မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၁၂
အကျဉ်းကျသံဃာ အနည်းဆုံး ၆၀ နီးပါးကျန်ရှိနေby ပီတာအောင်
သမ္မတဦးသိန်းစိန်အစိုးရက သံဃာတော်တွေ အပါဝင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးလိုက်ပေမယ့် မြန်မာနိုင်ငံတွင်းမှာ အကျဉ်းကျနေတဲ့ သံဃာတော်အရေအတွက် အနည်းဆုံး ၅၀ ၀န်းကျင် ကျန်ရှိနေ သေးတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီစောင့်ရှောက်ပေးနေသူတွေက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
အကျဉ်းကျသံဃာတွေရဲ့ ထောင်ဝင်စာ ရရှိရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်ရှုက “သိသလောက်ဆိုရင်တော့ အပါး ၅၀ လောက်တော့ ရှိတယ်။ ဒါ အန်တီဆီက စာရင်းနော်၊ ဒီပြင်စာရင်းတွေကတော့ မပြောတတ်ဘူး။ အနည်းဆုံး ကိုယ်မသိတာတွေရောဆိုရင် ၆၀ လောက်တော့ ရှိမှာပေါ့။ အဓိကတော့ မြစ်ကြီးနားထောင်၊ မန္တလေးထောင်ထဲမှာလည်း ကျောက်ဆည်ကိစ္စနဲ့ ပတ်သက်ပြီး ထည့်ထားတာတွေ ရှိသေးတယ်။ မန္တလေးထောင်မှာ ၄၅ ပါး ရှိတယ်။ ရန်ကုန်ထောင်မှာလည်း ရှိတယ်။ ဒီပြင် မြို့နယ်တို့ ပြည်နယ်တို့ ထောင်တွေမှာလည်း ရှိဦးမှာပဲ။”
ဒီအရေအတွက်ဟာ လက်လှမ်းမီသလောက် ပြုစုထားတာဖြစ်ပြီး ဒီထက် ပိုများနိုင်သေးတယ်လို့ လည်း ဒေါ်ရှုက ပြောပါတယ်။
အကျဉ်းကျသံဃာအများစုဟာ မန္တလေးအိုးဘိုထောင်မှာ အကျဉ်းကျ နေတာဖြစ်ပြီး ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်းကာလအတွင်းက အဖမ်းခံရတဲ့ သံဃာတော်တွေသာမက ကျောက်ဆည် ဘာသာရေး အဓိကရုဏ်း ကာလတွင်းက အဖမ်းခံရတဲ့ သံဃာတော်တွေလည်း မလွတ်မြောက်ဘဲ ကျန်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့ က သမ္မတ ဦးသိန်းစိန်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့  အကျဉ်းသားတွေကို ပြန်လွှတ်ပေးရာမှာ ရွှေဝါရောင် သဃာ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရှင်ဂမ္ဘီရအပါအ၀င် သံဃာတော်တချို့ ပြန်လွတ်လာခဲ့ပါတယ်။
ပြည်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို စာရင်းပြုစုကူညီပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က မနှင်းနှင်းမွှေးကတော့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ သံဃာတော်အရေအတွက် အားလုံး ဘယ်လောက်ရှိမယ် အတိအကျ မသိပေမယ့် ပြန်လွှတ်လာတဲ့ သံဃာတော်တွေထဲက အပါး ၃၀ ကျော်ကို သိက္ခာ ထပ်ပေးခဲ့တယ်လို့ ပြောပါတယ်။
“ကျန်နေသေးတဲ့ သံဃာစာရင်းကို လောလောဆယ်တော့ ပြုစုနေဆဲပါ။ အခုတော့ လွတ်တဲ့သံဃာတွေ သိက္ခာထပ်ပွဲတွေ လုပ်ပေးတတဲ့အခါ လာတဲ့ သံဃာ အပါးသုံးဆယ်ကျော်လောက်လာတယ်။ ဘုန်းကြီးတွေ ပြောကြတာကတော့ အပါး ၁၀၀ ကျော်လောက် အဖမ်းခံရတယ်ပေါ့နော်။ အဲဒီမှာ အနည်းဆုံး လွတ်တဲ့ဟာက တ၀က်လောက်ပဲ ဆိုတော့လေ။ အဲဒီစာရင်းတွေကို ကျမတို့က သေချာ ပြန်လိုက်ကောက်ရဦးမှာ။ တချို့ကျတော့လည်း ရဲဘက်စခန်းကို အပို့ခံရတယ်။ ၄၀ ကျော်လောက်တော့ ကျန်ဦးမယ်လို့ ခန့်မှန်းရတာပေါ့နော်။ တချို့ကျတော့ တသက်လုံး ဘုန်းကြီးဝတ်လာတော့ မိသားစုနဲ့ အလှမ်းဝေးတဲ့ သံဃာတွေလည်း ရှိတာပေါ့။ တယောက် နှစ်ယောက် အဆက်အသွယ်က အလှမ်းဝေးနေတယ်။ လွတ်လာတဲ့ သူတွေဆီက ပြောစကားကို ပြန်ပြီး စာရင်းပြုစုရတာ ဆိုတော့။”
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ကတော့ အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၃၇၀ ကျော် ကျန်နေသေးတယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်အပိုင် နန့်စီအောင်ဘူတာအနီးမီးရထားဗုန်းကွဲမှုဖြစ်ပွား...ဟာဂျူလီ(ကသာ)
၂၉.၁.၂၀၁၂ရက်နေ့ည ၇နာရီခန့်တွင် ကချင်ပြည်နယ်နန်စီးအောင်ဘူတာ နှင့်မော်ဟဲရွာအကြားလူစီးမီးရထားတစ်စီး ဗုန်းခွဲခံခဲ့ရကြောင်းသတင်းရရှိခဲ့ပါသည်၊ထိုသို့ဗုန်းခွဲခံခဲ့ရသော လူစီးမီးရထားမှာ ဒေသခံအခေါ် ရွှေဘိုရထားဖြစ်ပြီး မြစ်ကြီးနားဘူတာမှ ရွှေဘိုဘူတာ ပြေးဆွဲနေသော မီးရထားဖြစ်သည်၊ထိုသို့ဗုန်းခွဲခံရမှုကြောင့် မီးရထားစီးခရီးသွားများထိခိုက်မှုမရှိခဲ့သော်လည်း စက်ခေါင်းနှင့် ခရီးသည်စီး တွဲ(၂)တွဲမှာ သံလမ်းဘေးထိုးကျခဲ့ကြောင်း နန့်စီးအောင်ရွာခံတစ်ဦးမှ ယခုလိုပြောပြခဲ့ပါသည်၊ ..မနေ့ည က ၇နာရီလောက်မှာ အုန်းကနဲအသံကြီးထွက်လာခဲ့တယ်၊ရထားတွဲတွေ လမ်းဘေးချော်ကျလာတယ်၊ဗုန်းထောင်သူလို့ ယူဆရသူ (၂)ဦး ပွဲချင်းပြီးသေဆုံးသွားတယ်၊အစအနတောင် မကျန်လောက်အောင်ပါပဲ၊နန့်စီးအောင်ဘူတာအလွန်မှာရှိတဲ့ စိန်ပန်းပင်ကြီးနားမှာကွဲတာပါ၊ငြိမ်းချမ်းရေးသံတွေကြားနေရလို့ ပျော်ရမယ်ထင်နေတဲ့အချိန်မှာ ခုလိုဖြစ်တာဖြစ်လို့ စိတ်မကောင်းဖြစ်မိပါတယ်၊ဒီဖြစ်ရပ်အပေါ်လည်း ဒေသခံတစ်ယောက်အနေနဲ့ ရှုတ်ချပါတယ်၊ခုထိ ရထားလမ်းတွေပိတ်နေတယ်.... ဟာဂျူလီ(ကသာ)"
ငါးထောင်တန် SIM ကဒ် ရောင်းချနိုင်ရန် ရွှေပြည်တံခွန်ကုမ္မဏီက ဆက်လက်လုပ်ဆောင်သွားမည်
ရွှေပြည်တံခွန်ကမ္မဏီအနေဖြင့် ငါးထောင်တန် SIM ကဒ်ရောင်းချပေးနိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြာင်း ယနေ့နေ့လည် ထရိတ်ဒါးဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ပြောဆိုလိုက်သည်။“ကျွန်တော်တို့သတင်းထုတ်ပြန်ထားတဲ့ အချက်အမှတ်ငါး မှာပါထားတဲ့ အတိုင်းဆက်လုပ်မှာ ဖြစ်ပါတယ်”ဟု ရွှေပြည်တံခွန် ကုမ္မဏီ၏ စီမံချက်ဒါရိုက်တာ ဦးရဲထွဋ်ဝင်းက ပြောသည်။
ရွှေပြည်တံခွန်ကုမ္ပဏီမှ တာဝန်ရှိသူတို့ကို ယနေ့သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
ယင်း ရွှေပြည်တံခွန်ကုမ္ပဏီ၏ ထုတ်ပြန်ချက် အမှတ် STPG002 အမှတ် ငါးတွင် ရွှေပြည်တံခွန်မှ မူလကပေးခဲ့သည့်အတိုင်း လူတစ်ဦးမှတ်ပုံတင်တစ်ခုလျှင် SIM Card တစ်ခု (ကျပ် ၅၀၀၀) နှုန်းဖြင် ရောင်းချနိုင်ရန် နိုင်ငံတော်၏ မူဝါဒနှင့်အညီ အောင်မြင်အောင်စီမံကြိုးပမ်းဆောင်ရွက်တော့မည် ဖြစ်သည်ဟုပါရှိသည်။
ယမန်နေ့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပုဇွန်တောင်မြို့နယ် ဆက်သွယ်ရေး သင်တန်းကျောင်း၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ရွှေပြည်တံခွန်ကုမ္ပဏီကိုပါ ဖိတ်ကြားပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူတို့က ၅၀၀၀ တန်ဖုန်းကိစ္စမှာ လောလောဆယ်တွင် မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။
ထိုသို့ပြောကြားအပြီး နောက်တရက်အကြာတွင် ရွှေပြည်တံခွန်ကုမ္ပဏီက ယခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ဆက်လက်ကြိုးစားသွားမည့် အကြောင်း ထုတ်ပြန် အသိပေးလိုက်ခြင်းဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငါးထောင်တန်ဖုန်း မဖြစ်နိုင်သေးသည့်အကြောင်းအချက်များကို ပြောဆိုရာတွင် ရေဒီယိုစခန်းများ တည်ဆောက်ရန် အချိန်ယူရခြင်း၊ စက်ပစ္စည်းများ လုံလောက်စွာတပ်ဆင်ရခြင်းနှင့် မြို့တွင်းနှင့် အခြားမြို့များသို့ ဆက်သွယ်ရာတွင် ပင်မကျောရိုးဆက်သွယ်မှုအတွက် အချိန်ယူတည်ဆောက်ရခြင်းတို့ကြောင့်ဟု အကြောင်းပြ ပြောဆိုထားသည် ကိုတွေ့ရသည်။
ယင်းအချက်နှင့်ပတ်သက်၍ ရွှေပြည်တံခွန် ကုမ္ပဏီမှ ဦးရဲထွဋ်ဝင်းက “သူတို့ရဲ့နည်းပညာအရတော့မသိပါဘူး ကျွန်တော်တို့နည်းပညာအရတော့ ခြောက်လအတွင်းလုပ်နိုင်ပါတယ်”ဟု ထပ်မံပြောကြားသည်။
ငါးထောင်တန် မိုဘိုင်းဖုန်းအတွက် အမေရိကန်နည်းပညာဖြစ်သည့် 3GPP Rel 7 နည်းပညာအား အသုံးပြုသွားမည် ဖြစ်၍ ရွှေပြည်တံခွန်ကုမ္မဏီအနေနှင့် ပြည်ပဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားမည်ဟု သိရသည်။
ရွှေပြည်တံခွန်ကုမ္မဏီမှ ၀ါယာလက်နက်ဝေါ့ခ် နည်းပညာရှင် မစ္စတာ ဟီလို ရွိုင်း က “ကျွန်တော်တို့ အနေနဲ့ တာဝါတိုင် အကြီးကြီးတွေ တည်ဆောက်ဖို့မလိုအပ်ပါဘူး”ဟုဆိုသည်။
ငါးထောင်တန် မိုဘိုင်းဖုန်းအတွက် လိုအပ်သည့်တာဝါတိုင်အကြီးများအစား ပိုမိုပေါ့ပါးသည့် တာဝါတိုင်အသေးများကို သုံးစွဲသွားမည်ဟု ယနေ့ရှင်းလင်းပွဲတွင်ပြောဆိုသည်။
ရွှေပြည်တံခွန်ကုမ္မဏီအနေဖြင့် Second Mobile Network Operator အဖြစ်ဆောင်ရွက်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တင်ပြထားပြီး အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်ပါတ်သက်၍ ဦးရဲထွဋ်ဝင်းက “ဒါကတော့ MPT က ပြည်သူတွေကို ငါးထောင်နဲ့ ဖုန်းကိုင်စေချင်တဲ့စေတနာ အပေါ်မူတည်ပါတယ်”ဟုပြောသည်။ ။
ပြည်ခိုင်ဖြိုး မိန့်ခွန်း
ပြည်ခိုင်ဖြိုး ပါတီက ဇန်နဝါရီလ ၂၁ ရက်နေ့မှာ အထူး အစည်းအဝေး ကျင်းပပါတယ်။ ပိုထူးခြားတာ ကတော့ အဲဒီ အစည်း အဝေးမှာ ဒုဥက္ကဌ သူရဦးရွှေမန်း ပြောကြားတဲ့ မိန့်ခွန်းကို ပြည်တွင်းဂျာနယ် တစ်စောင်ဖြစ်တဲ့ မောနီတာ ဂျာနယ်မှာ အပြည့်အစုံ ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒီအထဲက အရေးကြီးတဲ့ အချက်တွေကတော့တစ်။ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလိုပဲ အနိုင်ရအောင် စည်းစည်း လုံးလုံး၊ ညီညီညွတ်ညွတ်၊ စည်းကမ်းရှိရှိနဲ့ ဆက်ပြီး ကြိုးစားရမယ်။
နှစ်။ အစိုးရ အဖွဲ့ဟာ ပါတီရဲ့ အစိုးရအဖွဲ့ ဖြစ်တဲ့ အတွက်ကြောင့် အမျိုးသား စီမံကိန်းများ အောင်မြင်အောင် ဆက်ပြီး ဝန်းရံသွားမယ်။ နိုင်ငံသားများရဲ့ မူလ အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးများ ရရှိရေး အတွက်လည်း ပါတီက ဆောင်ရွက် သွားမယ်။
သုံး။ ကြားဖြတ် ရွေးကောက်ပွဲမှာ တရားသဖြင့် ယှဉ်ပြိုင်ပြီး နိုင်အောင် ကြိုးစားသွားမယ်။ တစ်ခြားပါတီတွေ နိုင်သွား ရင်လည်း ဂုဏ်ပြုဖို့ ဝန်မလေးဘူး။
လေး။ ဒီမိုကရေစီဟာ ပြောရုံသက်သက် မဟုတ်ဘဲ ပြုမူ ဆောင်ရွက်မှုနဲ့ တွဲဘက်မှ ပြည့်စုံတယ်။ ဒါ့ကြောင့် ပေါ်ပြူလာ ဖြစ်အောင် ပြောနေပြီး တိုင်းပြည် အတွက်၊ ပြည်သူအတွက် အလုပ် မလုပ်နိုင်ဘူး ဆိုရင် အချိန်ဆိုတဲ့ တရားသူကြီးက ဆုံးဖြတ် အပြစ် ပေးသွားလိမ့်မယ်။
ငါး။ ပြည်သူကို အနိုင်ကျင့်တဲ့၊ စော်ကားတဲ့၊ စည်းကမ်းပျက်တဲ့ ပါတီဝင်တွေ အတွက် ပါတီအတွင်းမှာ နေရာမရှိဘူး။ အဲဒီလိုပဲ ပါတီတွင်း ဒီမိုကရေစီ ဖော်ဆောင်မှုကို အနှောင့်အယှက် ဖြစ်စေတဲ့ သူတွေကိုလည်း ပါတီဝင်တွေက ဒဏ်ခတ်လိမ့်မယ်။
ဒီမိန့်ခွန်း အရတော့ အရင်တုန်းက ဗဟိုဦးစီးစနစ်နဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်ခိုင်ဖြိုး ပါတီဟာ ပါတီတွင်း ဒီမိုကရေစီ ရှိတဲ့ ဒီမိုကရေစီ ပါတီ အသွင်အဖြစ်ကို စတင် ကူးပြောင်းနေပြီ ဆိုတာ တွေ့နိုင်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ အရှုံး အနိုင်တွေ ထွက်လာတဲ့ အခါကျရင်တော့ ပြည်ခိုင်ဖြိုး ပါတီအတွင်းမှာ နောက်ထပ် အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ထင်ရပါတယ်။
ဘုရင့်နောင်ဈေး ကားပစ္စည်း ဝင်းမဲခွဲဆုံးဖြတ်သည့်သတင်း။ .. သန်းထွန်း (tgkn)--29-1 -2012 28.1.2012 နေ့ နံက် ၉း၀၀ နာရီတွင်စတင်းကျင်းပပြုလုပ်သည့်
ရခိုင်သမက်တက်
ရခိုင်အပျိုလူပျိုတိအရွယ်ရောက်လျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထက်မင်္ဂလာဆောင်ခြင်းများဟိရေပိုင် အများအားဖြင့် မိဘများက အိမ်ထောင်ဘက်ကို ရွီးချယ်ပီးသည်များပါသည်။ ရခိုင်လူမျိုးသည် မိဘစကားကိုနာခံတတ်သူများဖြစ်သဖြင့် မိဘများ၏အစီအမံကိုလက်ခံတတ်လေ့ဟိသည်။ သားသမီးများအချိန်တန်အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့်မိဘများက ရွီးချယ်ပီးသောအလေ့သည် ရခိုင်လူမျိုးတွင် ယခုခေတ်ချိန်ထိခေတ်စားလျှက်ဟိသည်။
ရှိရိုးအစဉ်အဆက်ကျင့်သုံးလာခသော ရခိုင်လူမျိုးရို့၏လက်ထပ်မင်္ဂလာပွဲဓလေ့သည် မြန်မာများနှင့်မတူ ထူးခြားသောဓလေ့ထုံးစံများဖြစ်သည်။
ရခိုင်ရိုးရာသမက်တက်
ရခိုင်ရိုးရာမင်္ဂလာဆောင်မှာ မြန်မာရိုးရာမင်္ဂလာဆောင်နှင့်မတူ တမူထူးခြားသည်။ သမီးသျှင် (သတို့သမီး) နှင့် သမက်သျှင် (သတို့သား) လက်ထက်ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကို ရခိုင်စကားတွင် “သမက်တက်ပွဲ” ဟုခေါ်သည်။ ယောက္ခမအိမ်သို့ သမက်ကိုတင်ပို့ရသောကြောင့်လည်းကောင်း၊ လက်ထပ်ရန်လားရသောကြောင့်လည်းကောင်း “သမက်တက်” ဟုခေါ်ရခြင်းဖြစ်သည်။ သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အခြားသောဒေသများတွင် အနည်းငယ်ကွဲလွဲချက်ဟိသည်။
သမီးတောင်းခြင်း
ပထမယောက်ျားချေဘက်မှ မိန်းမပျိုကိုကြိုက်လျှင် အရပ်မှအမျိုးသမီးကြီးမှတဆင့်ပြောကြားပြီး ရက်တည့်မတည့် ဇာတာများယှဉ်ပြီး စီးစစ်ရသည်။ ထို့နောက် ကောင်းသောရက်ကိုရွီးချယ်ပြီး စိစပ်ကြောင်းလမ်းပြုလုပ်သည်။
စိစပ်ကြောင်းလမ်းခြင်းမင်္ဂလာ (အသွင်းနှင်းခြင်း၊ ပန်းဆင်ခြင်း)
စိစပ်ကြောင်းလမ်းမင်္ဂလာပွဲကို သမီးသျှင်အိမ်တွင်ပြုလုပ်သည်။ ရှိဦးစွာ သမီးသျှင်ထိုင်ရန်နီရာ၏လက်ဝဲလက်ယာဘက်တွင် အမျိုးသမီးအိမ်ထောင်သည်နှစ်ဦး ထိုင်ရသည်။ ဆွီမျိုးများနှင့်ဖိတ်ကြားထားသောအဂန္ဓုများက ယင်းရို့၏ရှိတွင် နီရာယူရသည်။ ထိုအချိန်တွင် သမီးသျှင်ထွက်မလာရသိမ့်။ သတ်မှတ်ထားသောမင်္ဂလာအချိန်ရောက်သောအခါ သမက်သျှင် (သတိုးသား) ဘက်မှ ဆွီမျိုးပရိတ်သတ်များလာရောက်သည်။ လာရောက်သောအခါ သမီးသျှင်ကိုဆင်မြန်းပီးရန် ပန်းများနှင့်စားစရာမုန့်အချိုများ၊ ကောက်ညှင်းပေါင်းများကို ငွေဖလားထဲတွင် ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ ယူလာရသည်။ ငွေဖလားဦးရေမှာလည်း မဂဏန်းအရွီတွက်တိုင်း ကြိုက်သလိုအသုံးပြုနိုင်သည်။ သမီးသျှင်သည် အမျိုးသမီးအရံတဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနီရာတွင် ထိုင်ရသည်။ ပန်းများ၊မုန့်များနှင့်အတူ သမက်သျှင်မိဘများထံမှ သမီးသျှင်အား စိစပ်ကြောင်းလမ်းခြင်း ရခိုင်အခါ် (ကတိသစ္စာပြုခြင်း) အထိမ်းအမှတ်အဖြစ် သားသျှင်ဘက်မှ အမိ (သို့မဟုတ်) အစ်မက မိမ္မချေကို ပန်းဆင်ပီးရသည်။
ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပီးပြီး အသွင်းပီးဆောင်ရပါသည်။ ထိုရတနာဆင်မြန်းခြင်း၊ သမီးသျှင်အား ပန်းပန်ပီးခြင်းပြုလုပ်သူကို သမီးသျှင်က အရိုအသေပြုကန်တော့ပြီးလျှင် စိစပ်မင်္ဂလာအောင်မြင်ပါတော့သည်။
မင်္ဂလာလက်ထပ်မည့်နိရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးသတ်မှတ်ရပါသည်။ ဆွီမျိုးပရိသတ်များကို မင်္ဂလာရက်ကြေငြာပီးရသည်။ ထို့နောက် ကြွရောက်လာသော နှစ်ဦးနှစ်ဘက်ဆွီမျိုးပရိသတ်များကို ဧည့်ခံကျွေးမွီးရသည်။ စိစပ်ပွဲပြီး၍ သမက်သျှင်ဘက်မှပြန်ကျသောအခါ သမက်သျှင်ဘက်မှယူလာသော ငွေဖလားထဲမှမုန့်အချိုများကို သမီးသျှင်ဘက်မှလက်ခံယူပြီးနောက် ယင်းဖလားထဲသို့ သမီးသျှင်ဘက်မှလည်း မုန့်များကို ပြန်ထည့်ပီးရသည်။
လက်ထပ်မင်္ဂလာပွဲ
လက်ထပ်မင်္ဂလာပွဲတွက် မင်္ဂလာပွဲတင်ကို တရက်ကြိုတင်ပြုလုပ်ရသည်။ မင်္ဂလာပွဲတင်သည် လက်ထပ်မင်္ဂလာပွဲအတွက် ရှိဦးစွာဆောင်ရွက်ရသော အလုပ်ဖြစ်သည်။ ယင်းပွဲကို သမီးသျှင်အိမ်၌သာပြုလုပ်ရသည်။ မင်္ဂလာပွဲနိရောက်သောအခါ ယင်းနိမိုးထက်အရုဏ်တွင် သမီးသျှင်သမက်သျှင်ရို့အား မိမိအိမ်များမှာပင် မြတ်စွာဘုရားအားဦးထိပ်ထား၍
ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီး မင်္ဂလာပရိတ်နာရသည်။ အဘိုးအဘောင်လူကြီးမိဘများကိုကန်တော့၊ မင်္ဂလာစကားတတ်ကျွမ်းသူများက နံ့သာရည်များဖြင့်ပတ်ဖြန်းခြင်းများပြုလုပ်ကာ မင်္ဂလာမြှောက်ရသည်။ ပရိတ်နာရာတွင် ပရိတ်ကြီးမှာ လက်ထက်မင်္ဂလာပွဲအတွက် အဓိကအရေးကြီးဆုံးဖြစ်သည်။ ရှိဦးစွာ မင်္ဂလာစားပွဲငယ်ကို ပျင်ဆင်ရသည်။
ယင်းစားပွဲတွင်ပါဝင်ရမည့်အချက်များမှာ-
မင်္ဂလာမြှောက်ခြင်း
မင်္ဂလာထမင်းပွဲပျင်ဆင်ခြင်း
သီးသန့်ပြုလုပ်ထားသော မင်္ဂလာစားပွဲကိုစားပွဲခင်း၍ အပေါ်တွင်စပါးဖြူးထားသည်။ ဖြန့်ကြဲထားသောစပါးပေါ်တွင် ဘဲဥပုံမင်္ဂလာကြွီလောင်ပန်းကြီးတွင် ကောက်ညှင်းနှင့်ထမင်းများထည့်၍ တင်ထားရသည်။ ယင်းထမင်းပေါ်တွင် ချက်ပြီးသားခြီလက်အမွှီးစုံသော ပုစွန်တုပ်ကြီးနှစ်ကောင်၊ အမွှီးစုံအကြီးခွံပါသော ငါးကန်သားနှစ်ကောင်၊ ဘဲဥနှစ်လုံး၊ မြောက်ဥ (ခေါ်) ကင်းစွန်းဥနှစ်ဥနှင့် အခွံနွှာပြီးသောနှပျိုးသီးနှစ်လုံးစီဖြင့် ပျင်ဆင်ထားရသည်။ ငါး၊ ပုစွန်၊ ဥ၊ သီးနှံစပါးပေါကြွယ်စီရန် အတိတ်နမိတ်ယူထားခြင်းဖြစ်သည်။ စပါးများထဲတွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများမြှပ်နှံထားရသည်။ ရွှေငွေပွားများအောင် ရည်ရွယ်ခြင်းဖြစ်သည်။
သမီးသျှင်ထိုင်သောနီရာလက်ယာဘက်တွင် ရီစင်အိုးဟုခေါ်သော ကြီးအိုးငယ်နှစ်လုံးတင်ထားရသည်။ ကြီးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ခြည်ဖြင့် ပတ်ထားပီးရသည်။ ကြီးအိုး၌ရီထည့်ထားပြီး သပြီပန်း၊ အချိန်ခါကောင်းသတ်မှတ်သောစာရွက် (အခါစာ) ရို့ကို ထိုးထားရသည်။
ထမင်းလောင်ပွန်း၏လက်ဝဲဘက်တွင် လောင်ပွန်းငယ်များတင်ပြီး ယင်းလောင်ပွန်းငယ်အသီးသီးတွင် ကြက်တကောင်လုံးအူအသဲစုံစွာ ငရုတ်သီးမပါဘဲ ချက်ရသည်။ ပုစွန်တုပ်ကို အကောင်မပျက်ကျော်ရသည်။ ရွှေဖရုံသီးချက်ထည့်ရသည်။ ကျန်လောင်ပွန်းနှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲ ထည့်ရသည်။ ကြက်နှစ်လောင်ပွန်း၊ ပုစွန်နှစ်လောင်ပွန်း၊ ရွှေဖရုံသီးနှစ်လောင်ပွန်းဖြစ်သည်။ မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြီးဟိသောငါး)၊ ကြက်သား၊ ဘဲဥ၊ ပုစွန်၊ မြောက်ဥ၊ ကင်းစွန်းဥ၊ ချိုင်ပေါင်ဟင်းများထည့်ထားသည့် ဟင်းဇားပန်းကန်ကတဖက် ထားဟိသည်။ ပုစွန်ဆိုလျှင် နှခွမ်းမွှီးမျှင်မပြတ်စီရ။ အကျိုးအပဲ့အနာအဆာများမပါစီရန် အထူးဂရုပြုရသည်။
ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နီရာတွင်ထားဟိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ရသည်။ အညွှန့်ဟိသောအမျိုးသမီးက သမက်သျှင်အိမ်မှ ဆန်နို့ဆီဗူးနှစ်ဗူး၊ လေးဗူး၊ ခြောက်ဘူးစသဖြင့် စုံဂဏန်းကို သမီးသျှင်အိမ်သို့လားပို့ကာ သမီးသျှင်အိမ်မှဆန်များနှင့်ရောပြီး အညွှန့်ဟိသောအမျိုးသမီးက မင်္ဂလာလက်ဆုံထမင်းပွဲအတွက် ချက်ရသည်။
အညွှန့်ဟိသောအမျိုးသမီးဆိုသည်မှာ လူပျိုအပျိုလက်ထပ်ပြီး မကွဲမကွာမောင်နှံစုံအတူတကွနီထိုင်၍ သားသမီးတယောက်တလီမှ ပျက်စီးခြင်းမဟိသော “အိမ်ထောင်သျှင်မ” ကိုဆိုလိုသည်။
အထက်ပါ မင်္ဂလာပွဲပျင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမှီ ပျင်ဆင်ထားရသည်။ ဘုန်းကြီးကြွလာပြီး ပရိတ်နာသည့်အခါ မင်္ဂလာစားပွဲမှာ ဘုန်းကြီးများရှိတွင် တည်ဟိနီရမည်။ ယင်းမင်္ဂလာစားပွဲရှိတွင် သမီးသျှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရသည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးသျှင်မွီးရက်နှင့် နိနံသင့်သူများဖြစ်သည်။ ရှိဦးစွာသီလခံယူပြီးလျှင် ပရိတ်ကြိုးဖြင့် စည်းဝိုင်းချသည်။
သမီးစောင့်ခြင်း
သမက်တက်သည့်နိ မိုးထက်ကိုးချက်တီးခန့်တွင် သမီးသျှင်နှင့်ရင်းနှီးသော မိတ်ဆွီကုလိမ္မေချေများ၊ ဆွီမျိုးများကို ထမင်းကျွေးရသည်။ သမီးသျှင်မှာ အလှပဆုံးဝတ်စားဆင်ယင်ကာ နိသင့်နံသင့်အပျိုရံနှစ်ယောက် လက်ဝဲလက်ယာရံလျှက် မင်္ဂလာဆောင်မည့်နီရာတွင်ထိုင်၍ ဧည့်ခံရသည်။
သမက်တက်ခြင်း
သမက်သျှင်ဘက်မှ သမီးသျှင်ဘက်သို့လားသောအခါ သမက်သျှင်အဖ၊ အဘိုး၊ ဆွီမျိုး သက်ကြိးဝါကြီးများက ရှိမှဦးဆောင်လာလတ်ပြီး အမိ၊ အဘောင်စသောသက်ကြီးဝါကြီးမိမ္မများက နောက်မှလိုက်ရသည်။ ထို့နောက် အုပ်ထမ်းသူအညွန့်မိမ္မများက တယောက်ချင်းတန်းစီ၍ လျှောက်ရသည်။ အုပ်ထမ်းသူများမှာ မိမ္မချောမိန်းမလှများဖြစ်သည်။ ရှိဆုံးမှအညွန့်ပန်းအုပ်ကို သမက်သျှင်၏အစ်မ (သို့မဟုတ်) ဆွီမျိုးရင်းချာထဲက ထမ်းရသည်။ နောက်အုပ်များတွင် မုန့်အမျိုးမျိုး၊ နှပျိုးသီးများထည့်ကာ ထမ်းလာရသည်။ အုပ်ထမ်းသူများအတွက်လက်ဆောင်အဖြစ် ပုဝါပိုင်းများကို အုပ်များတွင်ချိုင်နှောင်ထားဟိသည်။ အုပ်များကို သမက်သျှင်တတ်နိုင်သည့်အလျှောက် (၇) အုပ် (၉) အုပ်ထားဟိသည်။
အုပ်ထမ်းသူများ၏နောက်နားတွင် သမက်သျှင်အဖွဲ့ပါသည်။ သမက်သျှင်၏ဦးသျှောင်နှင့် ရီစင်အိုးကို ရှိကသယ်ယူလာရပြီး သမက်သျှင်မှာ ခေါင်းပေါင်း၊ ပန်းဖော်တောင်ရှည်ပုဆိုး၊ လိုင်ထောင်အင်္ကျီ၊ ရင်ဖုံးပြင်ခံအင်းကျီများကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်သူများခြံရံလျှက် လိုက်ပါလာရသည်။ ၄င်းရို့၏နောက်တွင် သမက်သျှင်၏အပေါင်းအဖော်များမှာ တေတ္တာနှင့်အိပ်ရာလိပ်များကို သယ်ဆောင်လာလတ်ပြီး ဗုံ၊ လင်ခွင်း၊ ပုလီတီးမှုတ်သူများနှင့် တပျော်တပါးတီးမှုတ်လိုက်ပါလာရသည်။
သမီးသျှင်အိမ်ရောက်သည့်အခါ သမီးသျှင်မိဘဆွီမျိုးများကဆီးကြို၍ဧည့်ခံပြီး နီရာထိုင်ခင်းများပီးသည်။ ရှိဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပီးရန် သမီးသျှင်အနားနီရာယူရသည်။ ကျန်အုပ်များကို သမီးသျှင်အိမ်မှလက်ခံယူ၍ နီရာချထားသည်။ သမက်သျှင်ဘက်မှသယ်ဆောင်လာသော မင်္ဂလာရီစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးသျှင်၏ရီစင်အိုးနှင့်အတူ ထားရသည်။ အညွန့်အုပ်ထမ်းလာသူ သမက်သျှင်၏အစ်မဆွီမျိုးများက သမီးသျှင်ကို ပန်းဆင်ပီးရသည်။ အညွန့်အုပ်တွင် ရာသီအလိုက်ပန်းများပါလာရသည်။
ဥပမာ-
နှင်းပန်း အီးချမ်းစီရန်
နှင်းဇီပန်း မွှီးကြိုင်လန်းဆန်းစီရန်
သဇင်ပန်း သန့်ယှင်းစင်ကြည်စီရန်
အချစ်တရာ (အချပ်တရာ) ပန်း အချစ်အနှစ်တရာတိုင်စီရန်
စံကားပန်း စံစားရစီရန်
ပန်းများပန်းကုံးများကို တစုံစီအညွန့်အုပ်တွင်ထည့်ယူလာရသည်။ ပန်းဆင်ပီးသူက ပန်းများကို တစုံစီ ငါးစုံဆင်မြန်းပီးရသည်။ ဆံထုံးထဲတွင်လည်း ပန်းကုံးများထိုး၍ ပန်းပန်ပီးရသည်။ ထို့နောက် သမီးသျှင်ကိုသျှောင်ဆောင်းပီးပြီး မျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးသျှင်ကိုပန်းပန်ဆင်ပြီးနောက် သမက်သျှင်ကို အိမ်ထဲသို့ဝင်စီသည်။ အ၀င်တွင် သမီးသျှင်၏ညီမအပျိုများက ခြီဆီး၍ငွေတောင်းခံသည်။ လူပျိုရံများက ဈီးဆစ်ခြင်းဖြင့် အချေအတင်ပြောဆိုရသည်။ လူပျိုရံ၊အပျိုရံများ တစိတစောင်းပြောဆိုရသဖြင့် ပျော်စရာကောင်းသည်။ အိမ်ပေါ်သို့ရောက်သောအခါ သမက်သျှင်ကို ရီတခွက်တိုက်ရသည်။ ထို့နောက် သမက်သျှင်ကို သမီးသျှင်၏ညာဘက်တွင် နီရာယူစီပြီး သျှောင်ဆောင်းပီးရသည်။ ထိမ်းမြားပီးသူများက မင်္ဂလာစားပွဲပေါ်ဟိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရီစင်အိုးများကိုလည်းကောင်း (၇) ပတ်၊ (၉) ပတ်ပတ်ထားသော ပရိတ်ခြည်မျှင်ကွင်းများဖြင့် တမျိုးတစုံကျစီ ရစ်ပတ်ပီးရသည်။ ထို့နောက် မောင်နှံအစုံအပါအ၀င် မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ တေတ္တာများအားလုံးကို ပရိတ်ခြည်မျှင်များဖြင့်ရစ်ပတ်ပီးရသည်။ ထို့နောက် သမက်သျှင်၏ညာလက်နှင့် သမီးသျှင်၏ညာလက်ကိုပေါင်း၍ ခြည်မျှင်များဖြင့် ရစ်ပတ်ပီးရသည်။
လက်ထပ်ပီးသည့်အမျိုးသမီးကြီးများက မောင်နှံစုံကို အောင်သပြီခက်ဖြင့် ရီစင်အိုးနှစ်စုံပေါင်းစပ်ထားသော ရီစင်များဖြန်းကာ ဆုတောင်းမိတ္တာပို့ရသည်။ ဆက်လက်၍ သမတ်သျှင်နှင့်သမီးသျှင်လက်များကိုပေါင်းပြီး ရီစင်သွန်းလောင်းရသည်။ သမီးသျှင်လက်ကိုအောက်တွင်ထားပြီး သမက်သျှင်လက်ကိုအပေါ်မှာ ထားရသည်။ အချို့မှာ သမက်သျှင်လက်ကိုအောက်ကလှန်ပြီး သမီးသျှင်လက်ကို အထက်ကမှောက်သည်။ အဓိပ္ပါယ်မှာ သမက်သျှင်က သမီးသျှင်ကို ညာလက်ဖြင့်တောင်းဆိုခြင်းကို သမီးသျှင်က ညာလက်ဖြင့်လက်ခံခြင်းသဘော၊ သမက်သျှင်က သမီးသျှင်ကို တသက်လုံးစောင့်ယှောက် ထောက်ပံတာဝန်ယူလားမည်ဟူသော သဘောကိုဆောင်သည်။
မိဘကန်တော့ခြင်း
သမီးသျှင်ရှိတွင် သမက်သျှင်ဖခင်၊ သမက်သျှင်ရှိတွင် သမီးသျှင်ဖခင်ရို့က နီရာယူရသည်။ သမီးသျှင်သမက်သျှင်ရို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ်တပြိုင်တည်းထည့်ပီးခြင်း၊ မိခင်များအားလည်း ထမင်းခုနှစ်ဆုပ် တပြိုင်တည်းထည့်ပီးခြင်းသည် မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။
လက်ဆုံစားခြင်း
မိဘများကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားရသည်။ စားသောက်ပြီး ငွေဖလားတွင်အတူလက်ဆီးရသည်။
လက်ဖွဲ့ခြင်း
ထမင်းလက်ဆုံစားပြီးနောက် မိဘဆွီမျိုးမိတ်ဆွီများက သမီးသျှင်သမက်သျှင်ရှိ ငွေဖလားနှစ်ခုထဲသို့ လက်ဖွဲ့ငွေများထည့်ရသည်။ လက်ဖွဲ့လက်ခံပြီးသောဖလားကို သမက်သျှင်က သမီးသျှင်ကိုအပ်ရသည်။ သမီးသျှင်ကကန်တော့၍ လက်ခံယူရသည်။
သျှောင်ချသျှောင်တင်
သမက်သျှင်က မိမိသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင် သမီးသျှင်၏သျှောင်ကိုချွတ်ယူကာ မိမိ၏သျှောင်ကိုဆောင်းပီးရသည်။ သျှောင်တင်သျှောင်ချပြုလုပ်စဉ် သမီးသျှင်က သမက်သျှင်ကို ရှိခိုးရသည်။ သျှောင်တင်သျှောင်ခအဖြစ် သမက်သျှင်က သမီးသျှင်ကို ငွေလက်ဖွဲ့သဖြင့် သမီးသျှင်ကကန်တော့ပြီး လက်ခံရယူရသည်။ မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်သျှင်က သမီးသျှင်ဘက်မှအပျိုရံလူပျိုရံများက ရွှေကြိုးတားထား၍ ကြိုးတားခပီးရသည်။ နောက်ဆုံးခန်းဝင်ခ ပီးဆောင်ရသည်။
အိမ်ပြန်လည်ခြင်း
သမက်တက်ပြီး (၇) ရက်နိတွင် သမီးသျှင်သမက်သျှင်များသည် သမက်သျှင်၏မိဘအိမ်သို့ မိုးထက်မှစ၍လည်ရသည်။ သမက်သျှင်၏မိဘ၊ အဘိုးအဘောင်များကို သမီးသျှင်၊ သမက်သျှင်ရို့က ကန်တော့ရသည်။ ညဇာစားပြီးမှပြန်ရသည်။ သို့ဖြင့် ကြင်စဦးဇနီးမောင်နှံနှစ်ဦးသည် အိုးအိမ်တည်ထောင်ကာ တလင်တမယားစနစ်ဖြင့် တသက်လုံးပေါင်းဖော်ရတော့သည်။
ရခိုင်လူမျိုးများသည် မင်္ဂလာပွဲကို ၀ါတွင်းနှင့်ပြာသိုလများတွင် ယှောင်ကြည်လေ့ဟိပြီး တပေါင်းတန်ခူးလများတွင် အများဆုံးကျင်းပပြုလုပ်သည်။ ပြာသိုလတွင် မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ်ဘဲ မွဲပြာကျတတ်သည်ဟု အယူဟိသည်။ ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များစွာဟိသည်။ ထိုချမှတ်ထားသောစည်းကမ်းချက်များကိုလိုက်နာပြီး လက်ထပ်မင်္ဂလာပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရိုးရာမပျက်ချစ်မြတ်နိုးစရာဖြစ်သည်။ ရခိုင်လူမျိုးရို့၏ချစ်စရာကောင်းသောဓလေ့၊ တမူထူးခြားသော မင်္ဂလာအယူအဆများဖြစ်သည်။
ကျမ်းကိုးကားစာအုပ်များ
သားချင်းများအကြောင်းတစေ့တစောင်း (မောင်အောင်မွန်)
ပြည်ထောင်စုသားများ၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ
(တက္ကသိုလ်သျှင်သီရိ)
မြတ်ပန်းသဇင် ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)
ပြောပြန်ရင်လည်း ထက်အောင် လွန်ရာကျမယ် (ထက်အောင်)
ဘ၀င်မကျမိတာလေးတွေမြန်မာပြည်ပြန်ရောက်တော့မှပဲ အင်တာနက်နဲ့က ဝေးသလိုလိုဖြစ်နေတယ်..။ ဂျာနယ်တွေ ကောက်ဝယ်လိုက်ရင်လည်း ဟိုဂျာနယ်လည်း ဒီသတင်း၊ ဒီဂျာနယ်ကလည်း ဒီသတင်း ထပ်နေတယ်…။ ဂျာနယ်တွေ ကြည့်ရတာ ရေးစရာတောင် သိပ်ရှိပုံမရဘူး…။ လူထုကို သတင်းအချက်အလက်ပေးနေတဲ့ မီဒီယာကဏ္ဍဖြစ်တဲ့ ဂျာနယ်တွေသွားနေတဲ့ မူဝါဒကို လေ့လာရင်းနဲ့ပဲ ဘ၀င်မကျစရာတွေက တွေ့တွေ့လာတယ်…။ ကိုယ်တိုင်လည်း စာမဖတ်၊ စာမရေးနိုင်ပေမယ့် သတင်းတွေကို လက်လှမ်းမီသမျှတော့ ဖတ်မိပါတယ်…။
ကိုယ့်ဌာနေကိုလွမ်းမိပါတယ်
နိုင်ငံခြားမှာနှစ်ကြာကြာနေလာခဲ့ပေမယ့် လူတိုင်းကတော့ ကိုယ့် ဌာနေကို လွမ်းကြတာချည်းပါပဲ။ တချို့ဆို အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားမှာ နိုင်ငံသား ခံယူလိုက်ကြပေမယ့် တနှစ်တခေါက်တော့ ကိုယ့် မွေးရပ်ဌာနေကို လွမ်းဆွတ်မှုကြောင့် ပြန်လာပြီး အလွမ်းဖြေဖြေသွားကြတယ်…။ တိုင်းပြည်အခြေအနေ အရပ်ရပ်ကို ရှုထောင့်ပေါင်းစုံကနေကြည့်ပြီး တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ ကဏ္ဍတွေကို တနိုင်တပိုင် ပံ့ပိုးပေးချင်တဲ့ စိတ်ရှိကြတဲ့ နိုင်ငံခြားရောက် ရွှေမြန်မာများကလည်း ဒုနဲ့ ဒေးပါပဲ….။
ပြည်ပန်းညိုချိုပါလျက်
တကယ်ကို စိတ်ရင်းစေတနာကောင်းတဲ့ သူတွေရှိနေပေမယ့်လည်း မျောက်ပြဆန်တောင်းတဲ့ သူတွေလည်း ရှိနေတာပါပဲ..။ အဲဒီမှာ ပြည်တွင်း၊ ပြည်ပခွဲခြားမှုတွေ၊ သံသယတွေနဲ့ ခရီးဆက်နေကြတယ်..။ ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်တယ်ဆိုပေမယ့် ငါးခုံးမတွေများလာတော့ တနိုင်ငံလုံး ပုပ်မှာပဲ…။ အခုဆို အွန်လိုင်းအသုံးပြုပြီး လူမှုရေးလုပ်ငန်းတွေ အမှန်တကယ်လုပ်ဆောင်နေကြတဲ့သူတွေ ရှိပေမယ့်လည်း ပရဟိတအမည်ခံ လုပ်စားတွေကြောင့် ပြည်ပန်းညိုချိုပါလျက် ဆားကဖျက်ဆိုသလိုဖြစ်ဖြစ်နေတယ်..။
အညတရလွတ်မြောက် နိုင်ငံရေးအကျဉ်းသားတွေ ဘဝ
အော် …. အခုဆိုရင် ပြည်တွင်းဂျာနယ်တွေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်ငြိမ်းချမ်းသာခွင့် သတင်းတွေက ပလူတွေပျံ၊ ဂျာနယ်ဈေးတွေက ခုန်တက်၊ နောက်ဆုံးတော့ ဂျာနယ်ထုတ်ဝေသူတွေ သူဌေးဖြစ်တာကလွဲလို့ ဘယ်လို Result တွေ ရလာခဲ့လို့လည်း၊ နာမည်ကြီး အကျဉ်းသားတွေသတင်းကို ဖော်ပြမှလည်း ဂျာနယ်တွေက ရောင်းအားသွက်မှာကိုး… စတုတ္ထမဏ္ဍိုင်ကိုသွားနေတဲ့ ဂျာနယ်လစ်စ်တွေ သတိပြုဆင်ခြင်စရာလေးတွေပါ..။ မနေ့ကပဲ ဗန်းမော်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းကြီး တယောက်ကို သွားရောက်ဂါရ၀ပြုရင်း စကားလက်ဆုံ ကျခဲ့မိပါတယ်..။ ၀မ်းနည်းစရာကောင်းတာက ဒီကနေ့အထိ ဘယ်ဂျာနယ်ကမှ အင်တာဗျူး လာမလုပ်ဘူးဆိုပဲ…။ အော်…။ သနားစရာကောင်းတဲ့ အညတရ နိုင်ငံရေး အကျဉ်းသားတွေရဲ့ဘ၀ပါလား..။
စွန့်လွှတ်ထားရမှာလေးတွေ
အဘဆီက မှတ်သားစရာလေးတွေကတော့ နိုင်ငံရေးလုပ်တယ်ဆိုတာ စီးပွားရေး၊ ဇနီး၊ သားသမီးတွေကို စွန့်လွှတ်ထားရပါတယ်တဲ့။ အဘတို့ဆီကနေ ကျွန်တော်တို့တစ်တွေက သင်ယူစရာတွေ အများကြီး ရှိတယ်လို့ပြောတော့ လူငယ်တွေဆီကလည်း အဘတို့တစ်တွေ ပြန်ပြီး သင်ယူရမှာတွေ ရှိပါသေးတယ်တဲ့…။ ရိုးသားမှုနဲ့ ငြိမ်းချမ်းမှုတွေကို သူ့မျက်ဝန်းထဲမှာ တွေ့လိုက်ရတယ။် လူကြီး၊လူငယ် အပြန်အလှန်လေးစားမှုတွေ က မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းဖို့အတွက် အရေးကြီးတဲ့ အချက်တွေဖြစ်ကြောင်း သူပြောပြသွားတယ်။
ရင်ဘတ်ထဲက မဲတစ်ပြား
ပြည်သူကိုလေးစားရမယ်တဲ့….။ ပြည်သူလူထုဆီက မဲတစ်ပြားကိုလိုချင်ရင် ကိုယ့်ပါတီကို မဲမထည့်ပဲ တခြားပါတီကို ဘာကြောင့်မဲထည့်တယ်ဆိုတာကို သိအောင်လုပ်ရမယ်တဲ့…။ ပြည်သူလူထုဆိုတာ အပြစ်ကင်းစင်တယ်၊ အားကိုးရမည့်သူကို ယုံကြည်တယ်….။ ပြိုင်ဘက်ဆီက မဲတစ်ပြားကို ကိုယ့်မဲဖြစ်အောင်လုပ်နိုင်ရင် ဒါဟာ အရည်အချင်းပါပဲတဲ့…။ အဘတို့လိုချင်တာက ရင်ဘတ်ထဲက မဲတစ်ပြားပါတဲ့….။
ဒီလှိုင်းနဲ့ ပက်သက်၍
ဒီလှိုင်းဂျာနယ်အကြောင်းကို မေးကြည့်တော့ အဘတို့ ပါတီက ထုတ်တဲ့ ဒီလှိုင်းဆိုတဲ့ ဂျာနယ်က လက်ပွေ့သမားတွေဆီကို ဘာကြောင့်မရောက်တာလည်း၊ …။ ပါတီရဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို ပြည်သူတွေ သိအောင် ဘယ်လိုပုံစံနည်းနဲ့ ချပြမှာလည်း၊ လူထုကို နိုင်ငံရေးအသိပညာ၊ အတွေးအခေါ်တွေ ရင့်သန်လာအောင် မည်သို့၊ မည်ပုံလုပ်ဆောင်သွားဖို့ရှိလည်းမေးလိုက်တော့၊ နောက်တခါတွေ့ရင် ဖြေပါ့မယ်တဲ့။
အောင်နိုင်ရေးကော်မတီ
လက်ရှိ ဂျာနယ်တွေက NLD ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီတွေရဲ့ လှုပ်ရှားမှုတွေကို ဘာကြောင့်အကျယ်တ၀င့် မရေးရဲကြတာလည်း အကန့်အသတ်တွေ ရှိနေသလားပေါ့။ ကျွန်တော့် မေးခွန်းတွေကို သူမဖြေခဲ့ပါဘူး…။ ဒီနေရာမှာ ဂျာနယ်တွေကို ထက်အောင် ပြောစရာလေးတွေ ရှိပါတယ်..။ ပေါ်ပြူလာဖြစ်တဲ့ လူတွေနောက်ကိုလိုက်၊ ဂျာနယ်ခေါင်းစီးမှာ ချီးပါတာကအစ ဖော်ပြတော့ မယောင်၊ ဘယ်သူက ဘယ်နေ့မှာ မနက် ဘယ် ၂ နာရီ ကစပြီး ဘယ်ကိုသွား၊ ဘယ်သူနဲ့တွေ့၊ ဘာစကားတွေပြော၊ ဘယ်မှာ ထမင်းစား၊ ဘယ်မှာ အိမ်သာတက်၊ အဲဒါ သတင်းလား…။ ရေးစရာမရှိတော့ဘူးလား…။
စတုတ္ထမဏ္ဍိုင်ပီပြင်ဖို့ဆိုရင်
ဂျာနယ်တွေ၊ သတင်းထောက်တွေ၊ သတင်းစာဆရာတွေဆိုတာ တိုင်းပြည်ရဲ့ သူရဲကောင်းတွေပါပဲ။ ရေးရမှာကြောက်နေလား…။ ဒီမိုကရေစီနိုင်ငံကို သွားနေပါတယ်ဆိုရင် လွတ်လပ်တဲ့ သတင်းကဏ္ဍဖြစ်ဖို့လိုပါတယ်။ အင်တာနက်က သတင်းဆိုတာ သန်း ၆၀ သော လူထုတွေ မသိနိုင်ဘူး..။ ခင်ဗျားတို့တစ်တွေက သတင်းဓာတ်ပုံလေး တခုရ၊ အဲဒါကို သတင်းရေး၊ လာဘ်ပေးရင်ရေး၊ မပေးရင်မရေး၊ နှစ်ပတ်လည်မိတ်ဆုံစားပွဲတွေလုပ်တာကို သတင်းဓာတ်ပုံတွေနဲ့ ခမ်းခမ်းနားနားတွေ ဖော်ပြ၊ အဲဒါတွေက ပြည်သူလူထုအတွက် ဘာ အကျိုးမြတ်တွေရသလည်း။ ကျုပ်တို့နိုင်ငံမှာ အရည်အချင်းရှိတဲ့၊ ရိုးသားတဲ့၊ ဘက်မလိုက်တဲ့၊ လူထုအကျိုးစီးပွားကို လိုလားတဲ့ သတင်းသမားတွေ ပေါ်လာမှ တိုင်းပြည်ရဲ့ မဏ္ဍိုင် တာဝန်တွေ ကျေမယ်ဆိုတာ မေ့နေပြီလား…။ သတင်းစာသမားဆိုတာ သမ္မတ တယောက်ထက် အဆင့်မြင့်တယ်။ ကိုယ့်တန်ဖိုးကို ချတဲ့သူက အလိုလိုတန်ဖိုးကျတာပဲ။ လာဘ်ပေး၊ လာဘ်ယူ သတင်းသမားတွေ ရှိနေသရွေ့ကာလပတ်လုံး စတုတ္ထမဏ္ဍိုင်ကြီးက ရေစုန်မျောသွားမှာပဲ။ ဒါကြောင့် ကိုယ်ကျိုးစီးပွားကို ကြည့်တဲ့ သတင်းသမားတွေ ကျပ်ကျပ်သတိထားပါ…။
ခေတ်သစ်ချစ်တီးတွေသတိထားဖို့
ကျုပ်တို့နိုင်ငံမှာ ပိုက်ဆံတွေ ထားစရာမရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း သတိပေးလိုက်ဦးမယ်..။ အစိုးရက ဆင်းရဲမှုပပျောက်ရေး စီမံကိန်းလုပ်နေကြတယ်…။ လူငယ်တွေဦးစီးပြီးတော့ လူမှုရေးလုပ်ငန်းတွေ လုပ်နေကြတယ်..။ ခင်ဗျားတို့တစ်တွေက တဘို့တည်းကြည့်တဲ့ နွားတွေဖြစ်နေတယ်..။ ပြည်သူလူထုဆိုတာ ခင်ဗျားတို့ ရဲ့ Customer တွေဖြစ်တယ်..။ ခင်ဗျားတို့ရဲ့ ထမင်းရှင်တွေဖြစ်တယ်..။ ထမင်းရှင်ကို ဂုတ်သွေးစုပ်တယ်ဆိုတာ လက်ကိုပြန်ကိုက်တဲ့ ခွေးအဆင့်ပဲရှိတယ်…။ ခင်ဗျားတို့ လုပ်ရမှာက တိုင်းပြည်ပြန်လည်ထူထောင်နေတဲ့ ကာလမှာ နိုင်ငံခြားက စီးပွားရေးလုပ်ငန်းရှင်တွေကိုပဲ မျှော်နေခိုင်းတာမဟုတ်ဘူး…။ လုပ်ပိုင်ခွင့်တွေကို အသုံးချပြီးတော့ ပြည်သူလူထုကို ဂုတ်သွေးစုပ်ခိုင်းနေတာမဟုတ်ဘူး..။ ပြည်သူလူထု အလုပ်အကိုင်တွေ ပေါများလာအောင် ဖန်တီးပေးနိုင်တဲ့၊ အမျိုးသားရေး စိတ်ဓာတ်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်စေချင်တယ်..။ Win-Win စီးပွားရေးမျိုးကို လုပ်ရမယ်။ ခင်ဗျားတို့ ကိုယ်ချင်းစာတတ်တယ်ဆိုရင် ကျုပ်တို့ မြန်မာတွေနဲ့ တိုင်းရင်းသားတွေ သူတစ်ပါးနိုင်ငံမှာ ကျွန်ခံနေရတယ်ဆိုတာ နံပါတ်(၁) တရားခံက အစိုးရဆိုရင်။ နံပါတ်(၂) တရားခံက ခင်ဗျားတို့ ခေတ်သစ်ချစ်တီးတွေပဲ။ ၀ဋ်ဆိုတာ လည်တတ်တယ်…။ အမျိုးသားရေးစိတ်ဓာတ်ကို မွေးမြူပြီး တိုင်းပြည်ပြန်လည်ထူထောင်တဲ့ လုပ်ငန်းတွေမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုလိုလားတဲ့ ပြည်သူချစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်အောင် ကြိုးစားကြပါလို့ ကျုပ်ပြောချင်တယ်…။
ဒီမိုကရေစီအာဏာရှင်များ
ကျုပ်ထပ်ပြောချင်တာက ရွေးကောက်ပွဲတွေမှာ ရိုးသားကြပါ..။ လက်ရှိ မှတ်ပုံတင်ထားတဲ့ NLD ကလည်း အောက်ခြေအထိ ဆင်းကြည့်ပါ…။ သူများမျက်ချေးတွေကိုပဲ မြင်မနေပဲ ကိုယ့်မျက်ချေးတွေကို အရင် သန့်စင်ပစ်ပါ…။ မန္တလေးတိုင်းမှာ တိုင်းကော်မတီဝင်ဖြစ်ချင်ရင် ရေလောင်းမှ ရတယ်လို့ သတင်းတွေ ကြားထားတယ်..။ NLD လည်း ရွေးကောက်ပွဲမှာ နိုင်နိုင်၊ ရှုံးရုံး ပါတီသန့်ရှင်းရေးလုပ်ဖို့ အကြံပြုချင်တယ်..။ NLD ထဲမှာပဲ ဒီမိုကရေစီလို့ အော်အော်နေတဲ့ ခေတ်သစ်အာဏာရှင်တွေကို ရှင်းထုတ်ပါ…။ ထက်အောင်က ဘာကောင်မှတော့ မဟုတ်ဘူး..။ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုရင် ဘယ်သူ့ကိုမဆို၊ အဆဲခံ၊ အမုန်းခံပြီး ပြောသွားမယ်…။ ဖမ်းချင်တဲ့ကောင်လည်း ကြိုက်တဲ့ အမှုတပ်ပြီး မရရအောင်ရှာဖမ်း၊ မြန်မာပြည်ထဲမှာပဲ ရှိတယ်..။ ပြောစရာရှိရင်တော့ အစိုးရကော၊ NLD ကော၊ ခေတ်သစ်ချစ်တီးကော၊ အာဏာရှင်လက်ကျန်ကော၊ မဟနကော၊ မီဒီယာကော မချန် ပြောသွားဦးမယ်..။ ပါးစပ်တွေ မပိတ်သရွေ့၊ အသက်ရှုလို့ ရနေသရွေ့တော့ ပြောသွားမယ်..။ ထက်အောင်သွားနေတဲ့ အမျိုးသားရေးလမ်းမှာ ဘာကိုမှ ဂရုစိုက်သွားမှာမဟုတ်ဘူး…။ ကျုပ်တို့ တိုင်းပြည်ကို အမှန်တကယ်ချစ်တဲ့ နိုင်ငံရေးသမားတွေ များလာရင်၊ အမှန်အကန်အလုပ်လုပ်တဲ့ သူတွေများလာရင် ထက်အောင်က ကျေးလက်ဒေသတခုမှာ စာသွားသင်နေလိုက်မယ်…။
လေးစားစွာဖြင့်
ထက်အောင်
ဘယ်ဘက်အခြမ်းက ဆွဲအားဟာ သိပ်ကိုကြောက်ဖို့ကောင်းတယ် ကိုသံခဲ ။
ဘယ်ဘက်အခြမ်းက ဆွဲအားဟာ သိတ်ကိုကြောက်ဖို့ကောင်းတယ် ကိုသံခဲ ။အစားထိုးထားတဲ့ တစ်ဖက်ကမ်းမှာ ကျွန်မဟာ ဗီလိန်၊
ပျော်ပျော်ရွှင်ရွှင်နဲ့ ပျော်ရွှင်နေကြတဲ့ လူတစ်စုကြားမှာ
ကျွန်မဟာဖိနပ်ကြားမှာကပ်ငြိနေတဲ့ ဖုန်မှူန့်တစ်စလို
ဒီလိုနဲ့ ကျည်တစ်တောင့်ကို ပထမဦးဆုံးဝါးမြိုမိသွားတယ်။
ယေဘုယဆန်တဲ့ကိုက်ခဲမှုတွေ စိတ်သွားတိုင်းကိုယ်မပါရင်
ပြောကွယ်၊မွေးဖွားဖို့အတွက်သေဆုံးတာတွေ သေဆုံးဖို့အတွက်
မွေးဖွားတာတွေဟာ ဘာတစ်ခုမှ အသုံးမ၀င်ဘူး၊ပက်ပက်စက်စက်
ပစ်ချခံလိုက်ရတယ်၊ ဘယ်ဟိုတည်မှာစောင့်နေမယ်ဆိုတဲ့အကြောင်း
Callပါ။
လူတွေကိုမုန်းတီးပေမယ့် ကျွန်မကိုလဲ မုန်းတီးကြတယ်၊
ယောင်္ကျားနှစ်ယောက်ယူတဲ့မိန်းမနဲ့ မိန်းမနှစ်ယောက်ယူတဲ့ယောင်္ကျား
ကျေးဇူးပြု၍ ကျွန်မကို ပျော်ရွှင်စေပါ၊ဘယ်သူသိအောင် ဘယ်သူကမှ
လိုက်ကာမဖွင့်ပြကြတော့ဘူး၊ဘုရားသခင်ကို ကြောက်လန့်စေအောင်
ဖန်တီးထားကြတဲ့ခေတ်မှာ ကျွန်မဟာ ဗီလိန်ကဗီလိန်ပဲ။
မှောင်ပြီဆို နေစရာနေရာမရှိအောင် အပြေးအလွှားပုန်းအောင်နေရတဲ့ဘ၀ကို
ချစ်နေရအုံးမှာလား၊ပေါ်ပင်ဆန်တဲ့ ဖန်တီးမှုတွေနဲ့ ပျက်ယွင်းလာတဲ့
အနုပညာဖန်တီးမှုတွေကြားမှာ ကျွန်မဟာ ဗီလိန်ထက်ပိုသာတဲ့ ဘ၀ကို
မရရှိသေးဘူး ကိုသံခဲ။
Alc 43% ပါဝင်တဲ့အရည်တွေဟာကျွန်မဘ၀ကို အမြဲလိုကယ်တင်တယ်၊
ရှူတင်ကအပြန်လမ်းဟာ အမြဲလိုမှောင်နေတုန်း တန်းလန်း၊
လိန်ဖယ်လိန်ဖယ် လျှောက်လမ်းတွေပဲ၊ဘယ်သူနဲ့ ဘယ်လိုအိပ်ခဲ့ရကြောင်းတွေကို
Alc 43% နဲ့ဖုံးဖုံးရတဲ့ကျွန်မဘ၀ဟာ သမရိုးကျဖြစ်စဉ်ထက် ညစ်နွမ်းမှုတွေ
ပေးစွမ်းတယ်လို့ သတ်မှတ်ရင်ရမလား ကိုသံခဲ။
ကျွန်မကို မုန်းပါ ဝေးဝေးမှာပဲနေပါ ကိုသံခဲ၊ အခြေအနေဟာဖန်တီးလုပ်ယူလို့
မရလောက်အောင် ခိုင်ခိုင်မြဲတုတ်လှောင်ထားခြင်းခံနေရ၊အခန်းထဲ ၀င်ဝင်ခြင်း
မမြင်မတွေ့ချင်တဲ့ မျက်လုံးအစုံကို ကိုက်ဖြတ်ချင်နေတာ ဘယ်တန်ခိုးရှင်က
ဘယ်သူ့ဘ၀ကို ဘယ်လိုပုံစံတွေဖြစ်အောင် ဖန်တီးခဲ့သလဲ
ဟင်အင်းးးးးး
ကျွန်မဟာ အမြဲတမ်းရှူံးနိမ့်သူတစ်ယောက်ဖြစ်တယ်၊မီးချောင်းက မှိန်မှိန်လေးလဲ
ထွန်းထားတယ်၊
အားးးးးးးးးးးးးးး
4လက်မအထူရှိတဲ့ Alc43% ဟာ 100%ပြည့်ဝစွာ အတားအစီးမရှိ၊
ဖြစ်ချင်တိုင်း ဖြစ်နေသလိုပဲ နောက်တစ်ခွက် . . .နောက်တစ်ခွက်
....၊ထုံကျဉ်နေလေတဲ့ ခန္ဓာကိုယ်နှစ်ခုဟာ ပူးကပ်စပြုနေပြီဆိုတာ
ကျွန်မနောက်ဆုံး သတိထားမိလိုက်ခြင်းပဲ။
မနက်ဖြန်ဟာ တကယ်မလာတော့ပါဘူးလို့ဆုံးဖြတ်ချက်ချရုံနဲ့
မဖြစ်နိုင်ဘူးမဟုတ်လား ငေးမောကြည့်နေရုံနဲ့လိုအင်မပြည့်ဝနိုင်တဲ့
ဆန္ဒတွေကြောင့် အောင်မြင်ကျော်ကြားနေသူတွေအတွက် ကျွန်မမှာ
အချိန်မကြည့်တော့ဘူး ကိုသံခဲ၊နောက်နားမှာ အမြဲရပ်နေတယ်မဟုတ်လား
ထိုအကြောင်းဟာ ကားအကောင်းစားကြီးစီချင်တဲ့ မောင်လေးကြောင့်မဟုတ်ဘူး
နောက်ဆုံးပေါ် ဖုန်းကိုင်ချင်တဲ့ ညီမလေးကြောင့်မဟုတ်ဘူး။
ရိုးရှင်းသောလူနေမှု အဆင့်အတန်းတစ်ခုကို ဖြတ်ကျော်ဖို့ ခန္ဓာကိုယ်ဟာ
အကောင်းဆုံး လက်နက်ပဲ၊ငြင်းပါ ကိုသံခဲရဲ့ အငြင်းဝါကျဟာ
ကျွန်မကို ပြောင်းလဲစေမှာမဟုတ်တဲ့အတွက် ငြင်းပါ၊ကျွန်မအတွက်
အချစ်ဆိုတာ မီးခြစ်တစ်လုံးလောက်တောင် ဘယ်တုန်းကမှ အရေးမပါခဲ့ဘူး၊
ချွေးစေးတွေနဲ့ တဏှာဆီတွေဝင်းထိန်နေတဲ့ မျက်နှာနားကို နီးကပ်စေပြီး
ထောက်...ကနဲခြစ်လိုက်တဲ့ ဂတ်စ့်မီးခြစ်ကနေထွက်ပေါ်လာတဲ့ မီးတောက်ဟာ
စားဝတ်နေရေးအတွက် ပြေလည်စေမယ့် ပထမဦးဆုံးအဆင့်ပဲ ဖြစ်။
ကိုသံခဲကို ကျွန်မ မချစ်ဘူး၊အချစ်ဆိုတာ ရေခဲတုံးပဲ၊အချစ်ဆိုတာ
ပါရမီကားပဲ၊အချစ်ဆိုတာ မဲ့ရွဲ့ခြင်းပဲ၊အချစ်ဆိုတာ အစာပြေစားတတ်တဲ့
ပဲပလာတာပဲ၊အချစ်ဆိုတာ အိမ်နဲ့ရှူတင်ပဲ၊အချစ်ဆိုတာ ဟိုတည်အခန်းနံပါတ်
ဘယ်လောက် ဘယ်လောက်ပဲ၊အချစ်ဆိုတာ....အချစ်ဆိုတာ ဒါတွေပဲ၊
ကိုသံခဲကို ကျွန်မ မချစ်တဲ့အကြောင်း ဒီထက်ပိုနားလည်အောင်ပြောပြချင်နေသေးတယ်။
မိုက်ရူးရဲဆန်ပေမယ့် ဘယ်သူကမှ အသိဥာဏ်ကိုမနှောက်ယှက်ကြဘူး၊
လူသိအောင် ကျွန်မပုန်းအောင်နေရတာများနေပြီ၊ကျေးဇူးပြု၍ ကျွန်မဘ၀ကို
လက်ခုပ်တီးပေးကြပါ၊နံရံကို ကျောကပ်ထားတယ် ကိုသံခဲ၊ရှေ့နားလေးစီက
သံတိုင်တွေကို မုန်းတယ်၊တားမြစ်နယ်ထဲကနေခေါ်ပါ၊ကျွန်မအရေပြားဟာ
လူမသိသူမသိ ကြမ်းတမ်းနေပြီဆိုတာ၊ အို....ဘာဖြစ်ဖြစ် အဆင်ပြေသတဲ့လား၊
ပျော်ရွှင်နေလေတဲ့ချစ်သူ စုံတွဲတွေဟာ ကျွန်မအတွက် အကြီးမားဆုံး ရန်သူတွေပဲ၊
လူတွေကို တဖြည်းဖြည်းမုန်းတီးတတ်လာတာလဲ ကျွန်မရဲ့ အကြီးမားဆုံး အားနည်းချက်ပဲ၊
ပြင်ဆင်သမျှအရာအားလုံးဟာ ဖြစ်မလာပါဘူး။
လူသိအောင်ဘယ်တုန်းကမှ မပျော်ရွှင်ခဲ့ရတဲ့အတွက် လူတွေကို မုန်းတယ်၊
ပုခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက်သတဲ့လား ..အဟတ်၊ကြေကွဲစရာပဲကိုသံခဲ၊
တစ်ခုခုဆို ကျွန်မတို့ဟာ အမြဲလို ခေါင်းမာတတ်ကြတယ်၊လူတွေဟာ
အသိဥာဏ်ကို မျက်ဝါးထင်ထင်မကိုင်တွယ်ဖူးကြပါဘူး၊၀ိုးတိုးဝါးတားနဲ့
အကောင်မြင်တိုင်း အရိပ်ကိုပြေးပြေးရှာတတ်တာလူတွေမှာပဲ ရှိတယ်၊
ဗီလိန်တွေကို လူတွေချစ်လာတဲ့တစ်နေ့ ကျွန်မဒီလောကထဲကနေ
ထွက်ခွာသွားတော့မယ်၊ကျွန်မတို့လိုလူတွေကြောင့် ဗီလိန်တွေပေါ်ပေါက်လာခြင်းပဲဖြစ်၊
ငရဲရှိကြောင်း ပြောဆိုခဲ့တဲ့မိဘတွေကို ကျွန်မမုန်းတယ်၊Alc43%ဟာ ကျွန်မဘ၀ရဲ့
ကယ်တင်ရှင်ပဲ၊ငရဲကို ယုံကြည်မှုပျက်ပြားအောင် သူကလုပ်ဆောင်ပေးနိုင်တယ်၊
ခဏလေးပဲဖြစ်ဖြစ် ကိုသံခဲ ကျွန်မရှေ့ကို ရောက်မလာပါစေနဲ့၊ကျွန်မတို့ တူတူဝေးဝေးပြေးကြမယ်၊
ဘယ်သူမှမရှိတဲ့အရပ်မှာ ကျွန်မတို့ နှစ်ယောက်ရှိမယ်ဆိုရင် ဘယ်သူမှမရှိတဲ့အရပ်ဆိုတာ
မရှိနိုင်တော့ဘူးမဟုတ်လား။
ကျွန်မဘ၀ကို ဘယ်ဘုရားသခင်ကမှမကယ်တင်တဲ့အတွက် ကျွန်မကလဲ
ဘယ်ငရဲကိုမှ အယုံအကြည်မရှိတော့ဘူး၊ကျွန်မ တစ်ခုခုကို ရူးသွပ်နေပါရစေ၊
ကျွန်မAlc43%တွေသောက်ပါရစေ၊ကျွန်မ မပျော်ရွှင်တဲ့အရပ်မှာပဲနေပါရစေ၊
ကိုသံခဲကို မချစ်အောင် ကိုသံခဲကလဲ ကျွန်မကို မချစ်ပါနဲ့၊အဲ့လိုလဲမဟုတ်ပြန်ဘူး။
ပျင်းရိခြင်းရဲ့ရလဒ်ဟာတူညီနေရင်အမှန်အတိုင်းမပြောဆိုရဲ့တဲ့
ဒါမှမဟုတ်ရင့်သီးတဲ့လွှမ်းခြုံမှုတွေနဲ့ကျွန်မဘ၀ကိုကယ်တင်ပါ။
ဇာတိ(ဖျာပုံ)
ABSDF(မြောက်ပိုင်း)ဖွဲ့ စည်းပုံ
(၁) ဥက္ကဌ ကိုထွန်းအောင်ကျော် (မန္တလေး)(၂) ဒု-ဥက္ကဌ(၁) သံချောင်း (မော်ဟန်) စစ်ရေးတာဝန်ခံ
(၃) ဒု-ဥက္ကဌ(၂) ကျော်ကျော် (မြစ်ကြီးနား)
(၄) ဒု-ဥက္ကဌ (၃) ကိုသံလွင် (လားရှိုး) (ရင်း-၄၀၁)
(၅) အထွေထွေအတွင်းရေးမှုး အောင်နိုင် (မန္တလေး)
(၆) တွဲ-အတွင်းရေးမှုး (၁) မျိုးဝင်း (နမ့်ဆော်လော်၊နမ္မား) ဒု-စစ်ရေးတာဝန်ခံ
(၇) တွဲ-အတွင်းရေးမှုး (၂) လဆိုင်း (စီတာပူ၊မြစ်ကြီးနား)
ဒေသရေးရာတာဝန်ခံများ-
(၈) စိန်အေး (မိုးညှင်း) ကချင်ဒေသရေးရာတာဝန်ခံ
(၉) ရဲလင်း (ရန်ကုန်) ရန်ကုန်ဒေသရေးရာတာဝန်ခံ
(၁၀) ညီညီကျော် (မန္တလေး) မန္တလေးဒေသရေးရာတာဝန်ခံ
(၁၁) ဦးကျော်ကျော်အုံး (တန့် ဆည်) စစ်ကိုင်းဒေသရေးရာတာဝန်ခံ
(၁၂) ဝင်းသိန်း (လားရှိုး) ရှမ်းဒေသရေးရာတာဝန်ခံ (ရင်း-၄၀၁)
လပ်ငန်းတာဝန်ခံများ-
(၁၃) စိုးလင်း (မန္တလေး) နိုင်ငံရေးမှုး
(၁၄) အားစိုက်(ခ)တင်မောင်အေး (ကသာ) ပြန်ကြားရေး
(၁၅) ဦးစိန် (ရန်ကုန်) တရားရေး
(၁၆) မြင့်ကျော် (မိုးညှင်း) လုပ်ငန်းစစ်
(၁၇) အောင်ကြီး (မိုးကောင်း) ဘဏ္ဍာရေး
(၁၈) နေဒွန်း (မြစ်ကြီးနား) စီးပွားရေး
(၁၉) ဦးရန်နိုင်စိုး (တန့် ဆည်) ကျန်းမာရေး
- စုစုပေါင်း ဗဟိုကော်မတီ (၁၉)ဦး ဖြစ်ပါသည်။
- ရင်း(၄၀၁) မှ(၂)ဦး ဖွဲ့ စည်းပုံအရ ဖြစ်၊ ဒု-ဥက္ကဌ(၃)ဖြစ်
- ယခင် ဥက္ကဌ ဖွဲ့ စည်းပုံအရ ဒု-ဥက္ကဌ(၂) ဖြစ် (လုပ်ငန်းအဆက်မပြတ်စေရန်)
- စစ်ရေးတာဝန်ခံ ဖွဲ့ စည်းပုံအရ ဒု-ဥက္ကဌ (၁) ဖြစ် (စစ်ရေးတာဝန်ခံမပြောင်းလဲရန်)
- မြောက်ပိုင်းဖြစ်လာသောအခါ ABSDF(ကချင်)မှ သံချောင်း၊မျိုးဝင်း၊နေဒွန်း၊အောင်ကြီး၊စိန်အေးတို့ သာပါပြီး ဥက္ကဌ ကျော်ကျော် အားမဖြစ်မနေပြန်ထည့်ခဲ့သည်။(မိုးညှင်း အုပ်စုအားထိမ်းနိုင်ရန်)
- ဖွဲ့ စည်းပုံတွင် ဒု-စစ်ရေးတာဝန်ခံ မရှိပါ။သံချောင်းဒဏ်ရာရနေစဉ် ယာယီဟုဆိုကာ တရားဝင်ပြန်တမ်းမရှိဘဲ မျိုးဝင်းမှယူခဲ့ရာ ရဲဘော်များက ကန့် ကွက်ခဲ့သော်လည်းမအောင်မြင်ခဲ့ပါ။ဖွဲ့ စည်းပုံရေးနေချိန်ဖြစ်ပါသည်။
- ဒေသခံများ၏ အုပ်စည်းမှုကိုကာကွယ်ရန် ဒေသတာဝန်ခံများ ထားရှိခဲ့ရသည်။
- စစ်ရေးသမားများ အားထိမ်းညှိရန် မျိုးဝင်းနှင့်ကျောင်းနေဖက် ကိုစိုးလင်း အား နိုင်ငံရေးမှုးအဖြစ် တီထွင်ထားခဲ့သည်။ရဲဘော်များမှ နိုင်ငံရေး မပျောက်စေရန်တောင်းဆိုခဲ့သည်။
- ယခင် ဦးစီးအဖွဲ့ ဝင် လှဌေး (ဗန်းမော်)အား AB(ဗဟို) မြောက်ပိုင်းကိုယ်စားလှယ် အဖြစ်သာဆက်အသိအမှတ်ပြုခဲ့။ဗဟိုကော်မတီ မဖြစ်ခဲ့ပါ။
- ရင်း(၄၀၁) တစ်ရင်းလုံး အလင်းဝင်ရချိန်တွင် ဗဟိုကော်မတီ (၁၇)ဦးသာဖြစ်ခဲ့။
- မြောက်ပိုင်းကော်မတီ အတည်မပြုခင် စစ်ကိုင်းတိုင်းအဖွဲ့ မူလအစီအစဉ် ရင်(၇၀၂) (ဂျိုးဖြူစစ်ကြောင်း)ထွက်ခွာသွားခဲ့သဖြင့် ဗဟိုကော်မတီ (၁၅)ဦးသာဖြစ်ခဲ့ရခြင်းဖြစ်။
(ဦးကျော်ကျော်အုံး သည် မျိုးဝင်းအားအာခံခဲ့သော အညှိုးကြောင့် အသတ်ခံရပြီး ဦးရန်နိုင်စိုး ထွက်ပြေးလွတ်မြောက်ခဲ့သည်)
- ထို့ ကြောင့် မြောက်ပိုင်းဗဟိုကော်မတီ (၁၅)ဦးဖြစ်
- ကိုစိုးလင်း အားမာနယ်ပလောသို့ မြောက်ပိုင်းကိုယ်စားလှယ်အဖြစ်စေလွတ်၊ကိုမြင့်ကျော် အားမြို့ ပေါ်တာဝန်ဖြင့် မန္တလေးသို့ စေလွတ်(သူရှိပါက အပါတ်စဉ်(၅)မြောက်ပိုင်းဖြစ်ရန်လုပ်မှုဖြင့် သေရန်သေချာ)
-ပါဂျောင်တွင်ဗဟိုကော်မတီ(၅)ဦးအဖမ်ခံရပြီး(၃)ဦးအသတ်ခံရ၊။ညီညီကျော်နှင့်ရဲလင်းတို့(၂)ဦးလွတ်မြောက်၊မာနယ်ပလော(ဗဟို)တွင် ကိုစိုးလင်း အဖမ်းခံပြီး အချုပ်ဖောက် လွတ်မြောက်ခဲ့။
- ဥက္ကဌ ကိုထွန်းအောင်ကျော်၊ဦးစိန်၊ကိုအားစိုက် တို့ အသက်ပေးခဲ့ကြ ရပါသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment