အခမဲ့ .... ရေးသူ - ၀င်းမင်းထွေး ( @ My Music Journal )
တညနေ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ ကျမဆီိသားလေးရောက်လာပြီး စာရွက်တစ်ရွက် လှမ်းပေးပါတယ် ။ ပေနေတဲ့လက်တွေကို ခါးစည်းအ၀တ်နဲ့သုတ်ပြီး စာရွက်ကို ယူဖတ်ကြည့်လိုက်တော့ သူရေးထားတာက ....
" မြက်ခင်းကို စက်နဲ့ရိတ်ခ ၅ ဒေါ်လာ
တစ်ပတ်လုံးကိုယ့်အိပ်ယာကိုယ်သိမ်းခ ၁ ဒေါ်လာ
ကုန်စုံဆိုင်သွားခ ၅၀ ဆင့်
မေမေဈေးသွားတုန်းညီလေးကိုထိန်း ခ ၂၅ ဆင့်
အမှိုက်ပုံးသွန်ခ ၁ ဒေါ်လာ
စာမေးပွဲ အမှတ်ကောင်းအောင်ကြိုးစားခ ၅ ဒေါ်လာ
တစ်ခြံလုံးအမှိုက်တွေရှင်းခ ၂ ဒေါ်လာ
သားကို မေမေပေးရမှာ အားလုံးပေါင်း ၁၄ ဒေါ်လာနဲ့ ၇၅ ဆင့် " တဲ့ ....
အော် ..မျှော်လင့်ချက်ကြီးစွာနဲ့ ရပ်စောင့်နေတဲ့ သားလေးကိုကြည့်ရင်း အတွေးပေါင်း
တစ်သောင်းခေါင်းထဲ ၀င်လာတယ် ...ဒါနဲ့ ဖောင်တိန်ကို ယူပြီး သူ့စာရွက်နောက်ကျောမှာ ..
" မေမေ့ ၀မ်းထဲမှာ တဖြေးဖြေးကြီးလာတဲ့ သားလေးကို ၉ လလုံးလုံး လွယ်ထားခဲ့ရတဲ့ အတွက် အခမဲ့ ..."
" သားလေးအနားမှာ မေမေတချိန်လုံး ထိုင်စောင့်ပေးခဲ့ရ ၊ ဆရာဝန်ခေါ်ပြပေးခဲ့ရ ၊ ဘုရားစာတွေတတွတ်တွတ်ရွတ် ပေးခဲ့ရတဲ့ညတွေအတွက် ... အခမဲ့ "
" အရုပ်လေးတွေ ၊ မုန့်မျိုးစုံတွေ ၊ အကျီင်္ဘောင်းဘီတွေ ၀ယ်ပေးခဲ့ရ ၊ သားလေး နှာရည်စိုရွဲလို့ သုတ်ပေးခဲ့ရတာတွေ အတွက် ... အခမဲ့ "
" ဒါအပြင် မေမေ့အသည်းနှလုံးထဲက သားလေးအတွက် တကယ့်အချစ်စစ်တွေပါ ထည့်ပေါင်းလိုက်တော့လဲ ...အခမဲ့ " လို့ရေးပေးလိုက်ပါတယ် ...
ကျမစာလည်း ဖတ်ပြီးရော သားလေးမျက်လုံးထဲမှာ မျက်ရည်တွေ အိုင်ထွန်းလာပါတော့တယ် ..
အဲဒီနောက် ကျမကိုမော့ကြည့်ရင်း " မေမေ့ကိုလည်း သားသိပ်သိပ်ချစ်ပါတယ် " လို့ပြောပြီး
သူ့စာရွက်ပေါ်မှာ စာလုံးအကြီးကြီးတွေနဲ့ ရေးချလိုက်တာကတော့ " အားလုံး စာရင်းရှင်းပြီ " တဲ့
....
တညနေ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ ကျမဆီိသားလေးရောက်လာပြီး စာရွက်တစ်ရွက် လှမ်းပေးပါတယ် ။ ပေနေတဲ့လက်တွေကို ခါးစည်းအ၀တ်နဲ့သုတ်ပြီး စာရွက်ကို ယူဖတ်ကြည့်လိုက်တော့ သူရေးထားတာက ....
" မြက်ခင်းကို စက်နဲ့ရိတ်ခ ၅ ဒေါ်လာ
တစ်ပတ်လုံးကိုယ့်အိပ်ယာကိုယ်သိမ
ကုန်စုံဆိုင်သွားခ ၅၀ ဆင့်
မေမေဈေးသွားတုန်းညီလေးကိုထိန်း
အမှိုက်ပုံးသွန်ခ ၁ ဒေါ်လာ
စာမေးပွဲ အမှတ်ကောင်းအောင်ကြိုးစားခ ၅ ဒေါ်လာ
တစ်ခြံလုံးအမှိုက်တွေရှင်းခ ၂ ဒေါ်လာ
သားကို မေမေပေးရမှာ အားလုံးပေါင်း ၁၄ ဒေါ်လာနဲ့ ၇၅ ဆင့် " တဲ့ ....
အော် ..မျှော်လင့်ချက်ကြီးစွာနဲ့ ရပ်စောင့်နေတဲ့ သားလေးကိုကြည့်ရင်း အတွေးပေါင်း
တစ်သောင်းခေါင်းထဲ ၀င်လာတယ် ...ဒါနဲ့ ဖောင်တိန်ကို ယူပြီး သူ့စာရွက်နောက်ကျောမှာ ..
" မေမေ့ ၀မ်းထဲမှာ တဖြေးဖြေးကြီးလာတဲ့ သားလေးကို ၉ လလုံးလုံး လွယ်ထားခဲ့ရတဲ့ အတွက် အခမဲ့ ..."
" သားလေးအနားမှာ မေမေတချိန်လုံး ထိုင်စောင့်ပေးခဲ့ရ ၊ ဆရာဝန်ခေါ်ပြပေးခဲ့ရ ၊ ဘုရားစာတွေတတွတ်တွတ်ရွတ် ပေးခဲ့ရတဲ့ညတွေအတွက် ... အခမဲ့ "
" အရုပ်လေးတွေ ၊ မုန့်မျိုးစုံတွေ ၊ အကျီင်္ဘောင်းဘီတွေ ၀ယ်ပေးခဲ့ရ ၊ သားလေး နှာရည်စိုရွဲလို့ သုတ်ပေးခဲ့ရတာတွေ အတွက် ... အခမဲ့ "
" ဒါအပြင် မေမေ့အသည်းနှလုံးထဲက သားလေးအတွက် တကယ့်အချစ်စစ်တွေပါ ထည့်ပေါင်းလိုက်တော့လဲ ...အခမဲ့ " လို့ရေးပေးလိုက်ပါတယ် ...
ကျမစာလည်း ဖတ်ပြီးရော သားလေးမျက်လုံးထဲမှာ မျက်ရည်တွေ အိုင်ထွန်းလာပါတော့တယ် ..
အဲဒီနောက် ကျမကိုမော့ကြည့်ရင်း " မေမေ့ကိုလည်း သားသိပ်သိပ်ချစ်ပါတယ် " လို့ပြောပြီး
သူ့စာရွက်ပေါ်မှာ စာလုံးအကြီးကြီးတွေနဲ့ ရေးချလိုက်တာကတော့ " အားလုံး စာရင်းရှင်းပြီ " တဲ့
....
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment