မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် ထားဝယ်စည်းရုံးရေးခရီးစဉ် အပြီး
ဒေါ်အောင်ဆန်းစုကြည် ထားဝယ်စည်းရုံးရေးခရီးစဉ် အပြီး မန္တလေးခရီးစဉ်သို့  မထွက်ခွာမှီ စပ်ကြား ယနေ့  ဇန်န၀ါရီ ၃၁ ရက် ပခုက္ကူ လူမှုရေးဆောင်ရွက်ချက်များကြည့် ရှုနိုင်ရန် ရန်ကုန်လေဆိပ်သို့  ၇ နာရီ ၂၇ မိနစ် အချိန်တွင်ရောက်ရှိလာပြီး Air Bagan လေယာဉ်ဖြင့် ၇း၄၀ မိနစ်တွင် ညောင်ဦးမြို့ သို့ ထွက်ခွာသွားပြီ
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ မီဒီယာသမား ၁၈ ဦး၊ UK Funded Project အဖွဲ့ ဝင် များအပါအ၀င် စုစုပေါင်း ၃၀ ကျော်လိုက်ပါသွားကြောင်း သိရှိရပြီး ညနေ ၆ နာရီ ၂၀ ခန့် တွင်ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရ။
ပြည်ပရောက် မြန်မာ အလုပ်သမားများ အနေဖြင့် ငွေလွှဲပေးပို့နိုင်ရန်အတွက်
ပြည်ပရောက် မြန်မာ အလုပ်သမားများ အနေဖြင့် မြန်မာနိုင်ငံရှိ မိသားစုများထံသို့ ငွေလွှဲပေးပို့နိုင်ရန်အတွက် ကမ္ဘောဇဘဏ်ကို ထိုင်းနိုင်ငံတွင်လည်းကောင်း၊ သမ၀ါယမ ဘဏ်ကို စင်ကာပူနိုင်ငံတွင်လည်း ကောင်း၊ ဧရာဝတီဘဏ်ကို မလေးရှားနိုင်ငံတွင် လည်းကောင်း၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ကို စင်ကာပူနှင့် မလေးရှား နိုင်ငံတွင် လည်းကောင်း ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့ပြီး အဆိုပါ ပုဂ္ဂလိက ဘဏ်(၄)ဘဏ် အနေဖြင့် ပြည်ပငွေလွှဲလုပ်ငန်းများကို ဖေဖော်ဝါရီနှင့် မတ်လအတွင်း စတင်ဆောင်ရွက်ရန် လျာထားသတ်မှတ်ထားကြောင်း ယမန့်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့ပါသည်။ ထိုသို့ ပြည်ပငွေလွှဲလုပ်ငန်း လုပ်ဆောင်ရာ၌ အဆိုပါ ပုဂ္ဂလိက ဘဏ်များအနေဖြင့် လွှဲပို့ငွေများကို နိုင်ငံခြားရှိ မိမိနိုင်ငံပိုင်ဘဏ်များ၏ အဆက်အသွယ်ဘဏ်များမှ တစ်ဆင့် နိုင်ငံပိုင်ဘဏ်များသို့ လွှဲပို့ကာ ထိုမှတစ်ဆင့် ပုဂ္ဂလိကဘဏ်များ၏ ရုံးချုပ်သို့ ဆက်လက်ပေးပို့မည်ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များမှ အလုပ်သမားများနှင့် ဆက်သွယ်ဆောင်ရွက်ကာ အဆိုပါနေ့ရှိ နိုင်ငံခြားငွေပေါက်ဈေးအတိုင်း လွှဲပို့ငွေများကို ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
“ဒီကနေ့  စင်္ကာပူမှာ စင်ကာပူဝန်ကြီးချူပ်ကိုတွေ့ဖို့ အခန်းထဲမှာ ထိုင်စောင့်နေရတဲ့ မြန်မာသမ္မတဘဝတဲ့”
မြန်မာပြည်နိုင်ငံရေးနဲ့ ပတ်သက်ပြီး အရင်စစ်အစိုးရလက်ထက် လုပ်ဆောင်ချက်များအပေါ် တစ်တိုင်းပြည်လုံး သီးခံနိုင်စရာမရှိတာ မှန်ပါတယ်။
သို့ပေမယ်လို့ . .
လက်ရှိအချိန်မှာ ချစ်ခြင်း၊ မုန်းခြင်း၊ အယူစွဲခြင်း၊ အငြိုးအတေးထားခြင်းစတဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ထည့်မတွက်ပဲ ကြည့်မယ်ဆိုရင်ဖြင့် . . .
အခုအရပ်သား အစိုးရလက်ထက်မှာ ယခင်စစ်အစိုးရလက်ထက် အရည်အချင်း မပြည့်မှီမှု၊ ကိုယ်ကျိုးဖက်မှုစတဲ့ မကောင်းမှု မျိုစုံကြောင့် နိုင်ငံချွတ်ခြုံကျရာကနေ ပြုပြင်ပြောင်းလဲဖို့ရာအတွက် ပြည်သူ လူထုရဲ့ ပြီးပြည့်စုံ၊ အောင်မြင်တဲ့ တော်လှန်မှုတရပ် မပါဝင်ပဲ၊ စစ်အစိုးရရဲ့ ပြောင်းလဲရန် သင့်ချိန်ကြောင့် ယခင် စစ်အစိုးရလုပ်ခဲ့သမျှ ခါးဆီးခံပြီး ပြုပြင်ပြောင်းလဲလိုစိတ်နဲ့ ပြောင်းလဲနေတဲ့ မြန်မာပြည်ရဲ့ သမ္မတ။
မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတော် သမ္မတတစ်ဦး အနေနဲ့ နိုင်ငံတိုးတက် ဖို့ရာအတွက် ပြုပြင်ပြောင်းလဲတဲ့အခါ နိုင်ငံတကာနဲ့ ဆက်ဆံရေးပိုင်းမှာ ဘယ်လောက် အောက်ကျ၊ နောက်ကျ နိုင်လိမ့်မယ်ဆိုတာ ကိုယ်တိုင် ခံစားကြည့်ရင် သိနိုင်ပါတယ်။
ဒီလို ခံစားချက်မျိုးကို ခင်ဗျားတို့၊ ကျွန်တော်တို့ဆိုရင် ခံစားနိုင်ပါ့မလား ?
အခုလို ပြောင်းလဲမှု လုပ်နေတာတွေဟာ ခင်ဗျားတို့၊ ကျွန်တော်တို့ လိုလားတဲ့ ဆန္ဒအတိုင်း စတင်ပြောင်းလဲနေပြီဆိုရင် ကျွန်တော်တို့က အခုလို ဦးဆောင် ပြောင်းလဲမှုရဲ့နောက်က ဝိုင်းဝန်းထောက်ပံ့ပြီး တိုးတက်ရာ တိုးတက်ကြောင်း ဆောင်ရွက်ရမယ့် အချိန်မှာ စင်္ကာပူဝန်ကြီးချုပ်ကိုတွေ့ဖို့ အခန်းထဲမှာ ထိုင်စောင့်နေရတဲ့ မြန်မာ သမ္မတဘဝဆိုပြီး လှောင်ရယ်နေတဲ့ ခင်ဗျားတို့ စိတ်ဓာတ်တွေကိုလည်း ကျွန်တော် ဘယ်လို သုံးသပ်ရမှန်း မသိနိုင်လောက်အောင်ပါပဲ။
နိုင်ငံသမ္မတဟာ နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုထားတာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ အောက်ကျနေတဲ့ ‘သမ္မတ’ ဟာ လူတစ်ဦး တစ်ယောက်ကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုတဲ့အတွက် နိုင်ငံတစ်ခုလုံး ဂုဏ်သိက္ခာကျတာပါ။
ကိုယ်ပြုသမျှ ကိုယ့်စိတ်ရဲ့ ကောင်းခြင်း၊ မကောင်းခြင်းဟာ တခြားသူ မခံစားရပါဘူး၊ ကိုယ်တိုင်ပဲ ခံစားရပါတယ်။ အများနည်းတူ နိုင်ငံခေတ်မှီဖွံ့ဖြိုးတိုတက်ဖို့အရေး၊ ပြုပြင်ပြောင်းလဲဖို့ရာ နိုင်ငံနဲ့ချီတဲ့ ကိစ္စတွေမှာ ပုဂ္ဂိုလ်စွဲတွေကို ရှေ့တန်းတင်ပြီး နိုင်ငံပြောင်းလဲမှု အပေါ် ဆန္ဒပြင်းပျနေကြတဲ့ ခင်ဗျားတို့ရဲ့ ရေနှစ်သူကို ဝါးလှံးနဲ့ထိုးချနေတဲ့ စိတ်ဓာတ်တွေကို ပြုပြင်ဖို့အတွက်လည်း သတိရစေချင်ပါတယ်။
မြန်မာပြည်နိုင်ငံရေးနဲ့ ပတ်သက်ပြီး အရင်စစ်အစိုးရလက်ထက် လုပ်ဆောင်ချက်များအပေါ် တစ်တိုင်းပြည်လုံး သီးခံနိုင်စရာမရှိတာ မှန်ပါတယ်။
သို့ပေမယ်လို့ . .
လက်ရှိအချိန်မှာ ချစ်ခြင်း၊ မုန်းခြင်း၊ အယူစွဲခြင်း၊ အငြိုးအတေးထားခြင်းစတဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ထည့်မတွက်ပဲ ကြည့်မယ်ဆိုရင်ဖြင့် . . .
အခုအရပ်သား အစိုးရလက်ထက်မှာ ယခင်စစ်အစိုးရလက်ထက် အရည်အချင်း မပြည့်မှီမှု၊ ကိုယ်ကျိုးဖက်မှုစတဲ့ မကောင်းမှု မျိုစုံကြောင့် နိုင်ငံချွတ်ခြုံကျရာကနေ ပြုပြင်ပြောင်းလဲဖို့ရာအတွက် ပြည်သူ လူထုရဲ့ ပြီးပြည့်စုံ၊ အောင်မြင်တဲ့ တော်လှန်မှုတရပ် မပါဝင်ပဲ၊ စစ်အစိုးရရဲ့ ပြောင်းလဲရန် သင့်ချိန်ကြောင့် ယခင် စစ်အစိုးရလုပ်ခဲ့သမျှ ခါးဆီးခံပြီး ပြုပြင်ပြောင်းလဲလိုစိတ်နဲ့ ပြောင်းလဲနေတဲ့ မြန်မာပြည်ရဲ့ သမ္မတ။
မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတော် သမ္မတတစ်ဦး အနေနဲ့ နိုင်ငံတိုးတက် ဖို့ရာအတွက် ပြုပြင်ပြောင်းလဲတဲ့အခါ နိုင်ငံတကာနဲ့ ဆက်ဆံရေးပိုင်းမှာ ဘယ်လောက် အောက်ကျ၊ နောက်ကျ နိုင်လိမ့်မယ်ဆိုတာ ကိုယ်တိုင် ခံစားကြည့်ရင် သိနိုင်ပါတယ်။
ဒီလို ခံစားချက်မျိုးကို ခင်ဗျားတို့၊ ကျွန်တော်တို့ဆိုရင် ခံစားနိုင်ပါ့မလား ?
အခုလို ပြောင်းလဲမှု လုပ်နေတာတွေဟာ ခင်ဗျားတို့၊ ကျွန်တော်တို့ လိုလားတဲ့ ဆန္ဒအတိုင်း စတင်ပြောင်းလဲနေပြီဆိုရင် ကျွန်တော်တို့က အခုလို ဦးဆောင် ပြောင်းလဲမှုရဲ့နောက်က ဝိုင်းဝန်းထောက်ပံ့ပြီး တိုးတက်ရာ တိုးတက်ကြောင်း ဆောင်ရွက်ရမယ့် အချိန်မှာ စင်္ကာပူဝန်ကြီးချုပ်ကိုတွေ့ဖို့ အခန်းထဲမှာ ထိုင်စောင့်နေရတဲ့ မြန်မာ သမ္မတဘဝဆိုပြီး လှောင်ရယ်နေတဲ့ ခင်ဗျားတို့ စိတ်ဓာတ်တွေကိုလည်း ကျွန်တော် ဘယ်လို သုံးသပ်ရမှန်း မသိနိုင်လောက်အောင်ပါပဲ။
နိုင်ငံသမ္မတဟာ နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုထားတာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ အောက်ကျနေတဲ့ ‘သမ္မတ’ ဟာ လူတစ်ဦး တစ်ယောက်ကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုတဲ့အတွက် နိုင်ငံတစ်ခုလုံး ဂုဏ်သိက္ခာကျတာပါ။
ကိုယ်ပြုသမျှ ကိုယ့်စိတ်ရဲ့ ကောင်းခြင်း၊ မကောင်းခြင်းဟာ တခြားသူ မခံစားရပါဘူး၊ ကိုယ်တိုင်ပဲ ခံစားရပါတယ်။ အများနည်းတူ နိုင်ငံခေတ်မှီဖွံ့ဖြိုးတိုတက်ဖ
ဗဟုသုတ၊ ပျော်ရွှင်ဖွယ်ရာဟာသ စသည့် တစ်စုံတရာအကျိုး ရရှိရန်အလို့ငှာ တင်ပေးခြင်းဖြစ်ပြီး ၎င်းအပေါ် မိမိအမြင်များအား လွတ်လပ်စွာရေးသားနိုင်၊ ရှယ်ယာယူနိုင်ပါသည်။
Election Platform: Campaign Promise- ရွေးကောက်ပွဲကြေညာချက်လမ်းစဉ်-ရွေးကောက်ပွဲစည်းရုံးရေးကတိများ။ ။
Election Platform: Campaign Promise- ရွေးကောက်ပွဲကြေညာချက်လမ်းစဉ်-ရွေးကောက်ပွဲစည်းရုံးရေးကတိများ။ ။ဧပြီလ ၁ရက်နေ.မှာ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် အနှစ် ၅၀ ကျော်အတွင်း ပြုလုပ်ခဲ့သည့် မြန်မာပြည်က ရွေးကောက်ပွဲတွေထဲမှာ အလွတ်လပ်ဆုံးနဲ. တရားမျှတမှု အရှိဆုံး ရွေးကောက်ပွဲ တခု ဖြစ်လာပါလိမ့်မည်။
အခုလို လွတ်လပ်မှုနှင့် တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူ တွေလဲ သူတို. ကြိုက်နှစ်သက်သည့် ပါတီတွေ ကိုယ်စားလှယ်လောင်းတွေကို လွတ်လွတ် လပ်လပ် မဲမေးထောက်ခံခွင့် ရရှိနိုင်မည် ဖြစ်ပါသည်။
ဒါကြောင့် ပြည်သူတွေအနေဖြင့် လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိအောင် စဉ်းစား ရွေးချယ် ဆုံးဖြတ်နိုင်ဖို.အတွက် လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ကြမည့် နိုင်ငံရေးပါတီကြီးငယ်တွေအနေဖြင့် ရွေးကောက်ပွဲ ကြေညာချက်လမ်းစဉ်တွေ ရွေးကောက်ပွဲ စည်းရုံးရေးကတိတွေ(Election PlatForm- Campaign Promise)ကို စနစ်တကျဖြင့် အတိအကျ ပြည်သူတွေကို ချပြဖို. လိုပါသည်။ လက်တွေ. ဘာတွေ လုပ်ပေးကျမှာလဲ။ ။
ရွေးကောက်ပွဲနိုင်ခဲ့လျင် ပါတီတွေအနေနဲ. ကိုယ်စားလှယ်တွေအနေနဲ. လက်တွေ.ကျကျ ဘာကိစ္စတွေကို ဦးစားပေးအဖြစ် ဘယ်လိုဖြစ်အောင် လုပ်ပေးမယ်ဆိုတာ မဲဆန္ဒရှင်တွေကို အတိအကျ ရှင်းပြဖို. ချပြဖို.လိုပါသည်။ ရွေးချယ်နိုင်အောင်း ခြားနားချက်တွေကို ချပြပါ။ ခွဲပြပါ။
ဒီမိုကရေစီရေး လူ.အခွင့်အရေး လွတ်လပ်မျှ တရားမျှတမှုနှင့် ဥပဒေစိုးမိုးရေးတွေကို လုပ်ပေး မယ်လို. ရောချလို. မဖြစ်ပါ။ ဒီကိစ္စတွေကို ပါတီတိုင်းလိုလို ကိုယ်စားလှယ်တိုင်းလိုလို လုပ်ပေး မယ်လို. ဆိုကြမှာမို. ပါတီတွေ ကိုယ်စားလှယ်လောင်းတွေအနေဖြင့် တကယ် လက်တွေ. အကောင်အထည်ဖော်ပေး ဦးစားပေး ဆောင်ရွက်ပေးမည့် အချက် ၄-၅ ခုလောက်ကို အတိ အကျနဲ. အသေးစိတ် ရှင်းပြပြီး ကတိက၀တ် ပေးဖို. လိုပါသည်။
ဒါမှလဲ မဲဆန္ဒရှင်တွေအနေဖြင့် ဘယ်သူကို မဲပေးထောက်ခံရင် ဘယ်ကိစ္စ လုပ်ပေးမှာဖြစ်လို. သူတို.၏ တဦးချင်း လက်တွေ.လိုအပ်ချက်နဲ. ကိုက်ညီမည့်သူကို ရွေးချယ်ခွင့်ရရှိမှာ ဖြစ်ပါ သည်။ ကိုယ့်လိုအပ်ချက်တွေ လုပ်ပေးနိုင်သူကို လူတွေက မဲပေးကြရမှာကိုး။ ။
ပေးတဲ့ကတိစကားတွေ လမ်းစဉ်တွေကလဲ အတိအကျနဲ. အသေးစိတ်ဖြစ်မှသာ တကယ် လုပ်ပေးနိုင်တဲ့အရာ ဟုတ်မဟုတ် ချဉ်.ချိန်နိုင်မည့်အပြင် လုပ်ဆောင်ချက်တွေကိုလဲ အောင် မြင်မှုကို တိုင်းတာနိုင်သည့် Measureable Promise and Platform ဖြစ်ဖို. လိုပါသည်။
မလုပ်ပေးနိုင်တဲ့ ကတိကြီးတွေလည်း မလိုချင်သလို တိတိကျကျ ရေရေရာရာ မဟုတ်ပဲ ရောချ လျောချပြီး ဟိုလိုလို ဒီလိုလိုနဲ. မလိမ့်တပတ်ကျသည့် စကားတွေနဲ.တင်လဲ မလုံ လောက်ပါ။
ဒါကြောင့် ကြားဖြတ်ရေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည့် ပါတီတွေ အမတ်တွေအနေဖြင့် ရွေးကောက်ပွဲကြေညာချက်လမ်းစဉ်တွေ ရွေးကောက်ပွဲစည်းရုံးရေးကတိတွေကို အခုအခါ စည်းရုံးရေး ခရီးစဉ်တွေလဲ စနေကြပြီမို.--- အတိအကျ ထုတ်ပြန် ကြေညာဖို. ရှင်းပြဖို. ကတိ က၀တ်တွေ ၀န်ခံချက်တွေ လုပ်ကြဖို. အချိန်ရောက်နေပါသည်။
ဒါမှသာ မဲဆန္ဒရှင်တွေပြည်သူတွေက ဘယ်ပါတီ ဘယ်အမတ်လောင်းကို ကိုယ့်ကိုယ်စားလဲအ ဖြစ် ကိုယ်ဒေသ ကောင်းကျိုးအတွက် လုပ်ပေးနိုင်မလဲ ဖြစ်သင့်သလဲဆိုတာ လေ့လာ ဆုံးဖြတ် ပြီး ရွေးချယ်ပေးနိုင်မည် ဖြစ်ပါသည်။
ရာစုဝက်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် Free and Fair By-Election လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေ လွတ်လွတ်လပ်လပ်နဲ. ကိုယ်စားလှယ် အစစ်အမှန်တွေ ရွေးချယ်ဆုံးဖြတ် မဲပေးခွင့်ရအောင် ပြည်သူတွေ ဈေးစစ်နိုင်ဖို.အတွက် ပါတီတွေဖက်က ဘာတွေ လုပ်ပေးမလဲဆိုတဲ့အချက်တွေကို အတိအကျ ပြောဆိုကျဖို. လိုအပ်နေပါသည်။
Election Manifaesto- ရွေးကောက်ပွဲ မူဝါဒကြေညာစာတမ်းတွေ လိုနေပါပြီ။ လူထုကို ချပြဖို. အချိန်ရောက်ပါပြီ။
၂၀၁၂ခုနှစ် ရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲကျင်းပပြီး ယခင်နှစ်ထက် ပိုမိုစည်ကား
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး ယခင်နှစ် ကထက် ဖွင့်ပွဲနေ့တွင် ဘုရားဖူးများ ပိုမိုစည်ကားခဲ့ကြောင်း သိရသည်။ရွှေစက်တော် ဘုရားပွဲတော်တွင် ယခုနှစ်အတွက် ယခင်နှစ်ကထက် တဲကျောင်းမြေနေရာများ ပိုမိုဈေးများခဲ့သော်လည်း ယခင်နှစ်က တဲကျောင်းအရေအတွက် ၅၀၀ ခန့် သာရှိခဲ့ပြီး ယခုနှစ်တွင် တဲကျောင်း အရေအတွက် ၉၀၀ ကျော်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ပါဝင်ခဲ့ပြီး ယခင်နှစ် များက အဆောက်အဦး ဆောက်လုပ်လေ့မရှိသော နမ္မဒါတည်းခိုဆောင် အ၀င်လမ်းမ၏ ဘေးဝဲယာတွင် ဆိုင်ခန်းနှစ်ခန်း ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ခြေတော်ရာဖွင့်ပွဲနှင့် ပွဲတော်ဖွင့်ပွဲနေ့တွင် ရွှေစက်တော်နှင့် နီးစပ်ရာမြို့နယ်များမှအပြင် ရန်ကုန် မြို့မှ ဘုရားဖူး ယာဉ်လိုင်းများဖြင့် လာရောက်သူများဖြင့် ပိုမိုစည်ကားခဲ့ကြောင်း၊ ရွှေစက်တော် ဘုရားပွဲသည် မကွေးတိုင်းဒေသကြီး အတွက်
ရက်အရှည်ကြာဆုံး ပွဲတော်ဖြစ်ပြီး တန်ခူးလပြည့်ကျော်၁၁ရက် (မြန်မာနှစ်ဆန်း ၁ရက်)နေ့အထိ ရက်ပေါင်း ၈၁ရက် ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်လိုပါက
ပုံရိပ်(burmesehearts.com)
ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်၌တရားမျှတ စွာဖြစ်ရေးအတွက်ကြိုတင် ပြင်ဆင်
The Myanmar Post — လာမည့်ဧပြီ ၁ ရက်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီဖြစ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကိုကိုနှင့် ရန်ကုန်တောင်ပိုင်းခရိုင်းကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များသည် ဇန်န၀ါရီ ၂၄ ရက်တွင် ကော့မှူးမြို့နယ်သို့ ကွင်းဆင်းစစ်ဆေးကာ ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။အဆိုပါ ကွင်းဆင်းစစ်ဆေးဆွေးနွေးပွဲတွင် တိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးကိုကိုကအဆိုပါကြားဖြတ်ရွေးကောက်ပွဲတွင်လွတ်လွတ်လပ်လပ်တရားမျှတသောရွေးကောက်ပွဲဖြစ်ရေးအတွက်မဲစာရင်းပြုစုခြင်း၊ကြိုတင်မဲပေးခြင်း၊မဲရေတွက်ခြင်းလုပ်ငန်းများအားမြို့နယ်ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များ၊မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအားအသေးစိတ်ဆွေးနွေးမှာကြားခဲ့ကြောင်း ယင်းဆွေးနွေးပွဲတွင်အဖွဲ့ဝင်ပေါင်း ၂၅၉ဦးတက်ရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။ ကော့မှူးမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်နေရာသာ လစ်လပ်လျှက်ရှိကြောင်းသိရသည်။
ဝင်းထက်( မြန်မာပို့စ် သတင်းဂျာနယ်)
ပြည်တွင်းကားဈေးကွက်အတွင်း အသစ်ဝင်ရောက်လာသည့် မော်ဒယ်များ ဈေးတန်းအတက် အကျမြန်ဆန်နေ၍ ရွှေငါး IRW 2 . 0 ဂရိတ်နိမ့်များ သိန်း ၃၀၀ အောက်သို့ ဈေးကျဆင်းသွားပြီ
The Myanmar Post — ဇန်န၀ါရီ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော MCC ကားပြပွဲအပြီး၌ ပြည်တွင်းကားဈေးကွက်အတွင်း ကားဈေးပြောင်းလဲ မှုများ ဖြစ်ခဲ့သည်။ လက်ရှိအချိန်ကာလတွင် အသစ်ထပ်မံဝင်ရောက်လာသောမော်ဒယ်များ ဈေးတန်းအတက်အကျမြန်ဆန်နေခြင်းနှင့်အတူ လူအများစိတ်ဝင်တစားရှိနေသော ရွှေငါး IRSဂရိတ်နိမ့်များ သိန်း ၃၀၀ အောက်သို့ ဈေးကျဆင်းသွားပြီ ဖြစ်ကြောင်းပြည်တွင်းကားဈေးကွက် အသိုင်းအ၀ိုင်းမှ ဇန်န၀ါရီ ၂၇ ရက်တွင် သိရသည်။“သွင်းပြီးတဲ့ကားတွေ ဈေးကျရတဲ့အကြောင်းရင်းက ၂၀၀၆ မော်ဒယ်အထိတင်သွင်းခွင့်ပြုထားတာနဲ့ အရင်ကသွင်းလာတဲ့ ၂၀၀၁၊၂၀၀၁ မော်ဒယ်တွေကို စိတ်ဝင်စားမှုနည်းပါးလာတာတွေကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ၀ယ်ရောင်းကုမ္ပဏီတွေက ပါမစ်နဲ့သွင်းလာတဲ့ကားအသစ်တွေကို ဈေးကွက်ထဲ ထုတ်ရောင်းကြတယ်။ Show Room တွေဖွင့်ပြီး ရောင်းချတာမျိုးတွေရှိတော့ လူအများစုက နောက်ထပ်တင်သွင်းလာမဲ့ မော်ဒယ် အမြင့်တွေကို ဘဲ၊ပိုမိုစိတ်ဝင်စားစောင့်ကြည့်နေကြလို့ပါ ။
လက်ရှိကားဈေးကွက်မှာလည်း ရွှေငါး IRS ဂရိတ်အနိမ့်တွေ သိန်း ၃၀၀ အောက်အထိ ဈေးကျသွားပြီ၊ တချို့ဆိုရင် သိန်း၂၈၀ နဲ့ အရောင်းအ၀ယ် လုပ်ကြတာတွေရှိတယ်။ အခုအချိန်မှာ ရွှေငါးတွေကို တိုက်ရိုက်လှမ်းမှာရင်လည်း ၂၀၀ ကျော်ကျော် လောက်ဘဲ ဈေးရှိတာဆိုတော့ မူလပိုင် ရှင်တော်တော် များများကတော့ ဈေးလျော့ရောင်းကုန်ပြီ” ဟု ပြည်တွင်းမော်ဒယ်မြင့် ကားဝယ်ရောင်း အကျိုးတော်ဆောင်တစ်ဦးက ဇန်န၀ါရီ ၂၇ ရက်တွင် မြန်မာပို့စ် ဂျာနယ်သို့ ပြောသည်။
၎င်းအပြင် လက်ရှိအချိန်ကာလတွင်လည်း ပြည်တွင်းမော်ဒယ်မြင့်ကားဝယ်ရောင်းဈေးကွက်အတွင်း၌ အသစ်ထပ်မံဝင်ရောက်လာ သည့် မော်ဒယ်မြင့် အမျိုးအစားဖြစ်သော ပါဂျဲယိုး(ဖားပြုပ် ) Mark X နှင့် Luxes grate ကားများ လူကြိုက်များ၍ အရောင်းအ၀ယ်ဈေးကွက် မြင့်မားနေကြောင်း ၊ ရွှေငါး IRS 2 .0 နှင့် ဟာရီးယား 3 . 0 ကားများ လူကြိုက်နည်း အရောင်းအ၀ယ်အေးနေကြောင်း ဆက်လက်ရှင်းပြသည်။
ယခုလ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော MCC ကားပြပွဲ၏ အကျိုးရလာဒ်အဖြစ် နောင်လာမည့်အချိန်ကာလ အနည်းငယ် အတွင်း ပြည်တွင်း ကားဈေးကွက် ပိုမိုမြင့်မားလာဖွယ်ရှိကြောင်း ကားလုပ်ငန်းကျွှမ်းကျင်သူအချို့က သုံးသပ်နေကြသည်။
အုပ်စိုး ( မြန်မာပို့စ် သတင်းဂျာနယ်)
မြ၀တီကုန်သွယ်ရေးဇုန်မှတစ်နိုင် တစ်ပိုင်သယ်ဆောင်သောကုန် သည်များအားကြားခံကုမ္ပဏီတစ်ခု ထားပြီးဝိုင်းကြီးချုပ်စနစ်ဖြင့် လုပ်ကိုင်ခွင်
The Myanmar Post — မြ၀တီကုန်သွယ်ရေးလမ်းကြောင်းမှ တစ်နိုင်တစ်ပိုင်သယ်ဆောင်ကြသော ကုန်သည်လေးများ သွင်းကုန်ထုတ်ကုန်အတွက် တစ်ဦးချင်းအလိုက်သယ်ဆောင်ခွင့်မပြုဘဲ ကြားခံကုမ္ပဏီတစ်ခုထားရှိပြီး ၀ိုင်းကြီးချုပ်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ယင်းဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။“တစ်နိုင်တစ်ပိုင်သယ်တဲ့ကုန်သည်လေးတွေအတွက် ဇုန်ထဲမှာ တရားဝင်ဝိုင်းကြီးချုပ်စနစ်နဲ့ လုပ်ပေးမယ်။ ကြားခံကုမ္ပဏီတစ်ခုထားရှိပေးမယ်။ အဲဒီကုမ္ပဏီကတစ်ဆင့် သက်ဆိုင်ရာဌာနတွေကို သယ်ယူမယ့် ကုန်ပစ္စည်းများအလိုက်တင်ပြပြီးမှ ဖြတ်သန်းခွင့်ပြုသွားမယ်။ ကုန်သည်ကြီးတွေ အနေနဲ့ကတော့ တိုက်ရိုက်လျှောက်ထားနိုင်တယ်”
ဟု ထပ်လောင်းပြောပြသည်။ယင်းသို့ လုပ်ဆောင်ရာ၌ ပြီးခဲ့သောဇန်န၀ါရီ ၁၆ ရက်မှ စတင်ကာ သွင်းကုန်ထုတ်ကုန်လုပ်ငန်းများအတွက် ဌာနများအလိုက်သီးခြားလုပ်ဆောင်လျက်ရှိပြီး စားသောက်ကုန်အမယ်အချို့ တရားဝင်တင်သွင်းခွင့်ပြုထားသော်လည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA ) က ဖွင့်လှစ်ဆောင်ရွက်ထားခြင်းမရှိသဖြင့် ကြန့်ကြာလျက်ရှိကြောင်းသိရှိရသည်။
ခရီးမိုင် ၃၀၀ နီးပါးရှိသော မြ၀တီကုန်သွယ်ရေးဇုန်ဖွင့်လှစ်ထားရှိမှုကြောင့် ရေး၊ထားဝယ်၊ ကော့သောင်း ကုန်သွယ်ရေးလမ်းကြောင်းရှိ ကုန်သည် များ မြ၀တီလမ်းကြောင်းမှ တင်သွင်းရန် စိတ်ဝင်စားလျက်ရှိကြောင်းသိရသည်
“အဓိက ကတော့ အချိန်နဲ့ ခရီးစရိတ်သက်သာလို့ပါ။ ဆိုင်ရာဌာနတွေက OSS( One Stop Service) စနစ်ကို ဆောင်ရွက်ပေးရာမှာလည်းမြန်ဆန်ချောမွေ့ဖို့လိုပါတယ်။ ပြီးတော့ ကုန်တန်ချိန်အတွက် ကတ္တားကန့်သတ်ချက်နှုန်းလျှော့ချ
ပေးမယ်ဆိုရင် ပိုကောင်းတာပေါ့” ဟုလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
လတ်တလော ပို့ကုန်အဖြစ်ဒေသထွက်ကုန်များဖြစ်သည့် ပဲအမျိုမျိုး၊ မြေပဲ၊ ပြောင်း နှင့် ရေထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့လျက်ရှိကြောင်းသိရသည်။
ရဲဒွေး။မြ၀တီ( မြန်မာပို့စ် သတင်းဂျာနယ်)
မဟာမြတ်မုနိဘုရားကြီးအတွင်း မသမာမှုများရှိနေမှုကို ဂေါပက အဖွဲ့လူကြီးများမှ ဖြေရှင်းခြင်း မပြုဘဲ ခေါင်းရှောင်မှုများရှိ
The Myanmar Post — မန္တလေးမြို့၏ အထင်ကရ မဟာမြတ်မုနိဘုရားကြီးတွင် ရောင်းချလျက်ရှိသောဈေးဆိုင်ခန်းအချို့တွင်အမှတ်တရပစ္စည်းများလိမ်လည်ရောင်းချမှုများပြုလုပ်နေကြောင်း သိရသည်။“ကျွန်မတို့က ရန်ကုန်ကလာတာ၊ ဘုရားဖူးသက်သက်လာတာ။ ဒီကိုရောက်တော့ အမှတ်တရလက်ဆောင်ပစ္စည်းအဖြစ် ကြေးစည်ဝယ်တဲ့အခါမှာ၊ သူတို့က ၄၀ ကျပ်သားရှိတယ်ပြောတယ်။ ဒါနဲ့ကိုင်ကြည့်လိုက်တော့ မပြည့်ဘူးဆိုတာသိနေတယ်။ ဒါပေမဲ့ ပစ္စည်းကိုယူပြီး အခြားနေရာမှာ ချိန်ကြည့် မယ်ဆိုတော့ ၀ယ်ပြီိးမှ ချိန်ကြည့်လို့ရမယ်လို့ပြောတယ်။ မပြည့်ဘူးဆိုရင် လာလဲလို့ရတယ်လို့ ပြောတယ်။ ဒါကြောင့် ၀ယ်ပြီး သွားချိန်ကြည့်တော့ မပြည့်ဘူး။ ၂၀ကျပ်သားပဲရှိတယ်။ ထက်ဝက်လေက်ကွာနေတယ်၊ သွားပြန်လဲတော့ ၀ယ်ပြီးပစ္စည်းပြန်မလဲဘူးပြောတယ်။ ဒါနဲ့ ဘုရားလူကြီးဂေါပအဖွဲ့  ကိုသွားတိုင်တော့ ရောင်းသူ၊၀ယ်သူကိစ္စ အဲဒီနေရာမှာပဲရှင်းလို့ပြောပြီး သူတို့က ဘာမှ မရှင်းပေးဘူး။ ဒါက ဘာဖြစ်လာလဲဆိုတော့ ကျွန်မတို့ပြည်တွင်း ၀ယ်ယူသူတွေ
အတွက်က ပြဿနာမရှိပေမယ့် ပြည်ပကလာတဲ့လူတွေသိသွားရင် မြန်မာနိုင်ငံရဲ့ အထင်ကရ မဟာမြတ်မုနိဘုရားကြီးနဲ့ ဒီနိုင်ငံသူနိုင်ငံ သားတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်တာပေါ့” ဟု ရန်ကုန်မြို့မှ လာရာက်သူတစ်ဦးက ဆိုသည်။
မန္တလေးဒေသခံတစ်ဦးကလည်း “ကျွန်တော်က နံနက်တိုင်းလိုလို ဘုရားကြီးကိုဝင်ရောက်ဖူးမြော်ခဲ
့တာ နှစ်အတော်ကြာခဲ့ပါပြီ။ အရင်က ဘုရားကြီး မျက်နှာသစ်တော်ရေကို ဘုရားအတွင်းမဟုတ်ဘဲ အပြင်မှာရောင်းချတယ်။ အခုကျတော့ အဲဒီလိုတောင်မဟုတ်တော့ဘဲ ဘုရားကြီးထဲမှာ ခုံတစ်လုံး၊
ခွက်တစ်ခုချပြီး မျက်နှာသစ်တော်ရေကိုပေးတယ်။ ပြီးတော့ အလှူငွေထည့်ပါဦးလို့ပြောတယ်။ အလှူငွေကဘယ်လောက်ထည့်ရမလဲလို့မေးတော့ဖလားထဲမှာရှိတဲ့ပိုက်ဆံအတိုင်ပဲထည့်လို့ပြောတယ်။ ဖလားထဲမှာရှိတာက ၅၀၀တန်ပဲထည့်ထားတယ်။ ၅၀၀ တန်ထည့်တော့ မယူဘူး။ ဒါနဲ့ ကျွန်တော်က ၁၀၀၀ တန်တစ်ရွက်ထည့်လိုက်ရတယ်။ ကျွှန်တော်နေ့တိုင်း ဘုရားကြီးကိုလာဖူးတဲ့သူတောင် ဒီလိုခံလိုက်ရတာ။ တစ်ခေါက်တလေပဲ လာတဲ့ အနယ်နယ်အရပ်ရပ်ကလူတွေဆို ဘယ်လိုနေမလဲ မသိဘူး” ဟု ပြောပြသည်။
ယခုကဲ့သို့ ကိစ္စများ မဖြစ်ပွားစေရန် မဟာမြတ်မုနိဘုရားကြီးဂေါပကအဖွဲ့မှ စည်းကမ်းချက်ထုတ်ပြန်ခြင်း၊ လက်တွေပြဿာနာဖြစ်ပွားလာလျှင်တာဝန်ယူဖြေရှင်းပေးခြင်းမျိုး မရှိကြောင်း ဘုရားဖူးလာရောက်သူများထံမှ သိရသည်။
မျိုးသန့်( မြန်မာပို့စ် သတင်းဂျာနယ်)
အာရှသားတွေ ဘာကြောင့် လက်မထပ်သလဲ၊ အပျိုကြီးလုပ်တာ ရာဇ၀တ်မှုအားပေးလား
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က 'အာရှတန်ဖိုး' ဆိုပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်သံများ ကြားခဲ့ကြရသည်။ အာရှ အာဏာရှင်တွေက ဒီမိုကရေစီဟာ သူတို့နဲ့ သိပ်မဆိုင်တဲ့အကြောင်း၊ အာရှရဲ့ အစဉ်အလာ မိသားစု တန်ဖိုးထားမှုတွေက အမေရိကနဲ့ ဥရောပထက် ပိုအားကောင်းကြောင်း ပြောဆိုခဲ့တဲ့ အယူအဆ ဖြစ်သည်။တစ်နည်းအားဖြင့် ဒီအယူအဆက အာရှစီးပွားရေး ဆန်းပွင့်မှုကနေ ကြွစောင်းစောင်းဖြစ်လာရင်း၊ အနောက် ဒီမိုရေစီကို ဆန့်ကျင်အံတုဖို့ ကြိုးစားခြင်း ဖြစ်သည်။
အာရှတန်ဖိုး အယူအဆကို စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူက အဓိက ဦးဆောင်ခဲ့တာဖြစ်ပြီး၊ ကွန်ဖျူးရှပ် တရုတ်မိသားစုများရဲ့ အလုပ်ကြိုးစားမှု၊ ခြိုးခြံချွေတာမှု၊ ပညာကို မြတ်နိုးမှု၊ အနာဂတ် အောင်မြင်မှုအတွက် လက်ငင်းအပျော်တွေကို ရွှေ့ဆိုင်းထားနိုင်မှုတို့ကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။
အပေါ်ယံကြည့်ရင်တော့ အာရှမှာ အိမ်ထောင်ပြုမှုက ဆက်လက်ပြန့်နှံ့ဆဲဖြစ်ပြီး၊ တရားမ၀င် လက်ထပ်မှုနဲ့ လက်မထပ်ဘဲအတူနေမှု ဆိုတာတွေက မရှိသလောက်ဟုပင် ထင်ရသည်။
ဆန့်ကျင်ဘက် အဖြစ် အနောက်နိုင်ငံတွေမှာက လက်ထပ်ပြီးသူ တစ်ဝက်ကျော်က ကွာရှင်းပြတ်စဲကြသည်။ ကလေး အားလုံးရဲ့ တစ်ဝက်နီးပါးကို လက်မထပ်ဘဲ မွေးဖွားခဲ့သည်။ မကြာခင်က ဗြိတိန်အနှံ့ အဓိကရုဏ်းဖြစ်မှုမှာ ပါဝင်ခဲ့တဲ့ လူငယ်အများစုက မိဘအုပ်ထိန်းမှုနဲ့ မိဘမေတ္တာ ငတ်မွတ်နေသူ အများစုဟု သတင်းတွေက ဖော်ပြကြသည်။
မိဘရဲ့ ရင်အုပ်မကွာ စောင့်ရှောက်မှုနဲ့ ပတ်သက်ရင် အရှေ့နဲ့ အနောက်မှာ အကြီးအကျယ် ခြားနားမှုတွေ ရှိခဲ့သည်က အမှန်ပင်။
လင်မယားမကွဲဖို့၊ အိမ်ထောင်မပြု
သို့သော်၊ ယခု အာရှ၊ တောင်အာရှနဲ့ အရှေ့တောင်အာရှ တို့မှာ အိမ်ထောင်ပြုမှုအပေါ်ထားတဲ့ အမြင် သဘောထားတွေ ပြောင်းလဲလာနေသည်။ ဒီလို ပြောင်းလဲလာမှုက ၂၀ ရာစု ဒုတိယတစ်ဝက်မှာ ဖြစ်ခဲ့တဲ့ အနောက်ပုံစံနဲ့ မတူ။
အခု အာရှနိုင်ငံတွေမှာ လင်မယားကွာရှင်းမှုဆိုတာက ရှားရှားပါးပါး ဆက်ဖြစ်နေသည်။ လင်မယား ကွာရှင်းမှု မရှိတဲ့အကြောင်းက အာရှသားတွေ အိမ်ထောင်မပြုဘဲ နေကြခြင်းကြောင့် ဖြစ်သည်။ အာရှသားတွေ လက်ထပ်ဖို့ ၀န်လေးကြသည်။ အိမ်ထောင့်ဝန်ကနေ ထွက်ပြေးနေကြသည်။
အာရှ အိမ်ထောင်ပြုမှုနှုန်း ကျဆင်းလာခြင်း အကြောင်းတစ်ခုက အိမ်ထောင်ပြုမယ့်အရေး ရက်ရွေး၊ လရွေး၊ နှစ်ရွေးရင်း အမျိုးမျိုး ရွှေ့ဆိုင်းနေခြင်းကြောင့်လည်း ဖြစ်သည်။
အိမ်ထောင်ပြုတဲ့ အသက်က တစ်ကမ္ဘာလုံးမှာ တိုးမြင့်လာသည်။ အထူးသဖြင့် အာရှမှာ အိမ်ထောင်ပြုတဲ့ အသက်အရွယ် ပိုတိုးမြင့်နေပြီး၊ ကြီးမှ ကလေးချီချင်သူတွေ များလာသည်။ အာရှသားတွေက အနောက်က လူတွေထက်တောင် ပိုနောက်ကျပြီး အိမ်ထောင်ပြုလာကြသည်။
အချမ်းသာဆုံး နိုင်ငံများဖြစ်တဲ့ ဂျပန်၊ တိုင်ဝမ်၊ တောင်ကိုရီးယား၊ ဟောင်ကောင် တို့မှ ယခု ဆယ်စုနှစ်တွေအတွင်း လက်ထပ်သူတွေရဲ့ ပျမ်းမျှ အသက်က အမျိုးသမီးတွေဆိုရင် ၂၉-၃၀ နှစ်ဖြစ်ပြီး၊ အမျိုးသားတွေက ၃၁-၃၂ နှစ် ဖြစ်သည်။
အာရှသားတွေ အိမ်ထောင်ပြု နောက်ကျရုံမျှ မဟုတ်။ လုံးဝ လက်မထပ်ဘဲ နေသူတွေကလည်း ပိုများလာနေသည်။ အသက် ၃၀ ကျော် ဂျပန်အမျိုးသမီး သုံးပုံတစ်ပုံက လက်မထပ်ကြသေး။ သူတို့ထဲက တစ်ဝက်လောက်သာ လက်ထပ်မည်ဟု ခန့်မှန်းရသည်။ အသက် ၃၀ ကျော် တိုင်ဝမ် အမျိုးသမီး ငါးပုံတစ်ပုံက အပျိုကြီးမမတွေ ဖြစ်သည်။ အများစုက ဘယ်တော့မှ လက်ထပ်မယ့်ပုံမပေါ်။
အခြားအာရှနိုင်ငံတွေမှာလည်း လက်မထပ်သူတွေ အလွန်များပြားလာနေသည်။ ဘန်ကောက်မှာ အသက် ၄၀ နှင့် ၄၄ နှစ်အထက် အမျိုးသမီး ၂၀ ရာခိုင်နှုန်းက အိမ်ထောင်မရှိ။ တိုကျိုမှာ အဲဒီ အသက်အရွယ်ရှိ အမျိုးသမီး ၂၁ ရာခိုင်နှုန်းက အိမ်ထောင်မရှိ။ စင်္ကာပူမှာ တက္ကသိုလ် ဘွဲ့ရပြီးသူ အမျိုးသမီး ၂၇ ရာခိုင်နှုန်းမှာ အိမ်ထောင်မရှိ။
တကိုယ်ထဲ နေရတာ ပျော်စရာ
အမျိုးသမီးတွေ အိမ်ထောင်မပြုကြတဲ့ အကြောင်းက အသည်းကွဲလို့ မဟုတ်။ လုပ်ငန်းခွင်ထဲ နေ့စဉ် သွားနေရခြင်းကြောင့် ဖြစ်သည်။ အာရှမှာက အလုပ်လုပ်ရင်း အိမ်ထောင်ပြုတာကို တပြိုင်ထဲ နှစ်ခု လုပ်ဖို့ ပိုခက်ခဲလာသည်။
အာရှမှာ အမျိုးသမီးတွေ အိမ်ထောင်ပြုတယ်ဆိုတာက လင်ယောက်ျားနဲ့ ကလေးတွေကို ပြုစုယုယမှု ပေးဖို့၊ မိအိုဖအိုတွေကို ဂရုစိုက်ဖို့၊ ထမင်းချက် ဟင်းချက်နှင့် အနှီးလျှော်ဖို့ ဖြစ်သည်။ လုပ်ငန်းခွင်ထဲ ၀င်လိုက်ပြီဆိုတာနဲ့ ဒါတွေ ပျက်ကွက်ဖို့ ရှိလာသည်။ ခင်ပွန်းသည်ကလည်း အိမ်မှုကိစ္စတွေ ဇနီးသည် ဆက်လုပ်ဖို့ မျှော်လင့်ထားသည်။ အာရှအမျိုးသမီးတွေအတွက် အိမ်ထောင်မှုနဲ့ လုပ်ငန်းခွင် နှစ်ခုလုံး လုပ်ဖို့က မနိုင်ဝန် ဖြစ်လာသည်။
ဂျပန်အမျိုးသမီးတွေဆိုရင် ရုံးမှာ တစ်ပတ်ကို အနည်းဆုံး နာရီ ၄၀ အလုပ်လုပ်ရပြီး၊ အိမ်မှုကိစ္စကို အနည်းဆုံး နာရီ ၃၀ လုပ်ရသည်။ ဂျပန် ယောက်ျားတွေက အိမ်ကိစ္စ တစ်ပတ် ၃ နာရီလောက်ပဲ လုပ်ကြသည်။
ကလေးတွေကို စောင့်ရှောက်ဖို့ အလုပ်ထွက်လိုက်တဲ့ အာရှမိခင်က ကလေးတွေကြီးလာတာနဲ့အမျှ လုပ်ငန်းခွင်ထဲ ပြန်ဝင်ဖို့ ခက်သွားသည်။ ဒါကြောင့် အိမ်ထောင်သားမွေးမှုအပေါ် အာရှအမျိုးသမီးတွေ အဆိုးမြင်လာသည်။ ယခုနှစ် ဆာဗေးတစ်ခုအရ၊ ဂျပန်အမျိုးသမီးတွေက ဂျပန်အမျိုးသားတွေ၊ အမေရိကန် အမျိုးသားနဲ့ အမျိုးသမီးတွေထက်ကို ပိုပြီး အိမ်ထောင်ပြုမှုကို ကြောက်နေကြသည်ဟု ဖော်ပြသည်။
ယခုနောက်ပိုင်း အမျိုးသမီးတွေက လုပ်ငန်းခွင်မှာဟန်လာတာနဲ့အမျှ ငွေရေးကြေးရေး လွတ်လပ်မှု ရှိလာသည်။ လင့်လုပ်စာကို မှီခိုစရာမလိုတော့။ ဘဏ့်အကောင့်ထဲ ကိုယ်ပိုင်ငွေ ရှိလာတာနဲ့အမျှ တကိုယ်ထဲနေ အပျိုကြီးမမတွေ လုပ်လာကြသည်။ အစဉ်အလာ အိမ်ထောင်သားမွေးမှုကို သူတို့အတွက် မသတီစရာ ငြီးငွေ့ဖွယ်ရာလို့ မြင်လာသည်။
အဆင့်မြင့် ပညာရေးစနစ်ကလည်း အိမ်ထောင်ပြုမှုနှုန်းကို ကျဆင်းစေသည်။ ပညာပိုတတ်တဲ့ အာရှအမျိုးသမီးတွေက လက်ထပ်ဖို့ အမြဲနှောင့်နှေးတတ်သည်။ အာရှမှာ ပညာတတ်အမျိုးသမီး အများအပြား ရှိလာပြီး တကိုယ်တည်း ရွက်လွှင့်နေကြသည်။
လက်မထပ်၊ ကလေးမယူ
အာရှမှာ လက်မထပ်ဘဲ ထွက်ပြေးနေကြခြင်းက ကလေးမွေးဖွားနှုန်းကို လန့်စရာကောင်းအောင် ကျဆင်းစေသည်။ အရှေ့အာရှမှာ ကလေးမွေးနှုန်းက ၁၉၆၀ ပြည့်နှစ်တွေမှာ အမျိုးသမီးတစ်ဦးကို ၅.၃ ဦးနှုန်း မွေးရာက၊ ယခု ၁.၆ ဦးနှုန်းသာ မွေးဖွားသည်။ အိမ်ထောင်ပြုမှုနှုန်း အရမ်းနည်းတဲ့ တိုင်းပြည်တွေမှာဆိုရင် မိခင်တစ်ဦး ကလေးမွေးနှုန်းက ၁.၀ သာ ရှိသည်။
အိမ်ထောင်မပြု ရာဇ၀တ်မှု
အိမ်ထောင်ပြုခြင်းက ယောကျာ်းသားများအတွက် အရေးကြီးသည်။ အိမ်ထောင့်တာဝန်ယူမှုက အမျိုးသားများကို ရာဇ၀တ်မှုများနဲ့ ကင်းဝေးစေနိုင်သည်။ အိမ်ထောင်ပြုမှုနှုန်း လျော့ကျခြင်းက လူ့အဖွဲ့အစည်းမှာ ရာဇ၀တ်မှုနှုန်း မြင့်တက်စေသည်။ တိုင်းပြည်မှာ ရာဇ၀တ်မှုနှုန်းမြင့်လာရင် လက်မထပ်ဘဲနေတဲ့ အပျိုကြီးမမတွေမှာလည်း တစ်ဖက်တစ်လမ်း တာဝန်ရှိသည်။ အမျိုးသမီးတွေ အိမ်ထောင်သားမွေးမပြုခြင်းက အမျိုးသားတွေကို နွားသိုးကြိုးပြတ်နဲ့ ရာဇ၀တ်မှုထူပြောအောင် သွယ်ဝိုက် အားပေးရာရောက်သည်။
တစ်နည်းအားဖြင့် အာရှအစိုးရများက လူငယ်လူရွယ်တွေ များများလက်ထပ်အောင်၊ အပျိုကြီး လူပျိုကြီးများ လျော့နည်းအောင် တာဝန်ယူ စီမံဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း the Economist မဂ္ဂဇင်းက တင်ပြထားသည်။
ဝင့်ထန်း
ရည်ညွှန်း။ the Economist
ထောင်သားများ
ထောင်သားများ (၁ ၊ ၂၊ ၃၊ ၄၊ ၅၊ ၆) အချင်းချင်း စကားပြောနေကြသည်။၁ - ကျနော်က အလုပ်ထဲမှာ ပြတင်းပေါက်မှန်ရိုက်ခွဲမိလို့ဗျ။
၂ - ဘယ်လောက်ကျတုန်း။
၁ - ၁၀ နှစ်။
၂ - ဟ... များလှချည်လား။
၁ - များဆို။ အလုပ်က ရေငုပ်သင်္ဘောမှာလုပ်တာကိုး။ ဒါနဲ့ခင်ဗျားကရော..
၂ - ငါးမိုင်းခွဲပြီး ငါးခိုးဖမ်းမှုဗျ။
၁ - ဘယ်လောက်ကျတုန်း။
၂ - အနှစ် ၂၀။
၁ - ဟ.... များလှချည်လား။
၂ - ဖမ်းတုန်းကတော့ ငါးပဲဗျ။ မိုင်းလဲကွဲသွားရော ရေထဲက ရေငုပ်သမား ၄ ယောက် ပေါ်လာတယ်လေဗျာ...။ ဒါနဲ့ ဟိုတစ်ယောက်ကရော..
၃ - ကျနော်က စကားသိပ်မပီလို့ အလုပ်ထဲမှာ 1 နဲ့ 2 ကို မှားပြောမိလို့ အနှစ် ၃၀။
၂ - ဟ.. စကားမပီတာပဲ။ အလုပ်ထုတ်လိုက်တော်ရောပေါ့...။ ဘယ်မှာလုပ်လို့တုန်း။
၃ - ကျည်ဆန်ရထား လမ်းကြောင်းထိန်းချုပ်ရေးအခန်းမှာ။
၎ - ကျနော်က မှပိုဆိုးတာ။ နိုင်ငံ့အကြီးအကဲ ကြီးကို ၄ တန်းတောင်မအောင်ဘူးလို့ပြောမိလို့ အနှစ် ၄၀။
၁ - ဟုတ်လား။ ဘာလဲ အသရေဖျက်မှုလား။
၎ - မဟုတ်ဘူး။ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု။
၅ - ကျနော်ကျတော့ အစိုးရကို ဝေဖန်တာ မဟုတ်ဘဲနဲ့ကျတာဗျ။
၎ - ဘယ်လောက်တုန်းဗျ။
၅ - အနှစ် ၆၀။
၃ - ခင်ဗျားဟာက လူ ၁၀၀ လောက်သေတဲ့အမှုတောင် အဲဒီလောက်မကျဘူး။ ဘာလုပ်မိလို့တုန်း။
၅ - အီးမေးလ် (၄) စောင်ပို့မိတာဗျာ။ Sim card ဈေးကြီးတယ်ဆိုတာရယ်၊ အင်တာနက် ဈေးကြီးတယ်ဆိုတာရယ်၊ အင်တာနက် နှေးတယ်ဆိုတာရယ်၊ ဖုန်းပြောခဈေးကြီးတယ်ဆိုတာရယ်။
၃ - ဘာအမှုနဲ့တုန်းဗျ။
၅ - အီလက်ထရောနစ်ဥပဒေအရ နိုင်ငံတော် စီးပွားရေးလျှို့ဝှက်ချက် ပေါက်ကြားစေမှုတဲ့။ ၄ စောင် ၄မှု ၁၅ x ၄ = ၆၀ နှစ်။
၃ - အော်.. ခင်ဗျားက မင်္ဂလာစုံတွဲပေါက်တာကိုး...။ ဒါနဲ့ ဒီတစ်ယောက်က ငြိမ်နေပါလား ဘာမှ ဝင်မပြောပါလား။ ဘယ်လောက်ကျတာတုန်း။
၆ - ဘယ်လောက်ရယ်တော့ အတိအကျမရှိပါဘူး။
၃ - ဟင်... တစ်သက်တစ်ကျွန်းလား။ ဘာမှုလဲ။
၆ - အွန်လိုင်းပေါ်မှာ ခိုးကူးတွေဖြန့်ချီမှုဗျ။ ငွေဒဏ်ဆောင်ခိုင်းတာ။ မဆောင်နိုင်လို့ ထောင်ထဲဝင်နေရတာ။
၃ - ဟာ.. ခင်ဗျားကလဲ.. ငွေဒဏ်က ဘယ်လောက်တောင်မို့လို့တုန်း။
၆ - ဒေါ်လာ ၅ ဘီလျံထဲပါဗျာ... (သန်း ၁၀၀၀ = ၁ ဘီလျံ)။ နောက် ၁ နှစ်လောက် နောက်ကျပြီးမှ ဝင်ရရင် ဆောင်နိုင်လောက်တယ်ဗျာ။ ဖမ်းမိတာ စောသွားတယ်ဗျာ.. တောက်.. ။
၁၊ ၂၊ ၃၊ ၄၊ ၅ - တိန်..
Myanmar Jokes
ယနေ့ အိန္ဒိယ ရင်ဆိုင်နေရသော အခက်အခဲများ
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံတခုဖြစ်သည်။ အိန္ဒိယနိုင်ငံသည် စိတ်ပိုင်းဆိုင်ရာသာ ဆင်းရဲသော နိုင်ငံ မဟုတ်၊ လူမှုရေး အနေဖြင့်သာ ဆင်းရဲသောနိုင်ငံမဟုတ်၊ ဘာသာရေးအရသာ ဆင်းရဲသော နိုင်ငံမဟုတ်၊ အလုံးစုံဆင်းရဲ သောနိုင်ငံဖြစ်ပါသည်။အိန္ဒိယနိုင်ငံသည် ဆင်းရဲသောနိုင်ငံအဖြစ်သော်လည်း မည်မျှအထိ ဆင်းရဲသည်ကို ဘယ်သူမှ သေချာ မသိရှိပေ။ အိန္ဒိယနိုင်ငံ တွင် ဆင်းရဲမွဲတေမှုနှင့်ဆက်စပ်ပြီး လူအများအပြားနေ့စဉ် သေးဆုံးနေသည်။ နိုင်ငံတကာ ဆင်းရဲမွဲတေမှု အညွန်းကိန်းတွင် အိန္ဒိယနိုင်ငံသည် အာဖရိက ထက်များစွာ ဆင်းရဲကြောင်း တွေ့ရှိရသည်။ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ လုပ်သည့် သုတေသန စစ်တမ်းတွင် ဖေါ်ပြထားသည်။
၁။ ငွေကြေးဖေါင်းပွမှု မြင့်မားခြင်း
လုပ်ခလစာ တိုးမြင့်လာမှုကြောင့် အိမ်ခြံဈေးနှုန်းများ မြင့်တက်ခြင်း၊ အစားအသောက်ဈေးနှုန်း မြင့်တက်ခြင်း စသည်တို့ကို ကြုံတွေ့နေရသည်။ ယခုအချိန်တွင် အိန္ဒိယ၏ ငွေကြေးဖောင်းပွနှုန်းသည် ၇ ရာခိုင်နှုန်းထိရှိသည်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ ငွေကြေး ဖောင်းဖွနှုန်း မြင့်တက်လာဖွယ်ရှိသည်။ ၂၀၀၇ ခုနှစ်တွင် ရောင်းကုန်ပစ္စည်းများ၏ အညွန်းကိန်းမြင့်တက်မှုသည် ၆.၆ ရာခိုင်နှုန်းထိရှိသည်။
၂။ အမျိုးသမီး ပညာမတတ်သူများ
အိန္ဒိယနိုင်ငံသည် အင်္ဂလိပ်စကား ပြောနှုန်းမြင့်မားမှုကြောင့် အကျိုးအမြတ် ရရှိပေသည်။ သို့ရာတွင် နိုင်ငံ့လူဦး၏ အများစုတွင် စာမတတ်သူများပြားနေဆဲ ဖြစ်သည်။ ကျေးလက်ဒေသများတွင် အမျိုးသမီးဦးရေ ၅၀ ရာခိုင်နှုန်းကျော်မှာ စာတတ်မြောက်မှုမရှိပေ။
၃။ အခြေခံ အဆောက်အဦး ညံ့ဖျင်းခြင်း
အိန္ဒိယနိုင်ငံသားအများစုသည် အခြေခံရေ ရရှိမှုကင်းမဲ့နေဆဲဖြစ်သည်။ ပြည်သူ့ ၀န်ဆောင်မှု လုပ်ငန်းများမှာ ဗျူရိုကရေစီအုပ်ချုပ်ယန္တရားကြောင့် အခက်အခဲရှိနေဆဲ ဖြစ်သည်။ သစ်သီးဝလံ ၆၀ ရာခိုင်နှုန်းသာ ဈေးကွက်သို့ အချိန်မှီ ရောက်ရှိသည်။ ဤအချက်များကြောင့် အိန္ဒိယနိုင်ငံ စီးပွားရေးမှာ အခက်အခဲကြုံတွေ့နေရဆဲ ဖြစ်သည်။
၎။ အကြွေးပြန်ည်ဆပ်မှု ကျဆင်းနေခြင်း
အိန္ဒိယ နိုင်ငံတွင် နိုင်ငံခြားအရံငွေ စုဆောင်းမှုအများအပြားရှိသော်လည်း လိုငွေပြမှုသည် ဆက်လက်ကျဆင်းနေဆဲ ဖြစ်သည်။ ဤကဲ့သို ကျဆင်းမှု ဖြစ်နေရခြင်းမှာ အိန္ဒိယ၏ စီးပွားရေးတိုးတက်မှုနှုန်း မြင့်မားမှုကြောင့် ဖြစ်သည်။ ၀ယ်လိုအားသည် ရောင်းလိုအားထက် မြင့်မားမှုကြောင့် စားသုံးသူများမှာ သွင်းကုန်၏ အပေါ်တွင် မှီခိုနေရသည်။
၅။ ကြွေးမြီထူပြောခြင်း
အိမ်မြေခြံ ၀ယ်ယူမှုသည် လွန်ခဲ့သည့်နှစ်က ၃၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့သည်။ ဤကဲ့သို့ အိမ်မြေ ဈေးထိုးတက်နေပါက ပြသနာများ ဖြစ်ပေါ်စေနိုင်သည်။ အတိုးနှုန်းထားများ မြင့်တက်လာပါက အကြွေးပြန်ဆပ်မှု နည်းပါးလာပြီး၊ အနာဂါတ်ကာလ၏ စားသုံးမှုကို ထိခိုက်စေ နိုင်သည်။
၆။ မညီမျှမှု ကြီးထွားလာခြင်း
အိန္ဒိယ၏ တိုးတက်မှုသည် ဆင်းရဲတွင်းနက်မှုကို ကုစားပေးနိုင်မည်ဟု ယခုထက်တိုင် မျော်လင့်နေဆဲ ဖြစ်သည်။ စီးပွားရေး တိုးတက်မှုသည် အိန္ဒိယ နိုင်ငံ၏ ကျွမ်းကျင်လုပ်သားနှင့် ချမ်းသာသူများကိုသာ အကျိုးဖြစ်ထွန်း စေခဲ့သည်။ ကျေးလက်နေ ပြည်သူများမှာ အကျိုးခံစားခွင့် မရရှိပေ။ အိမ်ခြေ ၇၈ သန်းမှာ လျပ်စစ်မီး မရှိပေ။ နိုင်ငံလူဦးရေ၏ ၃၃ ရာခိုင်နှုန်း မှာ တနေ့ဝင်ငွေ တစ်ဒေါ်လာ အောက်တွင် ရှိနေဆဲ ဖြစ်သည်။
၇။ ဘတ်ဂျက် လိုငွေပြမှု မြင့်မားနေခြင်း
ဖွံ့ဖြိုးဆဲ နိုင်ငံများကြားတွင် အိန္ဒိယ နိုင်ငံသည် ဘတ်ဂျက် လိုငွေပြမှု အ မြင့်ဆုံး ဖြစ်သည်။ လိုငွေပြမှုသည် စုစုပေါင်း ပြည်တွင်းအသားတင် ထုတ်ကုန်၏ ၈ ရာခိုင်နှုန်းထိရှိသည်။ ပြည်သူ့ ၀န်ဆောင်မှု လုပ်ငန်းများ ဖြစ်သည့် ကျန်းမာရေးနဲ့၊ ပညာရေးကဏ္ဍတွင် ရင်းနှီုးမြှူတ်နှုံမှု နိမ့်ပါးနေဆဲ ဖြစ်သည်။
၈။ တင်းကျပ်သော အလုပ်သမား ဥပဒေ
အစိုးရ၏ သဘောတူညီမှု မရှိဘဲ လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမား ဦးရေ ၁၀၀ ကို အလုပ်ထုတ်ပိုင်ခွင့် မရှိပေ။ ဤ ဥပဒေသည် နိုင်ငံခြား ရင်းနှီုးမြှူတ်နှုံမှုကို ဆုတ်ယုတ်စေသည်။ အလုပ်သမား သမဂ္ဂတို့သည် နိုင်ငံရေးပါတီ တို့၏ လက်ကိုင်တုတ် ဖြစ်သည့် အတွက် အရေးကြီးသော ဥပဒေ ပြောင်းလဲမှုကို မလုပ်နိုင်ပေ။ ပညာရေးသည် နိုင်ငံတိုးတက်ရေးတွင် အဓိက နေရာတွင် ပါနေသော်လည်း လျစ်လျူရှူ ခံနေရဆဲ ဖြစ်သည်။
စောပြည့်ညို
Sources; Problems facing India today - overpopulation, illiteracy, corruption
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment