော့ကျအောင်၊ ဖွံ့ဖြိုးအောင် အကောင်းဆုံး အထောက်အကူရစေမယ့် နည်းလမ်းအားဖြင့် ကျွန်တော်တို့ရဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ကိုင်တွယ်ဖို့လိုတယ်။
* ဆရာတို့မိသားစု မြန်မာနိုင်ငံမှာ အခြေချဖို့ ရှိပါသလား။
ရှိပါတယ်။ ဘယ်တော့ဖြစ်မယ်တော့ မပြောတတ်သေးဘူး။ အခုလည်း ကျွန်တော် တစ်လတစ်လကို လ၀က်လောက်က မြန်မာ နိုင်ငံမှာပါပဲ။
ဒေါက်တာသန့်မြင့်ဦး သည် သမိုင်းပညာရှင် စာရေး ဆရာ တစ်ဦးဖြစ်ပြီး ကိန်း ဘရစ်ဂ်ျတက္ကသိုလ် ထရီနီတီ ကောလိပ်၏ င်္နူသတ တစ်ဦး ဖြစ်ခဲ့ကာ ဟားဗတ်၊ ကိန်း ဘရစ်ဂ်ျ စသည့် ကမ္ဘာကျော် တက္ကသိုလ်များစွာတွင် သင် တန်းများ ပို့ချခဲ့သည်။ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်၏ မြေး ဖြစ်ကာ ကုလငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ် သုံးခုတွင် ပါဝင်ခဲ့ပြီး ကမ္ဘာ့ ကုလသမဂ္ဂ နိုင်ငံရေးဌာန၊ မူဝါဒစီစဉ်ရေးဌာန အကြီးအကဲအဖြစ်လည်း တာဝန်ယူခဲ့သည်။ အမေရိကန်နိုင်ငံတွင် မြန်မာမိဘများက မွေးဖွားခဲ့သည့် ဒေါက်တာသန့်မြင့်ဦးသည် နယူရော့ခ်တိုင်း(မ်)နှင့် တိုင်း(မ်)ကဲ့သို့ ကမ္ဘာကျော် စာစောင်များ တွင် Thant Myint-U အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့ပြီး သူ၏လက်ရာစာအုပ်များတွင် The Making of Modern Burma ၊ The River of Lost Footsteps နှင့် Where China Meets India: Burma and the New Crossroads of Asia စာအုပ်များ ပါဝင်သည်။
'' ငြိမ်းချမ်းရေးဆုတောင်း ''
- ၁၊၊ နိုင်ငံတိုင်းမှာ ကိုယ်ပိုင်ဥပဒေတွေ ရှိတယ်၊၊
- ၂၊၊ လူမျိုးတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ရှိတယ်၊၊
- ၃၊၊ ဘာသာတရားတိုင်းမှာ ကိုယ်ကျင့်သိက္ခာတွေ ရှိတယ်၊၊
- ၄၊၊ ကမ္ဘာကြီးငြိမ်းချမ်းဖို့ ဆိုင်ရာအစိုးရတွေရဲ့  ဆောင်ရွက် ချက် သက်သက်ဖြင့် မလောက်ငနိုင်၊၊
- ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်များ ရဲ့  အခန်းကဏ္ဍလည်း အမှန်တကယ် လိုအပ်နေ၊၊
- ၅၊၊ စစ်မီးလျှံတွေ အမြန်ငြိမ်းပါစေ၊၊
- ၆၊၊ အဓိကရုဏ်းမီးလျှံတွေ ဘယ်သောအခါမှ မပေါ်ပေါက်ပါစေနဲ့၊၊
- လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံ ညီရင်းအစ်ကိုလို ချစ်ခင်ကြင်နာ နိုင်ကြပါစေ၊၊
- ၇၊၊ ကမ္ဘာကြီးထာဝရ ငြိမ်းချမ်းပါစေ၊၊
ဝီရသူ ( မစိုးရိမ် )
၂၇့၁့၂၀၁၂
* ဆရာတော်၏ ခွင့်ပျြချက်ဖြင့် ပြန်လည်ဖေါ်ပြပါသည်၊၊
အထက်ပါ ငြိမ်းချမ်းရေး ဆုတောင်းပိုစတာ ကို မန္တလေးမြို့  မစိုးရိမ်တိုက် ဓမ္မသဟာယ ကျောင်းမှ နိုင်ငံကျော်ဓမ္မကထိက
ဆရာတော် ဦးဝီရသူ မှ ငြိမ်ချမ်းရေး လက်ဆောင် အဖြစ် (မန္တလေး) မူဆလင်များ သို့ ၂၇့  ၁့  ၂၀၁၂ နေ့တွင် EDUZONE ရုံးခန်း တွင်ပြုလုပ်သော ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပေးခဲ့ပါသည်၊၊ဆရာတော် ဘုရား သာသနာ့အကျိုး၊တိုင်းပြည်အကျိုး၊လူသားအကျိုး များကို ဆထက်တန်ဘိုး ထမ်းရွက်နိုင်ပါစေကြောင်းနှင့်မြန်မာ့ငြိမ်းချမ်းရေးမှ သည်ကမ္ဘာ့ ငြိမ်းချမ်းရေး တည်ဆောက်မှု အထိ ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်းကျွန်တော် တို့ မန္တလေးမြို့ မူဆလင် များမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်၊၊
မန္တလေး မြို့ မဟာမုနိဘုရားကြီး၏ (၅၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အစဉ်အလာမပျက် ကျင်းပမည် by Eleven
နှစ်စဉ်ကျင်းပမြဲဖြစ်သောမန္တလေး မြို့ မဟာမုနိဘုရားကြီး၏ (၅၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား အစဉ်အလာမပျက် စည်ကားသိုက် မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီနှစ်မဟာမုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲကို ယခင်နှစ်တွေအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာပါ။ အခုတပိုတွဲဆန်း ၁ ရက်ကနေ ၉ ရက်အထိ အသံမစဲ ပဋ္ဌာန်းရွတ်ပူဇော်ပွဲ စနေပါပြီ။ တပိုတွဲလပြည့်နေ့မှာ သံဃာတော် ၈၅၁ ပါးကို စာရေးတံမဲနဲ့ ဆွမ်း တော်ကြီး လောင်းလှူပြီး တပိုတွဲလပြည့်ကျော် ၈ ရက်နေ့မှာတစ်ခါ ဆွမ်းဆန်စိမ်း လောင်းလှူသွားမှာပါ။ တပို့တွဲလဆန်း ၁၄ ရက်နေ့ ညနေပိုင်းမှာ မဟာမုနိဘုရားကြီးကို လာရောက်ဖူးမြော်တဲ့ ဘုရားဖူးဧည့်သည်တွေကို ရင်ပြင်တော်မှာ ထမနဲစတုဒီသာနဲ့ ဧည့်ခံသွားမှာပါ'' ဟု မဟာမုနိဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မဟာမုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် ဇာတ်အဖွဲ့များအနေဖြင့် တပိုတွဲလဆန်း ၁၂၊ ၁၃ ရက်တွင် ပန်တျာဇော်ဖြိုးဇာတ်အဖွဲ့၊ တပိုတွဲ လဆန်း ၁၄၊ ၁၅ရက်တွင် ပန်တျာ ဝေယံဦးဇာတ်အဖွဲ့နှင့် တပိုတွဲလပြည့်ကျော် ၇၊ ၈ ရက်နေ့တွင် ရွှေတော် ၀င်ဇာတ်အဖွဲ့တို့ဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အတူ တပိုတွဲလဆန်း ၁၄ ရက်နေ့တွင် မဟာမုနိဘုရားကြီးအား ၂၄ နာရီဖူးမြော် ပူဇော်ခွင့်ပြုသွားမည်ဖြစ်ပြီး တပို့တွဲလပြည့်နေ့ နံနက်အာရုဏ်ချိန်တွင် ထမနဲနှင့် နံ့သာမီးပုံးထင်းများ ကပ်လှူပူဇော်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သောမန္တလေး မြို့ မဟာမုနိဘုရားကြီး၏ (၅၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား အစဉ်အလာမပျက် စည်ကားသိုက် မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီနှစ်မဟာမုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲကို ယခင်နှစ်တွေအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာပါ။ အခုတပိုတွဲဆန်း ၁ ရက်ကနေ ၉ ရက်အထိ အသံမစဲ ပဋ္ဌာန်းရွတ်ပူဇော်ပွဲ စနေပါပြီ။ တပိုတွဲလပြည့်နေ့မှာ သံဃာတော် ၈၅၁ ပါးကို စာရေးတံမဲနဲ့ ဆွမ်း တော်ကြီး လောင်းလှူပြီး တပိုတွဲလပြည့်ကျော် ၈ ရက်နေ့မှာတစ်ခါ ဆွမ်းဆန်စိမ်း လောင်းလှူသွားမှာပါ။ တပို့တွဲလဆန်း ၁၄ ရက်နေ့ ညနေပိုင်းမှာ မဟာမုနိဘုရားကြီးကို လာရောက်ဖူးမြော်တဲ့ ဘုရားဖူးဧည့်သည်တွေကို ရင်ပြင်တော်မှာ ထမနဲစတုဒီသာနဲ့ ဧည့်ခံသွားမှာပါ'' ဟု မဟာမုနိဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မဟာမုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် ဇာတ်အဖွဲ့များအနေဖြင့် တပိုတွဲလဆန်း ၁၂၊ ၁၃ ရက်တွင် ပန်တျာဇော်ဖြိုးဇာတ်အဖွဲ့၊ တပိုတွဲ လဆန်း ၁၄၊ ၁၅ရက်တွင် ပန်တျာ ဝေယံဦးဇာတ်အဖွဲ့နှင့် တပိုတွဲလပြည့်ကျော် ၇၊ ၈ ရက်နေ့တွင် ရွှေတော် ၀င်ဇာတ်အဖွဲ့တို့ဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အတူ တပိုတွဲလဆန်း ၁၄ ရက်နေ့တွင် မဟာမုနိဘုရားကြီးအား ၂၄ နာရီဖူးမြော် ပူဇော်ခွင့်ပြုသွားမည်ဖြစ်ပြီး တပို့တွဲလပြည့်နေ့ နံနက်အာရုဏ်ချိန်တွင် ထမနဲနှင့် နံ့သာမီးပုံးထင်းများ ကပ်လှူပူဇော်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။
ပိဋကတ်သုံးပုံကို Android Tablet များတွင်ဖတ်ရှု အသုံးပြုနိုင်
” Android OS စနစ်သုံးTabletတွေမှာလည်းထည့်သွင်းဖတ်ရှုနိုင်အောင်ဆက်ပြီးလုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာAndroid Tabletတွေမှာ လည်း အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့်စမ်းသပ်နေတုန်းဖြစ်ပြီး သံဃာတော်တွေသုံးစွဲတာမျိုးတော့ မရှိသေးပါဘူး”ဟု စိန်ရတနာဓမ္မာစရိယစာသင်တိုက်မှ ဦးထွန်းနိုင်က ပြောကြား ခဲ့သည်။
iPad ပိဋကတ် သုံးပုံတွင်ပါဝင်သောအကြောင်းအရာ များအတိုင်း Android ပိဋကတ်သုံးပုံတွင်ပါဝင်ပြီး တိပိဋကနိကာယ(ပါဠိတော်အဌကထာဋီကာ)၊ပါဠိမြန်မာအဘိဓာန်၊တိပိဋကပါဠိမြန်မာအဘိဓာန်၊ပါဠိတော်နိဿယများ၊အဌကထာနိဿယများ၊ဋီကာနိဿယများ၊ ပိဋကဝတ္ထုလမ်းညွှန်ကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း၊ မဃဒေဝလင်္ကာ သစ်စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
Facebook ကုမ္ပဏီ၏ စတော့ ရှယ်ယာ ပမာဏ ထပ်မံမြှင့်တင် တော့မည်
ယခုနွေဦး ကာလ အတွင်းက ပုဂ္ဂလိကပိုင်မှ အများပိုင် အဖြစ် ရှယ်ယာများ စတင် ရောင်းချ ခဲ့သည့် Facebook ကုမ္ပဏီမှာ ၎င်းတို့၏ ရှယ်ယာ ပမာဏကို မြှင့်တင်မည့် လုပ်ဆောင်ချက် အသစ် တစ်ရပ်ကို လုပ်ဆောင် နိုင်ကြောင်း သိရကာ ယင်းသို့ ပြုလုပ်လိုက် ခြင်းဖြင့် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးများ ဖြစ်သည့် McDonald’s, Amazon.com နှင့် Bank of America တို့နှင့် တန်းတူအဖြစ် ယှဉ်ပြိုင် နိုင်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။ The Wall Street ဂျာနယ်တွင် သောကြာနေ့က ဖော်ပြရာ၌ Facebook တို့အနေဖြင့် ပြည်သူများ ဆီသို့ ရှယ်ယာများ ပိုမိုဖန်တီးပြီး ရောင်းချရန် အတွက် စာရင်း တင်လိုက် ပြီဖြစ်ကြောင်း နှင့်ယင်းပမာဏ မှာဒေါ်လာ ၁၀ ဘီလီယံ အထိရှိနိုင်ပြီး ယခင် ရှိနေသော ဒေါ်လာ ၇၅ ဘီလီယံ မှဒေါ်လာ ဘီလီယံ ၁၀၀ အထိ ရောက်ရှိ သွားမည် ဖြစ်ကြောင်း သိရသည်။ ယခုလို ပြုလုပ်မှုကို Securities and Exchange Commission တွင်ပြုလုပ်ခြင်း ဖြစ်ပြီး အစောဆုံး အနေဖြင့် လာမည့် ဗုဒ္ဒဟူးနေ့ ခန့်တွင် စာရင်း တင်သွင်း နိုင်ကြောင်း ရေးသား ဖော်ပြခဲ့သည်။ ထို့အပြင် လူထုဆီသို့ ပထမဆုံး အဖြစ်လာမည့် သုံးလမှ လေးလခန့် အတွင်း ရှယ်ယာများ စတင် ရောင်းချ နိုင်လိမ့်မည် ဖြစ်ကြောင်းလည်း သိရသည်။ ယခုလို စတော့ ဈေးကွက် ပိုင်ဆိုင်မှု ပမာဏမှာ ကမ္ဘာ့ပေါ်မှ ရှယ်ယာ အများဆုံး ရှိနေသည့် ကုမ္ပဏီ ၂၅ ခုစာရင်းတွင် ဝင်နိုင်ကြောင်း ကိုလည်း သိရသည်။မြန်မာ နိုင်ငံ မှာ ဒီမိုကရေစီ ရေး ကို ရှေးရှု တဲ့ ပြုပြင်ပြောင်းလဲ မှု တွေ ဆက် လုပ် မယ်
မြန်မာ နိုင်ငံ မှာ ဒီမိုကရေစီ ရေး ကို ရှေးရှု တဲ့ ပြုပြင်ပြောင်းလဲ မှု တွေ ဆက် လုပ် မယ် လို့ ဆွစ်
ဇာလန် နိုင်ငံ မှာ ဒါဗိုစ် မြို့  မှာ ကျင်းပ နေတဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ ယခင် ရေတပ် ဦးစီးချုပ် ဒု-
ဗိုလ်ချုပ်ကြီး ဟောင်း ဖြစ်တဲ့ မြန်မာ စက်မှု ၀န်ကြီး ဦးစိုးသိန်း က ကတိပေး ပြောကြား လိုက်ပါတယ်။
မြန်မာ အစိုးရ စက်မှု ၀န်ကြီး ဦးစိုးသန်း ဟာ့ စီးပွားရေး ဖိုရမ် ကို မြန်မာ အစိုးရ အရာ ရှိ တစ်ဦး အနေ
နဲ့  ပထမ ဦးဆုံး သွားရောက် ခဲ့ တဲ့ ကိုယ်စားလှယ် တစ်ဦး ဖြစ်ပါတယ်။
မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒါဗိုစ် မှာကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး
ဖိုရမ် ကို ဗီဒီယို မိန့် ခွန်း ခွေ ပေး ပို့ ထား ပါတယ်။
မြန်မာ နိုင်ငံ အနေနဲ့  အိမ်နီးချင်း နိုင်ငံ တွေ အနောက် နိုင်ငံ တွေ နဲ့  ပါ ဆက် ဆံ ရေး ကောင်းဖို့ 
အတွက် တိုးမြှင့် လုပ် ဆောင် သွား မှာ ဖြစ်ပြီး နိုင်ငံ တွင်း က ဆင်းရဲ မွဲ တေမှု ပပျောက် ရေး နဲ့ 
စီးပွား ရေး ဖွံ့ ဖြိုးတိုးတက် မှု တွေ ကို ဦးစား ပေး ဆောင် ရွက် မယ် လို့  ဆို ပါတယ်။
ဗန်းမော်မြို့နယ်က ရွှေတွင်းများအကြောင်း တစ်စေ့တစ်စောင်း
Hot News Journal — ဗန်းမောက်မြို့နယ်ဆိုတာ ကသာ ခရိုင်အတွင်းမှာတည်ရှိပြီး နေရာအနှံ့အပြား မှာ ရွှေတူးဖော်ရရှိတဲ့အတွက် ရှေးမြန်မာ မင်းများလက်ထက်ကတည်းက ဒေသ ထွက်ရွှေကို ဘုရင်မင်းမြတ်ခန့်အပ်ထား တဲ့ ရွှေမှူးကတစ်ဆင့်ရွှေခွန်ဆက်သခဲ့ရ တဲ့အစဉ်အလာရှိပါသဗျ။ မြို့နယ်အတွင်း မှီတင်းနေထိုင်သူလူဦးရေး (၁) သိန်းကျော် ခန့်ရှိပြီး တောင်သူလုပ်ငန်းအဓိကထား လုပ်ကိုင်ကြပါတယ်။လယ်ယာလုပ်ငန်း အားလပ်ချိန်မှာတော့ တစ်နိုင်တစ်ပိုင် ရွှေကျင်တဲ့လုပ်ငန်းကို ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့ကြတဲ့ ဓလေ့ရှိပါ တယ်။ဗန်းမောက်မြို့နယ်အတွင်းမှာ ရွှေ အထွက်ဆုံးနယ်မြေကတော့ ““မံအင်”” နယ်မြေဖြစ်ပါတယ်။ မံအင်ဆို တာရှမ်း ဘာသာစကားဖြစ်ပြီး “ကြွယ်ဝသာယာ သောမြေ” လို့ အဓိပ္ပာယ်ရပါတယ်။ ဒါ အပြင် မံအင်ကျေးရွာနဲ့ တစ်ဆက်တစ် တည်း တည်ရှိတဲ့ မင်းကုန်းရွာပတ်ဝန်း ကျင်မှာလည်းအရည်အသွေးကောင်းတဲ့ ရွှေများထွက်ရှိတဲ့အတွက် ရှေးဘုရင်များ လက်ထက်ကစလို့ ““ရွှေတော်”” ရွှေမှော် ရယ်လို့ အမည်သညာတွင်ခဲ့ကြောင်းပါ။ ဗန်းမောက်မြို့နယ်မှာ မံအင်၊ မင်းကုန်း၊ ရွှေတော်ဆိုတဲ့ဒေသတွေဟာ နာမည်ကြီး ရွှေ ထွက် ရာဒေ သတွေပေါ့။ဗန်းမောက်မြို့နယ်ဟာ သစ်တော ဧရိယာအများဆုံး ဖုံးလွှမ်းတည်ရှိတဲ့ မြို့ နယ်တစ်ခုဖြစ်ပြီး မြို့နယ်ဧရိယာရဲ့ (၈၈ ရာခိုင်နှုန်း)ဖြစ်တဲ့ (၈၄၄၆၆၈) ဧကဟာ သစ်တောများဖုံးလွှမ်းလျက်ရှိပါတယ်။ ပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ ကျွန်းပင်ကြီးတွေ အများအပြာပေါက် ရောက်ရှင်သန်တဲ့ တောတွေဖြစ်ပါတယ်။ မြန်မာ့အကြီးဆုံး ကျွန်းပင်ကြီးဟာ ဒီ တောကြီးထဲမှာတည်ရှိပါတယ်။
လွန်ခဲ့တဲ့ (၆)နှစ် (၇)နှစ်လောက်က စပြီး ရွှေတူးဖော်တဲ့ကုမ္ပဏီတွေ ဗန်းမောက် မြို့နယ်အတွင်း အလုံးအရင်းနဲ့ ၀င်ရောက် လာပါတယ်။ ကုမ္ပဏီများကို ရွှေတူးဖော် ခွင့်ပြုတဲ့အခါမှာ သစ်တော်စီမံပိုင်ခွင့် မြေ ဧရိယာဖြစ်ရင်သစ်တောရေးရာဝန်ကြီးဌာန နဲ့ သတ္ထုတွင်းဝန်ကြီးဌာနတို့နဲ့ စာချုပ်ချုပ် ဆိုပြီး စည်းကမ်းသတ်မှတ်ချက်များနဲ့ အညီလုပ်ကိုင်ခွင့်ပြုပါတယ်။ သစ်တော စီမံပိုင်ခွင့်ကင်းလွတ်မြေဖြစ်ရင်တော့ သတ္ထုတွင်းဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဆို ပြီးစည်းကမ်းချက်များနဲ့အညီ လုပ်ကိုင် ခွင့်ပြုပါတယ်။ဒီလိုဝန်ကြီးဌာနများနဲ့ စာချုပ်ချုပ် ဆိုခွင့်ပြုချက်ရပြီးရင် (၃) နှစ်လုပ်ကိုင်ခွင့် ချထားပေးပါတယ်။ လုပ်ငန်းရှင်တစ်ဦး လျှင် ဧက (၂၀) လုပ်ကိုင်ခွင့်ပြုပြီး သတ္ထု တွင်းဝန်ကြီးဌာနကို သတ်မှတ်ထားတဲ့ အခွန်ငွေနဲ့ ရွှေကိုပေးသွင်းရပါတယ်။ သစ်တောဧရိယာအတွင်း ကျရောက်လျှင် တော့ သတ္ထုတွင်းဝန်ကြီးဌာနကို ပေးသွင်း ရတဲ့အခွန်ငွေအပြင်မြေငှားရမ်းခတစ်နှစ် လျှင် တစ်ဧကကျပ် (၅၀၀၀)နှုန်းဖြင့် သစ်တောဝန်ကြီးဌာနကို ထပ်မံပေးဆောင် ရပါတယ်။
၁၀၁၀-၂၀၁၁ ခုနှစ်အတွင်းမှာ သစ်တော/ သတ္ထုတွင်း ၀န်ကြီးဌာနများ နှင့် စာချုပ်ချုပ်ဆိုင်ခွင့်ပြုခဲ့သူဦးရေ (၂၇) ဦး၊ လုပ်ကွက် (၇၇) ကွက်နဲ့ ခွင့်ပြုဧရိယာ ဧက (၁၅၄၀) ဧကရှိပါတယ်။ သစ်တော ကင်းလွတ်နယ်မြေများမှာ သတ္ထုတွင်းဝန် ကြီးဌာနနဲ့ စာချုပ်ချုပ်ဆိုခွင့်ပြုသူဦးရေ (၃၂) ဦး၊ လုပ်ကွက် (၈၅)ကွက်၊ ခွင့်ပြု ဧရိယာဧက (၁၇၀၀) ရှိပါတယ်။ တစ်ခါ စစ်ကိုင်းတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်း ခွင့်ပြုချက်နဲ့ဆိုပြီး လက်လုပ် လက်စားရွှေတူးဖော်ခွင့် (၂၇၈) ဦး၊ လုပ် ကွက်ပေါင်း (၁၅၂) ကွက်၊ ဧရိယာဧက (၇၆) ဧကရှိကြောင်း၊ လက်လုပ်လက်စား တစ်ဦးကို ဧက၀က် (၀.၅) ဧကခွင့်ပြုခဲ့ ကြောင်း လေ့လာသိရှိရပါတယ်ခင်ဗျ။ ဒါကတော့ ဗန်းမောက်မြို့နယ်အတွင်း ရွှေလုပ်ကိုင်နေမှုများကို ထင်သာမြင်သာ ရှိအောင် ဖော်ပြခြင်းဖြစ်ပါတယ်။
ကဲ ကောင်းပြီ။ ရွှေကုမ္ပဏီတွေဟာ ရွှေတူးဖော်ခွင့်ရပြီဆိုတော့ ဘယ်လိုနည်း စနစ်နဲ့ တူးေးဖ်ာကြသလဲ။ ရွှေကုမ္ပဏီ အများစု အသုံးပြုတဲ့နည်းစနစ်က ကျင်း ဗြဲစနစ် (ဟင်းလင်းပွင့်စနစ်) ဖြစ်ပါတယ်။ ဒီစနစ်မှာ အရင်ဦးဆုံးမိမိလုပ်ကိုင်ခွင့်ရရှိ တဲ့ ရွှေလုပ်ကွက်အတွင်းရှိ သစ်ပင်မှန် သမျှကို ဒိုဇာလို့ခေါ်တဲ့ ယန္တရားကြီးနဲ့ မြေညှိပစ်ရပါတယ်။ အပေါ်ယံမြေသား ကို အပြောင်ရှင်းပြီးရင် ဘက်ဟိုးလို့ခေါ် တဲ့ ယန္တရားကြီးနဲ့ ရွှေကြောတွေ့တဲ့အထိ ပေ (၅၀) ခန့် အနက်ရောက်မြေကြီးကို တူးလှန်ပစ်ရပါတယ်ခင်ဗျ။ ရွှေကြောရောက် တဲ့အခါ ချောင်းရေကို အင်ဂျင်စက်နဲ့ စုပ် ယူပြီး ရွှေပါတဲ့မြေကြီးကို ထိုးပက်ပါတယ်။ မြေကြီးနဲ့ ရေပေါင်းစပ်သွားတဲ့ ပျော်ဝင် ရည်များကို ဗြုန်းစင်ကြီးပေါ်ရောက်အောင် စက်အားနဲ့ တွန်းပို့ပြီး အမြင့်မှအနိမ့်သို့ စီးဆင်းစေတဲ့အခါ ရွှေမှုန်များဟာ မျော ဖတ်မှာ ကပ်ကျန်ခဲ့ပါတော့တယ်။ ရွှေ လုပ်ကွက်တစ်ခု ရာသီကုန်လုပ်ငန်းသိမ်း ပြီးဆိုရင် အကျယ်စတုရန်းပေ (၁၀၀၀၀) ခန့်၊ အနက်ပေ (၅၀) ခန့်ရှိတဲ့ ကျင်းချိုင့် ကြီးတွေ ကျန်ရစ်ခဲ့ပါတယ်။
ရွှေကုမ္ပဏီတွေအသုံးပြုတဲ့ နောက် နည်းစနစ်တစ်ခုက ကျင်းလုံးစနစ်ဖြစ်ပါ တယ်။ ဒီစနစ်က သစ်တောထိခိုက်မှုမရှိ ပါဘူး။ (၄) ပေပတ်လည်အကျယ်ရှိတဲ့ ကျင်းကို မြေအောက်ရွှေကြောရောက် တဲ့အထိ တည့်တည့်မတ်မတ် (ရေတွင်း တူးသလို) တူးဖော်ခြင်းဖြစ်ပါတယ်။ မြေ အောက်ရွှေကြောရောက်တဲ့အခါ ရွှေ ကြောအနေအထားကိုလိုက်ပြီး လိုဏ်ခေါင်း များထပ်မံတူးဖော်လုပ်သွားပါတယ်။ ဒေသ ခေါ်ကတော့ (ခေါင်း) တယ်လို့ ခေါ်ပါ သဗျ။ ရွှေပါတဲ့မြေကြီးကို အပေါ်ရောက် အောင်စက်သီးကြိုးနဲ့ဆွဲတင်ပြီး ဗြုန်းကြိတ် စက်နဲ့ အမှုန့်ကြိတ်ရပါတယ်။ ရရှိတဲ့ မြေ မှုန့်ကျောက်မှုန့်များကို ရေ၊ ဆိုင်ယာနှိုက်၊ ထုံး၊ အမိုးနီးယားပြဒါးစတဲ့ ဓာတုဗေဒ ပစ္စည်းတွေနဲ့ ရောစပ်ပြီး ချက်ကန်အတွင်း သိုလှောင်ထားရပါတယ်။ အချိန်တန်တဲ့ အခါ ချက်ကန်ကနေ ရွှေမှုန်ပျော်ဝင်ရည် ရရှိပါတယ်။ ကာဗွန်ကိုအသုံးပြုပြီး ပျော် ၀င်ရည်ထဲက ရွှေကိုခွဲထုတ်ယူပါတယ်။ ကျင်းလုံးစနစ်မှာ သစ်တောထိခိုက်မှုမရှိ ပေမဲ့ ဓာတုပစ္စည်းများနဲ့ မြေကြီးကိုပေါင်း စပ်ကိုင်ရတဲ့အတွက် ရွှေထုတ်ယူပြီးတဲ့စွန့် ပစ်မြေကြီးတွေမှာ ဓာတုပစ္စည်းတွေ အမြောက်အမြားကျန်ခဲ့သလိုချောင်းမြောင်း အတွင်း ဓာတုအစည်အကြေးတွေရောက် ရှိပြီး ရေထုညစ်ညမ်း မှုဖြစ်စေတဲ့နည်း စနစ် ဖြစ်ပါတယ်။ ရွှေနဲ့ ရေဆိုတာ ခွဲခြားလို့မှ မရတာဗျာ။ ဘယ်လိုနည်းစနစ်နဲ့ပဲ ရွှေတူး သည်ဖြစ်စေရေဆိုတာပါမှ ရွှေထုတ်လို့ ရတာချည်းပဲလေ။ နောက်နည်းစနစ်တစ် ခုက ချောင်းတွေမြောင်းတွေရဲ့ ရေတိမ် တဲ့နေရာတွေမှာ (၁၀) ပေ အထက်မြင့် တဲ့ ဗြုန်းစင်ကြီးတွေဆောက်ပါတယ်။
ပြီး ရင် ချောင်းအတွင်းက သဲတွေမြေကြီးတွေ ကို စက်အားနဲ့ စုပ်ယူပြီးဗြုန်းစင်ပေါ်က နေအမြင့်ကအနိမ့်ကို စီးဆင်းစေခြင်းဖြစ် ပါတယ်။ ရွှေမှုန်တွေကတော့ ရေစီးဆင်း ရာ လမ်းတစ်လျှောက်မှာ ခံထားတဲ့မျော ဖတ်မှာ ကပ်ကျန်ခဲ့တာပေါ့။ ဒီနည်းစနစ် က ချောင်းမြောင်းတွေရဲ့ ရေစီးရေလာ ကို ပျက်စီးစေပြီးသဲနှုန်းပို့ချမှုဖြစ်စေတယ်။ ချောင်းကြမ်းပြင်တွေ မြင့်တက်သွားတယ်။ စွန့်ပစ်လိုက်တဲ့သဲတွေ ကျောက်စရစ်တွေ နှုန်းတွေကြောင့် အပင်တွေသေကုန်တယ်။ ပတ်ဝန်းကျင်ထိခိုက်တယ်။ ရေတွေနောက် ကျိ ညစ်ညမ်းသွားတယ်ဗျာ။
ရွှေထုတ်လုပ်သူတွေနဲ့ သစ်တောဝန် ကြီးဌာနတို့ စာချုပ်ချုပ်ဆိုကြတဲ့အခါ သတ္ထုတူးဖော်ခြင်းကြောင့်ကျင်း၊ ချိုင့်များ ဖြစ်ပေါ်လာပါက ၎င်းနေရာတွင် ပြန်လည် မြေဖို့ပေးရမည်လို့ စည်းကမ်းသတ်မှတ် ထားပေမယ့် ကုမ္ပဏီအနည်းစုကသာ ဖြေဖို့ပေးခြင်းရှိပြီး အများစုကတော့ လုပ်ငန်းသိမ်းရင် ဒီအတိုင်းထွက်သွားကြ တာ များပါတယ်။ နောက်တစ်ချက်က သတ္ထုတူးဖော်ခွင့်ပြုထားသည့် ဧရိယာ အတွင်း၌ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ၊ သစ် ပင်ခုတ်လှဲခြင်းမပြုရ၊ ခုတ်လှဲရန်လိုအပ်ပါ က သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ကို ကြိုတင်ရယူရမည်။
ခုတ်လှဲပြီးသည့်နေရာ တွင် သစ်တောစိုက်ခင်းများ ပြန်လည် တည်ထောင်ပေးရမည် (သို့မဟုတ်) စိုက် ခင်းတည်ထောင်စရိတ်ကျခံပေးရမည်လို့ စည်းကမ်းသတ်မှတ်ထားပါတယ်။ အထက် မှာ ဖော်ပြခဲ့သလို ကျင်းဗြဲစနစ် (ဟင်း လင်းပွင့်စနစ်)နဲ့ ရွှေတူးတဲ့အခါအပေါ်ယံ မြေသားကို အပြောင်ရှင်းပစ်ရတဲ့အတွက် ရေလုပ်ကွက်အတွင်းရှိသမျှ အပင်ကြီး အပင်ငယ်အကုန်ဖယ်ရှားသုတ်သင်ခြင်း ခံလိုက်ရပါတယ်။
နှစ် (၁၀၀) ကျော်သက် တမ်းရှိတဲ့ သဘာဝသစ်တောကြီးတွေ တစ်ခါတည်းမျိုးကန်းသွားတာပေါ့ဗျာ။ ရွှေကုမ္ပဏီအချို့ဟာ ဒီလိုသစ်ပင်ခုတ်လဲ မှုတွေကို ခွင့်ပြုချက်ရယူခြင်းလည်းမရှိ၊ ဖြစ်ပေါ်လာတဲ့ကျင်းချိုင့်တွေကို ပြန်လည် မြေဖို့ခြင်း၊ သစ်တောစိုက်ခင်းပြန်လည် တည်ထောင်ပေးခြင်း၊ စိုက်ခင်းတည် ထောင်စရိတ်ပေးသွင်ခြင်းပေးသွင်းခြင်း လည်းမရှိကြောင်း လေ့လာသိရှိရပါတယ်။ စာချုပ်မှာပါတဲ့ နောက်စည်းကမ်းချက် တစ်ခုက ရွှေတူးဖော်မှုကြောင့် ထိခိုက် ပျက်စီးသည့်အပင်များအတွက် သစ်တော ဦးစီးဌာနက သတ်မှတ်သည့် လျော်ကြေး ငွေပေးသွင်း ရမှာဖြစ်ပါတယ်။ ရွှေလုပ်ကွက် အတွင်း အပြောင်ရှင်းလိုက်လို့ ပျက်စီးပြုန်း တီးသွားတဲ့သစ်ပင်တွေအတွက်လျော်ကြေး ငွေပေးတဲ့ ကုမ္ပဏီဆိုတာ မရှိသလောက် ပါဘဲ။
အခုဆိုရင် ဗန်းမောက်မြို့နယ်အတွင်း ရှိ မဲဇာချောင်း၊ ချောင်းကြီးချောင်းတွေမှာ ငါးမျိုးတုံးသလောက်ဖြစ်သွားပြီ။ ချောင်း ကြီးချောင်းဆိုတာဟာ ဟိုတုန်းက ရာသီ မရွှေးစက်လှေနဲ့သွားလို့ရတဲ့ချောင်းဖြစ်ပါ တယ်။ အခုတော့ ရွှေလုပ်ငန်းတွေက သဲ နှုန်းပို့ချမှုများ သို့ ဆောင်းနဲ့ နွေမှာ ချောင်း ကောသလောက်ဖြစ်သွားပြီ။ ရွှေလုပ်ကွက် အနီးရှိချောင်းမြောင်းတွေအားလုံး ရေစီး ရေလာပျက်စီးယိုယွင်းပြီး ကြည်လင်သန့် ရှင်းမှုမရှိ နောက်ကျိုညစ်ညမ်းကုန်ပြီ။ လူ သူကျွဲနွားတိရစ္ဆာန်တွေ ချောင်းရေမသောက် နိုင်ကြတော့ဘူး။ ရေက နောက်ကျိရုံတင် မက ဓာတုစွန့်ပစ်ပစ္စည်းတွေ ပျော်ဝင်နေ တယ်လေ။
ဗန်းမောက်မြို့နယ်အတွင်းက အဖိုး တန်ကျွန်းပင်ကြီးတွေ ပေါက်ရောက်ရှင် သန်ရာ သဘာဝတောတွေထဲမှာ စီးပွား ဖြစ်ရွှေတူးဖော်ထုတ်လုပ် မှုများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းခြင်း၊ မြေဆီလွှာ ပျက်စီးခြင်း၊ မြေထု၊ ရေထု၊ လေထုညစ်ညမ်းခြင်းများအပြင် အဆိုးဝါး ဆုံး ညစ်ညမ်းမှုကတော့ အကျင့်စာရိတ္တ ညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်းပါခင်ဗျာ။
သိကြတဲ့အတိုင်း ရွှေမှော်ဆိုတာ နေရာဒေသကအလွှာစုံ၊ စရိုက်စုံလူပေါင်း များစွာ စုဝေးရောက်ရှိလာတာမို့ မူးယစ် ဆေးဝါး၊ စိတ်ကြွဆေးပြား၊ အရက်၊ ဖဲ၊ လောင်းကစား၊ ပြည့်တန်ဆာလုပ်ငန်းတွေ လည်း ပေါ်ထွန်းလာစမြဲပဲလေ။ လူပေါင်း များစွာ နေထိုင်ဖို့ သစ်တောတွေကို ခုတ် ပြီးတဲတွေဆောက်ကြ၊ ဈေးဆိုင်တန်းတွေ ဆောက်ကြ၊ ယန္တရားကြီးတွေ၊ ရုံးတွေ အတွက် သစ်ပင်တွေ ခုတ်လှဲပြီး အဆောက် အဦးတွေဆောက်ကြ၊ အို ရှုပ်ယှက်ကို ခတ်လို့ပေါ့ဗျာ။
ရွှေတူးဖော်ခွင့်ချပေးလို့ရရှိတဲ့အခွန် အခနဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ သဘာဝပတ် ၀န်းကျင်ပြုန်းတီးပျောက်ကွယ်သွားတဲ့ သစ်တောဧရိယာတွေ၊ ဖြစ်ပေါ်လာတဲ့ ရေထု၊ မြေထုညစ်ညမ်းမှု၊ ချောင်းမြောင်း တွေ ရေစီးရေလာပျက်စီးမှု၊ လူတွေရဲ့ အကျင့်စာရိတ္တပျက်ယွင်းမှုတွေ အချိုးညီ ပါရဲ့လားဗျာ။
သက်ဆိုင်ရာ သစ်တောရေးရာဝန် ကြီးဌာနဲ့ သတ္ထုတွင်းဝန်ကြီးဌာနတို့အနေ နဲ့ သဘာဝပတ်ဝန်းကျင်ယိုယွင်းထိခိုက်မှု မရှိစေရေး၊ ယိုယွင်းထိခိုက်မှုရှိပါက ပြန် လည်ဖြည့်ဆည်းလုပ်ကိုင်ပေးနိုင်ရေးအတွက် လိုအပ်တဲ့စည်းကမ်းချက်များစနစ်တကျ သတ်မှတ်ပေးထားပေမယ့် စည်းကမ်းသတ် မှတ်ချက်အတိုင်း လိုက်နာမှုမရှိတဲ့ ရွှေ ကုမ္ပဏီကြီးတွေကို ဘယ်လိုကြီးကြပ်ထိန်း သိမ်းကွပ်ကဲကြမလဲ။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ရွှေကုမ္ပဏီကြီးတွေဆိုတာ သာမည မှမဟုတ်တာ။ ပတ်သက်ရာပတ်သက် ကြောင်းတွေက ရှိနေတတ်တယ်လေ။ ဒီတော့ကာမြို့နယ်အဆင့်ဝန်ထမ်းငယ် တွေအနေနဲ့ မပြောရဲမဆိုရဲတဲ့ အနေအထား မျိုးလည်း ရှိတတ်တာဘဲ။ သတ္ထုတွင်းဝန် ကြီးဌာန၊ သစ်တောရေးရာဝန်ကြီးဌာနတို့ က ရွှေလုပ်ငန်းရှင်တွေစာချုပ်ပါစည်းကမ်း ချက်များအတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက်ရေး ထိန်းသိမ်းကြီးကြပ်ကွပ်ကဲ ဖို့အတွက် ထိရောက်တဲ့စည်းကမ်းထိန်း သိမ်းရေးအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းဆောင်ရွက် သင့်ပြီဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသစ်တောစိုက်ခင်းများ တည်ထောင်ရေးလုပ်ငန်းများကို ထိထိ ရောက်ရောက်ဆောင်ရွက်သင့်ပြီဖြစ်ပါ ကြောင်း အကြံပြုနှိုးဆော်လိုက်ရပါတယ် ခင်ဗျား။
ကမ်းနဖူးကစမ်းဦး (ကသာ)
“သာသနာမှာ အလိမ်အညာမရှိစေရ” အပိုင်း (၁)
ဘုရားလောင်း လှည်းကုန်သည်မှူးဘ၀တုန်းကဖြစ်သည်။ ဘုရားလောင်းသည် နောက်လိုက် နောက်ပါလှည်းကုန်သည်ငါးရာတို့နှင့်အတူ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းအလို့ငှာ ခရီးထွက်ခဲ့လေသည်။ကန္တာရခရီးသို့ရောက်သောအခါ လမ်းမှားခြင်းကြောင့် ခရီးမတွင်မူ၍ အစာရေ ရိက္ခာများပြတ်လပ် သွားကြလေသည်။ ဤသို့လှည့်လည်သွားလာကြစဉ် ပညောင်ပင်ကြီးတစ်ပင်ကို တွေ့၍ လှည်းကို ချွတ်ကာ ထိုညောင်ပင်ကြီးအောက်၍ အနားယူကြလေသည်။
ဘုရားလောင်းတို့ နားခိုရာ ပညောင်ပင်ကြိး၏အရွက်တို့သည် စိမ်းညို့ပြေပြစ်နေသည်ကို လည်းကောင်း၊ အခက်တို့သည် ရေဖြင့်ပြည့်နေသည်ကိုလည်းကောင်း တွေ့မြင်ကြရလေသည်။
ဣစ္ဆာသယ လိုတရ ပညောင်ပင်
ထိုအခါ ကုန်သည်တစ်ယောက်သည် ညောင်ပင်ပေါ်တက်၍ အရှေ့ဘက်ညောင်ကိုင်းကို ခုတ်ဖြတ် ကြည့်မိချေသည်။ ထိုကုန်သည် ခုတ်ဖြတ်ရာ ညောင်ကိုင်းဝမှ ရေများထွက်ကျလာသေည်။ ရေများသည် ညောင်ကိုင်းမှ တစ်စက်ချင်း၊ နှစ်စက်ခြင်းစိမ့်ကျခြင်းမျိုးမဟုတ်ဘဲ ရေစက်ဖြင့်စုပ်ထုတ်ခြင်းကြောင့် ရေပိုက်မှထွက်လာသကဲ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ဒလဟောထွက်ကျလာခြင်းဖြစ်၏။ ညောင်ကိုင်းမှ ရေများပန်းထွက်သည်မှာ ထန်းတစ်ရပ်စာမျှ မြင့်လေသည်။
ကုန်သည်တို့သည် ထိုရေများကို အငတ်ပြေအဖြစ် သောက်လည်းသောက်ကြ၏။ အမောပြေအဖြစ် ချိုးလည်းချိုးကြလေ၏။
ထို့နောက် တောင်ဘက်ညောင်ကိုင်းကို ခုတ်ဖြတ်ကြပြန်လေ၏။ ထိုအခါ ထိုညောင်ကိုင်းမှ အနံ့အရသာနှင့် ပြည့်စုံသော နတ်သုဒ္ဓါ နတ်အစားအစာများ ထွက်ကျလာလေ၏။ ကုန်သည်များသည် ထိုအစားအစာများကို ငတ်ငတ်ပြတ်ပြတ်နှင့် သူ့ထက်ငါ အလုအယက် ခပ်ယူစားသုံးကြလေသည်။
ထို့နောက် အနောက်ဘက် ညောင်ကိုင်းကို ခုတ်ဖြတ်ကြပြန်လေ၏။ ထိုအခါ ထိုညောင်ကိုင်းမှ အ၀တ်အစားလှပတင့်တယ်စွာ ၀တ်ဆင်ထားသော နတ်မိမယ်လေးများထွက်ကျလာ၏။ ကုန်သည်များ သည် ထိုနတ်မိမယ်လေးများနှင့် မွေ့လျော်ပျော်ပါးကြကုန်လေသည်။
ထို့နောက် မြောက်ဘက်ညောင်ကိုင်းကို ခုတ်ဖြတ်ကြပြန်လေ၏။ ထိုအခါ ထိုညောင်ကိုင်းမှ ရတနာခုနစ်ပါးတို့ ထွက်ကြလာကြကုန်၏။ ကုန်သည်များသည် ထိုရတနာများကို ကိုယ်စီကိုယ်ငှ လှည်းများပြည့်အောင် ကျုံးယူတင်ဆောင်ထားကြလေသည်။
“အရိပ်ခို အခက်ချိုး မိစ္ဆာမျိုးကုန်သည်”
ထိုသို့ ညောင်ကိုင်းခုတ်တိုင်း ထူးခြားဆန်းပြားသော စည်းစိမ်ဥစ္စာရတနာများ ထွက်ကျလာသည့် အခါ ကုန်သည်များသည် လောဘတက်၍ လာလေတော့၏။ “သစ်ကိုင်းခုတ်ရုံမျှဖြင့် ဤကဲ့သို့သော ရတနာ များ ထွက်ပေါ်လာသေး၏။ အမြစ်ကို တူးဖြတ်လျှင်မူကား သည်ထက် တန်ဖိုးကြီးသည့် ဥစ္စာရတနာများ ထွက်ပေါ်လာပေလိမ့်ဦးမည်” ဟု ကြံစည်ကာ ညောင်မြစ်တူးဖို့ အားထုတ်ကြလေသည်။
ထိုအခါ ဘုရားလောင်း လှည်းကုန်သည်မှူးသည် ထိုကုန်သည်များထံသို့ သွား၍ လက်အုပ်ချီကာ ဤသို့တောင်းပန်လေသည်။
“ဤပညောင်ပင်ကြီးသည် သင်တို့အား အဘယ်သို့ ပြစ်မှားလေသနည်း။”
“အရှေ့ကိုင်းက ရေကိုပေး၏။ တောင်ကိုင်းက ထမင်းအဖျော်ကို ပေး၏။ အနောက်ကိုင်းက မိန်းမပျို ကို ပေး၏။ မြောက်ကိုင်းက အလုံးစုံသော အလိုရှိအပ်သော ရတနာခုနစ်ပါးကိုပေး၏”
“အကြင်သစ်ပင်၏ အရပ်၍နေခဲ့ဖူး၊ အိပ်ခဲ့ဖူးအံ့။ ထိုသစ်ပင်၏ အခက်ကို မချိုးရာ”
အရိပ်နေလျက် အခက်ချိုးသောသူသည် ယုတ်မာသောသူ မည်၏။ အဆွေခင်ပွန်းကို ပြစ်မှားတတ် သူ မည်၏”
လှည်းကုန်သည်မှူးက မည်သို့ပင် ဆုံးမတားမြစ်စေကာမူ ကုန်သည်အားလုံးက လောဘတက်နေ သောကြောင့် လှည်းကုန်သည်မှူး၏ စကားကို မနာယူကြတော့ပေ။ နောက်ဆုံးတွင် လှည်းကုန်သည်မှူး လည်း တစ်ယောက်နှင့်အများဖြစ်နေသောကြောင့် အားမတန်၍ မာန်လျော့လိုက်ရလေတော့၏။
လောဘကို အတောမသတ်နိုင်သော ကုန်သည်များလည်း တန်ဖိုးမဖြတ်နိုင်သော ရတနာများ ရလိုဇောဖြင့် ပုဆိန်၊ ဓါးမစသော လက်နက်များယူဆောင်ကာ ညောင်မြစ်ဖြတ်ရန် အားထုတ်ကြလေတော့ ၏။
“စမတ်ပါဝါနှင့်နတ်နဂါး”
ဤညောင်ပင်ကြီးသည် နတ်နဂါးတို့ စောင့်ရှောက်နေထိုင်ရာ ပညောင်ပင်ကြီးဖြစ်လေသည်။ ကျေးဇူး မသိတတ်သော ကုန်သည်များအပေါ် နတ်နဂါးတို့သည် များစွာ အမျက်ထွက်လေတော့၏။ ထို့ ကြောင့် လှည်းမှူးကို ချန်လှပ်၍ ကြမ်းကြုတ်ယုတ်မာသော ကုန်သည်များကို တစ်ယောက်မကျန် သတ်ဖြတ် ရန် နဂါးမင်းသည် နတ်စစ်သည်များကို စေလွှတ်လိုက်လေတော့၏။
ကျေးဇူးရှင်ကိုပြစ်မှားစော်ကားသော ကုန်သည်ငါးရာလည်း ချက်ချင်းလက်ငင်း ဖွဲထင်းဘ၀၊ ပြာမှုန့် ဘ၀သို့ရောက်ရှိသွားလေတော့၏။
ထို့နောက် ရတနာများအပြည့်တင်ဆောင်ထားသော လှည်းငါးရာကို နတ်နဂါးများကိုယ်တိုင် က၍ လှည်းမှူးအိမ်သိုက အရောက်လိုက်ပို့လိုက်ကြလေသည်။
ဤသို့ဖြင့် ကျေးဇူးသိတတ်သော လှည်းမှူးသည် မိမ်အိမ်သို့လည်း အလွယ်တကူပြန်ရောက်၍ နောက်လိုက်ကုန်သည်ငါးရာတို့၏ ရတနာများကိုပါ ရရှိခဲ့ပေသည်။
“မဃဒေ၀ဆုံးမစာ”
ကျေးဇူးမသိတတ်သော ကုန်သည်ငါးရာကို ရည်ရွယ်၍ မန်လည်ဆရာတော်ကြီးက ဤသို့ ဆုံးမ ထားလေသည်။
မိစ္ဆာကျင့်ဆိုး၊ လူမိုက်မျိုးကား၊ ကိုးလေတိုးလေး၊
အိုတစ္ဆေဟု၊ ဆိုထွေပမာ၊ သဲကန္တာတွင်၊ အစာအစား၊
နေရာများနှင့်၊ ခုနစ်ပါးရတနာ၊ ပေးတတ်စွာသည့်၊
မဟာနိဂြောဓ၊ ပင်ရုက္ခကို၊ မြစ်မ မကျန်၊
တူးလှန်ခုတ်ဖြတ်၊ ပြုတုံ့လပ်၍၊ ရေနတ်နဂါး၊
ပေါက်သတ်စားသည့်၊ လှည်းသားငါးရာ၊ (မဃ။ ၁၉၇။)
(ပမာတူစွာ၊ သာသနာ၌၊ မဟာစောရ၊ ရှင်ဓါးပြတို့၊
ပစ္စယလေးလီ၊ ခိုမှီသုံးစား၊ အားမရဘဲ၊ ထေရ၀ါဒ၊
မြတ်ဓမ္မကို၊ မုချကြံစည်၊ ပျက်စိမ့်ရည်လျက်၊ ဖျက်ဆီးလတ်က၊
မလှမျက်နှာ၊ ရှက်ရစွာနှင့်၊ ခန္ဓာကိုယ်တုံး၊ အသက်ဆုံးလိမ့်) (စာရေးသူ)
“သာသနာ့အေးရိပ်”
ကျွန်ုပ်တို့၏ ယခုလက်ရှိ မျက်မှောက်သာသနာသည် ဤဇာတ်တော်လာ ပညောင်ပင်ကြီးနှင့်တူ၏။ ဤပညောင်ပင်ကြီးသည် သူ၏ အရိပ်ကို ခိုလှုံသူတို့အား အစားအစာများ၊ အ၀တ်အစားများ၊ အသုံးအ ဆောင်များ၊ ရွှေငွေဥစ္စာရတနာများ ပေးစွမ်းနိုင်သလို ကျွန်ုပ်တို့ ဖဘုရားရှင်၏ သာသနာတော်ကြီးကလည်း သာသနာတွင်းသို့ ၀င်ရောက်လာသော ရဟန်းရှင်လူ သူတော်စဉ်အပေါင်းအား ဆွမ်း, သင်္ကန်း၊ ကျောင်း၊ ဆေးတည်းဟူသော ပစ္စည်းလေးပါးကို ပေးစွမ်းနိုင်ပေသည်။
ရဟန်းသံဃာတို့သည် သာသနာ့အေးရိပ်ကို ခိုလှုံ၍ မိမိတို့၏ ဘုန်းကံအားလျော်စွာ ကမ္မဌာန်း ကျောင်းငယ်လေးများမှစ၍ မိုးထိမြင့်မား တိုက်ကြီးများအထိ ဆောက်လုပ်၍ သီတင်းသုံးနေထိုင်နိုင်ပေ သည်။ တတ်နိုင်လျှင် ရွှေသားအတိပြီးသော ရွှေကျောင်းကြီးနှင့် နေလိုကလည်း နေထိုင်ခွင့်ပြုထားပေ သည်။
မြတ်စွာဘုရား ချမှတ်ထားသော ဂန္တဓုရ၊ ၀ိပဿနာဓုရတည်းဟူသော ပရိယတ္တိ၊ ပဋိပတ္တိ လုပ်ငန်းများကို သင်ယူကျင့်ကြံအားထုတ်ဖို့ရာမှာမူ မိမိတို့၏ သဘောများသာ ဖြစ်ပေသည်။
ထို့ကြောင့် ရဟန်းသံဃာတို့သည် ပရိယတ္တိသင်ယူလိုက သင်္ကန်းခြုံ၍ အိပ်နေရုံသာရှိပေသည်။ ထို့အတူ ပဋိပတ္တိအားထုတ်လိုက အားထုတ်၍ အားမထုတ်လိုက ကာမဘောဂီအဖြစ် ခေတ်မီအသုံးအ ဆောင်များဖြင့် ဇိမ်ယဇ်၍နေလိုက်ရုံသာရှိပေသည်။
သာသနာအပေါ်၌ တာဝန်ကျေပွန်မှု မကျေမှုမှ ၎င်းတို့နှင့်သာသက်ဆိုင်၍ သာသနာကို တိုက်ရိုက်ဖျက်ဆီးရာမရောက်သောကြောင့် သာသနာတော်ကို မထိခိုက်နိုင်ပေ။ သီလဖြူစင်ခြင်း၊ ပျက်စီးခြင်း၊ တရားထူးရခြင်း မရခြင်းတို့သည် ၎င်းတို့နှင့်သာသက်ဆိုင်သောကြောင့် အပါယ်မကြောက် သော ၎င်းတို့ကို သဗ္ဗေသတ္တာ ကမ္မဿကာ ကိုယ့်ထိုက်နှင့်ကိုယ့်ကံဟူ၍သာ သဘောထားရုံရှိပေသည်။
မန္တလေးက အာဇာနည်(၁၇)ဦး ဗိမာန်၏ သမိုင်းအစဉ်အလာ ပြန်လည်ဖော်ထုတ်သင့်ပြီ
မန္တလေးမြို့က အာဇာနည်(၁၇)ဦး ဗိမာန်ဟာ မဆလလက်ထက်မှာရော စစ်အစိုးရလက်ထက်မှာပါ လစ်လျူရှုခြင်းခံခဲ့ရပါတယ်။ မန္တလေးက ရဟန်းရှင်လူတွေရဲ့ အမျိုးသားရေး၊နိုင်ငံရေးနိုးကြားမှုအစဉ်အလာကို ကွယ်ပျောက်သွားအောင် လုပ်တဲ့သဘောပါပဲ။
အဲဒီဗိမာန်ကို နှစ်ပေါင်းများစွာ ပစ်ထားခဲ့တဲ့အတွက်
မြက်ပင် ခြုံပင်တွေကြားမှာ လူမသိသူမသိတဲ့ အဖြစ်ကို ကြုံခဲ့တာ သမိုင်း အတွက် မကောင်းပါဘူး။ ဇာတိမာန် တက်ကြွစေမယ့် သမိုင်းကို ကွယ်ပျောက် အောင်လုပ်တဲ့ လူတွေကို ဘယ်သူမှ မတော်လှန်ရဲခဲ့ပေမယ့် ဒီခေတ်ဒီအခါမှာတော့ ပြန်လည်ဖော်ထုတ်သင့်ပြီဖြစ်ပါတယ်။
မနက်ဖြန်မှာ ချမ်းမြသုခလူမှုရေးအဖွဲ့က မန္တလေးက လူမှုရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး အာဇာနည်(၁၇)ဦး ဗိမာန်ကို ပြန်လည် ဖော်ထုတ်ဖို့ ညှိုနှိုင်းတိုင်ပင်ကြမယ်လို့ ဆိုပါတယ်။
ဒါဟာ မန္တလေးသူ မန္တလေးသားတိုင်း ပါဝင်ရမယ့် ဖော်ထုတ်မှုပါ။ အားလုံး ပါဝင်ကြဖို့ နှိုးဆော်လိုက်ပါတယ်ဗျာ။
ရွှေနှင့်ကျန်းမာရေး
ကာရတ်ဆိုတဲ့စကားလုံးကတော့ ရွှေစစ် ၂၄ ကာရက် စသဖြင့် ရွှေပါဝင်မှု ရာခိုင်နှုန်း ပမာဏကို ညွှန်း ဆိုသော ဝေါဟာရဖြစ်ပါတယ် ။ ရွှေရဲ့ ဒြပ်ပေါင်းကတော့ auric chloride (AuCl3) နဲ့ chlorauric acid (HAuCl4) တို့ဖြစ်ကြပါတယ် ။
ရွှေနှင့်ပတ်ဝန်းကျင်
ရွှေဟာ တစ်ကမ္ဘာလုံးမှာ background level မှာဆိုရင်တော့ 0.03 g/1000 kg (0.03 ppm by weight) လောက် ထိ ဖြန့်ကျက် တည်ရှိနေပါတယ် ။ ရွှေဟာ စမ်းချောင်းအောက်ခြေတွေ မြေလွှာ အပွင့်အ ချပ်တွေနဲ့ ကြီးမားတဲ့ ကျောက်တုံးကျောက်စိုင်တွေမှာ ကျစ်လစ်သိပ်သည်းစွာ တည်ရှိနေပြီး သူတို့ကို ရွှေကျင် ခြင်းနည်း အားဖြင့် ကျင်ယူရရှိနိုင်ပါတယ် ။ သဘာဝအလျှောက် လွပ်လပ်စွာ ရှာဖွေတွေ့ရှိနိုင်ပြီး သလင်းကျောက် ၊ သံတိုက်ကျောက်နဲ့တခြား သတ္တုတွေနဲ့လည်းဆက်စပ်မှုရှိပါတယ် ။ တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ကြည့်မယ် ဆိုရင်တော့ တစ်နှစ်ကို ၂၅၀၀ တန်ထွက်ရှိနိုင်ပါတယ်လို့ ခန့်မှန်းထားကြပါတယ် ။ ရွှေကို အဓိက မိုင်းခွဲရှာဖွေ ကြတဲ့နေရာတွေကတော့ တောင်အာဖရိက ဒါ့ကိုတာ နဲ့ နီဗာတာ တောင်ပိုင်း ၊ ကနေဒါနဲ့ ရုရှားနိုင် ငံတို့ဖြစ်ပါတယ် ။ ရွှေကို ပင်လယ်ရေထဲမှာလည်းရှာတွေ့နိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို အ ကျိုး သက်ရောက် မှု မှမရှိစေဘူးလို့ဆိုပါတယ် ။
ရွှေနှင့်ကျန်းမာရေး
ရွှေမှုန်တွေကို အကြာကြီးရှုသွင်းမိလို့ဖြစ်စေ ရှုရှိုက်မိလို့ဖြစ်စေ အသက်ရှုလမ်းကြောင်းမှာ မသက်မ သာဖြစ်စေ ပါတယ် ။ ရွှေကို အကယ်၍ မျိုချစားသုံးမိတယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးမရှိပါဘူးလို့ ခန့်မှန်းရပါတယ် ။ အရေပြား မှာ ဆိုရင်တော့ ဓါတ်မတည့်တဲ့လူတွေမှာ ကျိန်းစပ်စပ်နဲ့ ဓါတ်မတည့်သော ဖြစ်စဉ်တွေ ကြုံတွေ့ရနိုင် ပါတယ် ။ မျက်လုံးမှာဆိုရင်လည်း ကျိန်းစပ်စပ်ခံစားရနိုင်ပါတယ် ။ ရွှေကို လေးဖက်နာ အဆစ်အ မြစ်ရောင်ရော ဂါ (Rheumatoid arthritis ) အတွက် ကုသတဲ့နေရာမှာ အသုံးပြုကြပြီး အဲဒါကို Chrysoteraphy လို့ခေါ် ပါတယ် ။ အဲဒါကို သာမန် စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ non-steroid anti-infiammatory drugs တွေပေးလို့မသက်သာတဲ့အခါမှာ အသုံးပြုကြပါတယ် ။
ရွှေနှင့်အရေပြားအလှအပ
အထူးသဖြင့် အိန္ဒိယ လူမျိုးတွေအဖို့တော့ ရွှေနဲ့ အလှအပဆိုတာ တွဲစပ်မြင်ယောင်လို့ရတဲ့အ ရာတစ် ခုဖြစ်ပါတယ် ။ ရိုးရာအရ ရွှေကို တန်ဖိုးမြင့်မားစွာရောင်းဝယ်ကြပြီး အလှအပအတွက် ဆင်မြန်းကြပါတယ် ။ ရွှေကို လက်ဝတ်ရတနာအဖြစ် တန်ဖိုးထားဝတ်ဆင်ကြတဲ့နေရာမှာ အိန္ဒိယနိုင်ငံဟာ အထင်ရှားဆုံး ပဲဖြစ်ပါ တယ် ။ ရှေးဟောင်းလူမျိုးစုတွေရဲ့ယုံကြည်မှုအရ ရွှေဟာ Ayurveda ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သဘာဝ အနာ ကျက်စေသော Natural healing အစွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ် ။ ရွှေမှာ အနာရောဂါတွေကို ကုသနိုင် တဲ့ Cures ကို သက်သေပြနိုင်တဲ့မျက်မြင်သက်သေတွေရှိတယ်လို့ အခိုင်အမာ ယုံကြည်ထားကြပါတယ် ။ ရှေးဟောင်းအီဂျစ်လူမျိုးတွေကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှု မျိုးနွယ်စုတွေကလည်းရွှေကို အနာရောဂါ အမျိုးမျိုး မှာ ကုသဖို့ အသုံးပြုကြတယ်လို့ ဆိုပါတယ် ။ Ayurvedic မှတ်တမ်းမှာ ရွှေနဲ့အခြားသော သတ္တုဓါတ်တွေ ကို ရောဂါအမျိုးမျိုမှာအသုံးပြုရတဲ့အညွှန်းတွေကို ဖော်ပြထားပါတယ် ။ ယခု လတ်တလော မှာတော့ ရွှေ ကို နှလုံးရော ဂါအမျိုးမျိုးအတွက်အသုံးပြုကြပြီး သွေးလည်ပတ်မှု စနစ်ကိုကောင်းစေ တယ်လို့ဆို ပါတယ် ။ ရှေး ယခင် ကဆိုရင်တော့ ကိုယ်ဝန်ဆောင်သည်တွေဟာ ဗိုက်ပေါ်မှာ ရွှေနဲ့လုပ်တဲ့ ကြိုးတွေကို ပတ်ထားလေ့ ရှိကြပါတယ် ။ ကလေးငယ်ရဲ့ နှလုံးကိုကောင်းစေပြီး အမေရဲ့ ရေမွှာရည်ကိုလည်း ရွှေ ဓါတ်တွေက လွှမ်းမိုးမှုရှိ တဲ့အတွက်ဖြစ်ပါတယ် ။ ရွှေကို အချို့ဆို သောက်သုံးဖို့ Oral medication အတွက်ပါ ညွှန်လေ့ရှိကြ တယ်လို့ဖော် ပြထားပါတယ် ။
လေ့လာစမ်းသပ်မှုတွေအရ ရွှေဟာ ဘတ်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့အစွမ်းရှိယုံသာမကပဲ အရေပြာထဲး ကို အောက်ဆီဂျင်မော်လီကျူးတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာလည်းကူညီပေးပါတယ် ။ ဆဲလ်တွေရဲ့လုပ်ဆောင်မှုကိုလည်း အကျိုးသက်ရောက်စေမှုဖြစ်ပြီး စွမ်းအင်ပမာဏကိုရရှိစေပါတယ် ။ ဒါဟာ အရေပြားကို တောက်ပနေစေမှာဖြစ်ပြီး ဆဲလ်တွေကို အသစ်ပြန်လည်ဖြစ်နေစေမှာဖြစ်ပါတယ် ။ အရေပြား ရဲ့ နုပျိုလန်းဆန်းနေမှုဟာ ဆဲလ်တွေ အသစ်ပြန်လည်ဖြစ်ဖြစ်လာတဲ့ ဖြစ်စဉ်အပေါ် မူတည်နေပါတယ် ။ ဒီလို Cell renewal process ကလည်း အကြောင်းအချက်များစွာအပေါ်မူတည်နေပါတယ် ။ Ultraviolet ရောင် ခြည် တွေနဲ့ ဓါတုလေထု ညစ်ညမ်းစေသောအရာတွေကြောင့် အဆိပ်အတောက် နဲ့ ဘေး ထွက် ပစ္စည်းတွေ များလာခြင်းဟာ ဆဲအသစ် တစ်ခုကနေ တစ်ခုကို ကူးပြောင်းတဲ့နေ ရာမှာ နှေးကွေးစေ ပါတယ် ။ ဓါတ် တိုး ဖြစ်စဉ်တွေကနေ ကိုလာဂျင်အမျှင်တွေကို ထိခိုက်စေပြီး ကိုလာဂျင်ဆိုတာကတော့ အရေ ပြားအောက် က ထောက်ပံ့ထားတဲ့ တစ်ရှူးတွေဖြစ်ပါတယ် ။ Pure gold ဟာ oxidation damage ကို လျော့ နည်းစေပြီး အရေပြားကို တင်းရှင်းနုပျို နေစေပါတယ် ။
ရွှေဟာ Lymphatic drainage နဲ့ သွေးလည်ပတ်မှုစနစ်ကိုလည်းကောင်းမွန်စေပြီး အရေပြားကို ဖြူစင်ဝင်း မွတ်စေတဲ့နေရာမှာ မလိုလားအပ်တဲ့ toxins နဲ့ wastes တွေကို ဖယ်ရှားပေးပါတယ် ။ ဒါကြောင့် ရွှေ ဟာအ ရေပြားရဲ့ ပုံမှန်မှန်လုပ်ဆောင်ချက် functions တွေကို ကောင်းမွန်စေပြီး ကျန်းမာတဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်ခြင်းကို အားပေးတာကိုတွေ့ရပါတယ် ။
နောက်ဆုံး ဘီဘီစီ သတင်းဌာနမှာဖော်ပြထားတဲ့ သတင်းလေးကိုလည်း ဖော်ပြပေးချင်ပါတယ် ။ ကင်ဆာကုသ မှုကိုလေ လာတဲ့ စမ်းသပ်မှု အသစ်တွေအရ ငွေနဲ့ရွှေဟာ အရင်တွေးထင်ထားတာတွေထက်ပိုပြီး တန်ဖိုးရှိလို့လာ ပါပြီ ။ နယူးဇီလန်နဲ့ အော်စတြေးလျှ မှ လေ့လာ သူတွေက ရွှေနဲ့ ငွေဒြပ်ပေါင်းတွေ အသုံးပြုပြီးလုပ်ထား တဲ့ဆေးတွေ ဟာ ကြွက်တွေမှာ သားဥအိမ်ကင် ဆာဆဲလ်တွေကို သတ်နိုင်တယ်ဆိုတာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ် ။ ကင်ဆာ ဆဲလ်တွေကို ၀န်းရံထားတဲ့ mitochondrial အမြှေးပါးမှာ protein energy force ကို ပျက်ဆီးစေတဲ့ ဆေးတွေကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ် ။ ပရိုတိန်းအမြှေးပါးဟာ သာမန်ဆဲလ်တွေထက် ကင်ဆာ ဆဲလ်တွေမှာပိုမိုပြီး အားပြင်းမြင့်မားလေ့ရှိပါတယ် ။ သားဥအိမ်ကင်ဆာဆဲလ်တွေဟာ ကင်ဆာကု သဆေးဖြစ်တဲ့ Cisplatin နဲ့မကုသနိုင်ခြင်းဟာ Cisplatin ဟာ DNAမှာ အလုပ်မလုပ်ပဲ no charge ဖြစ်တဲ့အတွက်ဖြစ်ပါတယ် ။ Auckland University မှ သိပ္ပံပညာရှင်က chemotherapy ရဲ့ ဘေးထွက် ဆိုးကျိုးဟာ တခါတရံမှာ ဆေးတွေရဲ့ သီးခြားကင်ဆာဆဲလ်တစ်ခုချင်းစီကို တိုက်နိုင်တဲ့ အစွမ်းမရှိခြင်းကနေ ဖြစ်ပေါ် လာရတယ်လို့ဆိုပါတယ် ။ ရွှေနဲ့ ငွေဒြပ်ပေါင်းကုသမှုတွေဟာ ပျို့အန်ခြင်းကဲ့သို့ ဘေးထွက် ဆိုးကျိုးများ မရှိဘူးလို့ ယုံကြည်ကြပါတယ် ။ Berners-Price ဒြပ်ပေါင်းတစ်ခုရဲ့ ပြင်းအားနဲ့ပျော့အားဟာ သီးခြားဆဲလ် တစ်ခုချင်းစီကို တိုက်ခိုင်နိုင်မှု level ကိုပြောင်းလဲစေနိုင်တယ်လို့ဆိုပါတယ် ။
အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်တော့ ရွှေဟာ တန်ဖိုးရှိ သတ္တုတစ်မျိုးဖြစ်တာနဲ့အညီ သဘာဝ ပတ်ဝန်း ကျင်ကို အန္တရာယ်မပေးခြင်း ၊ ကျန်းမာရေးအတွက် အများစု အထောက်အကူပေးနိုင်ခြင်း လက်ဝတ် ရတနာ အလှအပရေးရာအတွက်သာမကပဲ အရေပြားချောမွတ်ဖြူဝင်စေဖို့အတွက်ပါ အထောက်အ ပံ့ပေးတဲ့အ တွက် အလွန်ကို အသုံးဝင်တဲ့ သတ္တုတစ်မျိုးဖြစ်ကြောင်းတင်ပြလိုက်ရပါတယ် ။
Reference links
1.http://www.lenntech.com/periodic/elements/au.htm
2.http://www.beauty-cosmetic-guide.com/gold.htm
3.http://news.bbc.co.uk/2/hi/health/168004.stm
သက်တန့်ချို
ယုဇန ပလာဇာ ဈေးသူ/ ဈေးသားများ အတွက် ဖြေလျော့မှုများ စတင် ပြုလုပ်လာ
Hot News Weekly — ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ပထမရက်များက စပြီး ပုဂ္ဂလိက ဈေးတစ်ခုဖြစ်သည့် ယုဇနပလာဇာတွင် ဈေးအုပ်ချုပ်ရေး အဖွဲ့က ဈေးသူ၊ ဈေးသားများ အဆင်ပြေစေရေး အတွက် ဖြေလျော့မှု တချို့ကို စတင်ပြုလုပ်လာကြောင်း ယင်းပလာဇာ ပထမထပ်ရှိဈေးသူ၊ ဈေးသားတချို့က ပြောသည်။ ဈေးအုပ်ချုပ်ရေး အဖွဲ့၏ ဖြေလျော့ပေးမှုတွင် ယာဉ်ရပ်နားခ အချိန်ပိုကြေး ကောက်ခံမှု မယူတော့ခြင်းနှင့် မြေညီထပ်မပါ ကျန်အထပ်များကို ပိတ်ရက်မရှိ ဖွင့်လှစ်ခွင့်ပေးခြင်းတို့ ပါဝင်ကြောင်း ယင်းတို့က ပြောသည်။၎င်းဈေး ပထမထပ်ရှိ သင်းစိန် ရတနာဆိုင်ရှင် ဦးအောင်ကျော်က “၂၀၀၈-၀၉ လောက်မှာ အပတ်စဉ် တနလာင်္နေ့တိုင်းကို ဈေးပိတ်ရက် အဖြစ် သတ်မှတ်ခဲ့တယ်။ စီးပွားရေး သဘောတရားအရ ကျန်တဲ့ ဈေးဖွင့်ရက်တွေမှာလည်း ဈေးဝယ်ထွက်လာသူတွေ တဖြည်းဖြည်း နည်းလာခဲ့တယ်။ ဒါကြောင့် ပိတ်ရက်မထားဘဲ ဈေးဖွင့်ပေးဖို့ တင်ပြကြတဲ့ အတွက် အခု ဇန်နဝါရီလ ၂ ရက်နေ့က စပြီး တနလာင်္နေ့လည်း ပြန်ဖွင့်ခွင့် ရခဲ့တယ်။ မြေညီထပ်တော့ မပါဘူးပေါ့။ အဲဒီလို ယာဉ်ရပ်နားခကို တစ်နာရီစာကျပ်-၃၀၀ ကောက်ခံပြီး၊ အပိုကြေး နောက်ထပ် တစ်နာရီပြည့်တိုင်း ကျပ်-၁၀၀၊ ထပ်ကောက်ခံတာမှာ ဈေးဝယ်လာသူတွေနဲ့ ဈေးသူ၊ ဈေးသားတွေ အဆင်ပြေအောင် ဇန်နဝါရီ ၁ ရက်က စပြီး အချိန်ပိုကြေး မကောက်ခံတော့ဘူး” ဟုပြောကြားသည်။
စီးပွားရေး သဘောတရား အရ ဈေးရုံတစ်ခုအတွင်း မြေညီထပ်သည် အဓိက နေရာမှာ ပါဝင်ရာ ၎င်းအထပ်ကို တနလာင်္နေ့တိုင်း ပိတ်ထားဆဲ ဖြစ်သဖြင့် ယင်းနေ့တွင် ဈေးဝယ်လာသူများ သိသိသာသာ လျော့နည်းနေဆဲ ဖြစ်ကြောင်းကိုလည်း ဦးအောင်ကျော်က ယခုလို ပြောကြားသွားသည်။
“မြေညီထပ် ပိတ်ထားတော့ ဈေးဝယ်လာသူတွေ ဘေးလှေကားက တက်ရတယ်။ မသိသေးတဲ့ သူတွေကတော့ ဈေးမဖွင့်ဘူး ထင်ပြီး တခြားဈေးတွေကို သွားဝယ်ကြတယ်။ ဆိုင်က တစ်ရက်ပိတ်ရင် တစ်ရက်ထိခိုက်တယ်။ ဒါကြောင့် မြေညီထပ်ကိုလည်း ပြန်ဖွင့်စေချင်တယ်” ဟု ပြောကြားသည်။
ယုဇနပလာဇာကို ၁၁၉၉၈-၉၉ ကာလက စတင်ဖွင့်လှစ်ခဲ့ပြီး ၎င်းအချိန်က ပိတ်ရက်မရှိ ဖွင့်လှစ်ခဲ့ရကြောင်း၊ အခါကြီး ရက်ကြီးများတွင် ဈေးရုံကို ပိတ်ပေးခဲ့ကြောင်း ယင်းကာလများတွင် ဈေးဝယ်သူများနှင့် အထူးစည်ကားခဲ့သော်လည်း တနလာင်္နေ့တိုင်းကို ပိတ်ရက်အဖြစ် သတ်မှတ်ပြီးနောက် ဈေးဝယ်လာသူ လျော့ကျသွားသည်မှာ ယနေ့အထိ ဖြစ်ကြောင်း အဆိုပါ ဈေးသူဈေးသားများက ပြောသည်။
-တော်လှန်ရေးနှင့် တော်လိမ်ရေး
-ဦးဖိုးသာအောင် -29-1-2012အင်္ဂလိပ်ကိုလိုနီတော်လှန်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ အရင်းရှင်တော်လှန်ရေး၊ စစ်အာဏာရှင် တော်လှန်ရေး၊ ဒီမိုကရေစီ တော်လှန်ရေး၊ တော်လှန်ရေး တော်လှန်ရေး တော်လှန်ရေးပေါင်းများစွာကို မြန်မာလူထုတွေ ဆင်နွှဲခဲ့ကြရသည်၊ ဆင်နွှဲဆဲလည်းဖြစ်သည်။ တော်လှန်ရေးဆိုသည်မှာ မည်သည့်အခါမှာ ပြီးဆုံးမည်နည်း၊ လူမှု့ဆက်ဆံရေးနယ်ပယ်နှင့် နိုင်ငံရေးလောကတွင် မကျေနပ်မှု့တွေရှိနေသမျှ၊ ထိုမကျေနပ်မှု့များကို ဖြစ်စေသည့် မတရားမှု့များ ရှိနေသမျှ တော်လှန်ရေးလည်း ရှိနေမည်သာတည်း။ သို့သော် တော်လှန်ရေးကို ဆင်နွှဲနေကြသူများနှင့် ခေါင်းဆောင်ခေါင်းရွက်ပြုကြသူများကို မေးစရာရှိလာပါသည်၊
မကျေနပ်မှု့များနှင့် မတရားမှု့များရှိ၍ တော်လှန်ကြသည်ဆိုသော် မည်သူ့အတွက် မကျေနပ်၍ မည်သူ့အပေါ်မတရားမှုများ ပြုလုပ်နေသဖြင့် တော်လှန်ကြပါသနည်း။ ဘာကြောင့် ဤသို့မေးရသနည်းဆိုသော် မိမိနှင့် မိမိ၏ အပေါင်းအပါတစ်စုက မကျေနပ်၍ တော်လှန်တာမျိုးလား၊မိမိနှင့် မိမိ၏ အပေါင်းအပါတစ်စုအပေါ် မတရားမှု့ပြုကျင့်ခံရသည်ဆိုပြီး တော်လှန်တာမျိုးလား၊သို့မဟုတ် အများပြည်သူလူထုကြီးအတွက်လား ဆိုတာ ခွဲခြားဖို့လိုအပ်လာပါသည်။
အဘယ်ကြောင့်ဆိုသော် တော်လှန်ရေးဆိုတိုင်း လက်ခံနိုင်စရာမရှိသည့် အခြေအနေသို့ ရောက်လာသောကြောင့်ပင် ဖြစ်ပါတော့သည်။ခေတ်ပြောင်းတော်လှန်ရေးကာလ မဟုတ်တော့ဘဲ ခေတ်ပြောင်း ဒီမိုကရေစီကာလတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသောကြောင့် ဖြစ်ပါသည်။
ယနေ့ကြားနေရသည့် အသံမှာ သိသိသာသာပင် နှစ်မျိုးနှစ်စား ကွဲပြားလာပါသည်၊
ဥပဒေတွင်းနှင့် ဥပဒေပ (တနည်းအားဖြင့်) လွှတ်တော်တွင်းနှင့် လွှတ်တော်ပ ဆိုသည့် နယ်ပယ်နှစ်ရပ်တွင် မည်သည့်ဘက်ကနေ၍ တိုင်းပြည်ကို ကယ်တင်ထူထောင်ကြပါမည်နည်း၊
ဒီအချက်သည် အဓိကတို့ရဲ့ အဓိကအချက်ပင်ဖြစ်နေပါသည်၊ ဘယ်ဘက်က ရပ်တည်ကြမည်နည်း ဆိုသည်ကို ပြတ်သားရမည့် အခြေပင် ဖြစ်ပါသည်။
ဒါကြောင့်လည်း ယ္ခုအချိန်မှာ အကျဉ်းထောင်များမှ လွတ်မြောက်လာကြသည့် နိုင်ငံရေးခေါင်းဆောင်များဟု ဆိုနိုင်သည့် ပုဂ္ဂိုလ်အများအပြားကို ရေဒီယို အပါအဝင် စာနယ်ဇင်း၊ စာဆောင် မီဒီယာများက အင်တာဗျူးများဖြင့် သူတို့၏ ရပ်တည်ချက် သဘောထားများကို မေးမြန်းပြီး ကြေငြာလွှင့်ထုတ် ဖေါ်ပြကြသည်ကို ကြားသိ ဖတ်ရှု့နေရပါသည်၊
တပြိုင်နက်တည်းမှာလည်း ပြည်တွင်း ပြည်ပ နယ်စပ်မှာ ရှိနေကြတဲ့ အတိုက်အခံ အမည်ခံအဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ တာဝန်ရှိသူများ နှင့်ပါ သူတို့၏ ရပ်တည်ချက် သဘောထားများကို မေးမြန်းပြီး အင်တာဗျူးသံများကိုလည်း ကြားနေကြရပါသည်၊
အချို့ကလည်း ဘလော့ဂ်တွေ ဝဘ်ဆိုဒ်တွေမှာ ရေးသားတင်ပြလာကြတာကို ဖတ်ရှု့နေရပါသည်။
အကျဉ်းထောင်မှ လွတ်လာသည့် ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းဝင်များ အများစု၏ ရပ်တည်ချက်နှင့် သဘောထားတွေကတော့ ယနေ့ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခင်းအကျင်းအပေါ် အကောင်းမြင်သူက များသဖြင့် အားရစရာကောင်းလှပါသည်၊ လွတ်မြောက်လာသည့် ရှစ်ဆယ့်ရှစ်ကျောင်းသား ခေါင်းဆောင်များထဲမှ တစ်ဦးကဆိုလျှင် ယနေ့မြန်မာ့ နိုင်ငံရေး အချိုးအကွေ့တခု ဖြစ်ထွန်းလာသည်ဖြစ်၍ ဒီအခွင့်အရေးသည် အမိအရ ဆုတ်ကိုင်နိုင်ရမည်ဟု ပင်ပြောဆိုလာသည်ကို ကြားရပါသည်။
မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျာ၊ ဂျင်မီ၊ လှမျိုးနောင်၊ မနီလာသိန်း နှင့် ဦးခွန်ထွန်းဦးတို့ကဲ့သို့ အထင်ကရ ခေါင်းဆောင်များ၏ သဘောထားများသည်လည်း လက်ရှိမြန်မာ့ နိုင်ငံရေးအခြေအနေအပေါ် အပြုသဘောဆောင်သည့် ဖြစ်ထွန်းလာမှု့ အဖြစ် အကောင်းမြင်ကြ ပါသည်၊ မြန်မာ့ ဒီမိုကရေစီရေး ဖြစ်စဉ်အတွက် လမ်းစ တခုပွင့်နေပြီ၊ လမ်းကြောင်း၏ အစပေါ်တွင် ရောက်ရှိနေကြပြီ၊ သို့သော် စွန့်စားကြရအုံးမည်၊
မိမိတို့လိုချင်သည့် ပန်းတိုင်ရောက်ရန် အတွက်တော့ အများကြီး အလုပ်လုပ်ကြရအုံးမည်၊ အခက်အခဲတွေ အများကြီး ရှိနေကြအုံးမည်၊ လိုအပ်လျှင် လိုအပ်သလို နောက်မဆုတ်တန်း ဒီမိုကရေစီတော်လှန်ရေး တစ်ရပ် ဆင်နွှဲကြရအုန်းမည်၊ သို့သော် လက်ရှိအခြေအနေကတော့ တိုးတက်ဖြစ်ထွန်းစပြုနေသည်မို့ ဒီပုံစံမှ ပိုမိုကောင်းမွန်ပီပြင်သော နိုင်ငံရေး ပုံစံတစ်ခုဆီသို့ ချီတက်ကြ ရန်သာဖြစ်သည်ဆိုတာကိုတော့ အများစုက နားလည်သဘောပေါက် လက္ခံနေကြပြီလည်း ဖြစ်ပါသည်။ သို့သော် လက်ရှိနိုင်ငံရေး ဖြစ်ထွန်းမှု့ အခြေအနေကို အရှိတရား အတိုင်းလက်မခံနိုင်ဘဲ အဆိုးမြင်နေသည့် အုပ်စုနှင့် ဂိုဏ်းဂဏများလည်း ရှိနေကြပါသည်၊
ထိုအဆိုးမြင်ဝါဒီများသည် အချို့က ပွင့်လင်းရိုးသားမှု့ ရှိကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ စစ်အစိုးရနှင့် ပူးပေါင်းခြင်း၊ ရွေးကောက်ပွဲဝင်ကာ လွှတ်တော်ထဲမှာ နိုင်ငံရေးလုပ်မည်ဆိုခြင်းများကို လက်မခံနိုင်ကြောင်း တိကျပွင့်လင်းစွာပြောဆိုသူများ ရှိကြသလို သူရဲဘောကြောင် အဆိုးမြင်အုပ်စုများကတော့ ဒေါ်စုကိုလည်း ပြတ်ပြတ်သားသား မဝေဘန်ရဲ၊ မကန့်ကွက်ရဲကြဘဲ ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်လည်း စစ်တပ်က တမတ်သား ပါလီမံဖြစ်တဲ့ အပြင် ကာချုပ်ရဲ့ အာဏာသိမ်းခွင့် လုပ်ပိုင်ခွင့်ရှိနေခြင်း၊ ဒါတွေအပြင် ကချင်မှာ စစ်ပွဲတွေဖြစ်နေ၊ နိုင်/ကျဉ်းတွေအားလုံး မလွတ်သေး စတဲ့ အချက်တွေကို အဓိက ထောက်ပြကြပြီး လက်ရှိ စိန်နဲ့ စု ပူးပေါင်းဖြစ်စဉ်ကိုလည်း တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ သံစုံဟစ်နေသည်ကိုလည်း ကြားနေရပါတော့သည်။
နဂိုကတည်းက အနောက်ဒီမိုကရေစီ ပုံစံမျိုးကို မကြိုက်မနှစ်သက်ကြသူတွေက အနောက်က ပေးစာကမ်းစာလေးတွေနဲ့ ထူထောင်ထားကြတဲ့ ဝဘ်ဆိုဒ်နဲ့ ဘလော့ဂ်အချို့တို့မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီ ပါတီသစ်၏ လမ်းစဉ်အပေါ် ထိကပါး ရိကပါး ပုတ်ခတ်ရေးသားနေကြတာတွေကိုလည်း ဖတ်ကြရပြန်ပါသည်၊
ဗွီအိုအေ၊ ဘီဘီစီ၊ အာဖက်(ဖ်)အေ နဲ့ ဒီဗွီဘီတို့လို အကြီးစား အသံလွှင့် မီဒီယာတွေမှာလည်း အနောက်ဒီမိုကရေစီ ပုံစံမျိုးကို မကြိုက်သူ အချို့နှင့် သူတို့နှင့် သဘောတူညီ သူများ၏ အယူအဆများကို ဦးစားပေး ရွေးချယ်ဖေါ်ပြ ဝါဒဖြန့်သည့် သဘောတွေကိုလည်း အမြဲလိုလိုကြားနေရပြန်ပါသည်၊
ဒါတွေဟာ တစ်ကယ်တော့ မဆန်းပါ၊ နိုင်ငံရေးအောက်လမ်းဆိုတာလည်း ရှေးကတည်းက ရှိနေတာပဲ မဟုတ်ပါလား။လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံသဘောထားပါ၊
လက်ရှိ ဒေါ်စုရဲ့ ရွေးချယ်လှုပ်ရှားနေတဲ့ လမ်းစဉ်ကို မယုံကြည်ပိုင်ခွင့်ရှိသလို ရိုးသားပွင့်လင်းစွာ ကန့်ကွက်ပိုင်ခွင့်လည်း ရှိပါတယ်၊နောက်ဆုံး လက်ရှိအစိုးရကိုရော ဒေါ်စုနှင့် အင်အယ်ဒီကိုပါ မိမိတို့ကြိုက်သည့် လမ်းနှင့် ဆန့်ကျင်နိုင်ပါတယ်၊တိုက်ခိုက်နိုင်ပါတယ်၊ လက်နက်ရှိ၊ လက်နက်မဲ့၊ မြေပေါ် မြေအောက် ကြိုက်သလို တိုက်နိုင်ပါတယ်၊ ဘယ်သူကမှ တားမြစ်လို့မရပါဘူး၊
တချိန်က ဗ.က.ပ ကလည်း ဒီလိုပဲ တိုက်ခဲ့ကြပါတယ်၊ ဒါမဆန်းပါဘူး၊ ဆန်းနေတာက လက်ရှိအခြေအနေနဲ့ သွားနေတဲ့ လမ်းစဉ်ကို မကြိုက် ရင် ဘယ်လိုရည်မှန်းချက်နဲ့ ဘယ်လို မဟာဗျူဟာ နည်းဗျူဟာတွေနဲ့ သွားမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ကြေငြာလိုက်ပါ။
ရှေ့မှာ ဆရာ ဗ.က.ပ တို့လည်း သူတို့ယုံကြည်ချက်၊ ရည်မှန်းချက်နဲ့ လမ်းစဉ်ဆိုတာတွေကို တိတိကျကျချမှတ်တဲ့ အပြင် ပြည်သူကိုလည်း တိတိကျကျချပြခဲ့ကြတာပါ။ ယနေ့ “ စု မူ ” ဆန့်ကျင်ရေးသမားများ၊ အဖွဲ့များအနေ နဲ့လည်း မိမိတို့ မူဝါဒ လမ်းစဉ်တွေကို ကြေငြာလိုက်ကြပါ၊
လူထုက ကြိုက်လျှင် လိုက်လာ ပါလိမ့်မယ်၊ ဒီလိုမဟုတ်ဘဲ ပုလင်းတူ ဗူးဆို့ မီဒီယာထဲက လူတွေနဲ့ ပေါင်းပြီး *အောက်လမ်းနည်း* နေတာကိုတော့ ဆန်းတယ်လို့ ဆိုရပါလိမ့်မယ်၊ ဆန်းတော့ ဆန်းနိုင်ပါတယ် ဒါပေမယ့် မရမ်းဖို့တော့ သတိပြုရပါလိမ့်မယ်။
အထူးသဖြင့် စု မူကို ဖီတီတီလုပ်နေကြတာက ပြည်တွင်းကထက် ပြည်ပက ပိုကြပါလိမ့်မယ်၊
ပြည်ပမှာက နိုင်ငံရေး အကြောင်းပြ ပရိပိုဇယ်စား သူခိုးက ဦးဆောင်ခေါင်းရွက်လုပ်နေတဲ့အတွက် ခိုးဂွင် ပျောက်မှာ စိုးကြောက်နေ သူများနဲ့ နီရို ကိုလိုနီလက်သစ်လို့ဆိုတဲ့ လိပ်ကန် ဆန့်ကျင်ရေးသများများ ပေါင်းမိကြပြီး ထာဝရ တော်လှန်ရေး ဆင်နွှဲနေချင်သူများပင် ဖြစ်ကြပါတယ်။
သို့သော်လည်း စု မူ ကို ဆန့်ကျင်လိုသူများ အတွက် ကံ ဇာတာ စန်းလာဘ်က မကောင်းလှပါ၊
၁၃.၁.၂၀၁၂ နေ့က လွတ်မြောက်လာကြတဲ့ နိုင်/ကျဉ်းများထဲမှ ထင်ရှားသူများကို အလုအယက် မေးကြ မြန်းကြ အင်တာဗျူးကြတဲ့ အခါမှာ အများစုရဲ့ သဘောထားက စု မူ ကိုမဆန့်ကျင်ကြရုံမျှ မက ထောက်ခံကြမည်၊ ဝိုင်းရံ ပံ့ပိုးကြမည့် သူတွေက အများစုကြီး ဖြစ်နေတာ တွေ့ရပါတော့တယ်၊ စု မူ ကိုဖျက်ဆီးချင်တဲ့ ပြည်ပရောက် ပရီပိုဇယ်စား သူခိုးနဲ့ နီရိုကိုလိုနီ ဆန့်ကျင်ရေးသမားတို့၏ ထာဝရတော်လှန်ရေးကို ဆက်လက် ဆင်နွှဲကြဖို့ အားယူနေကြချိန်မှာ အားရစရာကောင်းတာက ပြည်တွင်းက လွတ်မြောက် နိုင်/ကျဉ်း အများစုရဲ့ လက်ရှိနိုင်ငံရေး ရေစီးကြောင်း ကို မှန်ကန်စွာ သုံးသပ်နိုင်စွမ်းရှိမှု့နှင့် အတူ ရှေ့ဆက် ရပ်တည်သွားမည့် သဘောထားခံယူချက်များပင် ဖြစ်နေပါတော့သည်။
ဒေါ်စုနှင့်အတူ အင်အယ်ဒီ ၏ အရွေ့အတိုင်း စီအာပီပီကလည်း လိုက်ပါရွေ့လျားလာသည်မှာလည်း အားရစရာ ကြိုဆိုစရာပင် ဖြစ်နေပါသည်။ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ဇိုမီး၊ မွန် မှ အစ တိုင်းရင်းသား အဖွဲ့များကလည်း တရားဝင် ပါတီ မှတ်ပုံတင်ကြမည်ဆိုတော့ တိုင်းထက်အလွန် တံခွန်နှင့် ကုက္ကားဆိုသလို တိုင်းပြည်ကို ပြုပြင်ချင်သူများ၏ စည်းလုံးရေးသည် အထွဋ်အထိပ်သို့ပင် ရောက်နေသည့် အလား မြင်နေရပါ တော့သည်။ သို့သော် စု မူ ကို ဆန့်ကျင်သူများ၏ ဝေဘန်ထောက်ပြချက်တို့သည်လည်း မှန်ကန်တိကျလျှက်ရှိပါသေးသည်၊
၂၀၀၈ ဖွဲ့စည်းပုံ၏ မတရားမှုများ၊ လွှတ်တော်အတွင်း အမတ်များ၏ လုပ်ပိုင်ခွင့် ပါဝါ ချည်နဲ့ မှေးမှိန်နေမှုများအပြင် စစ်တပ်ဦးစီး ကြံ့ဖွံ့ အမတ်များ၏ ရာနှုန်းပြည့်ခမန်း အရေအတွက်အပြင် အလိုအလျှောက် စစ်ဗိုလ် တစ်မတ်သား ပါဝင်နေမှု့များမှာ မငြင်းနိုင်သည့် အမှန်တရား ပင် ဖြစ်နေပါသည်၊ ဒါပေမယ့် ယ္ခင်က တရားလက်လွတ် အဖိနှိပ်ခံနေရသည့် ဒေါ်စုနှင့် အင်အယ်ဒီကို ဒီနေ့ လွှတ်တော်တွင်းကို ပါဝင် ဆောင်ရွက်ခွင့် ရရှိလာခြင်းသည် စစ်အာဏာရှင်များက တိုင်းပြည်အပေါ် စေတနာရှိလာကြလို့ မဟုတ်ဘူးဆိုတာက သေချာသည်၊ တရုတ်အားထား ငမိုက်သားများအတွက် သူတို့ အားကိုးသည့် တရုတ်အစိုးရသည် ကမ္ဘာ့ရေစီးကြောင်းမှာ ရေစုန်မျောနေပြီး နစ်မြုတ်ရမည့် ကိန်းကိုဆိုက်လာသဖြင့် ငမိုက်သားများ၏ နိုင်ငံရေးအားထားချက်ပုံစံ ပြောင်းရသည့် အခြေအနေမျိုးဖြစ်လာပါသည်၊ အခုမှ မဟုတ်ပါ ဦးသိန်းစိန် အမေရိကားကို ရောက်ကတည်းက သဘောပေါက်နားလည်နေပြီ ဖြစ်ပါသည်၊
ကမ္ဘာ့ မဟာဗျူဟာ အပြောင်းအလဲအရ အာဏာရှင်တို့၏ လိမ္မာပါးနပ်မှု့က လွန်စွာ အရေးကြီးလှပါသည်၊ စု မူ ဆန့်ကျင်သူများ ထောက်ပြ ချက်များကို ဒေါ်စုနှင့် အင်အယ်ဒီသစ်က နောကျေအောင် သိနေပြီးလည်း ဖြစ်ပါသည်၊
သို့ပေမင့် ယနေ့ ဒေါ်စုက ရွေးချယ်သည့် ဦးသိန်းစိန်နှင့် ပူးပေါင်းမည့် လမ်းစဉ် (စု မူ)သည် လွန်စွာမှ သိမ်မွေ့ပြီး တိုင်းပြည်အတွက် အကောင်းဆုံး အပြောင်းအလဲ ဖြစ်စေမည့် ပုံစံပင် ဖြစ်နေကြောင်း တွေ့ရပါသည်၊ ဒါကြောင့်လည်း လွတ်မြောက် နိုင်/ကျဉ်း ရှစ်ဆယ့်ရှစ် မျိုးဆက်များက စု မူ ကိုထောက်ခံကြောင်းနှင့် ဒေါ်စုကို ဝိုင်းရံမည်ဖြစ်ကြောင်း ကြေငြာခဲ့ကြသည်၊
ပါတီ နိုင်ငံရေးဘောင်အတွင်းသို့ မဝင်ရောက်သေးကြသော်လည်း စု မူ ကို မကန့်ကွက်သည့် အပြင် ထောက်ခံဝိုင်းရံကြမည်ဆိုသည့် အတွက် ပြည်တွင်း ပြည်ပမှ အစွန်းရောက်ခေါင်းမာဂိုဏ်းသား အနည်းစုအတွက် မှန်းချက်နှင့် နှမ်းထွက် မကိုက်ညီဘဲ ဖြစ်သွားရပါတော့သည်၊
ဒါကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားပြီး မြောက်သစ်ကိုင်းလွတ် ဘဝရောက်ရမည့် အချိန်တွင် ပြည်တွင်းမှာလည်း ကမူးရှုးထိုးနှင့် ဗ.က.သ အသစ်ဖွဲ့စည်းဖို့ စည်းရုံးရေး ကော်မီတီကို ကမန်းကတန်းဖွဲ့ကြသည်ကိုလည်း ကြားလိုက်ပါသည်၊ ဘယ်သူက မြှောက်ပေးလိုက်သည် မသိပါ၊
နိုင်ငံရေး လက်ဦးမှု့ယူရန် ကြိုးပမ်းချက်တစ်ခုမှ အပ အခြား မဖြစ်နိုင်ပါ။
ပြည်ပမှာလည်း ကိုယ့်ဖါသာကိုယ် ကြိုက်သလို အဖွဲ့ ဖွဲ့ကြ၊ ကြိုက်သလို အမည်ပေးကြ ကင်ပွန်းတက်ကြ၊ ပုလင်းတူ ခွက်တူတွေ ပူးကြပေါင်း ကြ၊ ပရီပိုဇယ် ငွေရအောင် ကြံကြဖန်ကြ၊ မီဒီယာနဲ့ ပူးပေါင်းပြီး ထူကြထောင်ကြနဲ့ ပြည်သူ့ ဒုက္ခကို အကြောင်းပြပြီး တော်လှန်ရေး ရောင်ရောင် နိုင်ငံရေး ရောင်ရောင် နှင့် အရည်မရ အဖတ်မရ ပေါ်လစီတွေနဲ့ နိုင်ငံရေး ရေစုံမျှောနေတဲ့ အဖွဲ့အစည်း တစ်ခုထဲက Forum for Democracy in Burma (FDB) ဒီမိုကရက်တစ်အင်အားစု ဆိုတာကလည်း အမြီးအမောက်မတည့်တဲ့ အသံတွေထွက်လာပြန်တယ်၊
တွင်းမှူးချုပ်လုပ်တဲ့ နိုင်အောင် ပြောတာက လက်နက်ကိုင်အတိုက်အခံ အင်အားစုများ (တိုင်းရင်းသားများ အပါအဝင်) သက်ဆိုင်သူများ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်ရန်လိုအပ်ကြောင်း တွင်တွင်ပြောနေချိန်မှာပဲ (FDB)ထဲက အဖွဲ့တွေက အစိုးရသစ်ရဲ့ တစ်ဖွဲ့ချင်းဖဲ့ပြီး ဆွေးနွေးမှု့ ကမ်းလှမ်းချက်ကို လက်ခံကြ၊ သွားကြနဲ့ ဆိုတော့ ပြောချင်ရာပြောပြီး လုပ်ချင်ရာလုပ်နေကြတာပါပဲ၊
အဲဒီ နိုင်အောင်ကိုယ်တိုင်ကလည်း သူတစ်ကိုယ်တော်သွားပြီး အစိုးရသစ်ကိုယ်စားလှယ်တစ်ဦးနဲ့ ကြိတ်ပုန်းတွေ့တယ်လို့လည်း အင်တာနက်မှာ တွေ့ရပြန်ပါတယ်၊ FDB က စွဲကိုင်ထားတဲ့ မူတွေကို နိုင်အောင်ပြောတာကတော့ (အစိုးရသစ်သည် သူတို့အမှားတွေကို အများကြီးပြင်ရအုံးမယ်၊
အတိုက်အခံများဘက်မှ သက်ဆိုင်သူများအားလုံး ပါဝင်တဲ့ ဆွေးနွေးရေး လုပ်ငန်းလုပ်ရန်၊ တိုင်းရင်းသား တန်းတူရေးကလည်း မဖြစ်သေး၊
၂၀၀၈ ဖွဲ့စည်းပုံပြင်ပေးရန်မှာ လွှတ်တော်တွင်းမှာပင် ပြင်လို့မရ၊ လွတ်တော်ပမှာ အဖွဲ့စုံ ပါဝင်တဲ့ ဆွေးနွေးရေးနဲ့မှ လုပ်နိုင်မှာဖြစ်၊အင်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်တွင်းမှာ အခြေခံ ဥပဒေပြင်ဖို့ ဆိုတာ ခက်ခဲနေမှာဖြစ်၊စစ်တပ်က ကြီးစိုးနေပြီး နိုင်ငံရေး ယုံကြည်မှု့ရအောင် ပြုလုပ်နေတာသာဖြစ်၊ကြားဖြတ်ရွေးကောက်ပွဲသည် လိုချင်သည့် နိုင်ငံ ရေး အခြေအနေကို မဖေါ်ဆောင်နိုင်၊ တွေ့ဆုံဆွေးနွေးရေးသည်သာ အဓိက ဖြစ်နေ၊ဒါတွေကြောင့် အားလုံး ပါဝင်နိုင်စေမယ့် တွေ့ဆုံ ဆွေးနွေးရေး ဖြစ်အောင် ပြည်ပကနေ ဆောင်ရွက်မယ်၊
အားပေးတိုက်တွန်း လုပ်ဆောင်သွားမယ်၊ ပြည်သူတွေကို ကူညီတိုက်တွန်းမယ်၊ ဝန်ထမ်းတွေကို ဒီမိုကရေစီရေးထဲမှာ ပါဝင်နိုင်အောင် အရည် အသွေးမြှင့်တင်ဖို့ နိုင်ငံတကာကို အကြံပြုမယ်၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်လာရင် မောင်နိုင်အောင်တို့ပါ ပြည်တွင်းကို ပြန်ဝင်ကြပြီး နိုင်ငံရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပါမယ် … တဲ့)။
ကဲ … အဲ့ဒါကတော့ FDB ရဲ့ သဘောထားလား တွင်း/ချုပ် နိုင်အောင်ရဲ့ သဘောထားလား၊ ဘာပဲ ဖြစ်ဖြစ် အဲဒီ သဘောထား အားလုံးက တော့ ရယ်စရာ ဟာသပျက်လုံး တစ်ခုထက်မပိုပါဘူး၊ သူတို့ကပဲ ပြည်တွင်းမှာ မလုပ်နိုင်တာတွေ ပြည်ပကနေပြီးလုပ်ကြမယ်တဲ့၊
ဘုရားတလောက်ပါရဲ့ အခုလိုပွင့်လင်းမြင်သာတဲ့ တိုင်းသိပြည်သိ ကမ္ဘာသိ ပြုပြင်ပြောင်းလဲမှုတွေရဲ့ အစပိုင်းကိုတွေ့နေရချိန်မှာ ပြည်ပက စားပေါက် ချောင်ထာဝရတော်လှန်ရေးသမားနဲ့ ဒီမိုကရေစီ အဒွန့်ရှည်ရေးသမားတွေက နေဝင်ချိန်မှာ တိမ်တောက်နေကြပါတယ်။
ပြည်ပထွက် ဒီမိုကရေစီတော်လှန်ရေးကို ဆင်နွဲသူတွေကို မေးချင်တာကတော့ ဘာကြောင့် ဘာလုပ်ဖို့ပြည်ပကို ထွက်ကြတာလဲ၊ဘယ်လိုဒီမိုကရေစီမျိုးကို လိုချင်တာလဲ၊ ရည်မှန်းချက်၊ မဟာဗျူနဲ့ နည်းဗျူဟာကော တိတိကျကျရှိကြရဲ့လား၊နှစ်ပေါင်းနှစ်ဆယ်ကျော်မှာ ပြည်ပတော်လှန်ရေးရဲ့ အရွေ့ကဘာလဲ၊ ပြည်ပရောက်တွေရဲ့ ဆောင်ရွက်မှုကြောင့် ပြည်တွင်းမှာ တစ်စုံတစ်ရာ တိုးတက် ပြောင်းလဲမှုရှိတယ်ဆိုရင် ဘယ်အရာပါလိမ့်၊ ဒါတွေက သမိုင်းတွေပါ၊ပြည်ပထွက်တွေရဲ့ ပြည်တွင်းနိုင်ငံရေးအပေါ်မှာ အကျိုးသက်ရောက်မှုဆိုတာ ရှိတော့ရှိပါတယ်၊ဒါပေမယ့် ပြောရမှာက ရှက်စရာဆိုတာမျိုးပါပဲ၊ ပတ္တမြားပေါတဲ့ ဝေပုလ္လတောင်မှာ မီးခက်ကျောက် ကောက်ခဲ့ပါ သဗျဆိုတဲ့ အဖြစ်မျိုးရယ်ပါ။
အခုလည်း အဲဒီပြည်ပထွက်ထဲက FDB ရဲ့ တော်လှန်ရေးအသံတော့ ကြားတော်မူကြတဲ့အတိုင်းပါပဲ၊
15.01.2012 တနင်္ဂနွေနေ့က ဗွီအိုအေက ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ တွင်း/ချုပ် နိုင်အောင်က တိုင်းပြည်ကိုပွင့်ပွင့်လင်းလင်းနဲ့ သူတို့သဘော ထားကို ပြတ်ပြတ်သားသားပြောဆိုလိုက်တဲ့အတွက် ကျေးဇူးလည်းတင်ရပါတယ်၊သို့သော်လည်း ဒီသဘောထားတွေဟာ တကယ်တော့ အဆန်းမဟုတ်ပါ၊
မြန်မာ့လူတန်းစားတိုက်ပွဲသမိုင်းဦး ကတည်းက တည်ရှိလာတဲ့သဘောထားတွေပါပဲ၊ ၁၉၄၈ ခု လွတ်လပ်ရေးအပေါ် သဘောထား၊ ဖက်ဒရယ်မူ အပေါ်ခံယူချက်၊ ပြည်တွင်းစစ်ရဲ့ဇစ်မြစ်နဲ့ ယနေ့ ဒီမိုကရေစီအပေါ်ခံယူချက်စတဲ့ အပေါ်မှာ မိမိတို့ယုံကြည်ခံယူချက်အတိုင်း ပြောဆိုကြတာပါပဲ၊
သို့သော်လည်း မိမိတို့ ကိုယ့်ကိုယ်ကို မလိမ်မိဖို့ မညာမိဖို့ လိုပါတယ်၊စစ်အာဏာရှင် အစိုးရနှင့် ရန် ငါ စည်းပြတ်ခဲ့သူတွေဖြစ်တယ်၊ယခုလည်း စစ်အာဏာရှင်တစ်ပိုင်းပဲဆိုဆို စစ်တပ်လွှမ်းမိုး အစိုးရပဲပြောပြော အဲဒီအစိုးရသစ်ကိုရော ဟိုတုံးကလို ရန် ငါ စည်းခြားနေတုန်းပဲလား၊
ဒီလိုဆိုရင် အခု FDB ကပြောတဲ့ လွတ်တော်ပ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို တောင်းဆိုနေတာသည် သဘာဝကျပါတယ်၊ကြားဖြတ်ရွေးကောက်ပွဲဖြင့် ယနေ့ ရင်ဆိုင်နေရသည့် နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်ပါလို့ပြောနေတဲ့ FDB တို့အဖို့ စုမူကို ရဲရဲတင်းတင်း ဝေဖန်ကန့်ကွက် နိုင်သလို မိမိတို့ယုံကြည်ချက်အတိုင်း ဆက်သွားနိုင်ကြပါတယ်၊
ဘယ်သူမှမကန့်ကွက်ကြပါဘူး၊ စိန်နဲ့ စု ပေါင်းစည်းပြီး အစိုးရသစ်ထဲမှာ ဒီမိုကရေစီရေးဖော်ဆောင် ကြမည်ဆိုတဲ့ကိစ္စကိုလည်း ပြည်ပထွက်တွေရော FDB ကပါ ထောက်ခံရင် ထောက်ခံတယ်၊ ကန့်ကွက်ရင်ကန့်ကွက်တယ်ဆိုတာ ရဲရဲဝံ့ဝံ့ကြေငြာချက် ထုတ်ချိန်တန်ပါပြီ၊
အင်အယ်ဒီက သူ့ပါတီတွင်း မူမိုလို့ ဘာမှဝင်ရောက်ဝေဖန်စရာ မရှိပါဘူးတို့ ဘာတို့ ညာတို့ ပြောပြီး နောက်ကွယ်က ကလိသလို ရိသလိုနဲ့ ဝေဖန်တာ တွေလည်း လုပ်မနေကြပါနဲ့တော့။ အခုလွတ်မြောက်လာကြတဲ့ ရှစ်ဆယ်ရှစ်ခေါင်းဆောင်တွေနဲ့ နိုင်/ကျဉ်း တွေက ရိုးသားတယ်၊ ပြတ်သားတယ်၊ သူတို့ကိုယ်တိုင် အခြေအနေ အရ ပါတီမဖွဲ့နိုင်သေးပါ၊
ရွေးကောက်ပွဲဝင်ပြီး လွတ်တော်ထဲကို မဝင်နိုင်ကြသေးပါ၊ သို့သော် စု မူကို အပြည့်အဝ ထောက်ခံပြီး အင်အယ်ဒီနဲ့ ဒေါ်စုကို ဝိုင်းရံမယ်လို့ အတိအလင်း ပြောကြတယ်၊ကြားဖြတ်ရွေးကောက်ပွဲမှာ အင်အယ်ဒီအနိုင်ရရေးအတွက် ပံ့ပိုးကူညီကြမယ်၊တပြိုင်နက်တည်းမှာလည်း လွတ်တော်ပမှ နေပြီး လုပ်လို့ရတဲ့ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ကြမယ်တဲ့၊လေးစားစရာ ကောင်းကြပါတယ်။
ပြည်တွင်းမှာလည်း စုမူကို မကြိုက်တဲ့သူတွေ ရှိကြပါတယ်၊ ပြည်ပရောက်တွေထဲမှာလည်း ရှိကြပါတယ်၊ ဒါပေမယ့် သူတို့ စုမူကို မကန့်ကွက်ရဲကြပါဘူး၊ သူရဲဘောကြောင် နေကြပါတယ်၊ မီဒီယာမှာ ဟိုပြော ဒီပြော၊ ဟိုရေး ဒီရေး အဆင့်လောက်နဲ့ပဲ စခန်းသတ်ကြမှာပါ၊
လွတ်တော်တွင်း နိုင်ငံရေးကို ရွေးချယ်လိုက်တဲ့ ဒေါ်စုကလည်း အောင်ပြီ နိုင်ပြီ ပိုင်ပြီ ရပြီ လို့ မပြောပါဘူး၊အစိုးရသစ်ထဲမှာ အပြောင်းအလဲကို မလိုချင်သူတွေ၊ ဆန့်ကျင်မယ့်သူတွေ အများကြီး ရှိနေပါသေးတယ်၊အင်နဲ့ အားနဲ့ ထုတည်လည်း ကြီးကြီးမားမား ရှိနေမည် အမှန်ပါ၊ ဒါကြောင့် စွန့်စားကြရပါအုံးမယ်လို့ ပြောခဲ့ပြီးသားပါ၊
တိုက်ပွဲကာလ ပြီးဆုံးပြီး အောင်ပွဲကာလထဲ ရောက်နေပြီလို့ မပြောပါဘူး၊ ဒါပေမယ့် ယခု ဒေါ်စုရွေးချယ်လိုက်တဲ့ လမ်းစဉ် (စု မူ) ကတော့ အစိုးရနှင့် ပူးပေါင်းရေး၊ ပါလီမန် အတွင်း ဝင်ရောက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ပါပဲ၊
ဒေါ်စုရော သူ့ကို ယုံကြည်သူတွေပါ သူ့လမ်းစဉ်ကို ယုံကြည်စိတ်ချစွာဖြင့် ချီတက်အကောင်အထည်ဖော်ကြမှာပဲ ဖြစ်ပါတယ်၊အဲဒီ စုမူသည် ယနေ့အချိန်အခါ အခြေအနေနှင့် ကိုက်ညီနေသည့် ဒီမိုကရေစီတော်လှန်ရေး လမ်းစဉ်ပဲ ဖြစ်နေပါတယ်။
တချိန်က အင်အယ်ဒီနှင့် သူတို့သွားနေသည့် လမ်းစဉ်ကို စာရေးသူက မထောက်ခံခဲ့ပါ၊ ဒေါ်စုကိုလည်း ပြတ်သားစွာပင် ဝေဖန်ခဲ့ပါသည်၊၂၀၁၁ ခုနှစ်ထဲမှာမှ ဒေါ်စု၏ ပုဂံဘုရားဖူးနှင့် ပဲခူးမြို့ စာကြည့်တိုက်ဖွင့်ပွဲမှ အပြန်၊ နောက်ပိုင်းတွင်မှ ဒေါ်စုကို ထောက်ခံခဲ့ပါသည်၊
အမေရိကန်မှ အထူးဆက်ဆံရေးကိုယ်စားလှယ် မစ္စတာ ဒဲဒစ်မစ်ချဲလ် မြန်မာပြည်ကို ရောက်လာပြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်ရေး လမ်းစဉ် (စိန် စု ကန်) ညီညွတ်ရေးလမ်းစဉ်ကို ထူထောင်ပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံခဲ့ပါသည်၊ မြန်မာ့အရေးသည် အမေရိကန်မပါလျှင် မပြီးနိုင်ဟု ယုံကြည်ယူဆသည့်အတွက် ယခု စု မူကို လည်း ထောက်ခံအားပေး ပါတော့သည်။
FDB တို့ ထောက်ပြသည့် အခက်အခဲ ပြဿနာများကိုလည်း စု မူဖြင့် ပြေလည်အောင် ဖြေရှင်းနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်၊ဒါသည်ပင် လက်တွေ့ကျသည့် “ တော်လှန်ရေး ” ဟု ဆိုချင်ပြီး စု မူ ဆန့်ကျင်သူများ၏ တော်လှန်ရေးကိုတော့ “ တော် လိမ်ရေး ” ဟုပင် ကင်ပွန်း တပ်လိုက်ပါကြောင်း။
အကျင့်ပျက် ခြစားနေသော ရခိုင်ပြည်နယ် ပေါက်တော့မြို့နယ် ပညာရေးမှု့ နှင့် ဒေါ် မတင်ညွန့် အကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သိပါစေ
ရခိုင်ပြည်နယ် ပေါက်တော့မြို့နယ် ..ချောင်းနွယ်ကျေးရွာရှိ .. ပညာရေးအကြောင်းမှာ .. အလွန်ပင်စိတ်ဆင်းရဲစရာအကြောင်း လူအများသိစေရန်နှင့် .. .. ပြုပြင်ပြောင်းလဲရေးတွေုလုပ်နေပါတယ်ဆိုတဲ့ အစိုးရ နှင့် အကျင့်ပျက် အစိုးရ၀န်ထမ်း ပညာရေးဝန်ထမ်းတွေ အကြောင်းကို စိတ်ပျက်ဖွယ်ရာ အများပြည်သူသိစေလိုခြင်းငြာ တင်ပြလိုက်ရပါသည်။
ရခိုင်ပြည်နယ် ပေါက်တော့မြို့နယ်ချောင်းနွယ်ကျေးရှာမှာ .. အိမ်ခြေပေါင်း ငါးရာကျော်နီးပါး ရှိသော်လည်း .. အခုအချိန်ထိ .. အလယ်တန်းအဆင့်ကို ကောင်းမွန်စွာ သင်ကြားခြင်းမပြုသည့်အပြင် ... ခေတ်အဆက်ဆက် အစိုးရအထက်ထက် လက်ထက်တွင် အလယ်တန်းကျောင်းကို ရပ်မိရပ်ဖ များက လျှောက်ထားခဲ့သော်လည်း .. ယနေ့အချိန်ထိ အလယ်တန်းကျောင်း မရှိသေးပါ .. ။
အလယ်တန်းအဆင့်သာမက မှုလတန်းအဆင့်ကို သင်ကြားနေသော ကျောင်းဆရာ ဆရာမ များမှာ .. ကျောင်းကိုခြိတ်ပိတ်ပြီး စာလာမသင်သည်မှာ .. ၅ လ နီးပါး ရှိနေပါသည်။ အဲဒီအကြောင်းကို မြို့နယ် ပညရေးမှု့ ပြည်နယ်ပညာရေးမှု နှင့် ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ လျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ . ၄င်းကျောင်းဆရာ ဆရာများမှာ ..လာရောက်စာသင်ကြားမရှိခဲ့ပါ ..
။ လွန်ခဲ့သည့် ကိုးလပိုင်း 18 ရက်နေ့ကတည်းကနေ .. ယနေ့အချိန်အထိ ဆရာ ဆရာများဖြစ်သော ... (၁) စိန်စိန်ဌေး (ပေါက်တောမြို့သူ) ၊ (၂) ဖြူဖြူထွေး (၃) ခင်ခင်ကျော် (၄) ဥမ္မာဝင်း (၅) ခင်မောင်သန်း ဆိုသော ကျောင်းဆရာ ဆရာမများသည် ယနေ့ထိတိုင် စာမသင်ကြားသည်မှာ ငါးလနီးပါးရှိနေပါသည်။ ကျောင်းတက်အရွယ်စာ မသင်ရသော ကလေးငယ်များအတွက် အင်မတန်မှ စိတ်မကောင်းဖြစ်မိပါသည်။ ၄င်း ချောင်းနွယ်ကျေးရွာသည် .. လူဦးရေ ၄ ထောင်နီးပါးရှိပြီး .. ပေါက်တော့မြို့နယ် ကျေးရွှာများ ထဲမှာ .. ဒုတိယအကြီးဆုံး ကျေးရွှာ တစ်ရွာဖြစ်ပါသည်။ ရခိုင်ပြည်နယ်၏ ပညာရေးစနစ်သည် .. အုပ်ချုပ်သူ လူတန်းစားများက လူမျိုးရေးအရ နှိမ်တဲ့ကြားထဲက မြို့နယ်အုပ်ချု့ပ်သူများနှုင့် မြို့နယ်ပညရေးမှု့များသည် ... တာဝန်ကျ ဆရာ/ ဆရာမ များထံမှ ငွေယူလာတ်ထိုးပြီး ဆရာ ဆရာမများသည် စာသွားမသင်ပဲ .. မြို့နယ်ပညာရေးမှုနှင့် .. အာဏာပိုင်များကို ငွေပေးပြီး .. နေနေကြသည်သာဖြစ်ပါသည်။ .. ...
ယခုအခါ ၄င်းကျေးရွာသူရွာသားများက လက်မှတ်ထိုးပြီး ပြည်နယ်ပညာရေးမှုနှင့် အခြေခံစသော တိုင်းပညာရေး အဆင့်ထိ စာတင်ထားသော်လည်း အကြောင်းတစ်စုံတစ်ရာ မထူးပဲ ယနေ့ထိတိုင်အောင် ကလေးငယ်များအား စာလာသင်ကြားမရှိသေးပါ ။။။။။ ဒါတွေကို အထက်အာဏာပိုင်တွေ က အသိတာလား တမင်သက်သက် ဒီလိုအကျင့်ပျက် ခြစားနေတဲ့ ပညာရေးဝန်ထမ်း တိုင်းပြည်ဝန်ထမ်းများကို ... အားကိုးပြီးတော့ ဘယ်လိုဘယ်နည်းနဲ့ ပညာရေးစနစ် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို ဘယ်လိုနည်းနဲ့ မြင့်တင်သွားမှာလဲ .. မြန်မာပြည်ထဲက ရခိုင်ပြည်နယ်ပညာရေးကို ရင်လေးမိပါသည်။ ။
ဒါတွေလား .. Clean Gov , Good Gov ဆိုတာ .. လားလို့ဦးသိန်းစိန် သမ္မတ ကို .. သိစေချင်ပါသည်။ .. .
By ချောင်းနွယ်ရွာသား/ကျောင်းသားဟောင်းတစ်ယောက် ...
နှလုံးသားများ အကြွေမစောကြစေဖို့
ကျွန်တော် မြန်မာနိုင်ငံကို အလည်အပတ်သွားရာကနေ အင်္ဂလန်ကို ပြန်ရောက်ပြီး ရက်ပိုင်းပဲ ရှိပါသေးတယ်။ နိုင်ငံခြားရောက် မြန်မာအများစုလိုပဲ ကိုယ့်မြေသံယောဇဉ်ရှိသူမို့ မြန်မာနိုင်ငံသတင်းကို မဖတ်တဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ နှစ်သစ်ကူးနေ့မှာ Internet သတင်းဖတ်ရင်းနဲ့ ဒေါက်တာနေ၀င်းမောင်ရဲ့ သတင်းကို ဖတ်မိလိုက်တော့ မယုံနိုင်အောင်ကိုဖြစ်မိတယ်။
၁၉၈၈ ခုနှစ်တုန်းက ကျွန်တော်မန္တလေးပြည်သူ့ဆေးရုံကြီးမှာ အလုပ်သင်ဆရာဝန် တာဝန်ကျနေတုန်းက ဒေါက်တာနေ၀င်းမောင်ကို ဆုံခဲ့ဖူးပါတယ်။ သူ့ရဲ့ညီဖြစ်သူ ဒေါက်တာနေလင်းမောင်က ကျွန်တော်နဲ့ ခင်မင်ရင်းနှီးသူ တစ်ဦးပါ။ နောက်ပိုင်းမှာ သူနဲ့မဆုံဖြစ်တော့ပေမယ့် သတင်း မီဒီယာတွေမှာ သူ့ရဲ့အကြောင်းတွေ၊ သူ့ရဲ့မိန်ခွန်းတွေ ဖတ်ရပါတယ်။ သူ့အပေါ် အမြင်အမျိုးမျိုးရှိကြပေမယ့် သူဟာတိုင်းပြည်အပေါ်မှာ အင်မတန် စေတနာရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်ပါ။ အသက် ၅၀ ဆိုတာ အတွေ့အကြုံနဲ့ ခွန်အားပေါင်းစပ်ပြီး တိုင်းပြည်အတွက် အများကြီးလုပ်နိုင်တဲ့ အရွယ်ပါပဲ။ ကျန်ရစ်ခဲ့သူ မိသားစုအတွက်ကတော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်ပါ။သူ့ရဲ့ နောက်ဆုံးအဖြစ်အပျက်ကို ဖတ်ရတဲ့အခါ ရင်ထုမနာဖြစ်ရပါတယ်။ အထူးသဖြင့် ကျွန်တော်လို နှလုံးအထူးကုသမားတော်တစ်ယောက်အနေနဲ့ ပိုပြီးယူကျုံးမရ ဖြစ်ရတယ်။ ကျွန်တော်အင်္ဂလန်မှာ နှလုံးရောဂါ အထူးကုသမားတော်လုပ်လာတာ ၁၀ နှစ်ကျော်လို့ ၁၅ နှစ်နီးပါးရှိပါပြီ။ Heart Attack ရတဲ့သူတွေဟာ တစ်ကမ္ဘာလုံးမှာ တော်တော်ကိုပဲ များပါတယ်။ သူသာ အင်္ဂလန်မှာဆိုရင်ဆိုတဲ့အတွေးက တိုးပြီးဝင်လာလို့ မနည်းကို ဖျောက်ပစ်လိုက်ရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ကျန်းမာရေးစနစ်ကြောင့် သူ အကြွေစောရတာလားဆိုတဲ့ မေးခွန်းကိုတော့ ကျွန်တော်ရဲ့အတွေးထဲက ဖျောက်လို့ကို မရနိုင်ပါဘူး။
ကျွန်တော်တို့နိုင်ငံမှာ ဆေးရုံဖွင့်တာ လွယ်ပုံရပါတယ်။ မကြာသေးမီက စီးပွားရှင်တွေ အပြိုင်အဆိုင် ဆေးရုံတွေ ဆောက်လုပ်လှူဒါန်းကြတာတွေ ဖတ်ရ၊ ကြားရပါတယ်။ ဒီလိုစေတနာတွေရှိကြတာ အရမ်းကောင်းပါတယ်။ ဟိုတယ်ကနေ ဆေးရုံကြီးဖြစ်သွားတာတွေ၊ ဌာနဆိုင်ရာရုံးကြီးတွေက ဆေးရုံကြီးတွေဖြစ်သွားတာ တွေ့မြင်ရတယ်။ ဆေးရုံလို့ ဆိုင်းဘုတ်တပ်တိုင်း ဆေးရုံဖြစ်သွားရောလားဆိုတာ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ ဆေးရုံတစ်ခုဖွင့်ရင် ဆေးရုံအင်္ဂါရပ်နဲ့ ပြည့်စုံသလား၊ မပြည့်စုံဘူးလားဆိုတာ ဘယ်သူတွေက တာဝန်ယူပြီး စစ်ဆေးကြသလဲ။ ဘယ်ဌာနက အသိအမှတ်ပြုလက်မှတ် Accreditation ပေးတာလဲ၊ ဘယ်ဟာကို စံထားပြီး လုပ်တာလဲဆိုတာ အရေးကြီးပါတယ်။ နိုင်ငံတော်တော် များများမှာ Accreditation စနစ်ကို ဆေးရုံကြီးတွေအတွက်သုံးပါတယ်။ ဥပမာ မြန်မာနိုင်ငံသားတွေ အားထားရာ Bangkot Hospital ဆိုရင် Joint Commission International (JCI) Accreditation ရထားတာပါ။
ဆေးရုံတစ်ရုံမှာ အဆောက်အအုံ၊ ဆေးဝါးကိရိယာ ပစ္စည်းတွေနဲ့ တတ်သိပညာရှင်တွေ လိုပါတယ်။ ပထမနှစ်ခုကတော့ ငွေရှိရင် အလွယ်တကူရနိုင်ပါတယ်။ တတ်သိပညာရှင်တွေကတော့ ချက်ချင်းလွယ်လွယ်ကူကူနဲ့ မရနိုင်ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံက အထူးကုတွေခမျာလည်း တော်တော်လေးကို ပင်ပန်းပါတယ်။ တချို့ဆရာဝန်ကြီးတွေဆိုရင် ဆေးရုံအသစ်ဖွင့်တိုင်း ကိုယ်ပွားရလို့ ၁၀ ကိုယ်ပွားလောက်တောင်များ ရှိကြသလားမသိဘူး။ ကမ္ဘာ့ရပ်ခြားမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာအထူးကု ဆရာဝန်အရေအတွက်ဟာ မြန်မာပြည်မှာရှိတဲ့ အထူးကုဆရာ ၀န် အရေအတွက်ထက် ၁၀ ဆ လောက်ကို ရှိနိုင်ပါတယ်။ ဒီအထူးကု ဆရာဝန်တွေသာ မြန်မာနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်နိုင်ရင်၊ ဆရာဝန်အငယ်တွေကို သင်ကြားပို့ချပေးနိုင်ရင် ပြည်သူလူထုအတွက် အများကြီးအကျိုးရှိမှာ မလွဲပါဘူး။ လူနာဘဲအုပ်က တစ်ရာ နှစ်ရာ ဖြစ်နေရှာတဲ့ မဗေဒါ အထူးကုဆရာဝန်ကြီးတွေအတွက်လည်း ၀န်ပေါ့သွားနိုင်ပါတယ်။ တတ်သိပညာရှင်တွေကို မြန်မာနိုင်ငံပြန်လာပြီး အလုပ်လုပ်စေချင်ရင် ဒီလူတွေ အလုပ်လုပ်လို့ရတဲ့စနစ်နဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ လိုပါတယ်။ Infrastructure မကောင်းရင် အထူးကုဆရာဝန်တွေလည်း ရမ်းကုတွေနဲ့ နင်လားငါလား ဖြစ်သွားနိုင်ပါတယ်။ ကားအကောင်းတွေ သွင်းလာပြီး လမ်းတွေမကောင်းလို့ မကြာခင်ပျက်ကုန်တာ မထူးဆန်းပါဘူး။
ကျွန်တော် အလုပ်လုပ်တဲ့ Sunderland Royal Hospital (SRH) ဟာ ကုတင်တစ်ထောင်ဆံ့ ဆေးရုံပါ။ ကျွန်တော်တို့ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဆိုရင်လည်း ဆေးရုံဝင်းထဲမှာ အလည်အပတ်ရောက်ရင်း တည်းဖူးပါတယ်။ SRH ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ အရွယ်အစား အတူတူလောက်ပါပဲ။ ကျွန်တော် High Tech စက်တွေ ယှဉ်ပြီး မပြောပါဘူး။ ဆေးပညာလောကမှာ နှစ်ပေါင်းများစွာသုံးလာခဲ့တဲ့ Defibrillator ခေါ် နှလုံးရပ် Cardiac Arrest မှာ နှလုံးကို Shock ရိုက်တဲ့စက်တွေပဲ ယှဉ်ကြည့်ပါ။ SRH မှာ Ward တိုင်း၊ Clinic တိုင်း မှာ Defibrillator တွေရှိပါတယ်။ ဆေးရုံတစ်ရုံမှာဆိုရင် Defibrillator အလုံးတစ်ရာနီးပါး ရှိပါတယ်။ ဒီစက်တွေကို တာဝန်ရှိသူတွေက နေ့တိုင်းပဲ Test လုပ်ရပါတယ်။ ရန်ကုန်ဆေးရုံကြီးလို မြန်မာနိုင်ငံရဲ့ ထိပ်တန်းဆေးရုံ တစ်ရုံမှာ Defibrillator ဘယ်နှလုံး ရှိပါသလဲ။ နောက်ဆုံးဖွင့်တဲ့ ဆေးရုံ အသစ်တွေမှာရော Defibrillator ဘယ်နှလုံးစီရှိပါသလဲ။
တချို့က ''ဟာ မီးတောင်မှ မှန်လို့လား''လို့ ပြောကြလိမ့်မယ်။ ဆေးရုံဆိုတာ စက်ရုံလို နားထားလို့ ရတဲ့အချိန် မရှိပါဘူး။ ဆေးရုံတိုင်းမှာ မီးဆိုတာ ၂၄ နာရီ လာနေရပါမယ်။ ကျွန်တော် အင်္ဂလန်မှာ ဆရာဝန်လုပ်လာခဲ့တဲ့ သက်တမ်းက ၁၈ နှစ်လောက် ရှိပါပြီ။ UK ဆေးရုံမှာ မီးပျက်တယ်ဆိုတာ ၁၈ နှစ်အတွင်း လက်ချိုးရေလို့ရပါတယ်။ အဲဒီ လောက်မီးပျက်တာနည်းတာတောင် ဆေးရုံမှာ ကိုယ်ပိုင်မီးစက် Generator ထားတယ်။ နောက်တစ်ခုကတော့ Training ပါ။ ကျွန်တော်တို့ ဆေးရုံမှာ ဆရာဝန်၊ သူနာပြုတွေသာမက ၀န်ထမ်းတိုင်း နှစ်စဉ် နှလုံး ရပ်တဲ့လူနာတွေအတွက် အသက်ကယ်သင်တန်း Basic Life Support (BLS) ကို မတက်မနေရ ပြဋ္ဌာန်းထားတယ်။ လူနာတစ်ယောက် ဆေးရုံအတွင်းမှာ Cardiac Arrest ရ နှလုံးရပ်ရင် အောက် ခြေအလုပ်သမားကအစ ဘာလုပ်ရမှန်း သိတယ်။ BLS Training က နှစ်နာရီလောက်ပဲ ကြာတာပါ။ High tech မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ BLS တောင် ဆရာဝန် ဘယ်နှယောက် လုပ်နိုင်ပါသလဲ။
နောက်တစ်ခုက Ambulance ကားတွေပါ၊ UK က Ambulance တိုင်းမှာ Defibrillator ပါပါတယ်။ Ambulance driver တိုင်းဟာ Training ရပြီး သက်ဆိုင်ရာအသိအမှတ်ပြု အောင်လက်မှတ်ရထားတဲ့ သူတွေပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံက Ambulance တွေတိုင်းမှာ Defibrillator ရှိတယ် မရှိဘူးဆိုတာ တာဝန်ရှိသူတွေ အသိဆုံးဖြစ်မှာပါ။ Heart Attack ရထားတဲ့ ဒေါက်တာနေ၀င်းမောင်လို လူနာတစ်ယောက် ဆေးရုံတစ်ရုံကို ရောက်လာပြီးမှ ပြည်သူ့ဆေးရုံကို လူနာကိုယ်တိုင် ကားမောင်းသွားရတယ်ဆိုတာ တစ်ကမ္ဘာလုံးမှာ ဘယ်နှနိုင်ငံများ ရှိမှာလဲ။ အပြစ်တင်ချင်တာထက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျန်းမာရေးအဆင့်ကို ဘယ်လို တိုးတက်အောင် လုပ်လို့ရသလဲလို့ တွေးချင်တာပါ။
UK မှာ မကြာသေးမီကမှာ Cardiac Arrest ရသူတွေအတွက် အလိုအလျောက်နှလုံး Shock ရိုက်စက်၊ Automated External Defibrillator (AED) တစ်သောင်းကျော်ကို လေဆိပ်တွေ၊ Shopping mall တွေနဲ့ လူအများသွားလာတဲ့ နေရာတွေမှာ တပ်ဆင်ထားပါတယ်။ Heart Attack ရသူတွေရဲ့ သေဆုံးသူဦးရေရဲ့ တစ်ဝက်လောက်ဟာ ဆေးရုံမရောက်ခင် Cardiac Arrest နဲ့ ဆုံးကြရတာပါ။ AED တွေကြောင့် ၇၅ ရာခိုင်နှုန်းလောက် အသက်ရှင်ဖို့ အခွင့်အလမ်း ပိုရနိုင်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း AED တွေကို အဲဒီလို တပ်ဆင်တာတွေ ရှိပါတယ်။ သူတို့အတိုင်းအတာအထိ မလုပ်နိုင်ရင်တောင် မြန်မာနိုင်ငံမှာ တတ်နိုင်တဲ့ အတိုင်းအတာအထိ လုပ်နိုင်ရင်တော့ ကောင်းမှာပဲလို့ တွေးမိတယ်။ Defibrillator တစ်လုံးဟာ အက္ခရာဟောင်း အပ်နှံကားလောက်တောင် ဈေးမကြီးပါဘူး။
ကျွန်တော်က ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ထဲမှာ မြန်မာပြည်ကို အလည်အပတ် ပြန်ရောက်ထားတာပါ။ ကျွန်တော် ရန်ကုန် မြန်မာနိုင်ငံ ဆရာဝန်အသင်းတိုက်မှာ ဆရာဝန် ၁၆၀ လောက်ကို နှလုံးရောဂါနဲ့ ပတ်သက်ပြီး ECG သင်တန်းပေးခဲ့ပါတယ်။ သင်တန်းလာတက်သူ အများစုထဲမှာ လက်ရှိရန်ကုန်က ဆေးရုံတွေမှာ အလုပ်လုပ်နေသူတွေ ပါပါတယ်။ စာသင်ရင်းနဲ့ Defibrillator အကြောင်း ရောက်သွားပါတယ်။ ရန်ကုန်က ဆေးရုံတွေမှာ Ward တိုင်းမှာ Defibrillator ရှိသလားလို့ ကျွန်တော်ကမေးတော့ ဆရာဝန်အများစုက ခေါင်းရမ်းကြတယ်။ ၀မ်းနည်းစရာပါပဲ။ ကျွန်တော်ရဲ့ မိတ်ဆွေပါမောက္ခတစ်ဦးကလည်း သူ Heart Attack ရရင် ဘယ်သွားကုရမှာ လည်း မသိဘူးလို့ပြောတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်ရတယ်။ သူ့အပြောနဲ့ ဒေါက်တာနေ၀င်းမောင်ရဲ့ အဖြစ်တွေကို ဆက်စပ်ကြည့်တဲ့အခါ တွေးစရာတွေက အစီအရီ ပေါ်လာတယ်။ Heart Attack အရေးပေါ် ရောဂါမျိုးက တခြားနာတာရှည်ရောဂါတွေလို Bangkok တို့ Singapore တို့ သွားကုဖို့ အချိန်မမီနိုင်ပါဘူး။
တိုက်တိုက်ဆိုင်ဆိုင် ၂၀၁၂ ခုနှစ်ဆန်းရဲ့ ပထမပတ်အတွင်းမှာပဲ ကျွန်တော် SRH မှာ နှစ်စဉ်ဝန်ထမ်းတိုင်း မတက်မနေရဖြစ်တဲ့ BLS သင်တန်းကိုတက်ရပါတယ်။ တခြားဌာနတွေက အထူးကုဆရာဝန်ကြီးတွေပါ ကျွန်တော်နဲ့အတူတူ တက်ရပါတယ်။ အဲဒီ BLS သင်တန်းတက်ရင်း Defibillator တွေ Dummy အရုပ်တွေနဲ့ လေ့ကျင့်ရင်းကနေ ဒေါက်တာနေ၀င်းမောင်အကြောင်း၊ မြန်မာနိုင်ငံအကြောင်း မတွေးမိပဲကို မနေနိုင်ပါဘူး။ ကျွန်တော်ရဲ့အလုပ်မှာ နှလုံးသွေးကြောကျဉ်းတဲ့ လူနာတွေကို နေ့စဉ်ပဲ တွေ့ရပါတယ်။ လူနာအသစ်တိုင်းကို Heart Attack ရတယ်လို့တင်ရင် ဘာလုပ်ရမယ်ဆိုတာ နှလုံးရောဂါအထူးကု သမားတော်အနေနဲ့ အကြံပေးရပါတယ်။ UK မှာတော့ လူနာတွေက သူတို့ Heart Attack ရတယ်လို့ထင်ရင် ၉၉၉ နံပါတ်ကို ဖုန်းဆက်ပြီး Ambulance ခေါ်လို့ ရပါတယ်။ အဲဒီလိုလူနာမျိုးဆိုရင် Ambulanceတွေက မဆိုင်းမတွ ချက်ချင်းလာပါတယ်။ ဆရာဝန်တွေက နှလုံးရောဂါရှင်တိုင်းကို Heart Attack ရတယ်ထင်ရင် ဘာလုပ်ရမယ်ဆိုတဲ့ Heartwise ကတ်ကလေးတွေ ပေးထားကြတယ်။ ကျွန်တော့် အဲဒီကတ်ကလေးတွေ လူနာတိုင်းကိုပေးတိုင်း ဒေါက်တာနေ၀င်းမောင်အကြောင်းကို ခေါင်းထဲက မထွက်တော့ပါဘူး။ ဒီလိုစနစ်မျိုးများ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိရင်ဆိုတဲ့ အတွေးက ဖုံးဖိလို့ကို မရနိုင်ပါဘူး။
တတ်သိပညာရှင်တွေကို မြန်မာနိုင်ငံပြန်လာပြီး အလုပ်လုပ်စေချင်ရင် ဒီလူတွေ အလုပ်လုပ်လို့ရတဲ့ စနစ်နဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ လိုပါတယ်။ Infrastructure မကောင်းရင် အထူးကုဆရာဝန်တွေလည်း ရမ်းကုတွေနဲ့ နင်လားငါလား ဖြစ်သွားနိုင်ပါတယ် ...
ကျွန်တော်အခုလို ရေးသားတာဟာ ဘယ်သူ့ကိုမှ နစ်နာစေချင်တဲ့စိတ်နဲ့ ရေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်ကို တတ်နိုင်သလောက် ရှုထောင့်တစ်နေရာက ထောက်ပြတာပါ။ UK ရဲ့ကောင်းတဲ့ စနစ်တစ်ခုကတော့ ဘယ်နေရာဖြစ်ဖြစ် အမှားတွေ့ရင် သိအောင်အဖြေရှာတယ်။ ပြောင်းဖို့လိုအပ်ရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောင်းလဲမှုတွေ လုပ်တယ်။ အစိုးရကိုချည်း အားကိုးလို့ မရပါဘူး။ ပြောင်းလဲမှုတစ်ခုလုပ်ချင်ရင် လူတိုင်း အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိပါတယ်။ အခုအချိန်အခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စာနယ်ဇင်းကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်မှုတွေ မြင်နေရပါပြီ။ ကျန်းမာရေးကဏ္ဍအနေနဲ့လည်း ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ ကျန်းမာရေးလုပ်သားတွေက အရေးအကြီးဆုံးပါ။ တိုးတက်တဲ့ ပညာရေးစနစ်ဖြင့်သာလျှင် ကျန်းမာရေးစနစ် တိုးတက်လာအောင် အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ကျွန်တော်အပါအ၀င် ပြည်ပရောက်နေတဲ့ မြန်မာတတ်သိပညာရှင်တွေကလည်း လက်လှမ်းမီသ၍ ပါဝင်ဆောင်ရွက်ကြမှာပါ၊ ပြိုင်တူတွန်းလျှင်တော့ တကယ်ကိုရွေ့နိုင်ပါတယ်။
ဒေါက်တာနေ၀င်းမောင်တစ်ယောက် သူရဲ့နောက်ဆုံးအချိန်မှာ သူကိုယ်တိုင် ခံစားချက်တွေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းကို တိုးတက်စေချင်ခဲ့မှာ မလွဲပါဘူး။ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားကြရင်တော့ နှစ်များ မကြာမီမှာ တိုင်းပြည်ရဲ့ ကျန်းမာရေး အဆင့်အတန်းမြင့်လာပြီး နှလုံးသားတွေ အကြွေမစောကြလေအောင် ဆောင်ရွက်နိုင်ကြလေမယ်လို့ မျှော်လင့်ပါတယ်။
Written by ဒေါက်တာဇော်မျိုးထက် (နှလုံးရောဂါအထူးကု၊ UK)
EMG
မဏိမေခလာ စောင့်သည့်ကြိုး အပိုင်း(၁)
မလေးရှားနိုင်ငံ ကေဘယ်ကြိုးတပ်ဆင်ထိန်းသိမ်းရေးရဲ့ အဓိက ပညာရှင်၊စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ RS&L Marine ရဲ့ မန်နေဂျင်းဒါရိုက်တာ Mr.Hiew Heng Foo က သူတို့ ရဲ့ ရေအောက်ကေဘယ်ကြိုးတွေထဲကတချို့ တ၀က်ဟာ ငါးဖမ်းပိုက်ကွန်တွေရဲ့  အောက်ခြေနဲ့ ငြိလို့  ဒါမှမဟုတ် သင်္ဘောကျောက်ဆူးတွေကြောင့် နေရာရွေ့ ကုန်တာတွေ၊ပျက်စီးဆုံးရှုံးတာတွေ ဖြစ်နေပါတယ်လို့ ပြောသွားပါတယ်။သူဆက်ပြောသွားတာက-
"တခါတလေ သင်္ဘောကျောက်ဆူးချတဲ့အခါ ကျောက်ဆူးက ကေဘယ်ကြိုးတွေကို သွားငြိပြီးရပ်သွားတတ်တယ်၊ အဲဒါကဘာကိုပြသလဲဆိုတော့ ကေဘယ်ကြိုးတွေမြှုပ်တဲ့နေရာမှာ လုံလုံလောက်လောက် နက်နက်မမြှုပ်ခဲ့ဘူးဆိုတာပဲ"
မလေးရှားနိုင်ငံရဲ့ အဓိကရေကြောင်းသယ်ယူပို့ ဆောင်ရေးနေရာတစ်ခုဖြစ်တဲ့ Port Klang မှာ မြှုပ်ထားတဲ့ ရေအောက်ကေဘယ်ကြိုးတွေထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်ပြီး Mr.Hiew လေ့လာသုံးသပ်ပြသွားတာပါ။ တချိန်တည်းမှာပဲ ရေအောက်ကေဘယ်ကြိုးအချို့ ဟာ သူခိုးတွေကြောင့် ထိခိုက်ပျက်စီးတာမျိုးလည်း ရှိနေပါတယ်။
"သူခိုးတွေက ဒီ Fiber Optic(Data) ကြိုး ၁၀ကီလိုမီတာလောက် ရေထဲကနေမတင်ပြီး သူတို့ လိုသလောက် အပိုင်းပိုင်းဖြတ်ယူသွားကြတယ်။ သူတို့ မသိကြတာက ဒီကြိုးထဲမှာဖန်မျှင်တွေပဲပါပြီး ပြန်ရောင်းချလို့ ရလောက်အောင်အဖိုးတန်တဲ့ ကြေးနီတို့ လို သတ္တုမျိုးတွေမပါဘူးဆိုတာပါပဲ။ ဒီဖန်မျှင်တွေဟာ သူတို့ အတွက်တန်ဖိုးမရှိဘူးဆိုတာ သူခိုးတွေသိတဲ့အချိန်မှာ ဒီမှာတော့ အကြီးအကျယ်ပျက်စီးသွားခဲ့ပြီ"
Symphonet ရဲ့  CEO Datuk Baharum Salleh ကပြောသွားတာပါ။သူတို့ စီးပွားရေးအုပ်စုက မလေးရှားနိုင်ငံကနေ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ရေအောက်ကေဘယ်ကြိုးလမ်းကြောင်းအသစ်ချဖို့  ကြံစည်နေပါတယ်။ကမ်းဦးရေတိမ်ပိုင်းမှာရှိတဲ့ ကေဘယ်ကြိုးတွေရဲ့ ထိခိုက်ပျက်စီးမှုက များသောအားဖြင့် လူတွေကြောင့်လို့ သံသယဖြစ်စရာရှိနေပါတယ်။ပြီးတော့ ဒီလိုနေရာမျိုးမှာ လုပ်ဆောင်ရတာဟာ အရမ်းကိုစွန့် စားရတဲ့အလုပ်တစ်ခုလို့  Telecoms Business Unit of Global Marine Systems ရဲ့  Manager Director Ian Douglas ကပြောပြသွားပါတယ်။ကုမ္ပဏီတစ်ခုဟာ ကမ်းဦးရေတိမ်ပိုင်းနဲ့ သင်္ဘောလမ်းကြောင်းတိုတွေတလျှောက်မှာ ကေဘယ်ကြိုးမြှုပ်တဲ့လုပ်ငန်းကို လုပ်ကိုင်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေ ဆုံးရှုံးနိုင်လို့  အစွန့် စားရဆုံးစီးပွားရေးလို့  သူကထောက်ပြသွားတာပါ။
" ရေနက်ပိုင်းမှာ Fiber Optic cable တွေမြှုပ်တာက ထိခိုက်ပျက်စီးမှုနည်းတဲ့အတွက် စီးပွားရေးအရဆုံးရှုံးမှုနည်းပါးတော့ သိပ်စွန့် စားရတာမျိုးမရှိပါဘူး၊ဥပမာပြောရရင် ခင်ဗျားတို့ အနေနဲ့ ပစိဖိတ်လိုမျိုး သမုဒ္ဓရာကိုဖြတ်ပြီး ကေဘယ်လ်ချမယ်ဆိုရင် ခင်ဗျားတို့ ရင်းနှီးမြှုပ်နှံထားသလောက် အမြတ်ငွေကပုံမှန်လည်ပတ်နေမှာပဲ၊ လုပ်ရကိုင်ရတာ အချိန်ကြာတာတစ်ခုပဲ ပြောစရာရှိတယ်။ဒါပေမယ့် ငွေကြေးအရ စွန့် စားရတာမျိုးမရှိဘူး။" ဒီလုပ်ငန်းမှာ လုပ်သက် ၁၅နှစ်ရှိပြီဖြစ်တဲ့ အင်ဂျင်နီယာ Ian Douglas ကပြောသွားတာပါ။
မနှစ်က စင်္ကာပူနိုင်ငံမှာပြုလုပ်တဲ့ Submarine Networks World Conference မှာ ဒီရေအောက်ကေဘယ်ကြိုး စီးပွားရေးလုပ်ငန်းတစ်ခုရဲ့  အတိုင်ပင်ခံ Mr.John Hibbard ကခုလိုရှင်းပြဖူးပါတယ်။ " ဒီအလုပ်ရဲ့ လုပ်ငန်းစဉ်က ရိုးရိုးလေးပါ။ရေနက်ပိုင်းမှာ ကေဘယ်တွေချတဲ့အခါ မြေကြီးထဲအထိလည်း ထယ်ထိုးမြောင်းတူးပြီး မြှုပ်စရာမလိုတဲ့အပြင် ဒီနေရာမှာ ဂက်စ်ပိုက်လိုင်းတွေ၊ ရေကြောင်းအရှုပ်အထွေးတွေလည်း မရှိပါဘူး။" လို့ သူကပြောသွားပါတယ်။
လုပ်ထုံးလုပ်နည်းစည်းမျဉ်းများအရ ရေအနက် ၅၀မီတာထက်တိမ်တဲ့နေရာမျိုးမှာ ကေဘယ်ချမယ်ဆိုရင် အဲဒီကြိုးကိုကာကွယ်နိုင်ဖို့  ရေအောက်ကြမ်းပြင်ကိုမြောင်းဖော်ပြီး မြေမြှုပ်ဖို့  ကြိမ်းသေလိုအပ်ပါတယ်။မြောင်းအနက်ဟာလည်း အနည်းဆုံး၁.၅မီတာ နက်ဖို့ လိုပါတယ်။ဒါပေမယ့် တချို့ ပင်လယ်ကူးသင်္ဘောကြီးတွေရဲ့ ကျောက်ဆူးချတဲ့အခါ ကျောက်ဆူးအလေးချိန်များတဲ့အတွက် မြေကြီးအနက် ၅မီတာကနေ အဲဒီထက်ပိုပြီးနစ်ဝင်တတ်တာကြောင့် သိပ်ပြီးတော့ စိတ်မချရပါဘူး။ အဲဒါကြောင့် ကေဘယ်ကြိုးတွေကို မြေကြီးအနက် ၅မီတာကနေ ၁၀မီတာကြားမှာမြှုပ်တာအကောင်းဆုံးပါပဲ။ခုဆိုရင် ဆယ်မီတာအနက်ထိမြှုပ်နိုင်မယ့် နည်းပညာကို ဟောင်ကောင်နဲ့ စင်္ကာပူမှာရှိတဲ့ဆိပ်ကမ်းတွေမှာ သုံးစွဲနေပြီဖြစ်ပါတယ်လို့  Mr.Douglas ကပြောပြသွားပါတယ်။ရေအောက်ကေဘယ်ကြိုးမြှုပ်တဲ့ မှတ်တမ်းများအရ မလေးရှားနိုင်ငံမှာ ၂၀၁၀ခုနှစ်က Global Marine System ကိုသုံးစွဲပြီးတော့ အင်တာနက်ဆက်သွယ်ရေး Fiber Optic cable မဟုတ်ပဲ ရိုးရိုးဓာတ်အားပေးရေအောက်ကေဘယ်ကြိုးတွေကို Tenaga Nasional Bhd(TNB)ကုမ္ပဏီက Port Klang ကနေ Pulau Ketam ထိ လျှပ်စစ်ဓာတ်အားဖြန့် ဖြူးဖို့ အတွက် သွယ်တန်းခဲ့ပါတယ်။ဒီကြိုးရဲ့ အရှည်က စုစုပေါင်းကီလိုမီတာ ၃၀လောက်သာရှိပေမယ့် ဓာတ်အားဖြန့် ဖြူးရေးပိုင်းမှာတော့ မယုံကြည်နိုင်လောက်ကို အဆင်ပြေချောမွေ့ သွားခဲ့ပါတယ်။
" ကျွန်တော်တို့ အနေနဲ့ ရေအောက်ကြမ်းပြင်ရဲ့ ၁၄မီတာအနက်ထိ ကေဘယ်တွေကိုမြှုပ်နိုင်အောင်ဖန်တီးနိုင်ဖို့  ကြိုးစားရပါမယ်။ဒီအနက်ပမာဏဟာ ကမ္ဘာပေါ်မှာရှိသမျှရေအောက်ကေဘယ်ကြိုးမြှုပ်တဲ့နေရာမှာ အနက်ဆုံးမြှုပ်နိုင်တဲ့ ကြိုးပမ်းမှုအဖြစ် မှတ်တမ်းဝင်သွားမှာပါ။ဒီကြိုးပမ်းမှုဟာ ခုလုပ်ဆောင်နေတဲ့ နည်းပညာရဲ့ အဆုံးလို့ လည်းပြောလို့ ရပါတယ်။ ပင်လယ်ထဲမှာ နောက်ဆို ခုထက်ပိုပြီးကြီးမားတဲ့သင်္ဘောတွေထုတ်လုပ်မောင်းနှင်လာကြမှာဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့  ကေဘယ်မြှုပ်ဖို့ အတွက် မြောင်းတွေတူးဖို့ လိုအပ်ပါတယ်။ဒါမှ ကေဘယ်ကြိုးတွေဟာ ဧရာမရေယာဉ်ကြီးတွေရဲ့  ဒဏ်ကနေ ခံနိုင်ရည်ရှိနိုင်မှာဖြစ်ပါတယ်" လို့  Douglas က ရှင်းပြသွားပါတယ်။
TNB ရဲ့ မှတ်တမ်းများအရ ဒီစီမံကိန်းအတွက် စုစုပေါင်းကုန်ကျငွေ ရင်းဂစ် ၆၈သန်းရှိပြီး ရေအောက်ကေဘယ်ကြိုးအတွက်သက်သက် ရင်းဂစ် ၄၂သန်းကုန်ကျခဲ့ပါတယ်။ကုန်ကျစရိတ်များပြားပေမယ့် ဒီကေဘယ်တွေရဲ့ အသုံးဝင်ပုံကိုထည့်မတွက်ဘူးဆိုရင်တောင် ဒီကုန်ကျစရိတ်ဟာ Pulau Ketam မှာနေထိုင်ကြတဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲသူတွေဆီကနေ ကောက်ခံရရှိမယ့်ဝင်ငွေနဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ပြန်ပြီးအရင်းကျေနိုင်မှာဖြစ်ပါတယ်။ ကေဘယ်မြှုပ်နှံထားတဲ့နေရာဟာ စနစ်တကျလုံခြုံမှုမရှိတဲ့ နေရာမျိုးဖြစ်နေတဲ့အခါ လူတွေကြောင့် ထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်တဲ့ အလားအလာတွေရှိနေတဲ့အတွက် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ကောင်းနိုင်သလောက်ကောင်းအောင်လုပ်ပေမယ့်လို့ အကောင်းဆုံးကတော့ Cable Protection Zone သတ်မှတ်ပြီး တားမြစ်ပိတ်ပင်နိုင်ပါတယ်။ဒါ့အပြင် ရေယာဉ်နှင့်ကင်းလှည့်ခြင်း၊ သင်္ဘောများဖြတ်သန်းသွားလာမှုကို စနစ်တကျစောင့်ကြည့်ခြင်းနဲ့  အခြား ပင်လယ်ရေအောက်ကြမ်းပြင်နဲ့ ဆက်စပ်အလုပ်လုပ်သူတွေ ဥပမာ(ရေနံ၊သဘာဝဓာတ်ငွေ့ တူးဖော်သူတွေ၊ငါးဖမ်းလုပ်ငန်းနဲ့  အခြားပင်လယ်လုပ်ငန်းများ)စတာတွေနဲ့ ဆွေးနွေးတိုင်ပင်ညှိနှိုင်းတာမျိုးတွေ လုပ်ဖို့ လိုပါတယ်။နောက်ပြီး ဒေသတလျှောက်မှာနေထိုင်ကြတဲ့ ဒေသခံတွေကို ဒီကေဘယ်ကြိုးတွေရဲ့ အရေးကြီးအသုံးဝင်ပုံတွေကို ပညာပေးတာမျိုးတွေလည်း လုပ်ဖို့ လိုပါတယ်။ဒီလုပ်ဆောင်ချက်တွေဟာ ရေအောက်ကေဘယ်ကြိုးတွေကို လူတွေကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကနေအထိရောက်ဆုံးကာကွယ်နိုင်မယ့်နည်းလမ်းတွေဖြစ်ကြပါတယ်။
http://www.globalmarinesystems.com/images/upload/File/Star-Article-Subsea-Cabling-Global-16Jan2012.pdf မှဆောင်းပါးရှင် Meng Yew Choong ၏ Global Link ဆောင်းပါးအား တိုက်ရိုက်ဘာသာပြန်ဆိုသည်။
မြတ်သိန်းထွန်း(၂၉၊၁၊၂၀၁၂)
တစ်နေ့လျှင် လက်ဖက်ရည်ကြမ်း သုံးခွက်သောက်သုံးခြင်းဖြင့် သွေးတိုးကျစေနိုင်
တစ်နေ့လျှင် လက်ဖက်ရည်ကြမ်းသုံးခွက်ခန့်သောက်သုံးခြင်းဖြင့် သွေး တိုးကျဆင်းစေနိုင်ကြောင်း လေ့လာမှု တစ်ခုကဖော်ပြ သည်။ သြစတြေးလျ အနောက်ပိုင်းတက္ကသိုလ်မှသိပ္ပံပညာရှင်များက လက်ဖက်ရည်ကြမ်းသောက် သုံးခြင်းဖြင့် အပေါ်သွေးရော၊ အောက်သွေးပါကျ ဆင်းစေကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။သုတေသီများသည်စမ်းသပ်ချက်အား လက်ဖက်ရည်ကြမ်းတွင်သာ စမ်းသပ်ခဲ့ပြီး နို့နှင့် ရောထားသောလက်ဖက်ရည်ပေါ်တွင် မူစမ်းသပ်မှုမပြုရ
သေးပေ။ လက်ဖက်ရည်သည် ရေပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယလူကြိုက် အများဆုံးသောက်သုံးစရာတစ်ခုဖြစ်သည်။ လက်ဖက်ရည်ကြမ်းထဲတွင် ကင်
ဆာဆဲလ်များ တိုးပွားမှုရပ်တန့်ပေးနိုင်သော Polyphenols နှင့် Antioxidants များပါဝင်နေသည့်အပြင် တစ်နေ့လျှင်လက်ဖက်ရည်ကြမ်း သုံးခွက်
သောက်သုံးလျှင်နှလုံးရောဂါဖြစ်ပွားမှုနှုန်း ၁ဝ ရာခိုင်နှုန်းကျဆင်းစေကြောင်း လေ့လာသူများမှ ပိုမိုထောက်ခံအသိအမှတ်ပြုလာကြပါသည်။ ထို့ပြင်
ဟားဗတ်ဇ်တက္ကသိုလ်မှလေ့လာတွေ့ရှိမှုတွင်လည်း ရောဂါဖြစ်မှုနှုန်းပိုမို နည်းပါးလာစေကြောင်းတွေ့ရှိရပါသည်။
နှလုံးရောဂါဖြစ်ပွားမှုကျဆင်းစေနိုင်ခြင်း၊ သွေးကြေားများ ပိုမိုအား ကောင်းလာနိုင်စေခြင်းနှင့်ကင်ဆာဆဲလ် များတိုးပွားမှုအားလျော့ကျစေနိုင်သည်များ အား လေ့လာတွေ့ရှိခဲ့သော်လည်း လက်ဖက်ရည်ကြမ်းမှသွေးဖိအား အားမည်သို့ကျဆင်းစေသည်ကို ဆက်လက်လေ့လာရန် လိုအပ်နေဆဲဖြစ်
သည်။ အရက်နှင့်အငန်စားသုံးမှုအား ရပ်တန့်ကာ အသီးအနှံနှင့်ဟင်းသီး ဟင်းရွက်များအား ပိုမိုစားသုံးခြင်းသည်လည်း သွေးတိုးကျစေမည့်နည်း
ကောင်းတစ်ရပ်ဟု ပညာရှင်များက သုံးသပ်ခဲ့ပါသည်။
REF: AFP
အေဗရာဟမ်လင်ကွန်း၏ နိုင်ငံရေးဥာဏ်ရည်
ဘားရက်အိုဘားမား အမေရိကန်သမ္မတအဖြစ် အရွေးခံရပြီးစတွင် အများအံ့အားသင့်ရသည့်အရာတစ်ခု ပြုလုပ် ခဲ့သည်။ အဲဒါက သူ့ပါတီက သမ္မတလောင်းရွေးကောက်ပွဲတွင် သူနှင့်အကျိတ်အနယ်ယှဉ်ပြိုင်ခဲ့သည့် ဟီလာရိ ကလင်တန်အား သူ့အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ပြိုင်ဘက်တစ်ယောက်ကို အဲသည်လောက်ကြီးမားသည့် ရာထူးနေရာပေးအပ်တာ ထူးဆန်းနေသလို တစ်ဖက်လူက သူ့လက်အောက်မှာဝင်ရောက်လုပ်ကိုင်ရန် လက်ခံခဲ့တာသည်လည်း အံ့သြစရာ ဖြစ်ခဲ့သည်။ လူအများစိတ်မှာ ထင်မထားတာတွေ ဖြစ်တာမှန်သော်လည်း သေသေချာချာစဉ်းစားကြည့်သည့်အခါ အံ့သြစရာ မဟုတ်။
အိုဘားမားက သူ့အဖွဲ့မှာ အရည်အချင်းရှိသူတွေ ပါဝင်စေချင်သည်။ နာမည်အရှိန်အ၀ါပြီးသူတွေ ပါဝင် စေချင်သည်။ အဲဒါမှ တိုင်းပြည်အရေးကိစ္စကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်။ ပြီး၊ ဟီလာရီကလင်တန်ကို ရွေးချယ်ခြင်းဖြင့် သူတို့ပါတီထဲမှာလည်း အုပ်စုတွေမကွဲအောင် ထိန်းသိမ်းနိုင်မည်။ ပြန်ချုပ်လိုက်တော့ သူ့တိုင်းပြည် သူ့ပါတီနှင့် သူကိုယ်တိုင်၏ အကျိုးအတွက်ဖြစ်သည်။ ထို့ကြောင့် ဟီလာရီ ကလင်တန်ကို ဖိတ်ခေါ်ခြင်းသည် လုပ်သင့်လုပ်ထိုက်သော အလုပ်တစ်ခုကို လုပ်လိုက်ခြင်းသာ ဖြစ်သည်။
ကလင်တန်အဖို့ရော။ သူ့အနေနှင့် သမ္မတမဖြစ်ရသော်လည်း၊ အမေရိကန်အစိုးရအဖွဲ့ထဲမှာ အရေးပါဆုံးနေရာ တစ်ခုဖြစ် သည့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခွင့်ရသည်မှာ ကြီးမားသော ဆုလာဘ်တစ်ခုပင်ဖြစ်သည်။ စောစောပိုင်းက သူသည် သမ္မတကတော်ဖြစ်ခဲ့၏။ သို့သော် အဲဒါက ခင်ပွန်းသည်၏ အရှိန်အ၀ါဖြင့် ကြီးကျယ်ခဲ့ တာဖြစ်သည်။ ယခုနိုင်ငံခြားရေးဝန်ကြီးဆိုတာက သူကိုယ်တိုင်အနေနှင့် ရမည့်ရာထူး။ သည်ရာထူးမှာ သူ့အရင် အမျိုးသမီးထဲက နှစ်ဦးသာရဖူးသည်ဆိုတော့ ပုဂ္ဂိုလ်တစ်ဦးချင်းအနေနှင့်စဉ်းစားလျှင် သေးသေးမွှားမွှား အောင် မြင်မှု မဟုတ်။ ထို့ကြောင့်လည်း အိုဘားမား၏ဖိတ်ခေါ်ချက်ကို သူလက်ခံလိုက်ခြင်းဖြစ်သည်။
အိုဘားမားသည် သူ့အဖွဲ့ထဲတွင် ပါဝင်ရန်အတွက် ပြိုင်ဘက်များထဲမှ ကလင်တန်တစ်ယောက်သာခေါ် ယူသည်မဟုတ်။ နောက်ပြိုင်ဘက်တစ်ဦးဖြစ်သူ ဗီလ်ဆက်(Tom Vilsack) ကို စိုက်ပျိုးရေးဝန်ကြီးခန့်သည်။ သည့်အပြင်နောက်တစ်ဦးဖြစ်သည့် ဘီလ်ရစ်ချတ်ဆင် (Bill Rihaedson) ကိုလည်း ကူးသန်းရောင်းဝယ်ရေးဝန် ကြီးခန့်ရန် အမည်စာရင်းတင်သွင်းသေးသည်။ သို့သော်ရစ်ချတ်ဆင်မှာ ပြဿနာတစ်ခုရှိသဖြင့် သည်ရာထူးကို လက်မခံနိုင်ခဲ့။
တစ်ဖန်၊ လောလောဆယ်တွင် အိုဘားမား၏ ဒုသမ္မတဖြစ်နေသည့် ဂျိုးဘိုင်ဒင်သည်လည်း ဒီမိုကရက်တစ်ပါတီ တွင်း သမ္မတလောင်းရွေးပွဲတုန်းက ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူ တစ်ဦးပင်ဖြစ်သည်။ ပါတီတွင်း ပြိုင်ပွဲမှ စောစောစီးစီး နောက်ဆုတ်သွားခဲ့သည့် ဘိုင်ဒင်အားပါတီစုံပြိုင်ပွဲတွင် မိမိနှင့်အတူ ဒုသမ္မတလောင်းအဖြစ် လက်တွဲပါဝင်ရန် အိုဘားမား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
မနေ့ကပြိုင်ဘက်တွေကို သည်ကနေ့ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် တစ်ဖွဲ့တည်းသားတွေ ဖြစ်အောင် စည်းရုံးသူကစည်းရုံးပြီး ပါဝင်သူတွေကလည်း ပါဝင်ခဲ့ကြခြင်းသည် ဘာကြောင့်လဲ။
တိုတိုပြောရသော် ပူးပေါင်းသည့်အတွက် နှစ်ဘက်လုံး အကျိုးရှိကြသောကြောင့်ဖြစ်သည်။
သို့ဖြစ်လျှင် သည်လူတွေ ပူးပေါင်းကြတာ ဆန်းသလား။ အဲ၊ ဆန်းတော့ ဆန်းသေးသည်။
အကြောင်းက လူတိုင်းလူတိုင်း အထက်ကလို အကျိုးသင့်အကြောင်းသင့်စဉ်းစားပြီး အလုပ်မလုပ်နိုင် ကြသောကြောင့်ဖြစ်သည်။ ပူးပေါင်းလျှင်နှစ်ဦးနှစ်ဘက်ရော တစ်ခါတစ်ရံ တိုင်းပြည်အတွက်ပါ အကျိုးထွက်နိုင် မှန်း သိလျက်နဲ့ မပူးပေါင်းနိင်။
ဘာကြောင့်လဲ။ တစ်ဖက်က ကိုယ်နှင့်ပြိုင်ဘက်အပေါ် မကြည်ဖြူနိုင်၊ အငြိုးအာဃာတမပြယ်နိုင်သောကြောင့်ဖြစ်သည်။ ငါနိုင်ပြီ။ အဲဒီလူမြောင်းထဲသွားတော့။ သူ့ဘာသာဘယ်လောက်တော်တော် အဲသည်လူကို မခေါ်၊မသုံး။ တခြားရှိ သည့်လူနှင့် အလုပ်လုပ်မည်။ တစ်ဖက်ကလည်း သူဘယ်လောက်ခေါ်ခေါ် ဒီကောင်နှင့်တော့ ငါအလုပ်မလုပ်နိုင်ဘူး။ သူကဘယ်ကိစ္စ မှာတော့ ခင်ဗျားကိုဆရာတင်ပါတယ်ပြောပြော၊ သူ့အဖွဲ့မှာ ၀င်လုပ်ရင် သူ့လက်အောက်ခံပဲ၊ သူ့တပည့်ပဲ၊ ဘယ်တော့မှ ၀င်မလုပ်ဘူး။
အဲသည်လိုသဘောထားမျိုးတွေ ရှိကြလျင် ပူးပေါင်းဖြစ်ဖို့မလွယ်ပါ။ တကယ်လည်း နိုင်ငံရေးနယ်ပယ် တွင် များသောအားဖြင့် တွေ့ရတတ်သည်က အဲသည်လို သဘောထားရှိသူတွေပဲဖြစ်သည်။ ဒါကြောင့်လည်း အိုဘားမားနှင့် ကလင်တန်တို့ ဂျိုးဘိုင်ဒင်တို့ ကိစ္စက ထူးခြားနေရခြင်းဖြစ်သည်။
ဒါဖြင့်လျှင်၊ သည်လူတွေက သိပ်သဘောထားပြည့်ဝကြလို့လား။ နိုင်ငံရေးအရ သိပ်ရင့်ကျက်ကြလို့လား။ စိတ်ဓာတ်ပိုင်းဥာဏ်ရည် (emotional quotient- EQ) သိပ်မြင့်ကြလို့လား။ စဉ်းစားစရာရှိသည်။ အင်း၊ အဲဒါတွေလည်း ပါသင့်သလောက် ပါနိုင်ပါသည်။
သို့သော်၊သူတို့ရှေ့မှာ သူတို့အတုယူစရာ နမူနာတစ်ခုတော့လည်း ရှိခဲ့သည်။
အမေရိကန် နိုင်ငံရေးသမားများ မသိနိုင်စရာမရှိသည့် ထင်ထင်ရှားရှား နမူနာ။တိတိကျကျပြောရသော် အမေရိကန်ပြည်ထောင်စု၏ ၁၆ ဆက်မြောက် သမ္မတ အေဗရာဟမ်လင်ကွန်း ပြသွားခဲ့သည့် နမူနာဖြစ်သည်။အေဗရာဟမ်လင်ကွန်း သမ္မဖြစ်တော့ သူ့အစိုးရအဖွဲ့ကို ဘယ်သူတွေနှင့် ဖွဲ့ခဲ့သလဲဆိုတာ သမိုင်း ဖတ်သည့် အမေရိကန် နိုင်ငံရေးသမားတိုင်း သိကြသည်။
သည်အထဲတွင်၊ လင်းကွန်းကို စံနမူနာပြ ပုဂ္ဂိုလ်အဖြစ် လေးစားအတုယူကြသူတစ်ဦးဖြစ်သည့် ဘားရက်အိုဘားမား လည်းပါသည်ပေါ့။ဘားရက်အိုဘားမား ၂၀၀၈ ခုနှစ် သမ္မတရွေးပွဲမှာ အနိုင်ရပြီး သမ္မတ ရာထူးလက်ခံယူရန် ၀ါရှင်တန်ဒီစီ သွားရပြီဆိုသည့်အခါ အပြေးအလွှားအလျင်စလို ရှာဖွေသည့် စာအုပ်က၊ သည့်အရင်သုံးနှစ်လောက် ၂၀၀၅ ခုနှစ်က ထွက်ခဲ့သည့် အေဗရာဟမ်လင်ကွန်း အတ္ထုပ္ပတ္တိ သစ်တစ်အုပ်။
အမေရိကန်ပြည်မှာ လင်းကွန်းအတ္ထုပ္ပတ္တိစာအုပ်တွေ ထွက်ဖူးပေါင်းများလှပြီ။ အမေရိကန် စာကြည့်တိုက်များက အတ္ထုပ္ပတ္တိတွေ တသီတတန်းကြီးရှိနေသည်။
ဒါကြောင့် ၂၀၀၅ ခုနှစ်မှာ အဲသည်အသစ်တစ်အုပ် ထပ်ထွက်တော့ လင်းကွန်းအကြောင်း ထပ်ရေးဖို့ လိုသေးသလားဟု မေးကြသည်။ သို့သော် အဲသည်စာအုပ် ဖတ်ကြည့်သူ အတော်များများကတော့ လိုသေး သည်ဟု ဆိုကြသည်။ဘာကြောင့်လဲ။
သည်စာအုပ်ပြုစုသူက ယနေ့ခေတ် အမေရိကန်ပြည်မှာ အလွန်ထင်ရှားသည့် သမိုင်းနှင့် အတ္တုပ္ပတ္တိကျမ်းများ ပြုစုသူစာရေးဆရာမ ဂွတ်ဒ်ဝင်း(Noris Kearns Goodwin) ဖြစ်သည်။ ဂွတ်ဒ်ဝင်း ရေးသားသည့် လင်ဒန်ဂျွန်ဆင်၊ ကနေဒီမိသားစု၊ ရုဇဗဲ့ ဇနီးမောင်နှံစသည့် သမ္မတနှင့် သမ္မတမိသားစုများ အကြောင်းစာအုပ်များသည် အတ္ထုပ္ပတ္တိပရိတ်သတ်များအကြား အထူး ရေပန်းစားခဲ့သည်။အဲသည် ဂွတ်ဒ်ဝင်းက လင်းကွန်းအကြောင်း ရေးသည့်အခါ သမားရိုးကျ အတ္ထုပ္ပတ္တိများ ပုံစံမရေး။ သူစိတ်ဝင်စားသည့် လင်းကွန်းဘ၀ အစိတ်အပိုင်းတစ်ကွက်ကို အထူးပြု၍ ရေးသည်။ သူ့စာအုပ်မည်က Team of Rivals: The Poetical Genius of Abraham Lincoln တဲ့။
ပင်မခေါင်းစဉ်က ပြိုင်ဘက်တွေနှင့်စုစည်းထားသည့် အဖွဲ့။ ခေါင်းစဉ်အမည်ခွဲ သို့မဟုတ် ဖြည့်စွက် ခေါင်းစဉ်က အေဗရာဟမ်လင်ကွန်း၏ ကြီးမားသော နိုင်ငံရေးဥာဏ်ရည်။ သူဦးဆောင်သော အစိုးအရ အဖွဲ့ထဲ မှာ တချိန်က သူ့ပြိုင်ဘက်တွေ ပါဝင်လာအောင်ဖိတ်ခေါ် ထည့်သွင်းခဲ့သည့် လင်ကွန်း၏ နိုင်ငံရေးဥာဏ် ပါရမီ ဟူသော အဓိပ္ပါယ်။
ခေါင်းစဉ် အဲသလို ပေးထားသည့် အတိုင်းများ စာမျက်နှာ ၇၅၈ မျက်နှာပါသည့် အဲသည် စာအုပ်ထူ ကြီးထဲမှာ တစ်ချိန်က လင်ကွန်း၏ နိုင်ငံရေးပြိုင်ဘက်များ၊ အဲသည်ပုဂ္ဂိုလ်တစ်ဦး၏ အရည်အချင်း၊ ၄င်းတို့၏ သဘောသဘာဝ၊ အဲသည် ပုဂ္ဂိုလ်များနှင့် လင်ကွန်းတို့ တွေ့ဆုံမိကြသည့် ဘ၀အစိတ်အပိုင်းများ၊ လင်ကွန်း အပေါ်ထားရှိသည့် ၄င်းတို့၏သဘောထားများ၊ နိုင်ငံရေးယှဉ်ပြိုင်ပွဲများတွင် အစပိုင်းက နိမ့်ကျခဲသော လင်ကွန်း တစ်ဆင့်ပြီးတစ်ဆင့်အနိုင်ရကာ သမ္မတဖြစ်လာခဲ့ပုံ၊ ထို့နောက်သူ့ပြိုင်ဘက်များကို စည်းရုံးကာ သူ့အစိုးရ အဖွဲ့တောင့်တင်းခိုင်မာအောင် ဖွဲ့စည်းခဲ့ပုံ၊ စသည်တို့ကို ပြည့်ဝစုံလင်စွာ ရေးသားထားသည်။ ဇာတ်ကြောင်းကို အနှစ်ချုပ်ဖော်ပြရသော်၊ လင်းကွန်းသည် ၁၈၆၀ ပြည့်နှစ်ရွေးကောက်ပွဲ တွင်အနိုင်ရကာ သမ္မတဖြစ်လာ သည်။
သူသည် ရီပတ်ဘလီကန်ပါတီက တင်သည့် သမ္မတလောင်း အဖြစ်ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။
အဲသည်လို ၀င်နိုင်ဖို့အတွက် ဦးစွာရီပတ်ဘလီကန်ပါတီတွင်း ပြိုင်ပွဲတွင် ၀ီလျံဆီးဝါ့ဒ်၊ ဆယ်လမန်ချေစ့်၊ အက်ဒ၀ပ်ဘိတ်(စ)စသည့် ပုဂ္ဂိုလ်များနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသည်။
ယှဉ်ပြိုင်စအချိန်က အဲသည် ၃ယောက်လုံးသည် တိုင်းပြည်၌ လင်ကွန်းထက်လူသိများသူ၊ တတ်သိ လိမ္မာသူ၊ နိုင်ငံရေး နယ်ပယ်တွင် အခြေစိုက်ပြီးသူများဖြစ်သည်။ လင်ကွန်းက သူတို့နှင့်စာတော့ မထင်မရှား တောင်ပိုင်းဒေသက အောက်တန်း ရှေ့နေတစ်ယောက်၊ တက္ကသိုလ်ပညာမပြောနှင့် ကျောင်းပင်မနေဖူးသူ၊ ကိုယ်ထူကိုယ်ထ နည်းဖြင့်စာတတ်ပေတတ်ဖြစ်အောင် လုပ်ကာပညာတတ်များကြားတိုးဝင် ယှဉ်ပြိုင်နေသူ၊ နိုင်ငံရေးတာဝန်အနေဖြင့် အောက်လွှတ်တော်အမတ်သတ်တမ်း တစ်ကြိမ်သာဆောင်ရွက်ဖူးပြီ၊ အထက် လွှတ်တော်အမတ်ရွေးပွဲတွင်နှစ်ကြိမ်ဆက်တိုက် ရှုံးထားသူ၊….
ထို့ကြောင့် အဲသည်သုံးယောက်လုံးက လင်ကွန်းကို သူတို့ထက် ညံ့သူ၊ ပြိုင်ဘက်အဖြစ် အရေးမလုပ် လောက်သူဟု၍မှတ်ယူခဲ့ကြသည်။ သို့သော်၊ ပါတီတွင်းမှာ မဲသုံးကြိမ်ပေးကြ၍၊ နောက်ဆုံးအကြိမ်၌ လင်ကွန်း ကမဲအပြတ်အသတ်ဖြင့် အနိုင်ရသွားသည့်အခါ သုံးယောက်သုံးယောက်လုံး အကြီးအကျယ် အံ့အားသင့် ခဲ့ကြရသည်။ သို့သော် အထင်တော့ကြီးမသွား။ အဲသည်နောက်မှာ တခြားပါတီက သမ္မတလောင်းများနှင့် ယှဉ်ပြိုင်၍ လင်ကွန်းအနိုင်ရသွားသည့်တိုင်လည်း ထိုနည်းလည်းကောင်း။
သည်အချိန်မှာ လင်ကွန်းက ၄င်းတို့သုံးယောက်ကို သူ၏အစိုးရအဖွဲ့မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။ အထက်လွှတ်တော် အမတ်သက်တမ်း ၁၂ နှစ်နီးပါးရှိထားပြီး၊ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဆီဝါဒ့်ကို နိုင်ငံခြားရေးဝန်းကြီးခန့်သည်။
အလားတူ ၊ အိုဟိုင်းယိုးပြည်နယ်မှ အထက်လွှတ်တော် အမတ်လည်းဖြစ်ပြည်နယ် အုပ်ချုပ်ရေးမှူး လည်းဖြစ်ခဲ့သူ ဆယ်လမန်ချေစ့်ကို ဘဏ္ဌာရေးဝန်ကြီးခန့်ပြီး၊ ရှေ့နေလည်းဖြစ် ၀ါရင့်နိုင်ငံရေးသမားကြီး တစ်ဦး လည်းဖြစ်သူ အက်ဒ၀ပ်ဘိတ်(စ) ကိုမူ နိုင်ငံတော် ရှေ့နေချုပ်ရာထူးပေးအပ်သည်။ သို့သော်၊ ခန့်ရတာ လွယ်သလောက်ထိန်းရတာ ခက်ခဲခဲ့သည်။ သူတို့အားလုံးက မိမိကိုယ်ကို သမ္မတထက် တတ်သိနားလည်သူဟု မှတ်ယူထားကြသူတွေချည်းဖြစ်သည်။ ထို့ကြောင့် သမ္မတလုပ်ကိုင် ဆောင်ရွက်ပုံတွေကို အမြဲဝေဖန်သည်၊ အပြစ်တင်သည်၊ မလေးမခန့် ပြောသည်။
လင်ကွန်းသမ္မတဖြစ်၍ တစ်လသာသာအချိန်မှာပင် ပြည်တွင်းစစ်စဖြစ်ရာ အစိုးရအဖွဲ့အတွင်း အကြိတ် အနယ် ငြင်းခုံစရာ ပြဿနာတွေကလည်း များပြားခဲ့သည်။
သို့သော် လင်ကွန်းက အလွန်စိတ်ရှည်သည်းခံသူဖြစ်သည်။ သူ့အားပြင်းပြင်းထန်ထန် ဝေဖန်ကြသူ များကို ဒေါသဖြင့် တုံ့ပြန်လေ့မရှိ။ သူက နိုင်ငံရေး အငြင်းပွားမှုမှ ပုဂ္ဂိုလ်ရေး ရန်သူဖြစ်သွားမှာကို မလိုလား။ အဲဒါကို သတိထားရှောင်ရှားသည်။ သို့သော်၊ သည့်အတွက်ကြောင့်တော့လည်း မိမိ စဉ်စားချမှတ်ထားသော ပေါ်လစီကို လျှော့ပေးရိုးထုံးစံမရှိ။ တစ်ဖက်လူလောက်မပြင်းထန်သည့် လေသံမျိုးဖြင့်သာ မိမိအယူအဆကို ပြန်လည်ရှင်းလင်းပြောဆိုလေ့ရှိခဲ့သည်။
နောက်တော့တဖြည်းဖြည်း သဘောပေါက်လာကြသည်။ သည်သမ္မတသည် ဒေါသထွက်တတ်သူ မဟုတ်၊ သို့သော် လူညံ့တော့လည်းမဟုတ်။
အတူတွဲ အလုပ်လုပ်တာ ကြာလာပြီး၊ အထင်အသေးဆုံးလည်း ဖြစ်ခဲ့သည့် ဆီးဝါဒ့်က စတင်ကာ၊ သည်ပုဂ္ဂိုလ်သည် အလွန်သဘောထား ပြည့်ဝသူ ဟူ၍ရှုမြင်လာသည်။ နောက်တွင်မူ၊ သမ္မတဟာ ကျွန်တော် တို့အထဲမှာအတော်ဆုံးဗျ။ သဘောထားကြီးတဲ့နေရာမှာတော့ သာမာန်လူထက်ကိုလွန်ကဲတယ် ဟူ၍လည်း ကောင်း၊ ကျွန်တော်တွေဖူးသမျှထဲမှာ အတော်ဆုံး၊ ဥာဏ်အမြော်အမြင်အရှိဆုံး ပုဂ္ဂိုလ်ပဲဗျာ ဟူ၍လည်ကောင်း တလေးတစားပြောဆိုလာခဲ့သည်။
စောစောပိုင်းက လင်ကွန်းကိုအထင်သေးခဲ့သည့် ရှေ့နေချုပ် ဘိတ်(စ)ကလည်း နောက်တွင် ဆီးဝါ့ဒ် လေသံလိုက်ပြီး ချီးကျူးစကားပြောလာသည်။
ဘဏ္ဍာရေးဝန်ကြီး ချေ့စ်တစ်ယောက်ကတော့ ရာထူးရသည့်တိုင် မကျေနပ်နိုင်။ နောက် ၄ နှစ်တွင် ကျင်းပမည့် သမ္မတရွေးပွဲ၌ ပါတီမှသမ္မလောင်းအဖြစ် လင်ကွန်းအစား မိမိကိုရွေးချယ်ကြရန် စည်းရုံးသည်။ တစ်ဖက်မှာလည်း ပေါ်လစီကိစ္စအငြင်းပွားတိုင်း လင်ကွန်းထံထွက်စာတင်သည်။ ဘဏ္ဍာရေးကိစ္စမှာ သူဆောင် ရွက်ပုံကောင်းတာကိုထောက်ပြပြီး သူ့အပြုအမူတွေ သည်းခံကာ ထွက်စာကိုလက်မခံဘဲ နေခဲ့သည်။
စတုတ္ထအကြိမ် (ဟန်ဆောင်ပန်ဆောင်) ထွက်စာတင်သည့်အခါမှာတော့ လင်ကွန်းကလက်ခံပြီး၊ နုတ် ထွက်ခွင့်ပေးလိုက်ရာ ချေ့စ်အငိုက်မိသွားသည်။ သို့သော်၊ ၎င်းတို့အုပ်စု၏ ဆန့်ကျင်တိုက်ခိုက်မှုများ လျော့ပါး သွားစေရန် ရည်ရွယ်၍ နောက်တွင် ချေ့စ်အားတရားသူကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
လင်ကွန်းအစိုးရအဖွဲ့ထဲတွင် သမ္မတကို အထင်မကြီးသူများ ပါဝင်ရုံမက၊ အချင်းချင်း မသင့်တင့်မှုတွေ လည်း တောက်လျှောက်ရှိခဲ့သည်။ အဲသည်အယူအဆမတူသူ ၊ စရိုက်မတူသူ၊ တစ်ဦးချင်း လူလုံးပြချင်သူတွေ ကို သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှု အသေးအမွှားတွေ အသာထားကာ အဓိကကိစ္စကို အာရုံပြုတ်တတ် မှုတို့ဖြင့် ထိန်းသိမ်းကိုင်တွယ်ကာ၊ ၎င်းတို့၏ စုပေါင်းစွမ်းပကားကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့သဖြင့်သာ လင်ကွန်းသည် အမေရိကန်နိုင်ငံရေးသမိုင်းတစ်လျှောက် အကျပ်အတည်း အခက်အခဲဆုံးကာလကို အောင်မြင် စွာဖြတ်သန်းနိုင်ခဲ့ခြင်း ဖြစ်၏။
ပြည်တွင်းစစ်ကြီး ၄ နှစ်ကြာအောင် ဖြစ်ပွားခဲ့သော်လည်း တိုင်းပြည်ပြိုကွဲခြင်းမရှိအောင် ထိန်းသိမ်းနိုင် ခဲ့သည်။ တိုင်းပြည်အတွက် ဂုဏ်ကျက်သရေ ယုတ်လျော့စေသည့် ကျွန်စနစ်ကြီးကို ရှင်းလင်းပယ်ဖျက်နိုင်ခဲ့ သည်။ ထို့ပြင် မိမိကိုယ်တိုင်လည်း နိုင်ငံရေးအရ အောင်မြင်၍ ဒုတိယသက်တမ်းအတွက် ဆက်လက်ရွေးချယ် ခံခဲ့ရသည်။
စာအုပ် စာရေးသူ ဂွတ်ဒ်ဝင်းကတော့ လင်ကွန်း၏ “ပြိုဘက်များနှင့် စုစည်းထားသည့် အစိုးရအဖွဲ့” တွင် အရေးပါသော နေရာများမှ ပါဝင်ခဲ့ကြသည့် အထက်တွင် ဝေဖန်ခဲ့သော ပုဂ္ဂိုလ်တို့သည် နိုင်ငံရေးအရည်အချင်း ပြည့်ဝသူ၊ တစ်ဦးချင်းအနေဖြင့် တကယ်လည်း စွမ်းအားကြီးမားကြသူတွေ ဖြစ်တာမှန်သည်။ သို့သော် နောက်ဆုံးတွင်မူ ပရေရီမြက်ခင်းဒေသ စပရင်းဖီးလ်မြို့က လာသည့် တောရှေ့နေ၊ တောအမတ်ကလေး လင်ကွန်းက အားလုံးထဲတွင် စွမ်းအားအကြီးမားဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြသနိုင်ခဲ့သည်ဟု ကောက်ချက်ချခဲ့ပါ သည်။
ဆရာဖေမြင့်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၆၀
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment