အကျဉ်းသားများအား ‘လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း’ ထပ်မံကြေညာ
၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အကျဉ်းသားများအား ‘လွတ်ငြိမ်းချမ်းသာခွင့်’ ပြုကြောင်း သမ္မတ ဦးသိန်းစိန်က အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် တနင်္လာနေ့ ညနေက ထုတ်ပြန်လိုက်သည်။အဆိုပါအမိန့်ကို ၂.၁.၂၀၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနဖြစ်သော MRTV-4 မှ ထုတ်လွှင့်သွားခြင်းဖြစ်သည်။
ဤလွတ်ငြိမ်းချမ်းသာခွင့်တွင် သေဒဏ်ကျခံနေရသော အကျဉ်းသားများအား တသက်တကျွန်းအဖြစ် လည်းကောင်း၊ အနှစ် ၃၀ နှင့်အထက် အကျဉ်းကျခံနေရသူများကို နှစ် ၃၀ သို့ လည်းကောင်း၊ နှစ် ၂၀ နှင့်အထက် နှစ် ၃၀ အထိ အကျဉ်းကျခံနေရသူများကို နှစ် ၂၀ သို့ လည်းကောင်း၊ နှစ် ၂၀ အောက် အကျဉ်းကျခံနေသူများ ကို ပြစ်ဒဏ်၏ လေးပုံတပုံသို့ လည်းကောင်း ပြစ်ဒဏ်လျှော့ချလိုက်ကြောင်း ပါရှိကြောင်းသိရသည်။
လွတ်လပ်ရေးအကြို အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ဒီကနေ့ မြန်မာအစိုးရက ထုတ်ပြန် ကြေညာလိုက်ကြောင်းသိရသည်။
သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဟာ အကန့်အသတ်နဲ့ဖြစ်လို့ ဒီတကြိမ်လည်း နိုင်ငံရေးအကျဉ်းသား အတော်များများ လွတ်ဖွယ်မရှိကြောင်းသိရသည်။
အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် အင်ဖားမြို့တော်နဲ့ မန္တလေးမြို့အကြား ခရီးသည်တင် ဘတ်စ်ကား ပြေးဆွဲမယ့် အစီအစဉ်ကို ရှေ့လ ဖေဖော်ဝါရီလ အတွင်းမှာ စတင်နိုင်ဖွယ် ရှိတယ်လို့ အိန္ဒိယ အစိုးရက ပြောကြောင်းသိရသည်။
ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်နယ်တိုင်း အသီးသီးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ပါတီ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဆီ ဒီလ ၁၁ ရက် နောက်ဆုံးထားပြီး ပေးပို့ဖို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်းသိရသည်။
၂ဝ၁၂ ခုနှစ်အတွက် အာအက်ဖ်အေရဲ့ အစီအစဉ်သစ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ ဘဝ အတွေ့အကြုံတွေနဲ့ ဒီမိုကရေစီရေး သဘောထားတွေ အတွေးအခေါ်တွေ အကြောင်းကို ထုတ်ဖော် ပြောကြားသွားကြောင်းသိရသည်။
ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ NLD ပါတီရဲ့ တံဆိပ်ဟာ သူတို့ပါတီတံဆိပ်နဲ့ ဆင်တူနေတယ်လို့ဆိုပြီး နိုင်ငံရေးပါတီတစ်ခုက ကန့်ကွက်ကြောင်းသိရသည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရောင်းချနေတဲ့ ဓာတ်ဆီဈေးနှုန်းကို နှစ်ဆန်း ၁ ရက်နေ့ မှာပဲ ၃၀% ကျော် တိုးမြှင့်လိုက်ကြောင်းသိရသည်။
ရခိုင်ပြည်နယ်က သယံဇာတတွေကို ဒေသခံပြည်သူတွေ ခွဲဝေခံစားခွင့်ရဖို့ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးပမ်းနေကြ ကြောင်းသိရသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည့် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသည် ဒီဇင်ဘာလ ၂၉ ရက်နေ့က အဆိုပါ ကော်မတီရုံးခန်းတွင် မီဒီယာများနှင့် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြောင်းသိရသည်။
အမျိုးသားလွှတ်တော်၏ ကော်မတီနှစ်ရပ်မှ မီဒီယာဥပဒေနှင့် ပတ်သက်သော အကြုံဥာဏ်တောင်းခံပွဲပြုလုပ်
အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာ အသနားခံစာဆိုင်ရာ ကော်မတီနှင့် လွှတ်တော် အခွင့်အရေးကော်မတီတို့က မီဒီယာဥပဒေနှင့် ပတ်သက်သော အကြံဥာဏ်တောင်းခံပွဲကို ဇန်န၀ါရီလ ၂ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ကြောင်းသိရသည်။
|
ဒီကြေညာချက်ကြောင့် နှစ်ပေါင်း ၅၀လုံးလုံး ဗြောင်လိမ်ခဲ့တဲ့ အစိုးရရဲ့ လုပ်ရပ်တွေဟာ တကျော့ပြန်လာပြီလားလို့ စိတ်ထဲမှာ တွေးမိပါတယ်။ အခုချိန်မှာ ဟိုဝန်ကြီးက ပြောလိုက်၊ ဒီဝန်ကြီးက ပြောလိုက်၊ လူ့အခွင့်အရေး ကော်မရှင်က ပြောလိုက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတော့မလိုလိုနဲ့ ပြောခဲ့ကြပြီးမှ မလွှတ်ချင်တဲ့အတွက် တိုင်းပြည်ကို ဗြောင်လိမ်သလိုဖြစ်နေပြီး ဘာကိုမှ မယုံကြည်ရတော့သလို ဖြစ်သွားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် အခုကြေညာချက်ဟာ အစိုးရကို သိက္ခာကျစေခဲ့သလို ယုံကြည်မှုလည်း ကင်းမဲ့စေပါတယ်။ ဒီကြေညာချက်ကြောင့် အစိုးရအဖွဲ့သစ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် ယုံချင်သလိုဖြစ်နေတဲ့ စိတ်တွေတောင် ပျောက်ဆုံးသွားပါတယ်။ ဒါကိုမှ မယုံရရင် ဒေါ်စုကို ဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပါဝင်ခွင့်ပေးတာတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်တာတွေကို ဘယ်လိုလုပ်ပြီး ယုံကြည်ရတော့မလဲ။ အစိုးရအတွက်တော့ အင်မတန်အရှက်ကွဲပြီး သိက္ခာကျစေတဲ့ ကြေညာချက်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ဒါဟာ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ပါဘူး။ လုပ်ရိုးလုပ်စဉ် လျော့ရက်ပေးတာမျိုးပါ။ ဒီလိုမျိုးဆိုတာ ထောင်ထဲမှာ ရှိပြီးသားပါ။ နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်သားတွေနဲ့ တန်းတူသဘောထားပြီး လုပ်နေတာတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို သိက္ခာချနေတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးပဲနဲ့တော့ ဒီမိုကရေစီဖြစ်ထွန်းရေးကို မလုပ်နိုင်ပါဘူး။
လူထုဦးစိန်ဝင်း (ဝါရင့်သတင်းစာဆရာ)
အခုလို နားလှည့်ပါးရိုက်တဲ့ ပုံစံမျိုးတွေ လုပ်တဲ့ဟာက ရှင်းရှင်းပြောရရင် ဘာနဲ့တူသလဲဆိုတော့ သူတို့ကိုယ်သူတို့ အရှက်ကွဲနေသလိုဖြစ်နေတယ်။ ကမ္ဘာ့အလယ်မှာရော ပြည်သူလူထုအလယ်မှာရော သူတို့သိက္ခာမရှိသလိုဖြစ်နေတယ်။ ဒီလူတွေဟာ ဘယ်လောက်အထိ အငြိုးအာဃာတ ကြီးနေသလဲ၊ အရပ်စကားနဲ့ပြောရရင် ကလိမ်ကကျစ်တွေ များနေသလဲဆိုတာ လူတွေက အဲလိုပဲဖြစ်ကုန်တာပေါ့။ ဒါဟာ သိပ်မကောင်းဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီပြဿနာဟာ တိုင်းပြည်မှာ အရေးကြီးဆုံး ပြဿနာလိုလဲ ဖြစ်တယ်။ လူတိုင်းရဲ့ခေါင်းထဲမှာ ရင်ထဲမှာ ရောက်နေတဲ့ ပြဿနာလည်းဖြစ်တယ်။ ဒီပြဿနာမျိုးကို ကျွန်တော်ထင်တယ် တစ်ခါထဲကို ခဝါဖွတ်သလို လျှော်ချလိုက်ပြီးတော့ ရှင်းလိုက်ရင်တော့ သူတို့အဖို့လည်း အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော်တို့ထင်တယ်။ လူတွေက အခု ဦးသိန်းစိန်တို့ ဘာတို့ကို လူတွေက လေးစားနေတဲ့ အထင်ကြီးနေတဲ့ ဝမ်းသာအားရ ဖြစ်နေတဲ့ဟာတွေ အကုန်လုံးအဲဒါတွေ ဆုံးရှုံးသွားအောင် လုပ်နေတာပဲဗျ။ အဲဒီတော့ ကျွန်တော့်အထင်ကတော့ ဒီပြဿနာကို အခုလို နှစ်ပေါင်း၆၀ကနေ၃၀ရောက်၊ ၆၀နဲ့ ၆၀ခံနေရတာကနေ ၃၀ပဲခံရခံရ ခွန်ထွန်းဦးလိုလူမျိုး နှစ်ပေါင်း ၉၀ ကနေပြီးတော့ ၃၀ပဲခံရခံရ တူတူပဲဗျ၊ နှစ်ပေါင်း ၃၀ ဆိုတာကလည်း နည်းနည်းနောနောနှစ်မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်က ဒီဟာတွေလုပ်မနေဘဲနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို လွှတ်ဖို့ကိစ္စကို စဉ်းစားဖို့လိုတယ်။ နောက်တစ်ခါ အခြေအနေကြုံခဲ့သော်၊ ကြုံမှကြုံဦးမလားတောင် မသိပါဘူး။ ပေါ်ခဲ့သော် တစ်ခါတည်း လွှတ်ပေးဖို့ တစ်ခါတည်း ဒီပြဿနာတွေကို ရှင်းဖို့ စဉ်းစားဖို့ကောင်းတယ်လို့ ကျွန်တော်ကထင်ပါတယ်။
ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်, NLD)
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာNLD ပါတီရွေးကောက်ပွဲဝင်ရုံလောက်နဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်တယ် ဆိုတာကလည်း လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်ရုံနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တည်ဆောက်တာမဟုတ်ဘူး။ တကယ်အနှစ်သာရရှိတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အစိုးရအနေနဲ့ စစ်စစ်မှန်မှန် လုပ်ဆောင်ဖို့ လိုနေပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ သူတွေကိုသီးသန့်လွှတ်ပေးမှ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ် ရောက်မယ်လို့ ပြည်သူတွေက ယူဆနေကြတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေကို ထိန်းသိမ်းတာတွေ ရပ်စဲခြင်းမရှိရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်လို့ လုံးဝယူဆလို့မရနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်သွားနိုင်တယ်။
ဒေါက်တာ သန်းထွဋ်အောင် (CEO, Eleven Media Group)
ဒီကြေညာချက် ထွက်လာပြီးနောက်မှာ ကျွန်တော်နားလည်မိတာကတော့ အနှစ် ၂၀အောက် ထောင်ဒဏ်ကျခံနေရတဲ့သူတွေကို ပြစ်ဒဏ် လေးပုံတစ်ပုံ လျော့မယ်ဆိုတာ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်တို့ အပါအဝင် ထောင်ဒဏ် ၆၅နှစ် အထက်ကျခံနေရသူတွေဟာ အမှုတစ်ခုချင်းစီအလိုက် ထောင်ဒဏ် ၁၅နှစ်နဲ့ လေးမှုအထက် ကျသူတွေ ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် သူတို့တွေဟာ အနှစ် ၂၀အောက် လေးပုံတစ်ပုံထဲပါနေတယ်လို့ နားလည်ပါတယ်။ အခု လျော့ချလိုက်တဲ့အတွက် ထောင်ထဲမှာ ၄၈နှစ်နဲ့ ၄ လကျော်ကျော်လောက် ဆက်ရှိနေရမဲ့ သဘောဖြစ်နေပါတယ်။ ဒါကြောင့် သူတို့တွေ လွတ်လာဖို့ မလွယ်ပါဘူး။ ဒီလို လေးပုံတစ်ပုံ လျော့ချပုံအရကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးလွတ်လာဖို့ မမျှော်လင့်ရပါဘူး တစ်ချို့လွတ်ရက်နီးလို့ ရက်စေ့တဲ့သူတွေတော့ ပါကောင်းပါလာနိုင်ပေမဲ့ ခေါင်းဆောင်တွေကတော့ ကျန်နေခဲ့ရမဲ့ သဘောရှိပါတယ်။ အစိုးရအနေနဲ့ကတော့ ဒီမိုကရေစီစနစ်ကို သွားနေတယ်၊ ပြုပြင်ပြောင်းလဲမှုအတွက် ကောင်းတာတွေလည်း လုပ်သင့်သလောက် လုပ်နေတဲ့အချိန်မှာ ဒီလူတွေကို လွှတ်ပေးတာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်နေပါတယ်။ နောက်တစ်ချက်ကတော့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ဝိသေသတွေ၊ ဒီမိုကရေစီ ဖြစ်ထွန်းမှုတွေမှာ ဒီလူတွေ ပါဝင်ခွင့်မရသေးတာကြောင့် အနှောက်အယှက် ဖြစ်နေဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။
ကိုမြတ်သူ (ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသား အဖွဲ့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်)
အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ခိုးဆိုးဓားပြမှုတွေနဲ့ ရာဇ၀တ်မှု ကျူးလွန်နေသူတွေကို နိုင်ငံတော်အတွက် စွန့်လွတ်အနစ်နာခံထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေနဲ့ တစ်တန်းတည်းထားပြီး သတ်မှတ်မယ်ဆိုရင် လုံးဝမတရားပါဘူး။ ဒီလိုရာဇ၀တ်မှု ကျူးလွန်သူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူတွေနဲ့ တစ်တန်းတည်း ထားလိုက်တာဟာ နိုင်ငံတော်သစ်အတွက် အန္တရာယ်အရမ်းကြီးပါတယ်။ ဖြစ်စေချင်တာက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို တရားရှင် လွှတ်ပေးသင့်တာပါပဲ။ ဒီလိုမှ မဟုတ်ရင် ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ ထင်သာမြင်သာမရှိဘဲ ပွင့်ပွင့်လင်းလင်းလည်း မရှိဘူး။ ဒီမိုကရေစီနိုင်ငံသစ်ကို သွားနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဘယ်လိုဆက်ပြီး ယုံကြည်ရမှာလဲ။
ဒါရိုက်တာ ၀ိုင်း
ဒီလိုလျော့ချမှုတွေကို ဘယ်သူတွေကမှ ထောက်ခံမှာ မဟုတ်သလို ဘယ်သူတွေကမှ သဘောကျမှာလည်း မဟုတ်ဘူးလို့ ထင်ပါတယ်။ ဖြစ်သင့်တာကတော့ case တစ်ခုချင်းစီကို case by case ပြန်ပြီး စဉ်းစားသင့်တယ်၊ သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ ဒီအမှုတွေကို စီရင်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြီး စိစစ်သင့်တယ်။ အမှုတွေဟာ တရားဝင်၊ မဝင်၊ တကယ်ရှိ၊ မရှိ ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့၊ အစိုးရကို မကောင်းပြောခဲ့တာလေး တစ်ခုနဲ့ ဒီလူတွေကို ၆၅နှစ်လောက် ထောင်ထဲမှာ မထားသင့်တော့ပါဘူး။ မုဒိမ်းမှုကျူးလွန်တဲ့သူတွေတောင် ဆယ်နှစ်လောက်ပဲ ထောင်ကျတာ။ ဟိုအရင်ခေတ်က အစိုးရကို မကောင်းပြောခဲ့တာပဲ။ ဒီဘက်ခေတ် အစိုးရလက်ထက်မှာ ဒီလူတွေကို လွှတ်ပေးလိုက်ပြီး ဒီမိုကရေစီ အခင်းအကျင်းမှာ ပါခိုင်းလိုက်ပေါ့။ ဒီဘက်ခေတ်မှာ ဒီလူတွေက ဥပဒေနဲ့ မညီတာတွေလုပ်ရင် ဒီဘက်ခေတ်ဥပဒေနဲ့ ပြန်ပြီး အရေးယူပေါ့။ နိုင်ငံရဲ့ အပြောင်းအလဲမှာ ဒီလူတွေကို ပါဝင်ခွင့်မပေးတာဟာ ဒီမိုကရေစီစနစ်နဲ့ ဆီလျော်မှုမရှိပါဘူး။ လွှတ်ပေးစေချင်ပါတယ်။ ဒီလိုတွေကို လွှတ်ပေးခြင်းအားဖြင့် ဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပိုကောင်းတာတွေ ဖြစ်လာလိမ့်မယ်လို့လည်း ယူဆပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေအတွက် သူတို့ရဲ့ မိသားစုဝင်တွေရော အများပြည်သူတစ်ရပ်လုံးကပါ လွတ်စေချင်နေကြပါပြီ။ သူတို့တွေက ရာဇ၀တ်မှု ကျူးလွန်ထားတာ မဟုတ်ဘဲ နိုင်ငံအတွက် အနစ်နာခံပြီး ရောက်နေကြရတာလေ။ အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ရာဇ၀တ်မှု ကျူးလွန်ထားသူတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို ရောနှောပြီး သုံးနှုန်းပြောဆိုတာ ခွဲခွဲခြားခြား မသိရတာတွေကို တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကို ကြည့်ချင်အားဖြင့် ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့ အစိုးရသစ်တစ်ရပ်ဆိုတာကို ယုံကြည်နိုင်ဖို့ အရမ်းကို ခက်ခဲနေပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး
ဒီကြေညာချက် ထွက်လာတဲ့အခါမှာ Something is better than nothing လို့ ထင်ပေမဲ့ ပြည်သူတွေကရော၊ နိုင်ငံခြားမှာရှိနေတဲ့သူတွေကရော လွတ်လွတ်ကျွတ်ကျွတ် လွတ်လာမှာကို မျှော်လင့်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ အခုလို ဈေးဆစ်ပြီး လုပ်နေတာတွေကို လျော့ပြီး ဒီလူတွေ (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ) ဒီမိုကရေစီဖြစ်ထွန်းမှုမှာ ပါလာပြီဆိုရင် ပိုပြီး အကျိုးရှိတာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ပြီး အခုချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်နေတယ်။ NLD နဲ့ ဒေါ်စုကို ရွေးကောက်ပွဲဝင်ဖို့ အခင်းအကျင်းတွေ လုပ်ပေးခဲ့တယ်။ ဒါတွေဟာ နိုင်ငံတကာ ပြည်သူတွေရော၊ ပြည်တွင်း ပြည်သူတွေအတွက်ပါ မျှော်လင့်ချက်တွေ ဖြစ်စေခဲ့တယ်။ သူတို့တွေ ဖြစ်ချင်နေတဲ့ မျှော်လင့်ချက်တွေကို ပြည့်စေချင်တယ်။ NLD မှတ်ပုံတင်ဖို့နဲ့ ဒေါ်စုကို ရွေးကောက်ပွဲဝင်စေဖို့ အကြာကြီးစောင့်ပေးခဲ့တာပဲဗျာ။ အဲသလောက်တောင် စောင့်ပေးခဲ့ပြီးခါမှာ ဒီလူတွေကိုလည်း နိုင်ငံရေးအခင်းအကျင်းထဲ ပြန်ပြီးတော့ ပါဝင်နိုင်အောင် လုပ်ပေးရင် ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။
ဦးကြည်မြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေတုန်းကလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပါတ်သတ်ပြီး အဆိုတင်သွင်းကြသလို တပ်မတော်သားကိုယ်စားလှယ်တွေရော အာဏာရ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေပါ ထောက်ခံဆွေးနွေးခဲ့ကြတယ်။ လွှတ်တော် ဥက္ကဋ္ဌတွေကလည်း ဒီကိစ္စကို ပြောခဲ့တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးဖို့ ယခင်ကထက် နီးကပ်လာပြီလို့ ဒီဇင်ဘာလဆန်းတုန်းက ပြောထားပါတယ်။ ဟီလာရီကလင်တန်လာတုန်းကလည်း ဒီကိစ္စကို အဓိက ကိစ္စတစ်ခုအဖြစ် ဆွေးနွေးခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် မဏ္ဍိုင်တစ်ခုနဲ့တစ်ခု အပြန်အလှန်လေးစားမှုရှိဖို့ လိုပါတယ်။ ဥပဒေပြုရေး မဏ္ဍိုင်ထဲမှာပါဝင်တဲ့ လွှတ်တော်တွေ၊ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ၊ ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အုပ်ချုပ်ရေးမဏ္ဍိုင်က အသိအမှတ်ပြု လေးစားသင့်ပါတယ်။ အခုထုတ်ပြန်ချက်က အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရအပေါ်မှာပဲ မူတည်နေပါတယ်။
NLD ပါတီမှ တာဝန်ရှိသူများအပါအဝင် အခြားပုဂ္ဂိုလ်များ၏ ထင်မြင်ယူဆချက်များအား ရရှိနိုင်ရန် ဆက်သွယ်လျက်ရှိပါသည်။ ထပ်မံရရှိပါက ဆက်လက်တင်ပြပေးသွားပါမည်။ ၂၀၁၂ ကုသိုလ်နိဒါန်း၁.၁.၂၀၁၂ ရက်နေ့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အများပြည်သူတို့အား (အခမဲ့) ကူညီဖေးမ ပံ့ပိုးခဲ့သည်မှာ (၁၁) နှစ် တင်း တင်းပြည့်မြောက်ခဲ့သည့် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပေသည်။နံနက် (၆း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သြ၀ါဒစရိယ ဆရာတော်များဖြစ်ကြသည့် ဘဒ္ဒန္တအရှင်ဣန္ဒက (တွံတေး) နှင့် ဘဒ္ဒန္တ အရှင်ဉာဏိဿရ (မဟာဂန္ဓာရုံ) ဆရာတော်ကြီး နှစ်ပါးထံမှ သြ၀ါဒတရားခံယူပြီး ကြွရောက်လာကြသော သံဃာတော် အရှင် သူမြတ် (၁၁) ပါးတို့အား အာရုံဆွမ်း၊ သင်္ကန်းပရိက္ခရာ၊ အလှူငွေများဆက်ကပ်လှူဒါန်းကာ ကြွရောက်လာကြသော ဧည့်သည်တော်များ နှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများနှင့် အလှူရှင်များ၊ ဆေးဝါးလာရောက်၍ ကုသကြသောလူနာများ၊ လူနာရှင်များ တို့အား နံနက်စာအဖြစ် မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ထောင်အသီးသီးရှိ နိုင်ငံရေး အကျဉ်းသားများ စာရင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ထုတ်ပြန်နိုင်ငံရေးအကျဉ်းသားဟောင်းများမှ ၃၁၊ ၁၂၊ ၂ဝ၁၁ နေ့ကအထိ စုဆောင်းရရှိထားတဲ့ အချက်အလက်များအရ နိုင်ငံရေးအကျဉ်းသားများစာရင်းကို ပြုစုထားပြီးဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ ဒေသအသီးသီးမှာရှိတဲ့ အကျဉ်းထောင် (၄၂) ထောင်အနက် ထောင်ပေါင်း (၃ဝ) က နိုင်ငံရေးအကျဉ်းသားများ (၆၀၂) ယောက် စာရင်းကိုပြုစုပြီးတာဖြစ်ကြောင်း၊ ကျန်တဲ့ အကျဉ်းထောင် (၁၂) ထောင်မှ နိုင်ငံရေးအကျဉ်းသားများစာရင်းကိုလည်း ဆက်လက်စုစည်းနေပြီး မကြာခင် ရက်ပိုင်းအတွင်းပြုစုပြီးစီးမှာဖြစ်ကြောင်း သိရပါတယ်။
ဖော်ပြပါစာရင်းပြုစုရာမှာ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားမိသားစုများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုထောက်ကူအဖွဲ့မှ စာရင်းများ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှစာရင်း များကိုတိုက်ဆိုင်စစ်ဆေးကာ အတည်ပြုထားသည့် စာရင်းများဖြစ်ကြောင်း သိရပါတယ်။
အခုစာရင်းပြုစုရာမှာ လိုအပ်ချက်များ၊ မပြည့်စုံမှုများ တွေ့ရှိပါကနိုင်ငံရေး အကျဉ်းသားဟောင်းများ(နိုင်/ကျဉ်း) မှ အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ် ဖြည့်ဆည်းပေးကြပါရန် မေတာရပ်ခံထားကြောင်း သတင်းရရှိပါတယ်။
၁။ ကိုဗမျိုးသိန်း – ၀၉ ၄၃၁ ၅၄၉၄၉
၂။ ကိုကျော်ထွေး – ၀၉ ၄၃၁ ၆၄၇၈၈
၃။ ကိုကြည်လွင် – ၀၉ ၄၉၂ ၁၃၃၉၀
၎။ မနှင်းနှင်းမွှေး – ၀၉ ၇၃၀ ၅၁၉၉၆
အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများ အရေအတွက်
၁။ ဗန်းမော် – ၉ ယောက်
၂။ တောင်ကြီး – ၃၆ ယောက်
၃။ ဘားအံ – ၁၁ ယောက်
၎။ မိတ္ထီလာ – ၇ ယောက်
၅။ ကသာ – ၇ ယောက်
(ကသာထောင်မှာရှိတဲ့ သင်းသင်းအေး (ခ) မီးမီးကို ဒီရက်ပိုင်းထဲမှာပဲ ရွှေဘိုထောင်ကို ပို့လိုက်ပါတယ်။)
၆။ ပူတာအို – ၁၂ ယောက်
၇။ မုံရွာ – ၃ ယောက်
၈။ ပခုက္ကူ – ၃ ယောက်
၉။ ကျိုင်းတုံ – ၄ ယောက်
၁ဝ။ သီပေါ – ၂ ယောက်
၁၁။ နမ္မတူ – ၁ ယောက်
၁၂။ ပြည် – ၇ ယောက်
၁၃။ ရမည်းသင်း – ၅ ယောက်
၁၄။ မအူပင် -၂ ယောက်
၁၅။ ဟင်္သာတ – ၃ ယောက်
၁၆။ သာယာဝတီ – ၃၆ ယောက်
၁၇။ သထုံ – ၂ ယောက်
၁၈။ ဘူးသီးတောင် – ၂၉ ယောက်
၁၉။ မိုင်းဆတ် – ၁ ယောက်
၂ဝ။ ရွှေဘို – ၁၉ ယောက်
၂၁။ လားရှိုး – ၁၁ ယောက်
၂၂။ မော်လမြိုင် – ၁၅ ယောက်
၂၃။ မန္တလေး – ၁ဝဝ ယောက်
၂၄။ သရက် – ၂၁ ယောက်
၂၅။ ပေါင်းတည် – ၁ ယောက်
၂၆။ ခန္တီး – ၁ဝ ယောက်
၂၇။ ကျောက်ဖြူ – ၉ ယောက်
၂၈။ တောင်ငူ – ၅၉ ယောက်
၂၉။ မြင်းခြံ – ၃၃ ယောက်
၃ဝ။ အင်းစိန် – ၁၄၄ ယောက်
စုစုပေါင်း – ၆ဝ၂ ယောက်
6P အစီအစဉ်သည် အမြဲတမ်းနေထိုင် အလုပ်လုပ်ကိုင်ခွင့်မဟုတ်
မလေးရှား လူ့စွမ်းအားအရင်းအမြစ်ဌာနမှ Dr S Subramaniam က တရားမ၀င်အလုပ်သမားများအားမှတ်ပုံတင်ခြင်းသည် နိုင်ငံအတွင်းအကန့်အသတ်မရှိ နေထိုင်စေရန် ခွင့်ပြုခြင်းမဟုတ်ဘဲ၊ အလုပ်ရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတွင် မှတ်ပုံတင်ထားသော အလုပ်သမားများကို ၂ နှစ်အတွင်းယင်းတို့နေရပ်နိုင်ငံသို့ပြန်ပို့ရန် စီစဉ်ရန်လိုကြောင်း ပြောပါသည်။
မကြာသေးခင်က Amnesty အစီအစဉ်တွင် မှတ်ပုံတင်ခဲ့ကြသော တရားမ၀င် နိုင်ငံခြားသားများ အတွက် မှတ်ပုံတင် ခြင်းသည် ယာယီသာဖြစ်ကြောင်း၊ မလေးရှားတွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်ခွင့် ပြုခြင်းမဟုတ်ကြောင်း၊ ခေတ္တယာယီ နေထိုင်ခွင့်သာဖြစ်ကြောင်း ယင်းကပြောသည်။ မလေးရှားအစိုးရ၏ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း နိုင်ငံခြားသားအလုပ်သမားများကို တတ်နိုင်သမျှလျှော့ချရန်နှင့်၊ ယခုလက်ရှိမှတ်ပုံတင်ထားသော တရားမ၀င်နိုင်ငံခြားသားများကို ၂ နှစ်အတွင်း နိုင်ငံပြန်ပို့ရန်ဖြစ်သည်ဟု ပြောပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းရှင်များ သိရှိပြီး၊ ပြင်ဆင်ထားရန်လိုကြောင်းကိုလည်း ပြောပါသည်။ ၂ နှစ်ပြည့်သည်အချိန်တွင်း မှတ်ပုံတင်ထားသော တရားမ၀င်သူအားလုံးကို နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း ပြောပါသည်။ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် မရသောသူများကို ၂ နှစ်ပြည့်လျှင် နိုင်ငံကို ပြန်ပို့မည် ဖြစ်သည်။ ထို့အပြင် လုပ်ငန်းရှင်များသည် မိမိတို့လုပ်ငန်းတွင် မလေးရှားနိုင်ငံသားများကို အစားထိုးခန့်အပ်ရေးအတွက် ပြင်ဆင် ထားကြရမည်။ သို့မှသာ မလေးရှားနိုင်ငံသည် နိုင်ငံခြားသား အလုပ်သမားများအပေါ် မှီခိုနေရမှုများမှ ကင်းလွတ်မည်ဟု ယင်းက ဖြည့်စွက်ပြောပါသည်။
ပြည်ထဲရေးဌာန အထွေထွေ အတွင်းရေးမှူးချုပ် Mahmood Adam က ၆P တွင် နောက်ထပ်အလုပ်အကိုင် အသစ်အမျိုး ၁၀ မျိုးကို ထည့်သွင်းမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။
Subramaniam က ဆက်၍ပြောသည်မှာ ၆P တွင်မှတ်ပုံတင်ထားသူ စုစုပေါင်း ၁.၃ သန်းတွင် ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ ထိသာ နေထိုင်အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောပါသည်။ သို့သော် ဗီဇာ သက်တမ်းကုန်သည့်အချိန်တွင် ယင်းတို့ကို နေရပ်နိုင်ငံသို့ပြန်ပို့မည် ဖြစ်သည်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့ သိရှိထားရမည်ဟု သတိပေးထားပါသည်။ မလေးရှားအစိုးအတွက် နိုင်ငံခြားသားအလုပ်သမား များ ထိန်းချုပ်ရေးသည် လက်ရှိအချိန်တွင် အလွန်ခက်ခဲနေသည်အတွက် ယခုကိစ္စကို အပြင်းထန်ဆုံး စိန်ခေါ်မှုတစ်ခုအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောပါသည်။ သို့သော်လည်း တိုင်းပြည်အတွက် အရေးထားရသော စိုက်ပျိုးရေးနှင့် စက်ရုံများတွင် နိုင်ငံခြားသား အလုပ်သမားများ ထားရှိမှုကို ဆက်လက် ခွင့်ပြုမည်ဖြစ်ကြောင်း ပြောပါသည်။
မလေးရှားအစိုးရအစီအစဉ် အရ 6P မှတ်ပုံတင်ပြီးလျှင် ပါမစ်ပြုလုပ်ခြင်း၊ စသည့် ကိစ္စများအတွက် စီစဉ်ရမည်ဖြစ်ပြီး၊ နောက်ထပ်တရားမ၀င်နိုင်ငံခြားသားများ မှတ်ပုံတင်ခြင်းကို ၂၀၁၂ ဇန်န၀ါရီ ၁၅ ရက်နေ့ထိရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ လ၀ကဌာနများတွင် အချိန်ကြန့်ကြာမှုများ၊ အဆင်မပြေမှုများမှာ မှတ်ပုံတင်သူများပြားခြင်း နှင့် မှတ်ပုံတင်သည့်ဌာနနည်းခြင်းကြောင့် ဖြစ်သည်ဟု Subramaniam ကပြောပါသည်။ ဒုတိယ၀န်ကြီး ကလည်းယခု အစီအစဉ်ကို အဆင်ပြေချောမွေ့အောင် အမြန်ဆုံးဆောင်ရွက်ရန် ပြောဆိုထားပါသည်။ ပြည်ထဲရေး ဌာနမှ လည်း နောက်ထပ် ၂၄ နာရီလုံး မှတ်ပုံတင်နိုင်မည့် စင်တာများကို ဖွင့်လှစ်သွားရန်စီစဉ်ထားသည် ဟုသိရပါသည်။
၂၀၁၁ ဇွန်လတွင် အကောင်ထည်ဖော်ခဲ့သော 6P အစီအစဉ်အရ တရားမ၀င်နိုင်ငံခြားသားများ မှတ်ပုံတင်ရန် သို့မဟုတ် အပြစ်ပေးခြင်းမရှိဘဲ ပြည်နှင်ဒဏ်ပေးရန်ဟုပါရှိပါသည်။ 6P = Registration, Legalization, Amnesty, Monitoring, Enforcement and Deportation
သြဂုတ်လ ၃၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး Hishammuddin Hussein ၏ကြေငြာချက်အရ တရားဝင် အလုပ်သမား ၁,၀၁၆,၉၀၈ ယောက် နှင့် တရားမ၀င်အလုပ်သမား ၁,၃၀၃,၁၂၆ တို့သည် ၆P တွင်မှတ်ပုံတင်ပြီးကြောင်း၊ ဒုတိယအဆင့် Legalization ကို အောက်တိုဘာလတွင် စတင်ခဲ့သည်။ ဤအစီအစဉ်နှင့် ပတ်သက်၍ ကန့်ကွက်မှုများစွာ ကြုံတွေ့ခဲ့ရကြောင်းပြောပါသည်။
မလေးရှားအစိုးရသည် နိုင်ငံခြားသား အလုပ်သမားများနှင့် ပတ်သက်၍ ထိန်းချုပ်ရန်ကြိုးစားခဲ့သည်မှာ နှစ်များစွာကြာမြင့်ခဲ့ပါပြီး။
Lwin Pwin 6P ၏မသေချာမရေရာသောလုပ်ငန်းစဉ်များ
ပြည်ထဲရေးဝန်ကြီးဌာနသည် လူစွမ်းအားအရင်းဝန်ကြီးဌာနမှ လက်ခံပြုမူသည့်အစီအစဉ်အတိုင်းဆက်လက်ဆောင်ရွက် မည်ဟုဆုံးဖြတ်လိုက်ခြင်း။
6P မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ယခုလက်ရှိအခြေအနေတွင် နောက်ထပ်ရှုပ်ထွေးမှုများဆက်လက် ဖြစ်ပေါ်လျက်ရှိပါသည်။
ပြည်ထဲရေးဝန်ကြီးဌာနသည် ယင်းတို့လက်ရှိကိုင်တွယ်နေသော 6P မှတ်ပုံတင်ခြင်းကဏ္ဍကို နောက်ထပ်ဝန်ကြီးဌာနတစ်ခုဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ အသိအမှတ်ပြု ထောက်ခံစာမပါဘဲ ဆက်လက် လုပ်ကိုင် နေခြင်းကြောင့် ဖြစ်သည်။ ဒုတိယအဆင့် ဖြစ်သည့် Legalization တွင်အသိအမှတ်ပြုမှုရရှိရေးအတွက် ထိုသူသည် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန (Human Resources Ministery) ၏ အသိအမှတ်ပြုလက်မှတ်ရှိမှရမည် ဟူသည့်ကန့်သတ်ချက်ဖြစ်သည်။
သို့သော် မကြာသေးခင်က ထွက်ပေါ်လာသည့် မှတ်ချက်ဖြစ်သည့် (Sijil JobsMalaysia (JCS) bagi proses pemutihan dikecualikan = The Jobs Malaysia certificate for the amnesty process is no longer required) ဟုပေါ်ထွက်လာသည့်အတွက် အလွန်ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာခဲ့သည်။
ထိုကန့်သတ်ချက်ကြောင့် 6P ပွဲစားများ အလွန်အခက်ခဲတွေ့ခဲ့ကြရပြီး၊ ယခင်က ဆိုလျှင်အလုပ်သမားတစ်ဦးသည် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာန တစ်ခုတည်းနှင့်သာ ဆက်ဆံဆောင်ရွက်ရပြီး၊ ထိုဌာန၏ အသိအမှတ်ပြုလက်မှတ် ရသည်နှင့် တရားဝင်ပြီးဖြစ်ပါသည်။
ယခုကိစ္စတွင် နောက်ထပ်ဝန်ကြီးဌာန တစ်ခုဝင်လာသည့် ပြည်ထဲရေး၏ စီစဉ်ဆောင်ရွက်ထားမှုများ မည်သို့မည်ပုံ ဆက်၍ ဖြစ်မည်ကို လ၀က အရာရှိများပင် အဖြေမပေးနိုင်ကြပါ။
ပြည်ထဲရေးဝန်ကြီးဌာနသည် အခြားဌာနတစ်ခု၏ လုပ်ငန်းစဉ်များကို အဘယ်ကြောင့် ကျော်ဖြတ်လုပ်ကိုင်နေပါသနည်း။ အခြားဝန်ကြီးဌာနသို့လွှဲပြောင်းရသနည်း။ ဤကိစ္စသည် ဌာနအကြား ပဋိပက္ခဖြစ်နိုင်စရာများရှိလာမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တာဝန်ဝတ္တရားကိုဝင်ရောက်ယူသောကြောင့်ဖြစ်ပါသည်။
6P နှင့်ပတ်သက်၍ သေချာရေရာသည် အစီအစဉ်များ စနစ်တကျမရှိခြင်း၊ အစီအစဉ်များ အမျိုးမျိုးပြောင်းလဲနေခြင်းသည် ငွေကြေးတောင်းခံ၍ အလွဲသုံးစားလုပ်စားမှုများ ပေါ်ထွက်လာစေပါသည်။ လူစွမ်းအားအရင်းအမြစ်ဌာနသည် တိုင်းပြည်အတွင်းရှိ လူ့စွမ်းအားနှင့်သက်ဆိုင်သော်လည်း၊ နိုင်ငံခြားသား အလုပ်သမားအရေးနှင့် ပတ်သက်၍ မည်သို့မှ မသက်ဆိုင်ဟု အေဂျင်စီတစ်ခုမှ ပြောပါသည်။ တိုင်းပြည်အတွင်း နိုင်ငံခြားသား အလုပ်သမားအရေအတွက်သည် ပင်ထိုဌာန၌ မရှိကြောင်းဆက်၍ ပြောပါသည်။
မည်သည့်ဌာနသည် တိုင်းပြည်၏ အလုပ်သမား အင်အားကို ထိန်းချုပ်စီမံမည်နည်း။ ပြည်ထဲရေးဝန်ကြီးဌာနလား၊ လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာနလား။
အလုပ်သမားများစွာတို့မှာ ယင်းတို့လက်ရှိလုပ်ကိုင်နေသော အလုပ်များသည် သတ်မှတ်ထားသော အလုပ်အမျိုးအစားထဲတွင်မပါဝင် ၍ အသိအမှတ်ခံရမည်မဟုတ်ကြောင်းလည်း သတင်းထွက်လျက်ရှိပါသည်။ သတင်းများ၊ အစီအစဉ်များသည် လုံးဝ မသေချာ မရေရာကြောင်း ၆P ကိုယ်စားလှယ်တစ်ဦးမှ ပြောပါသည်။ ပြည်ထဲရေးကလည်း အတည်ပြုဆုံးဖြတ်ချက်ကို မပေးနိုင်ပေ။
အလုပ်သမား ၀န်ကြီးဌာနမှ Sheikh Yahya Sheikh Mohammed ကဤကိစ္စနှင့်ပတ်သက်၍ ယင်းတို့ဌာနမှ မည်သည်မှ မသိရှိရသေးကြောင်းပြောပါသည်။
ကျနော်တို့သည် ဤကိစ္စနှင့်ပတ်သက်၍ မည်သို့မှ မသိရှိရသေးပါ။ ယခုလိုဆုံးဖြတ်မှုမျိုးပြုလုပ်ရန် ကျနော်တို့ဌာနနှင့် တင်ကြိုဆွေးနွေးမှုများလုပ်သင့်ကြောင်း လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ပြောပါသည်။ အဘယ်ကြောင့် ပြည်ထဲရေးဌာနသည် ကျနော်တို့ပါဝင်ရမည့် လုပ်ငန်းစဉ်ကို မလိုအပ်ဟု ကျော်ဖြတ်သည် ကို သိရှိအောင်လုပ်ရမည် ဖြစ်ကြောင်း ပြောပါသည်။
ယခုအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူးချုပ် Mahmood Adam က “လူ့စွမ်းအားအရင်းအမြစ် ဌာန၏ အသိအမှတ်ပြုမှု မလိုအပ်ဆိုသော ထုတ်ပြန်ချက်မှာ မမှန်ကန်ကြောင်း” Free Malaysia Today သို့ပြောပါသည်။ ရှုပ်ယှက်ခတ်နေပါပီး။
6P သည်ပြည်ထဲရေးဝန်ကြီးဌာနမှ ချမှတ်သော တိုင်းပြည်အတွင်း တရားဝင်နှင့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများကို မှတ်ပုံတင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုအစီအစဉ် ကို စီစဉ်ရခြင်းမှာ လူကုန်ကူးမှုကာကွယ်ရေး၊ နယ်စပ်ရာဇ၀တ်မှု ထိန်းချုပ်ရေး၊ ဘိန်း၊ဆေးခြောက်နှင့် ငွေမည်းလည်ပတ်မှုများ ထိန်းချုပ်ရန် ဟု ပြည်ထဲရေးက အကြောင်းပြသည်။
Lwin Pwin | |
|
0 comments:
Post a Comment