မြန်မာသတင်းများ ဇန်နဝါရီလ ၆ ရက်၊ ၂၀၁၂
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကို မိတ်ဆွေကောင်းအဖြစ် ဒေါ်စုမျှော်လင့်
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝီလျံဟိတ် William Hague ၏ ခရီးစဉ်ကြောင့် မြန်မာ့ မိတ်ဆွေကောင်းတဦး ရရှိလာနိုင်လိမ့်မည်ဟု ဒေါ်အောင်အောင်ဆန်းစုကြည်က သတင်းစကား ရေးသားပေးပို့ လိုက်ကြောင်းမြန်မာနိုင်ငံ၌ နှစ်ရက်ကြာခရီးအဖြစ် ရောက်ရှိနေသည့် မစ္စတာဟိတ်နှင့် သောကြာနေ့နံနက်တွင် တွေ့ဆုံရန်ရှိသည့်ဒေါ်အောင်ဆန်းစုကြည်က ရေးသားပေးပို့လိုက်သော သတင်းစကားကိုမစ္စတာဟိတ်က၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင်ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်သည်
ဒီမိုကရေစီ ပီသဖို့ နိုင်/ကျဉ်းများကို လွှတ်ရန်လို
ယခင်စစ်အစိုးရနှင့် မတူဘဲ ဒီမိုကရေစီနိုင်ငံ ထူထောင်နေကြောင်း သက်သေပြလိုလျှင် သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်
ကြောင်း သတင်းစာဆရာများက ပြောဆိုလိုက်ကြောင်းသိရသည်။
ကြောင်း သတင်းစာဆရာများက ပြောဆိုလိုက်ကြောင်းသိရသည်။
မှားယွင်းတဲ့ စနစ်ကို ပြည်သူ လက်မခံဘူးဆိုတာ ပြလိုက်တာ
‘အဲ့ဒီအခန်းဖြတ်’ ရုပ်ရှင် ဇာတ်လမ်းတို ပရိတ်သတ် အကြိုက်ဆုံး ဆုရရှိခြင်းသည် မြန်မာ
နိုင်ငံ ဝန်ကြီးဌာနများမှ ဝန်ထမ်းအချို့၏ လုပ်ရပ်များကို အများပြည်သူမှ လက်မခံကြောင်း ပြသသည့် ပြယုဂ်ဖြစ်သည်ဟု ဒါရိုက်တာဝိုင်း က ပြောကြောင်းသိရသည်။
နိုင်ငံ ဝန်ကြီးဌာနများမှ ဝန်ထမ်းအချို့၏ လုပ်ရပ်များကို အများပြည်သူမှ လက်မခံကြောင်း ပြသသည့် ပြယုဂ်ဖြစ်သည်ဟု ဒါရိုက်တာဝိုင်း က ပြောကြောင်းသိရသည်။
တိုက်ပွဲများကြောင့် မိုးကောင်း-ဖားကန့်လမ်း ပိတ်ထားရ
ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် မိုးကောင်း-ဖားကန့် လမ်းအား ဗုဒ္ဓဟူးနေ့မှစ၍ ပိတ်လိုက်ကြောင်း ကချင်လွတ်မြောက်ရေးတပ် KIA မှ အရာရှိတဦးက ပြောသည်။
ဖားကန့်မြို့နယ်အတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းနှင့် စစ်ကိုင်း၊ ပြည် (အင်းမ)၊ မကွေးမြို့များတွင် အခြေစိုက်သည့် တပ်မ ၃၃၊ ၆၆၊ ၈၈ တို့မှ အင်အား ၃ဝဝ ခန့်နှင့် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မိုးကောင်း-ဖားကန့် ကားလမ်းမကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
ဖားကန့်မြို့နယ်အတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းနှင့် စစ်ကိုင်း၊ ပြည် (အင်းမ)၊ မကွေးမြို့များတွင် အခြေစိုက်သည့် တပ်မ ၃၃၊ ၆၆၊ ၈၈ တို့မှ အင်အား ၃ဝဝ ခန့်နှင့် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မိုးကောင်း-ဖားကန့် ကားလမ်းမကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
ဥရောပ သမဂ္ဂရုံးခွဲ မြန်မာပြည်တွင် ဖွင့်မည်
ဥရောပ သမဂ္ဂ (EU) ရုံးခွဲကို ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အကူအညီပေးရေး အစီအစဉ်များနှင့် နိုင်ငံရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်သွားမည်ဟု သိရသည်။ EU ထိပ်တန်းသံတမန် ကက်သရင်း အက်ရှ်တန်၏ ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်တွင် ရုံးခွဲဖွင့်လှစ်ရန် မြန်မာအာဏာပိုင်များနှင့် သဘောတူညီမှု ရပြီးဖြစ်သည်ဟု အတည်ပြုပြောဆိုကြောင်း AFP သတင်းတွင် ဖော်ပြထားကြောင်းသိရသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေး အမေရိကန် အရာရှိ မြန်မာပြည် လာမည်
လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် အဆင့်မြင့် သံတမန်တဦး မြန်မာနိုင်ငံသို့ လာမည့် သီတင်းပတ်အတွင်း သွားရောက်မည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ လူကုန်ကူးမှု စောင့်ကြည့်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် သံတမန်တဦး ဖြစ်သော Luis CdeBaca သည် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဆိုင်ရာနှင့် ပတ်သက်၍ လက်တွေ့ကျကျ သိနိုင်ရန်နှင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုရရှိလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်နေ့အထိ လာရောက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းသိရသည်။
လွတ်ငြိမ်းချမ်းသာခွင့်အရ ၆၆၅၆ ဦး လွတ်မြောက်
လွတ်ငြိမ်းချမ်းသာခွင့်အရ ဇန်နဝါရီလ ၃ ရက်နေ့တွင် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူ အကျဉ်းသား၊ အကျဉ်းသူ ၆၆၅၆ ဦး ရှိကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။ လျှော့ရက် ခံစားခွင့်ရှိသည့် အကျဉ်းသား ၃၅၁၁၁ ဦးရှိကြောင်းလည်း သိရသည်။ ယခု လွှတ်ပေးသည့် အသုတ်တွင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်သာ ပါသည့်အတွက် သမ္မတဦးသိန်းစိန် အစိုးရကို ဝေဖန်မှုများ ရှိနေကြောင်းသိရသည်။
လက်ကျန် နိုင်ငံရေးအကျဉ်းသား အရေး ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြော
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းကျခံနေရဆဲဖြစ်သော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် ကျန်ရှိနေခြင်းသည် အစိုးရနှင့်၎င်းတို့ သတ်မှတ်သဘောတူထားသည့် အချိန် မရောက်သေး၍ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
NLD တရားဝင် နိုင်ငံရေးပါတီ ဖြစ်ပြီ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီိ အဖွဲ့ချုပ် (NLD) ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်နိုင်ငံရေး ပါတီ အဖြစ် ယနေ့မှတ်ပုံတင် ချပေးလိုက်သည်။ ကြောင်း ထို့ကြောင့် လာမည့် တနလာင်္နေ့မှ စတင်ကာ ပါတီရုံးများဖွင့်လှစ်ခြင်း၊ ပါတီဝင်များ လက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြောင်းသိရသည်။
ပြုပြင်ရေးအတွက် စစ်တပ်ထောက်ခံမှုအရေးကြီး
တိုင်းပြည်မှာတွေ့နေရတဲ့အပြောင်းအလဲကို စစ်တပ်က ဘယ်လောက်ထောက်ခံမှုရှိသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က စိတ်ပူကြောင်းပြောကြောင်းသိရသည်။
မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂရုံးဖွင့်မည်
မြန်မာကိုပေးနေတဲ့အကူအညီနဲ့ နိုင်ငံရေးအရဆွေးနွေးတာတွေ တိုးမြှင့်ရေး တွန်းအားပေးဖို့ ကိုယ်စားလှယ်ရုံးခွဲတခု ဖွင့်လှစ်ဖို့ EU က ပြောကြောင်းသိရသည်။ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေး တွန်းအားပေး
နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်ဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး တွန်းအားပေးဖို့ ရည်ရွယ် ကြောင်းသိရသည်။NLD ပါတီမှတ်ပုံတင် ခွင့်ပြုချက်ရရှိ
ပါတီမှတ်ပုံတင်ကျလာခဲ့ပြီဖြစ်လို့ NLD မှာ အဖွဲ့ဝင်စိစစ်တာ၊ လျှောက်လွှာလက်ခံတာတွေကို အမြန်ဆုံးဆောင်ရွက်တော့မယ်လို့ ဦးဉာဏ်ဝင်းက ပြောကြောင်းသိရသည်။ဦးခွန်ထွန်းဦး ကျန်းမာရေးချို့တဲ့
ဦးခွန်ထွန်းဦး ဆေးသွင်းနေရတဲ့အတွက် ထောင်ဝင်စာသွားတွေ့တဲ့ မိသားစုတွေဟာ ညနေ ၃ နာရီလောက်မှ တွေ့ခွင့်ရခဲ့တယ်လို့ SNLD က ပြောကြောင်းသိရသည်။SSA တောင်ပိုင်း နေပြည်တော်သွားမည်
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ထပ်မံ ဆွေးနွေးရန် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) နှင့် အစိုးရ ကိုယ်စားလှယ် များ ယခုလ တတိယ အပတ်၌ နေပြည်တော်တွင်တွေ့ဆုံကြမည် ဖြစ်သည်။ တွေ့ဆုံပွဲတွင် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်မည် ဖြစ်ပြီး SSA-S ဘက်က ကိုယ်စား လှယ် ၁၀ ဦးခန့် ပါဝင်မည် ဖြစ် ကြောင်းသိရသည်။
မီးဘေးဒုက္ခသည်များ နေရာရွှေ့ရမည်
မကြာမီ ပြန်လည် ဖွင့်လှစ်တော့မည့် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် စာသင်ကျောင်း တချို့တွင် ခိုလှုံနေသော မီးဘေးဒုက္ခသည်များ နေအိမ်သို့ ပြန်ကြရန် ဒေသခံ အာဏာပိုင်တို့က အင်္ဂါနေ့ မှစ၍ ဖိအားပေးနေကြောင်း “နေအိမ်တွေ (ပြင်ဆင်ရှင်းလင်းတာ) မပြီးစီးသေးဘဲ ပြန်ခိုင်းနေတော့ စိတ်ညစ်နေကြရတယ်၊ မီးလောင်တဲ့နေရာက မီးငြိမ်းသွားပေမယ့် တချို့နေရာတွေက အခုထိ မီးခိုတွေ ထွက်နေတုန်း၊ စနစ်တကျ ရှင်းလင်းမှု မရှိသေးပါဘူး” ဟု ဒုက္ခသည်တဦးကပြောကြောင်းသိရသည်။
နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီး တိုက်တွန်း
နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ မြန်မာနိုင်ငံ သမိုင်းဝင် ခရီးစဉ်အစမှာပဲ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး William Hague က မြန်မာ ခေါင်းဆောင်တွေကို တိုက်တွန်းလိုက် ကြောင်းသိရသည်။
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဦးစားပေး လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးကို မိမိ အလေးပေး ဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ကြောင်းသိရသည်။အမေရိကန် လုပ်ငန်းရှင်ကြီး မြန်မာ့လူမှုရေး လုပ်ငန်းများ တရားဝင် ဆောင်ရွက်မည်
မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းဝင် အမေရိကန် လုပ်ငန်းရှင်ကြီး မစ္စတာ ဂျော့ ဆိုးရော့စ်က မြန်မာနိုင်ငံမှာ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေ တရားဝင် အခြေစိုက် ထူထောင်ဆောင်ရွက်ဖို့ သဘောတူလိုက်ပြီ ဖြစ်ကြောင်း ပြောဆိုကြောင်းသိရသည်။ရွေးကောက်ပွဲကော်မရှင် NLD ကို မှတ်ပုံတင် ချပေး
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို တရားဝင်ပါတီ အဖြစ် အသိအမှတ်ပြုတဲ့ အနေနဲ့ ဒီကနေ့ မှတ်ပုံတင် ချပေးလိုက်ကြောင်းသိရသည်။ကြားဖြတ်ရွေးကောက်ပွဲများကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီးဖြစ်ရာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် လျှောက်ထားပြီး ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းများ ရွေးချယ်နိုင်ရေး စတင်ပြင်ဆင်နေကြောင်းသိရသည်။
မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အမေရိကန်အစိုးရ စိတ်ပျက်
အကျဉ်းသားတွေကို ထောင်ဒဏ်လျှော့ပေးတဲ့ မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် စိတ်ပျက်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အင်္ဂါနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က ပြောကြားလိုက်ကြောင်းသိရသည်။နိုင်ငံရေး အကျဉ်းသားကိစ္စ မြန်မာအစိုးရ အလေးအနက်မထားဟု ဝေဖန်
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်မှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခြင်းမရှိတာဟာ နိုင်ငံရေး အကျဉ်းသားကိစ္စကို မြန်မာအစိုးရက အလေးအနက် မထားဘူးဆိုတာ ပြသရာရောက်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ်က ပြောကြားလိုက်ကြောင်းသိရသည်။
လွတ်ငြိမ်းချမ်းသာခွင့် အမိန့် အဖွဲ့အစည်း အသီးသီး ရှုတ်ချ
ဦးသိန်းစိန် အစိုးရ ဇန်န၀ါရီ ၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို အတိုက်အခံ အဖွဲ့အစည်း အသီးသီးက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်းသိရသည်။ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး ကြံ့ဖွံ့ပြင်ဆင်
ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အောင်နိုင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးအခြေအနေကို တန်ပြန်ရန်အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဦးဆောင်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ်များ ပါဝင်သော အစည်းအဝေးတရပ်ကို ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်ကြောင်း သတင်းရသည်။
လွတ်လပ်စွာဖန်တီးသူတို့ ဆုတွေရခဲ့ကြပြီ
လွတ်လပ်ရေးနေ့ ညနေခင်းမှာ ကျင်းပခဲ့တဲ့ 'လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲ တော်'မှာ အပယ်ခံရမယ်လို့ နာမည်ကြီးနေခဲ့တဲ့ ဇာတ်ကား နှစ်ကားဖြစ်တဲ့ ဒါရိုက်တာဝိုင်းရဲ့ 'အဲဒီအခန်းဖြတ်' ဇာတ်ကားနဲ့ ဒါရိုက်တာ မင်းသိုက်ရဲ့ 'ကြိုး'တို့ ဆုတွေအသီးသီး ရရှိခဲ့ကြောင်းသိရသည်။သူရဲကောင်းဘွဲ့နှင့်ထိုက်တန်သူများ
၂၀၁၁ ကုန်ခါနီး ရက်ပိုင်းအလိုတွင် ရန်ကုန်မြို့နှင့် မြန်မာ တစ်နိုင်ငံ လုံးကို လှုပ်ခတ်သွားစေခဲ့သော မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဖြစ်ပွား ခဲ့သည့် မီးလောင်ပေါက်ကွဲမှုဖြစ်ရပ်တွင် မီးသတ်တပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့ပြီး ၎င်းတို့၏ရက်လည်ဆွမ်းသွတ်အခမ်းအနားကို လွတ်လပ် ရေးနေ့ (၄-၁-၂၀၁၂) နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။ယခုလ ၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည့် ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသားများ အား ပြစ်ဒဏ် များလျှော့ပေါ့ပေးခဲ့သည့် အမိန့်အရ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် များမှ အကျဉ်းသားမည်မျှလွတ်မြောက်လာမည်ကို သေချာစွာ မသိရှိရသေးသော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ အနည်း ငယ်သာပါဝင်သည်ဟု သိရသည်။
လှိုင်သာယာတွင် လူ ၅၀ ခန့် အစားမှား အော့အန်ဝမ်းလျှော
လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှု မြို့၊ အမှတ် (၂၃) ရပ်ကွက်၌ ဒီဇင်ဘာ လ ၃၁ ရက်တွင် လူ ၄၆ ဦး အော့အန် ၀မ်းလျှော သဖြင့် လှိုင်သာယာမြို့နယ် ဆေးရုံသို့ တစ်ပြိုင်နက် တက်ရောက် ကုသခဲ့ကြောင်းသိရသည်။
အမေရိကန်လူမျိုး သန်းကြွယ်သူဌေးကြီး ဂျော့ဂ်ျဆိုရော့စ်သည် လွန်ခဲ့သည့် ရက်သတ္တပတ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် တနင်္သာရီတိုင်းဒေသကြီးတွင် ဇန်န၀ါရီ လအတွက် မိုးရေချိန်စံချိန်သစ် တိုင်းထွာ ရရှိခဲ့ ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြောင်းသိရသည်။
အင်ဒိုနီးရှားနှင့် မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏအား လက်ရှိပမာဏဖြစ်သည့် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၃၀၀ မှ လာမည့် ၂၀၁၅ ခုနှစ်အတွင်း ဒေါ်လာ သန်း ၅၀၀ အထိ တိုးမြှင့်ရန် သဘောတူဆွေးနွေးထားကြောင်း အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါ က ဒီဇင်ဘာလ ၂၈ ရက် ဆီဒိုးနား ဟိုတယ်၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားကြောင်းသိရသည်။
သာကေတမိကျောင်းမွေးမြူရေးစခန်း သို့ ဇန်န၀ါရီလ ၁ ရက်နေ့မှ စ၍အခမဲ့ဝင် ရောက်လေ့လာနိုင်ပြီဖြစ်ကြောင်းနှင့် ကန်တော်ကြီး ရေချိုငါးဥယျာဉ်ဝင်ကြေးကိုလည်း ပြင်ဆင်သတ်မှတ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြောင်းသိရသည်။
မြန်မာနိုင်ငံဆရာဝန်အသင်း လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) တို့ ပူးပေါင်း၍ လူငယ်များ သိသင့်သိထိုက်သော ကျန်းမာရေးအသိပညာများပါဝင်သည့် ပညာပေး ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးဖြန့်ချိသွားမည်ဟု UNFPA ၏ လက်ထောက် ဌာနေကိုယ်စားလှယ် ဒေါက်တာနေ၀င်းက ပြောကြောင်းသိရသည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာနမှ စာပို့ခနှုန်းများကို ပြောင်းလဲသတ်မှတ်သောကြောင့် နယ်မှ စာအုပ်စာစောင် များကို မှာယူသူများထံ စာတိုက်မှ သီးခြားပို့ဆောင်ပေးရာတွင် အခက်အခဲရှိလာကြောင်း ပြည်တွင်း ပုဂ္ဂလိကစာပေတိုက်များမှ သိရသည်။
ဇန်နဝါရီ ၁ ရက်မှစ၍ ရန်ကုန်မြို့တွင် လူကူး မျဉ်းကျား မှ လမ်း မကူး သူကို ဒဏ်ငွေ ကျပ် ၂၀၀၀ နှင့် မျဉ်းကျားတွင် လမ်းကူးသူအား ရပ်တန့် မပေးသည့် ကားကို ကျပ် ၂၁၅၀၀ ဒဏ်ရိုက်မည်
“စည်းကမ်းမဲ့ လမ်းကူးတာ၊ စည်း ကမ်းမဲ့ ကားတွေမောင်းနေ တာကို အ ရေးယူ သွားမယ်ဆိုတာ ဘာပဲ ပြောပြော ကောင်းပါတယ်။ အခုလိုင်းကား တွေ အပြိုင်မောင်းတာ၊ တက္ကစီတွေ စည်း ကမ်းမဲ့ရပ်ပြီး လူတင်တာ တွေကို နေ့ တိုင်း မြင်နေရတယ်။ ဒါပေမဲ့ တစ်ခု တော့ ရှိတယ်။ နေရာ အချို့မှာ မျဉ်း ကျား တွေမရှိတာ၊ မထင်မရှား ဖြစ်နေ တာတွေကို တော့ အမြန်ဆုံး ပြုပြင်ပေးဖို့ လိုတယ်။ ဒီလိုမျိုး မဟုတ်ရင် ဘယ် လောက်ပဲ အရေးယူယူ ထိရောက်မှာ မဟုတ်ဘူး လို့ထင်တယ်” ဟု အသက် ၃၀ အရွယ် ကုမ္ပဏီ ၀န်ထမ်း တစ်ဦးက ပြောကြားကြောင်းသိရသည်။ဥပဒေနှင့် မညီညွတ်သော အဂ တိလိုက်စားသည့် စီရင်ချက်များချ မှတ်သည့် တရားသူကြီးများကို အ ရေးယူနိုင်မည့် ဥပဒေ ကို ပြည်သူ့ လွှတ်တော် သို့တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်
ဥပဒေနှင့် မညီညွတ်သော အဂ တိလိုက်စားသည့် စီရင်ချက်များချ မှတ်သည့် တရားသူကြီးများကို အ ရေးယူနိုင်မည့် ဥပဒေ ကို ပြည်သူ့ လွှတ်တော် သို့တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ် လျက်ရှိကြောင်း တရား စီရင် ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ရှိ ပြည်သူ့ လွှတ်တော် ရေးရာ ကော်မတီဆောင် (I-12) တွင် ကျင်းပသည့် ပြည်သူ့လွှတ် တော် တရားစီရင်ရေး နှင့် ဥပဒေရေး ရာ ကော်မတီနှင့် ပြည်တွင်း သတင်း ဂျာနယ် မီဒီယာ များတွေ့ဆုံပွဲ အစီ အစဉ် တွင် ပြောကြားကြောင်းသိရသည်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment