နိုင်ငံတကာသတင်း

ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး ကောင်းလာနိုင်

မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်တိုးတက်စေနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေဆဲဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတက ပြောဆိုလိုက်ကြောင်းသိရသည်။

အမေရိကန်ဒဏ်ခတ်မှုကြောင့် အီရန်ငွေ တန်ဖိုးကျ

အီရန်အပေါ် ပိတ်ဆို့အရေးယူမှု ဥပဒေသစ်တရပ်ကို အမေရိကန်သမ္မတ လက်မှတ်ရေးထိုးပြီး ရက်ပိုင်းအတွင်းမှာပဲ အီရန်ငွေကြေးတန်ဖိုး ကျဆင်းသွားကြောင်းသိရသည်။

အီရန် ပဲ့ထိန်းဒုံး စမ်းသပ်ပစ်လွှတ်

အီရန်နိုင်ငံက ခရုစ်မစ်ဇိုင်း (cruise missle) ပဲ့ထိန်းဒုံးလက်နက်တစ်ခုကို ဒီကနေ့ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့တယ်လို့ ဆိုကြောင်းသိရသည်။

အာရပ်အကဲခတ်အဖွဲ့ ဆီးရီးယားကထွက်ခွာဖို့ အကြံပေးအဖွဲ့ တောင်းဆို

ဆီးရီးယားမှာရောက်နေတဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ စောင့်ကြည့် လေ့လာရေးအဖွဲ့ကို ချက်ချင်းပြန်လာဖို့ အာရပ်အဖွဲ့ချုပ် အကြံပေးအဖွဲ့က တောင်းဆိုကြောင်းသိရသည်။

နျူကလီးယား အစီအစဉ် တိုးတက်မှုရကြောင်း အီရန်ကြေညာ

နျုကလီးယာစက်ရုံမှာ အသုံးပြုဖို့အတွက် လောင်စာတောင့်တွေကို အောင်မြင်စွာ စမ်းသပ် ထုတ်လုပ်နိုင်ပြီလို့ အီရန်နိုင်ငံက ပြောကြောင်းသိရသည်။

အိန္ဒိယ စတော့ဈေးကွက် ပြည်ပရင်းနှီးမြှုပ်နှံခွင့် ပြုမည်

အိန္ဒိယနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို စတော့ရှယ်ယာဈေးကွက်မှာ ပထမဆုံးအကြိမ်အဖြစ် ၀င်ရောက်လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်းသိရသည်။

Lwin Pwin

0 comments:

Post a Comment