နိုင်ငံတကာသတင်း

ဖလော်ရီဒါမှာ Mitt Romney အပေါ် ထောက်ခံမှုတိုး

ဖလော်ရီဒါပြည်နယ် ရီပက်ပလီကန် သမ္မတလောင်း ပဏာမရွေးကောက်ပွဲ ကျင်းပဖို့ ၂ ရက်အလိုမှာ မစ်(တ်)ရွန်မနီ အသာစီးရနေကြောင်း စစ်တမ်းတွေက ဖော်ပြကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ လက်ချက်ကြောင့် ဆန္ဒပြသူ ၄ ဦးသေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ အတိုက်အခံတွေရဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ် လူစုခွဲခဲ့တာကြောင့် အနည်းဆုံး ၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အမေရိကန်နဲ့ တာလီဘန် ကိုယ်စားလှယ်တွေ ကာတာနိုင်ငံမှာတွေ့

အမေရိကန် တာဝန်ရှိသူတွေနဲ့ တာလီဘန် စေ့စပ်ညှိနှိုင်းသူတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအကြို တွေ့ဆုံမှုတွေ ကာတာနိုင်ငံမှာ ပြုလုပ်နေကြောင်းသိရသည်။

သြစတေးလျ တင်းနစ် ဂျိုကိုးဗစ် အနိုင်ရ

Australia Open Tennis အမျိုးသား ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နော်ဗက် ဂျိုကိုးဗစ် (Novak Djokovic) အနိုင်ရ ဗိုလ်စွဲသွားကြောင်းသိရသည်။

ဆီးရီးယား လေ့လာစောင့်ကြည့်ရေး အာရပ်အဖွဲ့ချုပ် ရပ်ဆိုင်း

ဆီးရီးယားနိုင်ငံမှာ စနေနေ့က အကြမ်းဖက် နှိပ်ကွပ်မှုတွေ တိုးမြှင့် လုပ်လာတဲ့အတွက် အာရပ်အဖွဲ့ချုပ်က အကဲခတ်အဖွဲ့ကို ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။

တရုတ်တောင်ပိုင်း မြစ်တစ်စင်း ဓာတု အဆိပ်ဓာတ် သင့်

တရုတ်နိုင်ငံ တောင်ပိုင်းမှာ အဆိပ်ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ယိုဖိတ်ခဲ့တဲ့အတွက် ရေသန့်ဗူးတွေ ရုတ်တရက် အရောင်းသွက်နေကြောင်းသိရသည်။

ထောက်လှမ်းရေး လေယာဉ် ဖိလစ်ပိုင် လက်ခံဖို့စဉ်းစား

တောင်တရုတ် ပင်လယ်ပြင်ထဲ ဖိလစ်ပိုင်နိုင်ငံ ကင်းလှည့်ရာမှာသုံးဖို့ ထောက်လှမ်းရေး လေယာဉ်တွေ ချထားပေးမယ်လို့ အမေရိကန်က ကမ်းလှမ်းထားကြောင်းသိရသည်။

ပြင်သစ် အာဖဂန် ဗျူဟာ သဘောတူညီမှု

အာဖဂန်နစ္စတန်နိုင်ငံမှာ တစ်ပတ်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ လေ့ကျင့်ရေး သင်တန်းတွေကို ပြင်သစ်တပ်တွေက ပြန်စမယ်လို့ ပြင်သစ်သမ္မတက ပြောကြောင်းသိရသည်။



ဆီးရီးယားတွင် အကြမ်းဖက် တိုက်ခိုက်မှုမြင့်တက်လာသောကြောင့် အာရပ်အဖွဲ့ချုပ်၏ ဆီးရီးယားစောင့်ကြည့်အဖွဲ့သည် ၎င်း၏လုပ်ငန်းစဉ် ကိုရပ်ဆိုင်းခဲ့ကြောင်း ဇန်န၀ါရီလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာလ ၂၆ ရက်မှစတင်၍ အာရပ်အ ဖွဲ့ချုပ်၏ စောင့်ကြည့်လုပ်ငန်းစဉ်ကို တစ်လထပ်တိုးရန် ဆီးရီးယားအစိုးရက သဘောတူညီခဲ့အပြီး နှစ်ရက်အကြာတွင် အာရပ်အဖွဲ့ချုပ်၏ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment