မြန်မာသတင်းများ ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၁၂
ရခိုင် လွတ်မြောက်ရေးအဖွဲ့ကိုလည်း ငြိမ်းချမ်းရေး ကမ်းလှမ်း
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)အား ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင် မှု ကော်မီတီ ဒု ဥက္ကဌ ဦးသိန်းဇော်က ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် စာရေးကမ်းလှမ်းခဲ့ကြောင်း သိရသည်။ အစိုးရ၏ ကမ်းလှမ်းချက်အား ALP ပါတီက ကြိုဆိုကြောင်း၊ မကြာမီ အကြောင်းပြန်မည် ဖြစ်ကြောင်း နီးစပ်သူ တဦးကဆိုသည်။ ALP ၏ လက်အောက်တွင် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်(ALA)ရှိပြီး မြန်မာ-အိန္ဒိယ နယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ် စပ် တို့တွင် အခြေစိုက် လှုပ်ရှားလျက် ရှိသည်။ ပြည်ပအခြေစိုက် ALP သည် ၁၉၇၃-၇၄ ခုနှစ် ၀န်းကျင်က ပါတီနှင့် တပ်မတော် ကို တပြိုင်တည်း တည်ထောင်ခဲ့ကြောင်းသိရသည်။
ဥရောပ မြန်မာရုံးက နယူးဒေလီတွင် မြန်မာ့အရေးဆွေးနွေးပွဲ လုပ်
ဘယ်လ်ဂျီယံ အခြေစိုက် ဥရောပ မြန်မာရုံး (EBO) က ကမကထပြုသည့် တောင်အာရှနှင့် အရှေ့တောင်အာရှတို့ကို ဆက်သွယ်ခြင်း ခေါင်းစဉ်ဖြင့် မြန်မာ့အရေး ဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဂျမီးယား အစ္စလာမ်မီးယား တက္ကသိုလ်တွင် ယနေ့မှစ၍ ၂ ရက်ကြာ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
ရွေးကောက်ပွဲဝင်ခြင်းမှာ အခြေခံဥပဒေကို ပြင်ရန်ဖြစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်ခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်ဖြစ်ကြောင်း ၎င်း၏ ယမန်နေ့က ရန်ကုန်မှ ထားဝယ်၊ လောင်းလုံ နေ့ချင်းပြန် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း ပြောဆိုလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထားဝယ်ပြည်သူလူထု ထောင်နှင့်ချီ၍ ခရီးစဉ်တလျှောက် စုရုံးကြိုဆိုခဲ့သည်။
ဒေါ်လာ ၁ သောင်းအထိ အထောက်အထားမလို ငွေလဲနိုင်မည်
ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD) ဘဏ် ၏ မည်သည့်ငွေလဲကောင်တာတွင်မဆို အမေရိကန်ဒေါ်လာ ၁ သောင်းနှင့် ညီမျှသော အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေကြေးများကို မည်သည့် စာရွက်စာတမ်း အထောက်အထားမှ တင်ပြစရာမလိုဘဲ လဲလှယ်နိုင်ပြီဖြစ်ကြောင်း ယင်းဘဏ်၏ ဖေ့စ်ဘုတ်လူမှုကွန်ရက် စာမျက်နှာတွင် ကြေညာထားကြောင်းသိရသည်။
မြန်မာက အင်ဒိုနီးရှားကို တနှစ်လျှင် ဆန်တန်ချိန် ၂ သိန်း ရောင်းမည်
နှစ်နိုင်ငံဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သဘောတူညီချက်အရ မြန်မာနိုင်ငံက အင်ဒိုနီးရှားသို့ တနှစ်လျှင် ဆန်တန်ချိန် ၂ သိန်းကို လာမည့် ဖေဖော်ဝါရီလမှ စတင်၍ တင်ပို့ရောင်းချသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးရဲမင်းအောင်ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြရာ၌ ဆန်အကျိုးအကြေ ၅ ရာခိုင်နှုန်းပါဝင်မည့် ဆန်တန်ချိန် ၁ သိန်းမှ ၂ သိန်းအထိကို နှစ်စဉ် အင်ဒိုနီးရှားသို့ ရောင်းချမည်ဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ သန်း ၅၀ မှ သန်း ၁၀၀ ကြားရှိနိုင်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ပခုက္ကူသို့ သွားမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန် နံနက်တွင် ပခုက္ကူမြို့သို့ နေ့ချင်းပြန် သွားရောက်မည်ဖြစ်ကြောင်း သတင်းရသည်။ ခရီးစဉ်အတွင်း အဆိုပါဒေသ၌ ဗြိတိသျှနိုင်ငံ၏ အကူအညီဖြင့် ပြုလုပ်နေသည့် လူမှုရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှု မည်ဖြစ်ကြောင်း သိရသည်။
ဦးသိန်းစိန် စင်ကာပူသို့ ရောက်ရှိ
သမ္မတ ဦးသိန်းစိန်သည် ၃ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ ယမန်နေ့ကစတင်ရောက်ရှိနေသည်။ ၎င်း၏ ခရီးစဉ်အတွင်း အဓိကလုပ်ငန်းမှာ မြန်မာ အရာရှိများကို ဥပဒေ၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍများ ပြုပြင်ပြောင်းလဲရေး စင်ကာပူနိုင်ငံတွင် လေ့ကျင့်သင်ကြားပေးရန် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ (MOU) ရေးထိုးခြင်းလည်း ပါဝင်ကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန်သည် စင်ကာပူသမ္မတ တိုနီ တန် ကင် ယမ်၊ ဝန်ကြီးချုပ် လီရှန်လွန်း၊ ဂုဏ်ထူးဆောင် စီနီယာဝန်ကြီး ဂိုချုပ်တောင်တို့နှင့် တွေ့ဆုံမည်ဟု သိရသည်။
စင်ကာပူထံ နည်းပညာအကူအညီ မြန်မာ တောင်းခံ
စင်ကာပူနဲ့ မြန်မာနိုင်ငံအကြား နည်းပညာဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို ဒီကနေ့ လက်မှတ် ရေးထိုးလိုက်ကြောင်းသိရသည်။စီးပွားရေး အဆင့်မြှင့်ရန် စင်ကာပူ သင်တန်းများ ပေးမည်
မြန်မာနိုင်ငံ စီးပွားရေး အဆင့်မြှင့်ရန်နှင့် အနာဂတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုပွင့်လင်းလာစေရန် စင်ကာပူက သင်တန်းများ ပို့ချပေးရေး မြန်မာ-စင်ကာပူ နှစ်နိုင်ငံသဘောတူညီချက်ကို စင်ကာပူ၌ ယနေ့ လက်မှတ်ရေးထိုးကြောင်းသမ္မတဖြစ်ပြီးနောက် အာဆီယံနိုင်ငံများအတွင်း ပထမဆုံး ၄ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် စင်ကာပူနိုင်ငံသို့ ယမန်နေ့က ရောက်ရှိနေသည်။ စင်ကာပူမှ ပို့ချပေးမည့် သင်တန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာရေး၊ အခြေခံအဆောက်အဦများ တည်ဆောက်ရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများ ပါဝင်မည်ဟု စင်ကာပူ-မြန်မာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် သဘောတူချက်အရ သိရှိရသည်။
စင်္ကာပူက မြန်မာအစိုးရကို ကူညီမည်
ကုန်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ မြို့ပြစီမံခန့်ခွဲမှု ကဏ္ဍတွေမှာ မြန်မာနိုင်ငံကို နည်းပညာ အကူအညီပေးဖို့ မြန်မာနဲ့ စင်္ကာပူ နှစ်နိုင်ငံခေါင်းဆောင်တွေ ဒီကနေ့ သဘောတူခဲ့ကြကြောင်းသိရသည်။
မဲ ဘယ်လိုပေးမလဲ စာအုပ် အန်အယ်လ်ဒီကိုလှူ
တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက မိမိပြုစုတဲ့ “လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လိုပေးကြမလဲ” အမည်ရှိ စာအုပ် နှစ်ထောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဒီကနေ့ လှူဒါန်းကြောင်း သိရပါတယ်။
အိမ်နီးချင်းနိုင်ငံများကို လေ့လာ၍ မြန်မာ့ မီဒီယာ ဥပဒေကြမ်း ရေးဆွဲပြီးပြီ
အဆိုပါ ဥပဒေဖြစ်မြောက်ရေးအတွက် ပြည်ထောင်စုအဆင့် ၀န်ကြီးနှင့် ၇ ကြိမ်၊ ဌာနအတွင်း အကြိမ် ၂၀ ဆွေးနွေးပြီးမှ ရေးဆွဲခဲ့ကြောင်း၊ ထိုဥပဒေသည် ပုံနှိပ်မီဒီယာ တခုအတွက်သာ ဖြစ်ကြောင်း၊ အွန်လိုင်းနှင့် ရုပ်သံမီဒီယာတို့ အတွက် မဟုတ် ကြောင်းလည်း ၎င်းက ရှင်းပြခဲ့ကြောင်းသိရသည်။
မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲမှာ ပြည်တွင်း ပြည်ပ မီဒီယာများ တွေ့ဆုံခွင့်ရ
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ ဖွံဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးပွဲ ဒီကနေ့ ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်မှာ စတင်ကျင်းပခဲ့ကြောင်းသိရသည်။လူ့အခွင့်အရေး ကိုယ်စားလှယ် ခရီးစဉ် မနက်ဖြန် စမည်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tomas Quintana ရဲ့ ၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို မနက်ဖြန် စတင်ပါမယ်။မျိုးကိုမျိုးရဲ့  ဝတ္ထုသစ်ရောင်းရငွေ နိုင်ငံရေး အကျဉ်းသားတွေကို ခွဲဝေ ထောက်ပံ့မည်
၁၉၈၈ ဒီမိုကရေစီ အရေးလှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား တယောက်အကြောင်းကို နောက်ခံပြု ရေးသားထားတဲ့ စာရေးဆရာ မျိုးကိုမျိုး ရဲ့ လမင်းဖြူရဲ့ကောင်းကင်ဆိုတဲ့ လုံးချင်းဝတ္ထုသစ်ကို မကြာခင်ရက်ပိုင်းက ထုတ်ဝေ ဖြန်ချိခဲ့ကြောင်းသိရသည်။မြန်မာ ပိုပြီးပွင့်လာရင် ထိုင်းပိုအကျိုးရှိမည်
မကြာခင်က ဖွင့်လှစ်လိုက်တဲ့ ဥရောပ အာဆီယံ စီးပွားရေး စင်တာ ( EABC ) ဥက္ကဌ မစ္စတာ ဒင်နီယယ် က အခုလိုပြောဆိုလိုက်ကြောင်းသိရသည်။လွတ်လာတဲ့အလုပ်သမားရေးဆောင်ရွက်သူတွေကို ILO အရာရှိချုပ်တွေ့ဆုံ
မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာတဲ့ အလုပ်သမားအရေး ဆောင်ရွက်သူ တွေကို ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Guy Ryder နဲ့ ရန်ကုန်မြို့ ILO ရုံးတာဝန်ခံ Steve Marshall တို့က ခေါ်ယူတွေ့ဆုံ ခဲ့ကြောင်းသိရသည်။လူငယ်ရှေ့နေ ၁၉ ဦး NLD ပါတီဝင်ဖို့ လျှောက်လွှာတင်
မန္တလေး NLD တိုင်းရုံးကို လာရောက်ပြီး ပါတီဝင်အဖြစ် လျှောက်ထားခဲ့တဲ့ လူငယ်ရှေ့နေ ၁၉ ဦး ကို မန္တလေးတိုင်း NLD က လက်ခံခဲ့ပြီး ဒီကနေ့ သီးသန့်အခမ်းအနားတရပ်ပြုလုပ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တာဝန်တွေပေးအပ်ခဲ့တယ်လို့ မန္တလေးတိုင်း NLD ပါတီ တိုင်းအောင်နိုင်ရေးကော်မီတီဝင် ရှေ့နေဦးမျိုးဆွေကို ပြောကြောင်းသိရသည်။လွတ်လပ်သော မီဒီယာသမဂ္ဂ ဦးစွာ ဖွဲ့စည်းသင့်
မြန်မာနိုင်ငံအတွက် သတင်းသမားတွေ ကိုယ်စားပြု အားထားရာ သမဂ္ဂတစ်ခု လိုအပ်နေတယ်လို့ မြန်မာ သတင်းသမဂ္ဂအဖွဲ့က ထောက်ပြပါကြောင်းသိရသည်။
မီဒီယာဥပဒေကို လွတ်လပ်ခွင့်ပေးရေး အခြေခံနဲ့ ချဉ်းကပ်သင့်
မီဒီယာဥပဒေကို လူထုရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို အကာအကွယ်ပေးတဲ့ နည်းလမ်းနဲ့ ချဉ်းကပ် ရေးဆွဲသင့်တယ်လို့ ရှေ့နေများကောင်စီကပြောကြောင်းသိရသည်။မီဒီယာလွတ်လပ်ခွင့် အတွက် အကြံပြုမည့် အလုပ်ရုံ ဆွေးနွေးပွဲစတင်
ပြည်တွင်းပြည်ပမှ ထိပ်တန်း မြန်မာသတင်းစာဆရာများ တက်ရောက်နေသည့် ‘ဒီမိုကရေစီ လူ့ဘောင်အတွင်း မြန်မာ့မီဒီယာ ဖွံ့ဖြိုးစေရေး’ ဟု အမည်ပေးထားသည့် မီဒီယာ အလုပ်ရုံဆွေးနွေးပွဲမှ သတင်း လွတ်လပ်ခွင့်နှင့် ပတ်သက်၍ မြန်မာအစိုးရထံ အကြံပြုမည်ဟု သိရှိရသည်။
ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် တနင်္လာနေ့က စတင်ကျင်းပသည့် ဆွေးနွေးပွဲသို့ ဘီဘီစီ၊ ဗွီအိုအေ မှမြန်မာပိုင်း ဌာနမှူးများ၊ မဇ္ဈိမသတင်းဌာနမှ အယ်ဒီတာများ၊ ဒေသတွင်း သတင်းစာဆရာများ နှင့် ပြည်တွင်းအခြေစိုက် သတင်းအယ်ဒီတာ စုစုပေါင်း ၁၂ဝ ခန့် တက်ရောက် ဆွေးနွေးနေကြသည်ဟု သိရသည်။
ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် တနင်္လာနေ့က စတင်ကျင်းပသည့် ဆွေးနွေးပွဲသို့ ဘီဘီစီ၊ ဗွီအိုအေ မှမြန်မာပိုင်း ဌာနမှူးများ၊ မဇ္ဈိမသတင်းဌာနမှ အယ်ဒီတာများ၊ ဒေသတွင်း သတင်းစာဆရာများ နှင့် ပြည်တွင်းအခြေစိုက် သတင်းအယ်ဒီတာ စုစုပေါင်း ၁၂ဝ ခန့် တက်ရောက် ဆွေးနွေးနေကြသည်ဟု သိရသည်။
ကင်တားနား မြန်မာပြည်သွားမည်
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို မနက်ဖြန် ရောက်ဖို့ရှိနေပါသည်ဟု သိရသည်။ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး NLD ပြင်ဆင်
ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးတိုင်းနဲ့အတူ တခြား နယ်မြို့တွေကို သွားဖို့ စီစဉ်ထားတယ်လို့ ဆိုကြောင်းသိရသည်။ရေရှည်ငြိမ်းချမ်းရေးအတွက် ချင်းနှင့် ရှမ်းပါတီပြော
အပစ်အခတ် ရပ်စဲထားရုံနှင့်မပြီးဘဲ ရေရှည်ငြိမ်းချမ်းရေးအတွက် ကတိတည်ရန်နှင့် ယခင်အစိုးရကဲ့သို့ မပြုကျင့်ရန် ချင်းအမျိုးသားပါတီ CNP နှင့် ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီ SNDP တို့က
ပြောဆိုလိုက်ကြောင်း ၁၉၉၄ ကာလမှ စတင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ ‘ငြိမ်းချမ်းရေးယူသည်’ ဆိုသည်မှာ ယာယီသဘော သက်သက်ဖြစ်ကြောင်း နယူးဒေလီမြို့တွင် ရောက်ရှိနေသည့် CNP ဥက္ကဋ္ဌ ဦးဇမ်ကျင့်ပေါင် (ခ) ဦးဇိုဇမ် က ပြောကြောင်းသိရသည်။
ပြောဆိုလိုက်ကြောင်း ၁၉၉၄ ကာလမှ စတင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ ‘ငြိမ်းချမ်းရေးယူသည်’ ဆိုသည်မှာ ယာယီသဘော သက်သက်ဖြစ်ကြောင်း နယူးဒေလီမြို့တွင် ရောက်ရှိနေသည့် CNP ဥက္ကဋ္ဌ ဦးဇမ်ကျင့်ပေါင် (ခ) ဦးဇိုဇမ် က ပြောကြောင်းသိရသည်။
ကုလားတန်စီမံချက်ကိစ္စ နယူးဒေလီတွင် ချင်းပါတီ ဆွေးနွေးမည်
အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ Jamia Millia Islamia တက္ကသိုလ်တွင် ကျင်းပရန် ရှိသည့်
မြန်မာ့အရေး ဆွေးနွေးပွဲတွင် ကုလားတန် မြစ်ကြောင်း စီမံချက်နှင့် ပတ်သက်၍ ဆွေးနွေး တင်ပြသွားမည်ဟု နယူးဒေလီရောက် ချင်းအမျိုးသားပါတီ CNP ဥက္ကဋ္ဌ ဦးဇမ်ကျင့်ပေါ် (ခ) ဇိုဇမ် က ပြောကြောင်း Bridging South and South East Asia ခေါင်းစဉ်ဖြင့် နှစ်ရက်ကြာ ကျင်းပမည့် ဆွေးနွေးပွဲသို့ မြန်မာ့ နိုင်ငံရေး ပါတီ ၈ ခုမှ ကိုယ်စားလှယ်များ စနေနေ့က ရောက်ရှိနေပြီး အဆိုပါဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံက အကောင်အထည်ဖော်နေသော ကုလားတန် စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးမည်ဟု ဦးဇမ်ကျင့်ပေါ် က ပြောကြောင်းသိရသည်။
မြန်မာ့အရေး ဆွေးနွေးပွဲတွင် ကုလားတန် မြစ်ကြောင်း စီမံချက်နှင့် ပတ်သက်၍ ဆွေးနွေး တင်ပြသွားမည်ဟု နယူးဒေလီရောက် ချင်းအမျိုးသားပါတီ CNP ဥက္ကဋ္ဌ ဦးဇမ်ကျင့်ပေါ် (ခ) ဇိုဇမ် က ပြောကြောင်း Bridging South and South East Asia ခေါင်းစဉ်ဖြင့် နှစ်ရက်ကြာ ကျင်းပမည့် ဆွေးနွေးပွဲသို့ မြန်မာ့ နိုင်ငံရေး ပါတီ ၈ ခုမှ ကိုယ်စားလှယ်များ စနေနေ့က ရောက်ရှိနေပြီး အဆိုပါဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံက အကောင်အထည်ဖော်နေသော ကုလားတန် စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးမည်ဟု ဦးဇမ်ကျင့်ပေါ် က ပြောကြောင်းသိရသည်။
မွန်ပြည်သစ် ကိုယ်စားလှယ်အဖွဲ့ သံဖြူဇရပ်ရောက်
ဗုဒ္ဓဟူးနေ့တွင် အစိုးရ ကိုယ်စားလှယ်များနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ အတ္ထရံဟိုတယ်၌ ငြိမ်းချမ်းရေး ဆွေးနွေးမည့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့သည် သံဖြူဇရပ်မြို့သို့ တနင်္လာနေ့က ရောက်ရှိပြီဖြစ်ကြောင်း နံနက်ပိုင်းတွင် ဗဟိုဌာနချုပ် ရှိရာ ရေးချောင်းဖျားမှ စတင်ထွက်ခဲ့သည့် ဒု-ဥက္ကဋ္ဌ နိုင်ရော့စ ဦးဆောင်သည့် ဗဟိုကော်မတီ ၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် နေ့လည်ပိုင်းတွင် မွန်ပြည်နယ် ရေးမြို့သို့ ရောက်ရှိရာမှ ညနေ ၃ နာရီကျော်တွင် သံဖြူဇရပ်မြို့သို့ ရောက်ရှိကာ ကြံ့ခိုင်ရေးရပ်ကွက်ရှိ ဟံသာထော ဘုန်းတော်ကြီးကျောင်းတွင် တည်းခိုမည် ဖြစ်ကြောင်းသိရသည်။
၅,၀၀၀ တန် SIM Card မကြာမီ ရတော့မည်ဟုဆိုပြန်
ဖုန်း SIM Card တခုကို ကျပ် ၅,၀၀၀ ဖြင့် အများပြည်သူသို့ ရောင်းချပေးရန် မဖြစ်နိုင်သေးဟု
မြန်မာ့ ဆက်သွယ်ရေးမှ သတင်းထုတ်ပြန်အပြီး တရက်အကြာ အဆိုပါ ဖုန်းကဒ်များကို ကျပ် ၅,၀၀၀ ဖြင့် မကြာမီ ရောင်းချနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ ထုတ်ပြန်ကြေညာလိုက်ကြောင်း
မြန်မာ့ဆက်သွယ်ရေးမှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် "ဆက်သွယ်မှု ကွန်ယက်ကို စနစ်တကျ တည်ဆောက်ရန် အချိန်များစွာ လိုအပ်ခြင်းနှင့် တည်ဆဲဥပဒေတို့အရ ကိုက်ညီမှု မရှိခြင်းတို့ကြောင့် ကျပ် ၅၀၀၀ တန် ဖုန်းကိစ္စမှာ လောလောဆယ်တွင် ဖြစ်နိုင်ခြေ မရှိသေး" ဟု ထုတ်ပြန်ခဲ့ကြောင်း သို့သော် ရွှေပြည်တံခွန်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ယင်းကုမ္ပဏီ၏ မူလ ကတိပေးထားသည့်အတိုင်း မကြာမီ အချိန်အတွင်း ရောင်းချပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာ့ ဆက်သွယ်ရေးမှ သတင်းထုတ်ပြန်အပြီး တရက်အကြာ အဆိုပါ ဖုန်းကဒ်များကို ကျပ် ၅,၀၀၀ ဖြင့် မကြာမီ ရောင်းချနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ ထုတ်ပြန်ကြေညာလိုက်ကြောင်း
မြန်မာ့ဆက်သွယ်ရေးမှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် "ဆက်သွယ်မှု ကွန်ယက်ကို စနစ်တကျ တည်ဆောက်ရန် အချိန်များစွာ လိုအပ်ခြင်းနှင့် တည်ဆဲဥပဒေတို့အရ ကိုက်ညီမှု မရှိခြင်းတို့ကြောင့် ကျပ် ၅၀၀၀ တန် ဖုန်းကိစ္စမှာ လောလောဆယ်တွင် ဖြစ်နိုင်ခြေ မရှိသေး" ဟု ထုတ်ပြန်ခဲ့ကြောင်း သို့သော် ရွှေပြည်တံခွန်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ယင်းကုမ္ပဏီ၏ မူလ ကတိပေးထားသည့်အတိုင်း မကြာမီ အချိန်အတွင်း ရောင်းချပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ငါးထောင်တန် SIM ကဒ် ရောင်းချနိုင်ရန် ရွှေပြည်တံခွန်ကုမ္မဏီက ဆက်လက်လုပ်ဆောင်သွားမည်
by Yangon Press International ဇန်န၀ါရီ ၃၀၊ ၂၀၁၂ ရွှေပြည်တံခွန်ကမ္မဏီအနေဖြင့် ငါးထောင်တန် SIM ကဒ်ရောင်းချပေးနိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြာင်း ယနေ့နေ့လည် ထရိတ်ဒါးဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ပြောဆိုလိုက်သည်။
“ကျွန်တော်တို့သတင်းထုတ်ပြန်ထားတဲ့ အချက်အမှတ်ငါး မှာပါထားတဲ့ အတိုင်းဆက်လုပ်မှာ ဖြစ်ပါတယ်”ဟု ရွှေပြည်တံခွန် ကုမ္မဏီ၏ စီမံချက်ဒါရိုက်တာ ဦးရဲထွဋ်ဝင်းက ပြောသည်။ ယင်း ရွှေပြည်တံခွန်ကုမ္ပဏီ၏ ထုတ်ပြန်ချက် အမှတ် STPG002 အမှတ် ငါးတွင် ရွှေပြည်တံခွန်မှ မူလကပေးခဲ့သည့်အတိုင်း လူတစ်ဦးမှတ်ပုံတင်တစ်ခုလျှင် SIM Card တစ်ခု (ကျပ် ၅၀၀၀) နှုန်းဖြင် ရောင်းချနိုင်ရန် နိုင်ငံတော်၏ မူဝါဒနှင့်အညီ အောင်မြင်အောင်စီမံကြိုးပမ်းဆောင်ရွက်တော့မည် ဖြစ်သည်ဟုပါရှိသည်။
ရွှေဝါရောင် အရေးအခင်း ကတည်းက ပျောက်ဆုံးနေသည့် သားအား မိခင်က စောင့်မျှော်နေ
ရွှေဝါရောင် သံဃာ့အရေးအခင်းကတည်းက ပျောက်ဆုံးလျှက်ရှိသည့် သားဖြစ်သူ ကိုကိုဇော်အား မကြာမီ နိုင်ငံရေး အကျဉ်းသား ၄ သုတ်လွှတ်ပေးစဉ် ပြန်လာနိုးဖြင့် မျှော်လင့်နေခဲ့သည်ဟု မိခင်ဒေါ်ဖြူဖြူမြင့်က YPI သို့ပြောသည်။ သားဖြစ်သူ ကိုကိုဇော် (ခ) ဇော်ကိုမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် သူငယ်ချင်းနှင့်အတူ ရန်ကုန်မြို့လယ်သို့ သွားရောက်ခဲ့သည်။ ထို့နောက် မြို့တော်ခန်းမ အနီးလူအုပ်ကြားထဲ သူငယ်ချင်းနှင့် ကွဲသွားခဲ့ရာမှ ထိုနေ့ည ၎င်းတည်းခိုရာ သူငယ်ချင်းအခန်းသို့ ပြန်မလာတော့သည်မှာ ယနေ့ထိဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောကြောင်းသိရသည်
အော်တိုတယ်လီဖုန်းများ၏ ပြည်ပဖုန်းခေါ်ဆိုခ နှုန်းထားများအား လာမည့်ဖေဖော်ဝါရီလကုန်ပိုင်းတွင် လျော့ချပေးသွားရန်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ မကြာခင် ဖေဖော်ဝါရီလအတွင်းမှာပဲ ရတနာပုံတယ်လီပို့နဲ့ ပူးပေါင်း ဆောင်ရွက်ထားတဲ့ Ytalk အင်တာနက်ဖုန်းကို စပေးတော့မှာပါ။ pfingo ထက်သာတဲ့ နှုန်းထားနဲ့ ရောင်းပေးသွားမှာပါ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှုး ဦးဣဒ္ဓိလှက ပြောကြားသည်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ အစာအိမ်အူလမ်းကြောင်းနှင့် အသည်းပညာအဖွဲ့မှ စီစဉ်ပြုလုပ်သည့် ဒုတိယအကြိမ် နိုင်ငံတကာ အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ ဆေးပညာဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ၂၈ နှင့် ၂၉ ရက်များတွင် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသဘောတူညီချက် ငါး ချက်မှာ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့က တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ သဘောတူလက်မှတ်ရေး ထိုးခဲ့သော ငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမသဘောတူညီချက်ကို အတည်ပြုရန်သဘောတူခြင်း၊ ပင်လုံ စိတ်ဓာတ်ကိုအခြေခံ၍ ပြည်ထောင်စု မပြိုကွဲအောင် ပူးပေါင်းတည်ဆောက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ် မှုမပြိုကွဲအောင် ပူးပေါင်းတည်ဆောက်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ပူးပေါင်းတည်ဆောက်ရေးတို့ကို ထာဝစဉ်ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူခြင်း၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှအဖွဲ့ဝင်များနှင့် မိသားစုများအခြေချနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး၊ လူမှုဘ၀မြှင့်တင်ရေးလုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ အစိုးရနှင့်ပူးပေါင်းပြီး ဆောင်ရွက်သွားရန်သဘောတူခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ကင်းစင်ပပျောက်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခြင်းနှင့် ဆက်လက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်သွားရန် သဘောတူခြင်းစသည့် သဘောတူညီ ချက်များဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တိုင်ကြားခဲ့သည့် လိမ်လည်မှုဖြစ်စဉ်များ အနက် အများစုမှာ မော်တော်ယာဉ်၊ မြေကွက်နှင့် ပတ်သက်သည့် အကြောင်းအရာများ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။ မြေကွက်နှင့်ပတ်သက်၍ လိမ်လည်ခံရသည့် ဖြစ်စဉ် အကြောင်းရင်းတွင် အချို့မှာ ပိုင်ဆိုင်သည့် မြေကွက်၏ မူရင်းစာရွက်စာတမ်းများကို ပေး၍ ရောင်းခိုင်းရာ၌ ရရှိသော ငွေကျပ်များကို ပိုင်ရှင်ထံသို့ ပြန်မအပ်ဘဲ တိမ်းရှောင်နေသည့် ဖြစ်စဉ်၊ မြေကွက်နှင့် သက်ဆိုင်သည့် မြေကွက် ချထားပေးကြောင်း အကြောင်းကြားစာ မူရင်းစာရွက် ငွေပေးသွင်းထားသည့် ငွေရပြေစာအတုဖြင့် လိမ်လည်ရောင်းချသည့် ဖြစ်စဉ်များဖြစ်ကြောင်း သိရသည်။
မြန်မာ ပိုပြီးပွင့်လာရင် ထိုင်းပိုအကျိုးရှိမည်
မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ ဆက်ဆံရေးမှာ ပိုမိုပွင့်လင်းလာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ပိုပြီး ဆွဲဆောင်မှုရှိလာတာနဲ့ အမျှ ဥရောပ စီးပွားရေးကုမ္ပဏီတွေအတွက် ထိုင်းနိုင်ငံဟာ မြန်မာကိုဝင်ဖို့ အဓိက ဂိတ်တံခါး ဖြစ်ပါလိမ့်မယ်လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ပွင့်လင်းရေး အစီအစဉ်တွေဟာ အလွန်အောင်မြင်နေပြီး ရှေ့ဆက်ပြီးတော့လည်း တိုးတက် အောင်မြင်နေဦးမယ့် သဘောရှိပါတယ်။ ဥရောပ ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာပြည်သူတွေ အလွန်လိုအပ်နေပါတယ်။ အကြီးစား လုပ်ငန်းတွေတင်မက အသေးစားတွေပါ လိုအပ်နေတာပါ။ မြန်မာပြည်ပိုပြီး ပွင့်လာတာနဲ့အမျှ ထိုင်းနိုင်ငံဟာလည်း မြန်မာရဲ့ ဂိတ်တံခါးဝ အဖြစ်နဲ့ အကျိုးကျေးဇူး ခံစားရမှာ ဖြစ်ပါတယ်။
အခုလို မြန်မာနဲ့သဘာဝအားဖြင့်နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် ထိုင်းကတဆင့် မြန်မာပြည်တွင်းကို ဆက်သွယ် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်လို့ မစ္စတာဒင်နီယယ်က ပြောပါတယ်။ ထိုင်းနိုင်ငံဟာ တရုတ်ပြည်ပြီးရင် မြန်မာနိုင်ငံမှာ ဒုတိယ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူု ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အင်တာနက်၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍတွေမှာ ပိုပြီးပွင့်အောင်လုပ်ဖို့ လိုအပ်နေတယ်လို့ မစ္စတာ ဒင်နီယယ် ကပြောပါတယ်။
ဥရောပ ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတဆိုင်ရာ လုပ်ငန်းတွေ၊ လမ်းပန်းဆက်သွယ်ရေး တည်ဆောက်မှု လုပ်ငန်းတွေ စတဲ့ လုပ်ငန်းမျိုးစုံအပေါ် စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ဖွင့်လှစ်လိုက်တဲ့ ဥရောပ အာဆီယံ စီးပွားရေးစင်တာ ( EABC ) ဟာ အာဆီယံနိုင်ငံတွေမှာ လုပ်ကိုင်နေကြတဲ့ ဥရောပတိုက်သား လုပ်ငန်းရှင်တွေအတွက် အခြေခံ သတင်းအချက်အလက်တွေ၊ ရင်းနှီးမြှုပ်နှံရာမှာ ကြုံရနိုင်တဲ့ အခက်အခဲတွေ၊ အစိုးရဌာနတွေနဲ့ ဆက်သွယ် ပြောဆိုညှိနှိုင်းရေးအတွက် ၀န်ဆောင်မှုတွေ စတဲ့ ပံ့ပိုးမှုတွေ ပေးသွားမယ်လို့ သိရပါတယ်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment