မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၁၂

၂၀၁၂ တရုတ်နှစ်ကူး တရုတ်ရာသီခွင်၏ ပဉ္စမမြောက် သင်္ကေတဖြစ်သော နဂါးဖြစ်ပြီး နဂါးနက်နှစ် သို့မဟုတ် ရေနဂါးနှစ်ဟုလည်း ခေါ်ဆိုသည်။

ရနဂါး အလှည့်ကျသော ၂၀၁၂ တရုတ်နှစ်ကူး

 တရုတ်လူမျိုးတို့အတွက် အရေးကြီးဆုံးနှင့် အရှည်ကြာဆုံးဆင်နွှဲသော တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလ ၂၃ ရက်တွင် စတင်ဆင်နွှဲကြမည်ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအတွက် အလှည့်ကျသည်မှာ တရုတ်ရာသီခွင်၏ ပဉ္စမမြောက် သင်္ကေတဖြစ်သော နဂါးဖြစ်ပြီး နဂါးနက်နှစ် သို့မဟုတ် ရေနဂါးနှစ်ဟုလည်း ခေါ်ဆိုသည်။
ကမ္ဘာကိုလည်နေသော လအပေါ် အခြေပြုတွက်ချက်သည့် တရုတ် Lunar ပြက္ခဒိန်၏ ပထမဆုံးလ၏ ပထမဆုံးနေ့မှာ ဇန်န၀ါရီလ ၂၃ ရက် ဖြစ်သည်။ သို့သော် တရုတ်နက္ခတ်ဗေဒ ပြက္ခဒိန်အရ ပထမဆုံးလဖြစ်သော Tiger month ၏ ပထမဆုံးနေ့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ဖြစ်ကြောင်း သိရသည်။ ယင်းပထမဆုံးလကို နွေဦးစတင်ခြင်း (Start of Spring) ဟု ခေါ်ဆိုပြီး တရုတ်စံတော်ချိန်အရ နဂါးနှစ်မှာ ဖေဖော်ဝါရီလ ၄ ရက်၊ ည ၆ နာရီ၊ ၂၃ မိနစ်တွင် စတင်ကြောင်း ဖော်ပြထားသည်။ ယင်းအတွက်ကြောင့် (Start of Spring) မတိုင်မီ ဇန်န၀ါရီလတွင် မွေးဖွားသူများမှာ နဂါးနှစ်ဖွားများ မဟုတ်ဘဲ ယုန်နှစ်ဖွားများသာဖြစ်ကြောင်း သတ်မှတ်ထားသည်။
တရုတ်နှစ်သစ်ကူးနှင့်ဆိုင်သော ဒဏ္ဍာရီလာပုံပြင်များအနက် Nian ဟုခေါ်သော ရုပ်ဆိုးသည့် မှင်စာပုံပြင်မှာ ထင်ရှားသည်။ ယင်းပုံပြင်တွင် Nian ၏ ရန်မှလွတ်ရန် ရွာသားများက တောင်ပေါ်သို့ထွက်ပြေးရန် ပြင်ဆင်နေစဉ် သူဖုန်းစားတစ်ဦး ရောက်လာခဲ့သည်ဟု ဆိုသည်။ ယင်းသူဖုန်းစားကို ကယ်တင်ရန် မတတ်နိုင်သည့်အဆုံး တွင် ရွာတွင် တစ်ယောက်တည်းထား ခဲ့ရသည်။ ရွာသားများပြန်လာသောအခါ သူဖုန်းစားသည် စက္ကူနီများကို တံခါးများတွင်ချိတ်ဆွဲခြင်း၊ အ၀တ်နီများကို ၀တ်ဆင်ခြင်း၊ မီးရှူးမီးပန်းများကို ပစ်ဖောက်ခြင်းဖြင့် Nian ကို ပင်လယ်သို့ထွက်ပြေးအောင် လုပ်ဆောင်နိုင်ခဲ့သည်ကို မြင်တွေ့ခဲ့ကြောင်း ဖော်ပြထားသည်။
တရုတ်နှစ်သစ်ကူးနေ့မှာ အများအားဖြင့် ဂရီဂိုရီယန်ပြက္ခဒိန်အရ ဇန်န၀ါရီလ ၂၀ ရက်မှ ဖေဖော်ဝါရီလ ၂၀ရက်အကြား ကျရောက်လေ့ရှိသည်။ နှစ်သစ်ကူးပွဲအတွက် နှစ်မကုန်မီ နောက်ဆုံးလ၏ ၈ ရက်နေ့မှစတင်၍ ပြင်ဆင်သဖြင့် သီတင်းပတ်သုံးပတ်ခန့် အချိန်ယူသည်။ နှစ်သစ်ကူးပွဲကိုမူ နှစ်သစ်၏ ပထမဆုံးလ ၁၅ ရက်အထိ ဆင်နွှဲသဖြင့် ပြင်ဆင်ချိန်နှင့်ပေါင်းပါက တစ်လကျော်ခန့် ကြာမြင့်ကြောင်း သိရသည်။
နှစ်သစ်ကူးတွင် တစ်ဦးနှင့်တစ်ဦး ကံကောင်းပါစေဟု အဓိပ္ပာယ်ရသော Kung Hei Fat Choy စကား ဖြင့် ဆုတောင်းပေးသလို မင်္ဂလာနှစ်သစ်ပါဟု အဓိပ္ပာယ်ရသည့် Kung Hall Sun Hei စကားများဖြင့် နှုတ်ဆက်လေ့ ရှိသည်။ အသက်ကြီးသူများ၊ အိမ်ထောင်ရှိသူများက ၎င်းတို့၏ ကလေးများ၊ ငယ်ရွယ်သူ ဆွေမျိုးများကို စာအိတ်နီများထဲတွင် ပိုက်ဆံများထည့်ပြီး (Hong Bao) ပေးသော ဓလေ့ရှိသည်။ ယင်းအိတ်များကို အိပ်ရာအောက် တွင် ထားအိပ်ပါက အိပ်မက် ဆိုးများမမက်ဘဲ ကောင်းမွန်စွာ အိပ်စက်နိုင်ကြောင်းလည်း အယူရှိသည်။
ခြင်္သေ့အကများ၊ နဂါးအကများဖြင့် လှည့်လည်ကပြ ဖျော်ဖြေလေ့ရှိပြီး မီးရှူးမီးပန်းများကိုလည်း ကျယ်လောင်စွာ ဖောက်လေ့ရှိသည်။ ယင်းကဲ့သို့ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းဖြင့် ပြီးခဲ့သောနှစ်က ကံမကောင်းမှုများ၊ ၀မ်းနည်းစရာအဖြစ်များလွင့်စင်ကာ
လာမည့်နှစ်တွင် ကံကောင်းခြင်း၊ တိုးတက်ခြင်းများ ဆောင်ကြဉ်းလာနိုင်မည်ဟု အယူအဆရှိသည်။
တရုတ်ပြက္ခဒိန်တွင် Ying နှင့် Yang ဟုခေါ်သော Heavenly Stem နှစ်ခုကို သစ်သား၊ မီး၊ မြေ၊ သတ္တု၊ ရေစသည့် ဓာတ်ငါးမျိုးနှင့်ပေါင်းစပ်ရာ ဇာတာခွင်အရ Ying Wood ၊ Yang Wood ၊ Ying Fire ၊ Yang Fire စသည့်ဖြင့် Stem ၁၀ ခု ရှိသည်။ ထို့ပြင် ရာသီခွင်သင်္ကေတများအဖြစ် ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ သိုး၊ မျောက်၊ ကြက်၊ ခွေး၊ ၀က် စသော တိရစ္ဆာန် ၁၂ မျိုးကို Earthly Branch အဖြစ် သတ်မှတ်ထားသည်။
Yang မှာ မဂဏန်း (၁၊ ၃၊ ၅) ဖြစ်ပြီး အဖိုကိုယ်စားပြုသည်။ Ying မှာ စုံဂဏန်း (၂၊ ၄၊ ၆)ဖြစ်ပြီး အမကိုယ်စားပြုသည်။ Yang အစုတွင် ကြွက်၊ ကျား၊ နဂါး၊ မြင်း၊ မျောက် နှင့်ခွေးတို့ပါဝင်ပြီး Ying အစုတွင် နွား၊ ယုန်၊ မြွေ၊ သိုး၊ ကြက်နှင့် ၀က်တို့ ပါဝင်သည်။
ယင်းရာသီခွင်သင်္ကေတ တိရစ္ဆာန်များနှင့်ပတ်သက်၍ ကောင်းကင်ဘုံမ Jade Emperor သည် ၎င်းကိုလာတွေ့ရန် တိရစ္ဆာန်အားလုံးအား ဖိတ်ကြားခဲ့သည်ဟု ပုံပြင်တစ်ခုတွင် ဆိုထားသည်။ သို့သော် တိရစ္ဆာန် ၁၂ ကောင်သာ လာရောက်တွေ့ဆုံခဲ့ပြီး ယင်းတိရစ္ဆာန်များကို လတစ်လချင်းစီအလိုက် သတ်မှတ်ပေးခဲ့ကြောင်း ဆိုထားသည်။ အခြားပုံပြင်တစ်ခုတွင်မူ ဗုဒ္ဓက တရုတ်နိုင်ငံကို ပြန်လည်ကွပ်ကဲ စီမံရန်အတွက်ဆွေးနွေးရန် တိရစ္ဆာန်များအား ဖိတ်ကြားခဲ့ကြောင်း၊ လာ ရောက်သောတိရစ္ဆာန် ၁၂ ကောင်၏ စိတ်နေသဘောထားများအတိုင်း လ ၁၂ လတွင် မွေးဖွားသူများတွင် ထင်ဟပ်စေရမည်ဟု သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။
တရုတ်ဒဏ္ဍာရီလာ ပုံပြင်များအရ တရုတ်နဂါးသည် ကောင်းကင်မှလာကြောင်း၊ ယင်းအတွက်ကြောင့် ကောင်းကင်ဘုံရှိသည်ဟု လက်ခံထားပြီး တစ်နည်းအားဖြင့် ကောင်းကင်ဘုံမှ အခွင့်အာဏာအဖြစ် မှတ်ယူကြသည်။
တရုတ်ဧကရာဇ်သည် ကောင်းကင်ဘုံမှလာသူဖြစ်သဖြင့် နဂါးများကို အမိန့်ပေး ညွှန်ကြားနိုင်ကြောင်း ဆိုထားသည်။ တရုတ်တွင် နဂါးမှာ အောင်မြင်မှုအရှိဆုံး အမှတ်သင်္ကေတအဖြစ် သတ်မှတ်ခံရပြီး ဘုရင်များသည် နဂါးရုပ်ပါသော တော်ဝင်ဝတ်စုံများ ၀တ်ဆင်လေ့ရှိသည်။ နဂါး၏ သားကိုးကောင် အကြောင်းကို မင်မင်းဆက် (အေဒီ ၁၃၆၈-၁၆၄၄) အထိ သိရှိသူနည်းပါးပြီး နဂါးကိုးကောင်အကြောင်းနှင့် ပတ်သက်၍ ပုံပြင်တစ်ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။
မင်မင်းဆက်၏ ပထမဆုံးဘုရင်အား ကူညီပေးရန် ကောင်းကင်ဘုံရှိ နဂါးမင်းသည် ၎င်း၏သားကိုးကောင်ကို စေလွှတ်ခဲ့သည်။ အကူအညီပေး လုပ်ငန်းစဉ်ပြီးဆုံးပြီးနောက် နဂါးကိုးကောင်သည် ကောင်းကင်ဘုံသို့ ပြန်ရန်ပြင်ဆင်ခဲ့သည်။ သို့သော် ဘုရင်က ဆက်လက်ကူညီစေချင်သည်။ နဂါး ကိုးကောင်မှာ လက်မခံသဖြင့် ဘုရင်က မတားဆီးနိုင်ခဲ့ပေ။ ယင်းအတွက်ဘုရင်က နဂါးကိုးကောင်အနက် အစွမ်းရှိဆုံး နံပါတ်ခြောက်နဂါးကို မှော်ကျောက်တိုင်ယူလာရန် တစ်ဖက်လှည့်ဖြင့် ခိုင်းစေခဲ့သည်။ ယင်းမှော်ကျောက်တိုင်မှာ တစ္ဆေ၊သရဲ၊ မကောင်း ဆိုးဝါးများကို နှိမ်နင်းနိုင်စွမ်းရှိသည်။ နံပါတ်ခြောက်နဂါးမှာ ယင်းကျောက်တိုင်အောက်မှ မရုန်းထွက်နိုင် သဖြင့် ကျန်နဂါးများမှာလည်း နံပါတ်ခြောက် နဂါးမပါသဖြင့် ကောင်းကင်ဘုံသို့ ပြန်၍မရခဲ့ပေ။ သို့သော် နဂါးကိုးကောင်သည် ဘုရင်ကို ကူညီခြင်းမပြုတော့သလို နဂါးအဖြစ် မနေထိုင်တော့ဘဲ မကောင်းဆိုးဝါးများအဖြစ် အသွင်ပြောင်းခဲ့သည်ဟု ဆိုသည်။ ယင်းနောက်ပိုင်းမှစ၍ နဂါးကိုးကောင်သည် တရုတ်တွင်ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းပုံပြင်တွင် ဖော်ပြထားသည်။
တည်ငြိမ်သည့် သွင်ပြင်လက္ခဏာရှိသော ယုန်နှစ်ဖြစ်သည့် ၂၀၁၁ ခုနှစ်တွင် ယုန်လက္ခဏာနှင့်ဆန့်ကျင့်ဘက်အဖြစ် ကမ္ဘာတစ်ဝန်းတွင် အထူးသဖြင့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတွင် အာဏာရှင်အချို့ ပြုတ်ကျမှု၊ ဥရောပဘဏ္ဍာရေးကြွေးမြီ အကျပ်အတည်းဆိုးရွားမှု၊ အာရှဒေသရှိ နိုင်ငံအချို့တွင် ပြင်းထန်သော သဘာဝကပ်ဘေးတို့ ကြုံတွေ့ခဲ့သည်။ ရဲရင့်တက်ကြွသောပင်ကိုယ်ဗီဇရှိသည့် နဂါးနှစ်ဖြစ်သော ယခုနှစ်တွင်မူ အံ့သြမှင်သက်ရလောက်သည့် ကောင်းမွန်သော၊ဆိုးရွားသော မည်သည့်အပြောင်းအလဲများ ဖြစ်ပေါ်မည်ဆိုခြင်းကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။
Written by အောင်သိန်းဝင်း

ဇန်နဝါရီလ ၂၃ ရက်နေ့ (ယနေ့) နံနက် အစောပိုင်း ၂ နာရီ ၁၅ မိနစ်က မရမ်းကုန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ကုန်းမြင့်သာလမ်း၊ အမှတ် ၆ ရှိ ဇာထိုးပန်းထိုးနှင့် ဆေးဆိုးပန်းရိုက် စက်ရုံတစ်ရုံတွင် မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့

ဇန်နဝါရီလ ၂၃ ရက်နေ့ (ယနေ့) နံနက် အစောပိုင်း ၂ နာရီ ၁၅ မိနစ်က မရမ်းကုန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ကုန်းမြင့်သာလမ်း၊ အမှတ် ၆ ရှိ ဇာထိုးပန်းထိုးနှင့် ဆေးဆိုးပန်းရိုက် စက်ရုံတစ်ရုံတွင် မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ စက်ရုံတစ်ခုလုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ၃ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ပြီး မည့်သည့်နေရာမှ စတင် လောင်ကျွမ်းသည်ကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် အသက် ၁၆ နှစ် အရွယ်ဝန်းကျင် မိန်းကလေးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့ကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ထားကြောင်း အဆိုပါ နေရာသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
Sanctions ရုပ်ပေမယ့် နိုင်ငံရဲ့စီးပွားရေး အခင်းအကျင်းက မကောင်းရင် ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်မှာ မဟုတ်
ပါမောက္ခဒေါ်လှမြင့်က “ Sanctions ရုပ်ပေမယ့် နိုင်ငံရဲ့စီးပွားရေး အခင်းအကျင်းက မကောင်းရင် ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်မှာ မဟုတ်သလို နိုင်ငံ့စီးပွားရေးလည်း တိုးတက် မှာ မဟုတ်ဘူး။ သူတို့အဓိကကြည့်တဲ့ အချက်တစ်ချက် ဖြစ်တဲ့ နိုင်ငံရေး တည်ငြိမ်မှုကတော့ အခုအလားအလာ ကောင်းနေပြီ။ တခြားအခွန်တို့ စွမ်းအင်ရရှိမှုတို့က ရင်းနှီးမြှုပ်နှံသူ တွေကို မဆွဲဆောင်နိုင်သေးဘူး။ တစ်နိုင်ငံလုံးလျှပ်စစ်သုံးစွဲမှုရာခိုင်နှုန်း က ၂၂ရာခိုင်နှုန်းပဲ ရှိသေးတဲ့ နိုင်ငံမှာ လုပ်ငန်းလုပ်ရင် လျှပ်စစ်ဘယ်လိုပေးမှာလဲလို့ နိုင်ငံခြားလုပ်ငန်းတွေက စဉ်းစားမှာပဲ။ ဒါကြောင့် အစိုးရပိုင်းအနေနဲ့ အခြေခံအဆောက်အဦကို နိုင်ငံတကာ တန်းမီအောင်အရှိန်အဟုန်မြှင့် လုပ်ဆောင်သင့်တယ်။ နောက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ငွေလဲနှုန်း၊ အခွန်နှုန်းနဲ့ စီးပွားရေးမူဝါဒပိုင်း ပြောင်းလဲမှုတွေ ကို နိုင်ငံခြားလုပ်ငန်းရှင် စောင့်ကြည့်နေတယ်လို့ သိရတယ်” ဟုဆိုပါသည်။
NLD နှင့် ဒေါ်စု အမှား ပြုလုပ်မှသာ မျက်နှာဖုံးတွင် ဖော်ပြရန် အယ်ဒီတာအဖွဲ့ကို ညွှန်ကြားထားကြောင်း

ဦးခင်ရွှေ သမီး ထုတ်ဝေသော Street View ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ ကောင်းသတင်းကို မျက်နှာဖုံး မတင်ရန် ၊ NLD နှင့် ဒေါ်စု အမှား ပြုလုပ်မှသာ မျက်နှာဖုံးတွင် ဖော်ပြရန် အယ်ဒီတာအဖွဲ့ကို ညွှန်ကြားထားကြောင်း ......... ၄င်း
ဂျာနယ် မှ အလုပ်ထွက်လာသော (နာမည်ကြီး ကလောင်) အယ်ဒီတာ တစ်ဦးက
ရင်ဖွင့် ပြောကြားသွားပါသည်။လက်ရှိ အယ်ဒီတာများမှာ ဆရာညို နှင့် နွယ်ဂျာသိုင်းတို့ ဖြစ်ပါသည်။
သတင်းစဉ်

မိတ်ဆွေများအတွက်

ကို Ye Min Tun ရေးပြီးသော ကိုယ်တွေ့ဖြစ်ရပ်မှန် ဆောင်းပါးများ ဖြစ်ကြသည့်
(1)ကျနော်သိသော အန်ကယ်ဦးရဲထွန်း၊
(2)သခင်အုန်းမြင့် နှင့် အင်းစိန်ထောင်မှ နေ့ရက်များ
(3)အကျဉ်းထောင်ထဲက အညတရ သူရဲကောင်းများ
(4)စစ်ခွေးတိုက် (သို့) ဟောင်ကောင် - (နောက်ဆက်တွဲ ၁)
(5)ရှစ်လေးလုံးအရေးတော်ပုံ (သို့မဟုတ်) နိုင်ငံတော်လူသတ်မှု
(6)ကြုံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် (၁)
(7)ကြုံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် (၂)
(8)စစ်ခွေးတိုက် (သို့) ဟောင်ကောင် - နောက်ဆက်တွဲ (၂)
(9)မြန်မာနိုင်ငံရဲ့ စစ်ကြောရေးစခန်း ကိုယ်တွေ့မှတ်တမ်း
(10) မြန်မာနိုင်ငံရဲ့စစ်ကြောရေးစခန်း ကိုယ်တွေ့မှတ်တမ်း ...၂
(11) မြန်မာနိုင်ငံရဲ့စစ်ကြောရေးစခန်း ကိုယ်တွေ့မှတ်တမ်း ...၃
(12)အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ....တို့ကို စုပေါင်း၍ e-book အဖြစ်လည်းကောင်း၊ စာအုပ်အဖြစ်လည်းကောင်း ကျွန်ုပ်မှ တာဝန်ယူ ထုတ်လုပ်ရန် စီစဉ်လျက်ရှိကြောင်း မိတ်ဆွေများအား လေးစားစွာ အသိပေးလိုက်ပါသည်။
 (Ma Nandar-Japan)

ကေအန်ယူ ထိမ်းချုပ်နယ်မြေမှ ထွက်သော သတ္တုများ အ၀ယ်လိုက်

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကေအန်ယူတပ်မဟာ(၆) ဧရိယာအတွင်း ထုတ်လုပ်နေသော သတ္တုမိုင်းများ အ၀ယ်လိုက်နေသည်ဟု ကေအန်ယူ တပ်မဟာ (၆) ခရိုင်သတ္တု တူးဖေါ်ရေး အရာရှိတဦးကပြောပါသည်။ အရင်က သတ္တုတူးဖေါ်ရေးကုမ္မဏီ (၄)ခု ရှိရာမှ ယခုအချိန်တွင် ကုမ္မဏီ (၈) ခုထက်မနဲရှိလာသည်ဟု ဆိုပါသည်။
ရောင်းဝယ်ရာတွင်လည်း အရင်ကထိုင်း ကုမ္မဏီများကသာ ၀ယ်ယူလေ့ရှိသော်လည်း ယခုမူ တရုတ် ကုမ္မဏီများက ဈေးကောင်းပေးပြီး ကြာအင်းဆိပ်ကြီးမြို့၌ပင် ၀ယ်ယူနေကြောင်းသိရပါသည်။ သို့သော် ထိုင်းနိုင်ငံ န၀ရတ် ကုမ္မဏီ (KA)ကလည်း နှစ်ပေါင်းများစွာ တူးဖေါ်နေဆဲဖြစ်ပါသည်။ ထွက်ရှိနေသည့် သတ္တုများမှာ ခနောက်စိမ်းသည် အများစု ဖြစ်ပြီး တချို့မိုင်းတွင်း၌ သံဖြူနှင့်သွပ်များ ထွက်ရှိပါသည်။
သတ္တုမိုင်းများမှာ၊ သပြုမိုင်း၊သည်အကြီးဆုံးဖြစ်ပြီး နှစ်စဉ် တန်ချိန်တထောင်ကျော် ထွက်ရှိပါသည်။ ကျန်မိုင်းများမှာ ထီးထာဘော၊ နို့ခူးထီး၊ ခေါရဝေါ (ခ) ခွန္န၀ါ၊ မယ်ပညား၊ ကလေါ်ဝေါ၊ မက္ကသ၊ မိုင်းတွင်းများဖြစ်ပါသည်။ အလားတူ တပိုင်တနိုင် လက်ယက်တွင်းများလည်း ရှိပါသည်။
မိုင်းတွင်း ကုမ္မဏီများသည်၊ တရားဝင်ရေးအတွက် အစိုးရမှ ခွင့်ပြုချက်ပါမစ်များ ရယူရမည်ဖြစ်သလို၊ KNU ထိမ်းချုပ် မှုအောက်ရှိနေသည့်အတွက် ကေအန်ယူ၏ မိုင်းတူးခွင့်ရရေးလည်း မဖြစ်မနေတူးခွင့်လိုင်စင်များ ရယူရပါသည်။ ကေ အန်ယူ၏ သတ္တုတူးဖေါ်ခွင့် ရရှိရေးစည်းကမ်းချက်များမှာ -
(က) CA (Certificate Area) ခွင့်ပြုချက်ရရှိရန်။
(ခ) PL (prosping Lesson) နှစ်ရှည်လုပ်ပိုင်ခွင့်လိုင်စင်။
(ဂ) ML (Mining Lesson) စမ်းသပ်တူးဖေါ်ခွင့်လိုင်စင်။ ဟူ၍အဆင့်သုံးဆင့်ရှိပါသည်။

ဤသတ်မှတ်ချက်နှင့်အညီ သက်တမ်း(၃)နှစ်တကြိမ်ဖြစ်ပြီး သက်တမ်းပြည့်လျှင် ခွင့်ပြုချက် ပြန်လည်လျှောက်ထား ရပါသည်။  သပြုမိုင်းသည် ခနောက်စိမ်း အထွက်ကောင်းသည့်အတွက် တရုပ်နှင့် ထိုင်းကုမ္မဏီများ အပြိုင်ဝယ်ယူနေ ကြပါသည်။ ခနောက်စိမ်းသည် နယ်စပ်ပေါက်ဈေးအရ တတန်လျှင် ထိုင်းဘတ်ငွေ (၃)သောင်းဝန်းကျင် ရှိနေပါသည်။ 
မတ္တသမိုင်းမန်နေဂျာဦးမြအေးက "ကျနော်တို့ မက္ကသမိုင်းကတော့ စတင်တွေ့ရှိခဲ့တာတော့ ကြာပြီး စတင်လုပ်လာတာတော့ ဒီ ၂၀၁၀ ခုနှစ်ကပေါ့ ၂၀၁၃ ခုနှစ်ရောက်ရင် သက်တမ်းပြန်တိုးရမယ် ပြီးတော့ ခနောက်စိမ်း၏ ကျောက်ကန့်နံပါတ် ၁ ဆိုရင် တတန်ကို ထိုင်းဘတ် ၃ သောင်းကျော် ၊ နံပါတ်နှစ်ကတော့ နှစ်သောင်းမှ ၃ သောင်းဝန်းကျင် ၊ကျောက်သား သက်သက်ဆိုရင် တတန်ကို ၅ သောင်းကနေ ၆ သောင်းထိရှိတယ် ။ ဒါကို ကျနော်တို့က မတ်အောင်သ သတ္တုတူးဖော်ရေး ကုမ္မဏီ လီမိတက်နှင် အောင်မြင်သတ္တုတူးဖော်ရေး ကုမ္မဏီ လီမိတက်ကနေ ရောင်းချပေးတယ်။ အလုပ်သမားကိုတော့ ကျနော်တို့ တန်စားပေးပါတယ် " လို့ဆိုပါသည်။
တရုတ်ကုမ္မဏီများ သည် ဤဒေသမှ ထွက်ရှိသော သတ္တုမိုင်းများကို ယခင်နှစ်ကထက် ပိုမိုဝယ်ယူလာကြပါသည်၊ ယခင်နှစ်များတွင်မူ ထိုင်းနိုင်ငံ၏ကုမ္မဏီများကသာ ၀ယ်ယူကြသဖြင့် ဈေးနှိမ်မှုများရှိသည်ဟု ကုမ္မဏီများကဆိုပါ သည်။

Anti-Racist Policy of General Aung San

၁၉၄၇ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံကို ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် ဘာသာရေးကိုင်းရှိုင်းသည့် ဒီးဒုတ် ဦးဘချို က လွတ်လပ်ရေးရသည့်အခါတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရန် သင့် ကြောင်း အဆိုတင်သွင်းသည်။

ဤအဆိုနှင့်ပတ်သက်၍ ဆွေးနွေးကြသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းက ဦးဘချိုကို အောက်ပါ အတိုင်း ချေပပြောဆိုခဲ့ပါသည်။

“… သည်မှာ ဆရာ ၊ ကျွန်တော်တို့က လူကြိုက်အောင် လုပ်နေတာမဟုတ်ဘူး။ သည်လို မဟုတ် မဟတ် ကိုယ်ထင်ရာတွေ လျှောက်လုပ်နေကြမည်ဆိုလျှင် ကျွန်တော်တို့တိုင်းပြည်ဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သားပေါက်ဖြစ်သွားမှာဘဲ။

ကျွန်တော်တို့တိုင်းပြည်မှာ အလောင်းဘုရား လက်ထက်ကတည်းက မူဆလင်တွေရှိတယ်။ ဘရင်ဂျီတွေရှိတယ်။ အစတုန်းက ရှိလာကြတဲ့ နတ်ကိုးကွယ်တဲ့ တောင်းတန်းသားတွေရှိတယ်။ အဲသည်တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်တုန်းက တချို့ ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲ နေကြတာရှိတယ်။

သူတို့တစ်တွေဟာ အားလုံးနိုင်ငံသားတွေပဲ၊ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြ တုန်းက ကျွန်တော်တို့ချည်းမဟုတ်ဘူး။ သူတို့တတွေ ပါကြတယ်။

ယခု ကျွန်တွင်းက လွတ်မည်မကြံသေးဘူး သူတို့တွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့ ဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရမည်လို့လုပ်လိုက်လျှင် ကျွန်တော်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့အကောင်တွေ ဖြစ်သွားကြမှာပေါ့ဆရာ။

တိုင်းပြည်ကို တိုင်းပြည်ရေးလို တွေးစမ်းပါ။ ဘာသာရေးတွေ ဘာတွေညာတွေ လုပ်မနေစမ်းပါနှင့်။ ကျွန်တော်တို့ဟာ တိုင်းပြည်တစ်ခုလုံး စည်းလုံးကြဖို့လိုတယ်၊

… ယခုအချိန်မှာလိုချင်တာက ပြည်ထောင်စုထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမည့်လူတွေ ပေါ်မလာစေဘဲ နိုင်ငံရေးစိတ်ဓာတ် တစ်ခုတည်း ရှိအောင်သွင်းပြီး စည်းလုံးဖို့လိုတယ်။ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာလုပ်ချင်ရင် ဗုဒ္ဓဘာသာနိုင်ငံတော်လို့ ဆရာဘာသာ ဆရာကြေညာ၊ ကျွန်တော် မပါဘူး။”


၂၁-၁-၂၀၁၂ နေ့လည် ၂ နာရီမှ ၄ နာရီထိ ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်စင်တာတွင် ကျင်းပခဲ့သော ၈၈ မျိုးဆက် ကျောင်းသားများ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် ကိုမင်းကိုနိုင်၏ အဖွင့်အမှာစကား အပြည့်အစုံ

ဒီကနေ့ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်ကျော်က ကျွန်တော်တို့ ကြွေးကြော်ခဲ့သမျှ ပဲ့တင်သံတွေ ပြန်ထွက်လာတဲ့နေ့ပါ။ ကျွန်တော်တို့ စိုက်ပျိုးခဲ့သမျှ ကောက်ပင်စိမ်းတွေ သိမ်းတဲ့နေ့ပါ။ လောကဓမ္မတာအရပြောရင် ထိုက်တန်တဲ့ တုံ့ပြန်မှုနဲ့ ရလဒ်တွေကို ကျွန်တော်တို့ ပြန်ရတဲ့နေ့ပါ။

ဆိုလိုတာကတော့ ခုလို သတင်းမီဒီယာသမားတွေရဲ့ရှေ့မှာ တဖျတ်ဖျတ်တောက်နေတဲ့ ဓာတ်ပုံမီးတွေရဲ့အောက်မှာ ကျွန်တော်တို့ရပ်ပြီးတော့ စကား ပြောနိုင်တယ်ဆိုတာ လမ်းမပေါ်မှာ ကစဥ့်ကလျားနဲ့ ကျန်ခဲ့တဲ့ ဖိနပ်ပိုင်ရှင်တွေ၊ လူမသိ သူမသိဘဝနဲ့ အသက်စွန့်သွားတဲ့ ကျောင်းသားလူငယ်တွေ၊ ဘဝရဲ့ အစိတ်အပိုင်းများစွာကို ချပေးခဲ့ရပြီးတော့ ဒီလောကကို စွန့်လွှတ်သွားရသူတွေ၊ ကျောင်းသူပြည်သူတွေရဲ့ ကိုယ်စား ကျွန်တော်တို့ မတ်တပ်ရပ်နေ နိုင်သေးတဲ့အချိန်။ ဒီနေ့၊ ဒီအချိန်လို အခင်းအကျင်းမျိုးမှာ အခု သတင်းလောကမှာရော ပြည်သူလူထုရဲ့ ပြန်ကြားရေးလောကမှာရော ရေပန်းစားနေတဲ့ မေးခွန်းတွေရှိပါတယ်။

အဲဒါက ဘာလဲဆိုတာ့ နိုင်ငံရေးအခြေအနေကို ဘယ်လိုသုံးသပ်လဲဆိုတဲ့ မေးခွန်းပါ။ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ရှိတာကို ဘယ်လိုမြင်သလဲဆိုတဲ့ ကိစ္စပါ။ တော်တော်ကို ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ အကောင်းမြင်သလား၊ အဆိုး မြင်သလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။

ဖန်ခွက်ထဲမှာ ရေတစ်ဝက် - အထူးသဖြင့် ကျွန်တော်တို့ ၈၈ မျိုးဆက်တွေ လက်ရှိ ပကတိနိုင်ငံရေးအခြေအနေ ဘယ်လိုမြင်သလဲဆိုတော့ '' တစ်ဝက်ကြီး များတောင်လို့လည်း အကောင်းမမြင်ပါဘူး။ တစ်ဝက်တည်း နည်းလိုက်တာလို့လည်း အဆိုးအမြင်ပါဘူး'' တကယ်တော့ ကျွန်တော်တို့က ရေရှိမှ အသက် ရှင်မယ့် ငါးလိုပဲ။ ငါးတွေအတွက်ကတော့ တစ်ဝက်ကိစ္စ မဟုတ်ပါဘူး၊ အသက်ကိစ္စပါ။ ရေများဖို့လိုပါတယ်။

ဒါကြောင့်လည်း သတင်းသမားတွေ၊ မီဒီယာသမားတွေ သိပါလိမ့်မယ်။ ၂၃ နှစ်တာ ပေးဆပ်ပြီးတဲ့နောက်မှာ ရလာတဲ့အသီးအပွင့်တွေအဖြစ် အမှန်တရားကို ဖော်ထုတ်ကြဖို့ သတင်းမီဒီယာသမားတွေ တာဝန်ကိုထမ်းနေကြတယ်လို့ ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရလာသမျှကတော့ ပြည်တွင်းသတင်း ငတ်မှုဆိုတဲ့ ပြဿနာမှာ အကြောင်းအရာ တစ်ခုဆိုပါတော့၊ ၂ဝဝ၈၊ ၂ဝ၁ဝ အဲဒီတုန်းကဆိုရင် သတင်းမီဒီယာတွေရဲ့ ဖော်ပြနိုင်စွမ်းက ဘက် တစ်ဘက် တည်းကိုပဲ တင်ပြရပါတယ်။ အဲဒီအခါကျတော့ မတူကွဲပြားခြားနားတဲ့ အမြင်တွေ၊ အတွေးတွေကို ဖော်ပြခွင့် မရတဲ့အခါမှာ တစ်ဖက်သတ်ဖော်ပြတဲ့ အချက်အလက်တွေကပဲ အမှန်တရားဆိုတာ ဖြစ်ခဲ့ရတယ်။ အဲဒါကို ကျွန်တော်တို့ ပြောင်းမယ်ဗျာ။

ဒီကနေ့ သတင်းသမားတွေအားလုံး ကျွန်တော်တို့ဆန္ဒကို နားလည်ကြမယ်ထင်တယ်။ ကျွန်တော်တို့နဲ့ အတူတူ အဲဒီအပြောင်းအလဲကို လိုက်ပါနိုင်ကြမယ်လို့ ရည်ရွယ်တဲ့ဆန္ဒနဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ရတာပါပဲ။ အရေးကြီးတဲ့ အချက်တစ်ချက်အဖြစ် ပါသလို၊ စာပေစိစစ်ရေးဆိုတာ လိုအပ်ပါတယ်လို့ အတွေးမျိုးနဲ့ ဆိုရင်တော့ ဒီလောက ထပ်တက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပေးဆပ်ထားရတာတွေ၊ အဲဒီလို တစ်ဖက်သတ် အမြင်တွေ ဖော်ပြလို့ မကြိုက်တာတွေကို မိမိနဲ့ သဘောမကျတာတွေကို ဖယ်ရှားဖို့ဆိုတာ မဖြစ်ပါဘူး။ သဘောထားတွေ၊ အယူအဆတွေ အမျိုးမျိုး တင်ပြနိုင်ကြပါစေ ဆိုတဲ့ လွတ်လပ်ခွင့်မျိုးကို စာပေလောကသမားတွေ ထပ်ပြီး ခြေလှမ်းလှမ်းကြဖို့ ထပ်ပြီးတော့ ရေးကြ ထည့်ကြဖို့ ကျွန်တော်တိုက်တွန်းပါရစေ။

တချို့က ပြောပါတယ်။ ကျွန်တော်တို့ ၈၈ မျိုးဆက်သစ် ကျောင်းသားတွေ ဘယ်ကနေ ဘယ်လိုစပြီးတော့ ၈၈ ဘာလဲ၊ ၈၈ ဘယ်လဲ မေးခွန်းတွေ ရှိပါတယ်။ ၁၉၈၈ အားလုံးသိခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံကြီးမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ မျိုး ဆက်အားလုံးဟာ ၈၈ မျိုးဆက်တွေပါ။ အဲဒီ မျိုးဆက် တွေဟာ ၈၈ အရေးတော်ပုံကြီး ပြီးတဲ့အခါမှာ နယ်ပယ်အသီးသီးကို စိမ့်ပြီး ဖြာပြီး ဝင်ရောက်သွားပါတယ်။ ဒီအချက် အရေးကြီးပါတယ်။ စီးပွားရေးလောက၊ အနုပညာ လောက၊ သတင်းမီဒီယာ၊ နိုင်ငံရေး သီးသီးသန့်သန့်လုပ်မယ့် လောက၊ ဒီလိုပဲ အများပြည်သူအကျိုးကို သယ်ပိုးမယ့် အသင်းအဖွဲ့တွေ၊ ပရဟိတလောက တွေထဲကို ရောက်ပါတယ်။ နောက်ဆုံး ဝန်ထမ်းလောကတွေအထိ ရောက်ပါတယ်။ ၈၈ အရေးတော်ပုံကြီးကို အင်နဲ့ အားနဲ့ ဆင်နွှဲခဲ့တဲ့ အဲဒီမျိုးဆက်ရဲ့ အသီးသီးသော အစိတ်အပိုင်းတွေဟာ နောက်ဆုံး လက်နက်ကိုင်အဖွဲ့အစည်းတွေထိ ရောက်ခဲ့ပါတယ်။ အဲဒီအင်အားစုတွေရဲ့ စိတ်တွေ အဲဒီတုန်းက လူငယ်တွေ ၈၈ ရဲ့ ပုံရိပ်တွေပါ။ ဒီနေ့ မြန်မာပြည်ထဲမှာ ဧရာဝတီဆိုတဲ့ ပင်မသွေးကြောကြီးထဲကလို တဆတ်ဆတ် ခုန်နေကြတုန်းပါ။

ဒီနေ့ သတင်းသမားတွေရှေ့မှာ ရပ်ရတဲ့ ၈၈ တွေဟာ ဘာလဲ ဆိုတော့၊ မကြာမီကမှ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ ပြန်လာကြတဲ့ ၈၈ တွေပါ။ ဒါဖြင့်ရင် ၈၈ တွေ ဘာလုပ်မှာလဲ၊ မေးခွန်းရှိပါတယ်။ အရှင်းဆုံး ပြောရရင်တော့ သမိုင်းမှာ ၈၈ ပြီးတော့မှ နယ်ပယ်အသီးသီးကို ဖြန့်ကျက်သွား သလိုပဲ။ အခု ထောင်ထဲက ပြန်ထွက်လာပြီး ပန်းပဲဖိုတွေထဲမှာ တစ်ကြိမ်နဲ့ အားမရ နှစ်ကြိမ်၊ နှစ်ကြိမ်နဲ့ အားမရ သုံးကြိမ်ဆိုသလို၊ သံကောင်း မှန်ရင် မီးပြင်းပြင်းနဲ့ ထပ်ပြီး အတိုက်ခံ၊ ပေမှာ ထပ်ပြီး အထုခံတဲ့ ဓားတွေအဖြစ် လောကကြီးထဲ ပြန်ရောက် လာတာပေါ့။ အဲဒီတော့ ၈၈ တွေက ဘာဆက်လုပ်မှာ လဲဆိုတဲ့ မေးခွန်းဟာ နယ်ပယ်အသီးသီးမှာ ရှိပြီးသားဖြစ်တဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေနဲ့ ပြန်ပြီး လက်တွဲကြဖို့၊ ကျွန်တော်တို့နယ်ပယ် အသီးသီးကို ထပ်မံ ဖြန့်ကျက်ပြီးတော့ အများအကျိုး၊ တိုင်းပြည်အကျိုး၊ လောကပါလတရား သုံးပါး ထွန်းကားဖို့အရေးကို ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါလို့။ အဲဒါကို ကျွန်တော်ပြောချင်ပါတယ်။

အရာရာတိုင်းမှာ ကျောင်းသားတွေဟာ ကြားနေရမယ်၊ ဘက်မလိုက်ရဘူးဆိုတဲ့ အတွေးအခေါ်တွေ အယူအဆတွေ ရှိခဲ့ပါတယ်။ ယေဘူယျအားဖြင့် မှန်ချင်မှန်ပါလိမ့်မယ်။ High Light အနေနဲ့တော့ ကျွန်တော်တို့ဟာ လောကပါလတရား သုံးပါးဖြစ်တဲ့ တရားမျှတရေး၊ လွတ်လပ်ခြင်း တန်းတူညီမျှခြင်း ဆိုတဲ့ အချက် သုံးပါးနဲ့ ပတ်သက်ရင်တော့ လောကပါလ တရားသုံးပါးကို တည်ထောင်သူတွေနဲ့ ဖျက်ဆီးသူတွေကြားမှာတော့ ဘက်မလိုက်ဘဲ မနေနိုင် ပါဘူး။ ကျွန်တော်တို့ လောကပါလ တရားသုံးပါး တည်ထောင်သူဘက်ကနေ ပြတ်ပြတ်သားသား ဘက်လိုက်ရမှာ။ အဲဒါလေးကို အသိပေးပါရစေ။ ကျွန်တော်တို့ ခရီးစဉ်တစ်လျှောက်မှာလည်း အားလုံး ကိုယ်စားပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေနဲ့ လက်တွဲဆောင်ရွက်ရမယ်ဆိုတဲ့ ကိစ္စပါ။

ဒါ နောက်ဆုံးစကားပါ။ ၂၃ နှစ်တာ ပြည်သူလူထုရဲ့ ပေးဆပ်မှုရဲ့ နောက်ဘဝများစွာ အသက်များစွာ စတေးပြီးတဲ့နောက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ငြင်းပယ်လို့မရတဲ့ ပကတိ မျက်မှောက်တရားအဖြစ် နောက်ဆုံး လက်ရှိအစိုးရကိုယ်တိုင် လက်ခံထားပါပြီ။ အဲဒါ ပြည်သူ့အောင်ပွဲ၊ လူထုအောင်ပွဲဆိုတာကို အောင်စိတ်နဲ့ မှတ်ပါ။ အဲဒီအတွက် ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ အဟောင်းအဆွေးကြီးဖြစ်တဲ့ ဖိနှိပ်ချုပ်ခြယ်ခြင်း၊ အခွင့်ထူးခံခြင်း ဆိုတဲ့ အဟောင်းကြီးကို ဖက်တွယ်ထားချင်တဲ့ သူတွေကတေ့ နေရာတကာမှာ ရှိဦးမှာပါပဲ။ လွန်ဆွဲပွဲတစ်ခုလိုပါ။ လွန်ကြိုးနှစ်ဖက်ပဲရှိပါတယ်။ ပြုပြင် ပြောင်းလဲရေးကို ဖော်ဆောင်ချင်တဲ့ အင်အားစုတွေ၊ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် သူတို့က တစ်ဖက်၊ အပြောင်းအလဲကို ငြင်းဆန်ပြီးတော့ အဟောင်းထဲ မှာပဲ နေမယ်ဆိုသူတွေက တစ်ဖက် အဲဒီ လွန်ဆွဲပွဲမှာလည်း ၈၈ က ပြုပြင်ပြောင်းလဲရေး လုပ်လိုသူများဘက်ကပဲ လွန်ဝင်ဆွဲဦးမှာဆိုတာကို ရှင်းရှင် လင်းလင်း ကတိပေး ထားပါတယ်။

အဆုံးသတ်အနေနဲ့ ကျွန်တော်တို့ ၈၈ တွေ အခုလို ရပ်ပြီး စကားပြောရတဲ့ ကာလ။ ဘာဖြစ်လဲဆိုတော့ ရှေးဟောင်းမာယာလူမျိုးတွေရဲ့ ပြက္ခဒိန်အရ ကမ္ဘာ ပျက်မယ့်နှစ်မှာ ကျွန်တော်တို့ ကျွန်ပြန်ဖြစ်ခဲ့ရတယ်။ ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ် ပြန်တည်ရမယ့်ဘဝဆိုတော့၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီမိုကရေစီ လိုလားသူတွေ အများစုက တစ်ကယ်တမ်းသာ ဦးညွတ်မယ်ဆိုရင်တော့ ကမ္ဘာပျက်မယ့်နေ့မှာ နိုင်ငံသစ် တည်ဆောက်ရုံတင် မကဘူး။ ကမ္ဘာသစ်ပါ တည်လို့ရမယ်ဆိုတာ ယုံပါတယ်လို့ ပြောရင်း ကျွန်တော့်စကားကို အဆုံးသတ်ချင်ပါတယ်။

မင်းကိုနိုင်

၂၀၁၄ တွင် တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်မည်

 “၂၀၁၄ မှာ ကောက်မယ်။ အခု ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ဖွဲ့ပြီးပြီ။ ၁၉၈၃ ခုနှစ် နောက်ပိုင်းကစပြီး တစ်နိုင်ငံလုံး သန်းခေါင်စာရင်း မကောက်ဖူးဘူး”
နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ခံရန် ပြင်ဆင်မှုများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။ “၂၀၁၄ မှာ ကောက်မယ်။ အခု ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ဖွဲ့ပြီးပြီ။ ၁၉၈၃ ခုနှစ် နောက်ပိုင်းကစပြီး တစ်နိုင်ငံလုံး သန်းခေါင်စာရင်း မကောက်ဖူးဘူး”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ထိုကဲ့သို့ သန်းခေါင်စာရင်းကောက်ရန်အတွက် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အပါအဝင် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းမြောက်မြားစွာဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလက ထုတ်ပြန်ခဲ့သော စာရင်းအရ မြန်မာနိုင်ငံလူဦးရေမှာ ၆၀ ဒသမ ၃၈ သန်းရှိပြီး ထိုအရေအတွက်မှာ မြို့နယ် ၂၄ မြို့နယ်အားစံယူ၍ ကောက်ယူထားခြင်း ဖြစ်သည်။ “၁၉၉၈ ကနေ ၂၀၀၆ အထိ က လူဦးရေတိုးနှုန်းကို ၂ ဒသမ ၀၂ နဲ့တွက်ခဲ့တယ်။ အခု အောက်တိုဘာမှာတော့ ၁ ဒသမ ၀၁ တိုးနဲ့တွက်တယ်။ အပျိုကြီး၊ လူပျိုကြီးများလာလို့”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ လက်ရှိ သန်းခေါင်စာရင်းအရ အိမ်ထောင်ကျသူအများစုမှာ နှစ်ဖက်သော မိသားစုစာရင်း၌ ရှိနေကြပြီး အချို့မှာ သန်းခေါင်စာရင်းပင် မရှိကြချေ။ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းအား ၁၉၈၃ ခုနှစ်က နောက်ဆုံးအကြိမ် ကောက်ခံခဲ့သည်။
 Credit: အောင်သူရ (7Day News Journal)

တိမ်ပြာသောနေ့မှသည်အရုဏ်နီဆီသို့(တာကောဒီ)

"နယ်ချဲ့ အင်္ဂလိပ် ဖိနှိပ်မှုကြောင့်..လူမွေး လူတောင် မပြောင်တယ် x x ဆင်းရဲတွင်းသာနက်ခဲ့ပါလို့ x x သူပုန်မီးကိုမွှေးခဲ့ရတယ်..တိုက်မယ်x ခိုက်မယ်x နယ်ချဲ့အစိုးရပြုတ်အောင် ဒို့တိုက်မယ်"

             ဖက်ဆစ်ဂျပန်ကို လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသော ဖ.ဆ.ပ.လ လယ်သမားခေါင်းဆောင်များသည်၊ ဤသီချင်းလေးကိုဆိုရင်း ဗြိတိသျှ ဧကရီဘုရင်မင်းကြီးကိုပုန်ကန်မှုဖြင့် ကြိုးစင်တက်ခဲ့ကြရသည်။ တိုင်းပြည် လွတ်လပ်ရေးရလုဆဲဆဲ အခါတွင်လည်း ဆရာစံနှင့်လယ်သမားသူပုန်များကိုကြိုးပေးခဲ့သည့် ဧကရီဘုရင်မကြီး၏ ဆာဘွဲ့ရသူကောင်းပြု တရားသူကြီးတစ်ဦးက ပထမဆုံး သမ္မတဖြစ်လာပြန်ပါသည်။
             "လက်ဝဲသမား လူငယ်တွေ ညီညွတ်ဖို့လိုတယ်" ဟူသော လက်ဝဲညီညွတ်ရေး မိန့်ခွန်းပြောပြီး မကြာမီ တွင်ပင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည်။ သခင်မြ၊ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ခေါင်းဆောင်ကြီးများ မရှိတော့သည်နောက်တွင်ကာ အကွဲအပြဲမှာထိန်းမရတော့။ လက်ဝဲညီညွတ်ရေးအတွက် ဦးနု၏ နုမူ (၁၄) ချက် ထွက်လာသည်။ ပြည့်သူရဲဘော်ကလည်း တင်ပြသည်။ ဦးနု၏အဆိုပြုချက်တွင် မတ်ဝါဒလေ့လာရေးအစုများ ဖွဲ့ရန်ပါသဖြင့် လန်ဒန်သတင်းစာများက ဖ.ဆ.ပ.လ အစိုးရ "နီ" သွားပြီဟု ရေးသားကြသည်။ ထိုအချက်ကို ပြန်ဖြုတ်လိုက်ရသည်။ ရဲဘော်မူနှင့် နုမူကွဲပြီး ပြည်သူရဲဘော်သည်လည်း ကွန်မြူနစ်ပါတီတောခိုသွားပြီးနောက် ရဲဘော်ဖြူ၊ ရဲဘော်ဝါကွဲကြပြီး၊ ရဲဘော်ဖြူများက ကွန်မြူနစ်ပါတီနောက် လိုက်သွားကြသည်။ ပြည်တွင်းစစ်မီးကြီးက ထွန်းသစ်စနိုင်ငံငယ်ကို ဝါးမျိုလိုက်ပြီ။
         ငိုချင်းရှည် အလွမ်းပြဇာတ်ကြီးနဲ့တူသော ဗမာပြည်သမိုင်းက ကျနော်တို့၏အသွေးအသားထဲဝယ် ကိန်းအောင်းနေသော တရားမျှတမှုနှင့်နိုင်ငံချစ်စိတ်တို့ကို လှုပ်နိုးလိုက်သည်။ သို့နှင့်ပင် ကျနော်တို့သည် ဗမာပြည်သမိုင်းနှင့်ဆက်နွယ်နေသော ကမ္ဘာ့သမိုင်းကို လေ့လာကြပြန်သည်။ ၁၉၁၄ - ၁၇ ပထမကမ္ဘာစစ်ကြီး အောက်တိုဘာ တော်လှန်ရေးကြီးနှင့် ဆိုဗီယက်ပြည်ထောင်စုပေါ်ထွန်းလာခြင်း၊ ၁၉၃၀ စီးပွားပျက်ကပ်ကြီး ဟစ်တလာနှင့် နာဇီပါတီအာဏာရလာခြင်း၊ ဒုတိယကမ္ဘာစစ်ကြီး ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းနှင့် ဝင်ရိုးတန်း ၃ နိုင်ငံ၊ ယော်လ်တာကွန်ဖရင့် ဝင်စတန်ချာချီ၊ ရုစ်ဗဲလ်တ်၊ စတာလင်သွာချီ သံမဏိကန့်လန့်ကာမိန့်ခွန်း စစ်အေး အမြောက်သံ အရှေ့ဥရောပဆိုရှယ်လစ်နိုင်ငံများ ပေါ်ထွန်းလာခြင်း၊ ၁၉၄၉ တရုတ်ပြည်သစ်၊ မော်စီတုံး၊ ချူအင်လိုင်း၊ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ၊ ၁၉၅၅ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီး၊ စတော့ဟုမ်းကွန်ကရက်၊ ဂျူးလီယော့ ကျူရီ၏ ငြိမ်းချမ်းရေးသဝဏ်လွှာ၊ ဆိုဗီယက်ကွန်မြုနစ်ပါတီ ၁၈-၂၀ ကြိမ်မြောက် ကွန်ကရက်များ စစ်နှင့်ငြိမ်းချမ်းရေးပြဿနာ၊ စတာလင်ပုဂ္ဂိုလ်ကိုးကွယ်မှု "Personality Cult" ပြဿနာ၊ "အနုမြူဗုံးဟာ စက္ကူကျားဖြစ်တယ်"၊ မော်စီတုံး၏ ၁၉၇၀  မေ (၂၀) ကြေငြာချက်။
         ကျနော်တို့၏ သမိုင်းလေ့လာမှုပြီးဆုံးသည့်အခါတွင်ကား မူလ လူ၂၀ မျှ ပျော်ပျော်ပါးပါး လေ့လာခဲ့ကြရာမှ ထက်ဝက်ခန့်သာ ကျန်ပါတော့သည်။ ကျနော်တို့၏ လေ့လာရေးကိုလည်း မတ် - လီနင်ဝါဒ လေ့လာအစုအဖြစ် မြှင့်တင်လိုက်ကြသည်။ V.Afamadeyev ၏ Marxist philosophy နှင့် O.yakhot ၏ Dialectical and Historical Materialism  စာအုပ်နှစ်အုပ်ကို အဓိကထားလေ့လာသည်။ မော်စီတုံး၏လက်ရွေးစင်ကျမ်း ၄ တွဲမှ အရေးကြီးသော ဆောင်းပါးများကို ညက်ညက်ကြေအောင် လေ့လာကြသည်။
         On Practice, on contradiction on New Democracy, Coalition government, Selected Military writings, Marx-angle selected work, Vol-I & II လီနင်လက်ရွေးစင်ကျမ်း မြန်မာပြန် ၄ တွဲနှင့် စတာလင်၏ အရေးကြီးသော Foundation of Leninism, The Problems of Leninism, Marxism and National Questions စသည်တို့ကို လေ့လာကြသည်။ သခင်လေးမောင်၊ အောင်လင်း၊ ဘဝင်း၊ ဆရာမြသန်းတင့်တို့၏ မတ်ဝါဒဆိုင်ရာ မြန်မာပြန်စာအုပ်များကိုလည်း လေ့လာကြပါသည်။ ကျနော်တို့သည် မတ်ဘောဂဗေဒဘာသာရပ်တွင်မူ အတော် အခက်အခဲ တွေ့ကြရသည်။
         မောင်စူးစမ်း၏ မတ်ဘောဂဗေဒ ၂ တွဲကို အားထားကြရသည်။ ကျနော်တို့၏ လေ့လာရေးပြီးဆုံးသည့်အခါ မတ်ဝါဒီများ အပြစ်ပြဿနာအရပ်ရပ်ကို သုံးသပ်ရှုမြင်ရန်နှင့် နိုင်ငံရေး စီးပွား ယဉ်ကျေးမှုအသစ်တို့ဖြင့် ဒီမိုကရေစီသစ် ဗမာပြည်ကို ကျနော်တို့ တည်ဆောက်ကြရမည်ဟု သဘောတူကောက်ချက်စွဲနိုင်သည့်အခါတွင်ကား ကိုကျော်ဝင်း၊ ကျနော် ၊ ကျနော့်ညီ ဖိုးချိုနှင့် တင်မောင်သန်းတို့ ၄ ဦးသာလက်တွဲမဖြုတ်တမ်းကျန်ရစ်ခဲ့ကြပါသည်။
         ဤလေ့လာရေး အစုအဝေးသည် ကျောင်းကလပ်စည်းဖြစ်လာပြီး နောင်တွင် ကျနော်တို့အားလုံးသည် ကျောင်းသားတိုက်ပွဲ၊ လူထုတိုက်ပွဲများကိုဖြတ်သန်းကာ ကွန်မြူနစ်များဖြစ်လာခဲ့ကြပါသည်။ ဖိုးချို နှင့် ကိုကျော်ဝင်း တို့က လက်နက်ကိုင်တော်လှန်ရေးဆီသို့ရောက်ရှိသွားကာ တင်မောင်သန်းက ကျောင်းထုတ်ခံခဲ့ရပါသည်။ သူလည်း ဆရာဝန်တစ်ယောက်ဖြစ်လာပြီင်္း ထင်ရှားသည့်စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့ပါသည်။ သင့်ဘဝအောင်မြင်ရေး မဂ္ဂဇင်းကိုထုတ်ဝေခဲ့ပြီး ယခုအခါ USA တွင် ရောက်ရှိနေပါသည်။ RFA တွင် သတင်းဆောင်းပါးများ ရေးသားလျက်ရှိ ပါသည်။ ကျနော်ကတော့ လေးဘက်အုတ်နံရံနှင့် နရသိမ်စံအိမ်၏ ဧည့်သည်တော်။
         "တိမ်ပြာသောနေ့တွင် x အသည်းများ ဘ၀င် xx သာယာလန်းဆန်းကြည်လင်" ကျနော်က ပန်းနုအပြာ ဖျော့ရောယှက်ကာ လှပသောညနေဆည်းဆာ တိမ်ပန်းချီကားချပ်ကိုကြည့်ကာ "တိမ်ပြာသောနေ့" သီချင်းကို ညည်းနေသည်။ "ဟား ဟား ဟား ဟား" ကောင်လေးတော့ ထမင်းဆာတာနဲ့ စိတ်ဖေါက်သွားပြီနဲ့တူတယ် ကျောက်ကားပေါ်အတူပါလာသည့် အလုပ်သမားကြီးက ကျနော်ကိုစသည်။ လေက ဟူး ဟူး ရား ရား တိုက်ခတ် နေသည်။ ကျနော့်တို့စီးလာသည့်ကျောက်တင်ကားက မန္တလေးတောင်ကိုပါတ်ကွေ့ကာ အရှိန်ပြင်းစွာ မောင်းနှင် နေသည်။ ဆောင်းနှောင်း ညနေသည် နောက်တွင်ကျန်နေရစ်ခဲ့ပြီ။ ကျနော်၏ ကျောက်ကားတင် အလုပ်သမားဘ၀။
         ၁၉၇၃ နှစ်ဦးပိုင်းတွင် မန္တလေးဆေးတက္ကသိုလ် တတိယအကြိမ်နှစ်လည်မဂ္ဂဇင်းကော်မတီ အစည်းအဝေးတွင် မျက်နှာဖုံးဓါတ်ပုံနှင့်ပါတ်သက်၍ ဆရာများနှင့်ကျနော်တို့ အပြင်းအထန်ငြင်းခုန်ကြရသည်။ ယခုအကြိမ်တွင် ကိုလေးထွန်းက အယ်ဒီတာချုပ်။ ကျနော်၊ ကိုကျော်ဝင်းနှင့် ကိုကျော်သောင်းတို့က အယ်ဒီတာများ။ ကျနော်တို့ ရွေးထားသောအဖုံးမှာ ချေဂွေဗါးရားပုံပါသဖြင့် ကျောင်းအာဏါပိုင်အဖွဲ့ထဲမှ မ.ဆ.လ အလိုတော်ရှိ ဆရာ၊ ဆရာမများက ပယ်ချသည်။ ထိုဆရာများက ကျနော်တို့အုပ်စုကို ကြည့်မရ။ လမ်းစဉ်လူငယ်လှုပ်ရှားမှုကို ဦးဆောင်သောဆရာအချို့ကလည်း ကျနော့်တို့ကို မလိုလားအပ်သော ကျောင်းသားများဟု ယူဆနေသည်။ အထူးသဖြင့် ခန္ဓာဗေဒ (Anatomy) ပါမောက္ခနှင့်ဆရာများက ကျနော်တို့နှင့် မတည့်။
ဤသို့ဖြင့် ဒုတိယ အမ်ဘီဘီအက်စ် (အကြီးတန်း)စာမေးပွဲတွင် ခန္ဓာဗေဒဘာသာရပ်ကျရှုံးထားသော ကျနော်သည် ၁၉၇၃ ဇူလိုင်တွင်ကျင်းပသော စားမေးပွဲကြီးတွင် ခန္ဓာဗေဒဘာသာရပ် ရေးဖြေဘာသာရပ်များ အောင်မြင်ပါလျက် ၂ခါကျစံနစ်ဖြင့် ကျောင်းမှ ထုတ်ပယ်ခံရသည်။ ကျနော် လုပ်ကြံကျောင်းထုတ်ခံရသည်ကို မကျေနပ်သော ကိုကျော်ဝင်းနှင့် ကျောင်းသားများက စာသင်ခန်းမကြီးတခုကိုဝင်ရောက်စီးနင်းကာ ကျနော်၏ ခန္ဓာဗေဒ အဖြေလွှာများ ကို စစ်ဆေးကြည့်ရှုလိုကြောင်း တောင်းဆိုကြသည်။ ၁၉၇၃ ဇူလိုင် (၅) ရက်နေ့တွင်ဖြစ်သည်။ ကျောင်းအာဏာပိုင် များက အဖြေလွှာများကို စစ်ဆေးစရာမလိုကြောင်း၊ ကျနော်သည် ခန္ဓာဗေဒဘာသာရပ်၏ ရေးဖြေစာမေးပွဲများနှင့် လက်တွေ့စာမေးပွဲကို အောင်မြင်ကြောင်း သို့ရာတွင် နှုတ်ဖြေစာမေးပွဲကို မအောင်မြင်ကြောင်း၊ နောက်နောင်တွင် နှုတ်ဖြေမအောင်လျင် ကျောင်းထုတ်သည့်စံနစ်ကို ပယ်ဖျက်ပေးရန်တင်ပြပေးမည်ဖြစ်ကြောင်း၊ ချွေးသိပ် ဖြေရှင်းပေး လိုက်ကြသည်။ သို့ဖြင့် ဖော်မလင်နံ့ထုံမွှန်းသည့် ခွဲစိတ်ခန်းထဲက လူသေကောင်များကြားမှာထက်၊ လရောင်အောက် တွင် စံပါယ်နံ့သင်းသင်းကိုရှုရှိုက်ရင်း အိုမာခယာမ်၏ကဗျာများကို ရွတ်ဆိုနေချင်ပါသည်ဆိုသော ကျနော်သည် ဆေးတက္ကသိုလ်ပရ၀ုဏ်ကို ကျောခိုင်းခဲ့ရပါသည်။
         ကျောင်းထုတ်ခံပြီးနောက် မကြာမီ အိမ်ထောင်ကျခဲ့သော ကျနော်သည် ဘ၀စာမျက်နှာများကို ဖြတ်သန်းရင်း၊ နာကျည်းကြေကွဲဘွယ် အောက်ခြေပြည်သူများ၏ဘ၀ကို လက်တွေ့ကျကျ သိရှိလာရပါသည်။ ဤနှစ်ကာလများက ကျနော်၏လောကအပြင်ကို အခိုင်အမာထုဆစ်ခဲ့ပြီး အတွေးအခေါ်အရသာမက လက်တွေ့ဘ၀ကိုပါ ပြောင်းလဲစေခဲ့ပါ သည်။
         ကျနော်သည် မြူနီစီပါယ်ရုံးမှကားပေါ်တွင် နေ့စားအလုပ်ကြမ်းအဖြစ် ၀င်ရောက်လုပ်ကိုင်သည်။ တနေ့ သုံးကျပ်ရှစ်ဆယ့်ငါးပြားရသည်။ တဖက်တွင် ကျူရှင်တခုခု၌စာပြခွင့်ရရန်ကြိုးစားရင်း၊ မန္တလေးတက္ကသိုလ် ရူပဗေဒဘာသာရပ်တွင် ဒုတိယနှစ် External ကျောင်းသားအဖြစ် စာရင်းတင်သွင်းထားပါသည်။ ကျနော့်တာဝန်မှာ တာဝန်ကျသည့်ကားဖြင့် အလုပ်ခွဲပေးသည့် work-Ticket အတိုင်း ကျောက်သယ်ခြင်း၊ မြေသယ်ခြင်းများ လုပ်ရာတွင် ခေါက်ရေနှင့်ပြီးစီးမှုကို လက်မှတ်ထိုးကြီးကြပ်ရသည်။ ကုလားမတောင် ကျောက်မိုင်းမှကျောက်များကိုသယ်ပြီး လမ်းခင်းရာသို့ပို့ရသည်။ ကုလားမတောင်ကျောက်မိုင်းမှာ မန္တလေး မိုးကုတ်ကားလမ်းနံဘေးတွင် တည်ရှိပြီး၊ ရာဇ၀င်လာ ဖောင်သမားလေး မောင်ရင်မောင်နှင့် ယက္ကန်းသမလေးမရွှေဥတို့၏ မေတ္တာဇာတ်လမ်း “စ” ရာ ဒေသ ဖြစ်သည်။
         မနက်လင်းသည်နှင့် တရွာလုံးကျောက်မိုင်းမှာ ရောက်နေပြီ။ ကျောင်တောင်မှ ကျောက်စိုင်ခဲကြီးများကို ပေါက်ချွန်းဖြင့် ဖဲ့ချသည်။ ယင်းကျောက်တုံးကြီးများကို ခြောက်ပေါင်တူဖြင့်ထုခွဲပြီး အရွယ်ရွယ် အစားစားဖြစ်အောင် ထုနှက်ကြရသည်။ ကျောက်ကြီး၊ ကျောက်လတ် (၂" x ၁') နှင့် chipping ခေါ်ကျောက်သေးများ အဖြစ်ရောက်အောင် တူအရွယ်အစားစားဖြင့် စိတ်ရှည်လက်ရှည် ဂဲထုကြရသည်။ ကျောက်မိုင်းအတွင်းဝင်လိုက်လာလျင် တူထုသံ တဒက်ဒက်ကို အဆက်မပြတ်ကြားရမည်။ ဤကျောက်များကို သယ်ယူပြီးလမ်းခင်းကာ ကတ္တရာစေးလောင်းကြရ သည်။
         သူတို့၏လက်များမှ လမ်းခင်းကျောက်များ အဆက်မပြတ်ထုခွဲနေကြရသောလည်း သူတို့ရွာကလေးမှာ လမ်းကောင်းကောင်းမရှိ။ သူတို့မှာ ကျောက်ခေါင်းဟုခေါ်သော အလုပ်သမားခေါင်းရှိသည်။ ခွဲပြီးသောကျောက်များကို ကျောက်ခေါင်းမှတဆင့် ကန်ထရိုက်သို့သွင်းကြရသည်။ ကျောက်ကန်ထရိုက်တွင် G.M.C ကျောက်ကားများ ရှိသည်။ ယင်းကားများဖြင့် ကျောက်များကိုသယ်ပြီး ပုဂ္ဂလိကနှင့် အစိုးရအလုပ်ဌါနများသို့ ရောင်းချသည်။ သူတို့သည် ကျောက် ကန်ထရိုက်ထံမှ ဆန်၊ ဆီ၊ ဆား အ၀တ်အထည် အသုံးအဆောင်များကို ကြိုသုံးအဖြစ်ယူပြီး ကျောက်သွင်းကာ ပြန်ရှင်း ကြရသည်။ အဟောင်းပေးအသစ်ယူ ကြိုထုတ်စံနစ်ဖြင့် ကြွေးသံသရာ လည်နေကြသည်။ ခလေးများမှာကျောင်းမနေ ကြရ။ ခလေးထိမ်း၊ ထမင်းချက်၊ ရေနွေးတည်၊ တောလည်မှစ၍ အလုပ်သင်ကာ အရွယ်ရောက်သည်နှင့် ကျောက်ထု ကြရသည်။ နွေ၊ မိုး၊ ဆောင်း ကျောက်ထုရသည်။ ပိတ်ရက်မရှိ။ တူနှင့် ကျောက်ခဲများသည်သာ သူတို့ဘ၀။ သူတို့ မိုးကောင်းကင်။
         ကျောက်ကားပိုင်ရှင် ငွေရှင်တွေသာ ကားတွေတစင်းပြီးတစင်း ၀ယ်နိုင်လာသည်။ သူတို့ခမျာမတော့ ထမင်းကြမ်း၊ ထန်းလျက်ခဲနှင့် တူရိုးသာလဲခဲ့သည်  သူတို့ဘ၀ကား အပြောင်းအလဲမရှိ။ ထမင်းစားချိန်ဆိုလျင် နီးစပ်ရာဝိုင်းဖွဲ့ စားသောက်ကြသည်။ ကျနော်က အိမ်ကပါလာသော ထမင်းထုပ်ဖြင့် သူတို့နှင့်ဝင်စားသည်။ ဆန်ကြမ်းထမင်း ငပိဖုတ်နှင့်ငရုပ်သီးထောင်းမှာ ပင်တိုင်ဟင်း။ ရာသီပေါ်သီးနှံတွေကို ချက်ကြသည်။ ခရမ်းချဉ်သီး ပေါ်ချိန်ဆိုလျင် အားလုံး ခရမ်းချဉ်သီးဟင်း။ ခရမ်းသီးပေါ်ချိန်လျင် ခရမ်းသီးဟင်း။ တိုင်ပင်၍ ချက်ထားသည့်နှယ် အားလုံးဟင်းခွက်များမှာ အတူတူ။
         ဘ၀ကဆင်းရဲသော်လည်း သူတို့၏ စေတနာမေတ္တာမှာ ကြီးမားသည်။ တခါတရံ ကျနော်က ထမင်းထုပ် အချိန်မမှီ၍မပါခဲ့သဖြင့် ထမင်းစားချိန် တချောင်ချောင်ကပ်နေလျင် အတင်းဆွဲခေါ်ကာကြွေးကြသည်။ ကျောက်ကား ပေါ်သို့ ကျောက်အတင်အချ တခေါက် ငါးကျပ်ရသည်။ တကားလျင် နှစ်ယောက်တင်ရသည်။ တရက်လျင် အနည်းဆုံး ကျောက်ကား (၄) စင်းတော့ အတင်အချလုပ်ရသည်။ ကား (၄) စီး အတင်အချလုပ်လျင် တဦး (၁၀ိ/) ရသည်။ ကျနော်ရသည်ကမှ တနေ့ ၃ိ/ ထမင်းအ၀စား (၂ိ/) ခေတ်တွင် ငွေ (၁၀ိ/) က နည်းသည့် ငွေမဟုတ်။ သို့ရာတွင် ကျနော်နှင့် ကျောက်ကားအတူ တင်ချရသူက မသက်သာ။ ကျနော်က ဟုတ်ဟုတ်ငြားငြား တင်နိုင်သည်မဟုတ်။ ကားတစင်းလုံး၏ လေးပုံတပုံခန့်သာ တင်နိုင်သည်။ သို့ရာတွင် သူတို့သည် ကျနော့်ကို မတွက်ကပ်ကြ။ ကျနော်နှင့် အတူတွဲ၍ ကျောက်တင်ရန် အလုအယက်ပင် ဖြစ်နေသေးသည်။
         တခါတရံ နေ့လည်ထမင်းစားပြီး၊ မလှမ်းမကမ်းရှိစမ်းပေါက်တွင် ခြေလက်ဆေးကာ ဝါးရုံပင်ရိပ်တွင် ခဏမှေးရင်း အိပ်ပျော်သွားလျင် သူတို့သည် ကျနော့်ကို မနှိုးရက်ကြ။ ကျနော့်အစား ကျောက်အတင်အချဝင်လုပ်ပြီး ညနေအလုပ်သိမ်းလျင် ကျနော့်အတွက်ပါ ကျသင့်ငွေကို ခွဲပေးကြသည်။ တခါတရံ ကျောက်တောင်ဖြိုရင်း ကျောက် ကမ်းပါးပြိုကျသွား၍ လူပါသွားသည့်အခါ သွေးသံတရဲရဲ ဒဏ်ရာရကြသည်။ လူနာကို စောင်ပုခက်ဖြင့်ထမ်းပြီး ကားလမ်းရောက်အောင်သွားကာ အနီးဆုံး မတ္တရာဆေးရုံသို့ ကားကြုံဖြင့်ပို့ကြရသည်။ ကံဆိုးသဖြင့် အချိန်မှီ ကားမရလျင် သွေးလွန်သေဆုံးကြရသည်။ သူတို့အတွက် ဂုံနီအိပ်မှာ ချုံစောင်၊ ဖျားနာလျင် လျက်ဆားနှင့် ငန်းနီကျော်ဆေး၊ လင်းရိပ်ကျနေသော သူတို့ဘဝ ဖြတ်ပိုင်းပုံရိပ်များက တရားမျှတကင်းမဲ့သည့် လူမှုစံနစ်ကြီးကို မီးမောင်းထိုးပြနေသည်။
         သို့နှင်ပင် ၁၉၇၃ ဇန္နဝါရီ (၃) ရက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲ ရောက်လာသည်။ မဲရုံပေါက်ကို ဖေါက်ထွင်းမြင်ရသောခန်းဆီးဖြင့် ကာထားသည်။ ထောက်ခံမဲ အဖြူပုံးကို အပေါက်ဝတွင်ထားပြီး၊ ကန့်ကွက်မဲ အမဲပုံး ကို အဝေးဆုံးနေရာတွင်ထားသည်။ ကောလဟာလ တီးတိုးဝါဒဖြန့်နည်းများဖြင့် ကန့်ကွက်လျှင်ဘာလုပ်မည် ညာလုပ် မည်။ ဘယ်သူ အမဲပေးသည်ကို ထောက်လှမ်းမည်စသဖြင့် အကြောက်တရားဖြင့် ခြောက်လှန့်ကာ မဲရအောင်ယူ သည်။ အချို့မဲရုံများက ဗြောင်ကျကျပင် အမဲပုံးထဲမှမဲများကို အဖြူပုံးထဲ ပြောင်းထဲ့သည်။ ကန့်ကွက်ရဲသူမရှိ။ ၉၉.၉၉% ဖြင့်အတည်ပြုကာ ၁၉၇၄ တွင် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြောက်ကာ နိုင်ငံတော်ကောင်စီ၊ ပြည်သူလူ ထုလွှတ်တော်၊ အစိုးရအဖွဲ့ စသည်တို့ပေါ်ပေါက်လာသည်။ ထိုစဉ်က ပြည်သူလူထုက ၉၉.၉၉% မဲ ဖြင့် ရွေးချယ်ခံရပါ သည်ဆိုသော ဗိုလ်မှူးကြီးများ၊ ဗိုလ်ချုပ်များသည် ၁၉၉၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင်မူ လဖက်ရည်ဖျော်သူ၊ ကွမ်းယာသည်စသူတို့ကို မဲအပြတ်အသတ်ဖြင့် မရှုမလှ ရှုံးနိမ့်ခဲ့ကြပါသည်။မကြာမီ ပင် ၁၉၇၄ဇွန်လ အလုပ်သမားသပိတ်ကြီး ပေါ်ပေါက်လာသည်။
 (ရေးတာက) တာကောဒီ
(ပန်းချီသရုပ်ဖော်က) ကိုထိုက်
(ယူတာက) http://www.kaungkin.com/index.php?option=com_content&view=article&id=703:2012-01-22-19-34-58&catid=37:2009-04-17-01-30-25&Itemid=64 (မှတ်ချက် ဆောင်းပါးခေါင်းစဉ်က အရုဏ်နီ မှမှန်မှာမို့ မူရင်း အာရုဏ်နီကို အရုဏ်နီလို့ပြောင်းလဲပေးပါတယ်)

သိလျက်နဲ့ မိုက်နေသူ

ကျွန်ုပ်ထိုင်တဲ့ ဆေးခန်းတည်ရှိရာမြို့မှာ တည်ခိုခန်း ၁၀ခု၊ ၁၅ ခု၊ လောက်ရှိမယ်ထင်ပါသည်။ ကျွန်တော်တို့ငယ်ငယ်က သိထားတာက ခရီးသွားဟန်လွဲ သဘောင်္၊ ရထား၊ ကားစတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်မမီလိုက်လို့၊ အကြောင်းကိစ္စတစ်ခုကြောင့် အဲဒီမြို့မှာ ညအိပ်ဖို့ လိုလာလို့ စတဲ့ အကြောင်းကြောင်းကြောင့် တည်းခိုခန်းမှာ မဖြစ်မနေ တည်းခိုကြရတယ်။ နည်းနည်းအရွယ်ရောက် လာတော့ မမှန်မကန် အကြံအဖန်လုပ်တတ်ကြတဲ့ သူတွေလည်း တည်းကြပါလားဆိုတာ သိလာတယ်။ ယခုတော့ ပို၍သိလာ ပါတော့တယ်။ တစ်ညတာ တည်းမလား နာရီပိုင်း အချိန်ပိုင်းနဲ့ တည်းမလား၊ အစားအသောက်လိုချင်ရင် ဆိုင်ကရမယ်၊ ဒါမှမဟုတ် ၀န်ထမ်းတွေက လိုက်ဝယ်ပေးတယ်။ အရက်ရနိုင်တယ်။ ကွန်ဒုံးရနိုင်တယ် စတဲ့စတဲ့ ၀န်ဆောင်မှုတွေ ပေးပါတယ်။ ဆိုက်ကားသမား တွေနဲ့ ပေါင်းပြီး ခရီးသည်ပါလာလျှင်၊ ခရီးသည်ပို့ပေးလျှင် ငွေကျပ် ၅၀၀(သို့) ၁၀၀၀ ဘောက်ဆူးချတတ်ကြပါတယ်။ ဆေးခန်းသို့ တစ်ခါတရံ စုံတွဲတွေ ရောက်လာတတ်ကြပါတယ်။ အမျိုးသမီးငယ်တွေက ဆေးခန်းထဲဝင်ပြီး သန္ဒေတားဆေး ၀င်ထိုးသွားကြပါတယ်။ သွေးပေါ်ပြီးမှ ထိုးရတဲ့ ဆေးဖြစ်လို့ သွေးပေါ်ခြင်း ရှိမရှိ၊ မေးရပါတယ်။ များသောအားဖြင့်က မပေါ်ကြပါ။ ကြုံသလို ဆေးထိုးကြသည်။ ယခုလောလောလတ်လတ်တွင် တည်းခိုခန်းသွားမှာ ဖြစ်တဲ့အတွက် ကလေးရမှာစိုးလို့ ၀င်ရောက်ထိုး ကြောင်းပြောပါတယ်။ တကယ်ဆိုရင် တားဆေးဆိုတာ ခုထိုး၊ ခုတားပေးတာ မဟုတ်။ ကိုယ်က ကြိုတင်ပြီးတားထားမှ ဖြစ်မှာ။ သွေးကပေါ်ပြီးသားမှ ဖြစ်နေရမယ်။ ခုထိုးလိုက်ပြီး ခုပဲကောင်လေးနဲ့ နေမယ်ဆိုရင် သန္ဒေတားဖို့ဆိုတာက မသေချာ။ တလွဲဆံပင်ကောင်းနေကြသည်။ ဒါကြောင့် ကွန်ဒုံးကိုသုံးဖို့ မှာကြားလိုက်ရပါတယ်။ တစ်ဆက်တည်း ဆူးပေါ်ဖက်ကျ၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပဲပေါက်ရတယ်ဆိုတဲ့ အကြောင်း၊ မိမိဘက်ကတတ်နိုင်သလောက် ရှောင်သင့်ကြောင်း ဆုံးမလိုက်ရပါတယ်။ သိရက်နဲ့ မိုက်နေကြပါတယ်။ ခုခေတ်စုံတွေဲတွေနဲ့ ကျွန်တော်တို့ခေတ်က စုံတွဲနေပုံထိုင်ပုံတွေ အတော်ကွာခြားနေပါတယ်။ ဟိုတုန်းကဆို ရှပ်ရှင်ကြည့်မယ်၊ ဘုရားသွားမယ်၊ ကန်တော်ကြီးစတဲ့ ရှုခင်းရှိတဲ့ နေရာတွေမှာ ထိုင်ငေးမောနေမယ်။ ပိုဆိုးတဲ့၊ ကဲတဲ့စုံတွဲတွေလည်း ရှိချင်ရှိမယ်။ ၁၀ တန်းအောင်ရုံ၊ တက္ကသိုလ်တက်နေစဉ် ရည်းစားသညှာထားရင် အဆူခံထိကြတယ်။ သူငယ်ချင်းတွေက တိုင်ကြတယ်။ ခုခေတ် စုံတွဲ တွေက ကဲသတက်ကဲလာကြသည်။ အတွဲဖြစ်တာနဲ့ပဲ အချေစ်နယ်ကျွန်ဖို့ စတင်လှုပ်ရှားလာကြတယ်။ အဲဒါကိုသိတဲ့ သူငယ်ချင်းတွေက သက်ဆိုင်ရာမိဘတွေကို တိုင်ဖို့နေနေသာသာ မြှောက်တောင် ပေးကြသည်။ သူတို့တစ်တွေ ပိုပြီးအတင့်ရဲလာကြသည်။ ဆေးတွေက လည်း အမျိုးမျိုးပေါ်နေတော့ ဆေးအားကိုးနဲ့ မိုက်တွင်းနက်နေကြသည်။ အဲဒီတော့ ကိုယ်ဝန်တွေရှိလိုရှိ၊ ကာလသားရောဂါ၊ AIDS ရောဂါတွေ ကူးစက်ကြကုန်သည်။ ရည်းစားထားပြီး ဘာလုပ်ရမှာလဲဆိုပြီး ကာလသားတွေပြောကြသည်။ ဟိုတုန်းကဆိုရင် မယူခင် လက်လွန်ခြေလွန် မဖြစ်ရဲ၊ သူ့အထုပ်ကိုယ်ကြောင့်ဆိုတော့ ကိုယ်ကတာဝန်ယူရတော့မည်။ ကျောင်းကမပြီးသေး၊ အလုပ်အကိုင်က ၀င်ငွေမရှိသေး။ ဒါကြောင့် အသိတရားနဲ့ ထိမ်းကြသည်။ ယခုခေတ်လူငယ်တွေ မိုက်ရူးရဲလုပ်တတ်ကြသည်။ ဘေးမကြောက်၊ တာဝန်လည်းမယူနိုင်၊ ဖြစ်လာတဲ့ ပြဿနာကို ခပ်ပေါ့ပေါ့တွေး၊ သိတ်အာရုံအနောက်မခံ၊ ဒီလောက်ကုန်ဈေးနှုန်းတွေတက်၊ အလုပ်အကိုင်က ရှားပါးတဲ့ ဒီခေတ်ကြီးထဲမှာ စဉ်းစားဆင်ခြင်မှုမရှိဘဲ လုပ်ရဲ၊ ကိုင်ရဲကြသည်။ နေရာတော်တော်များများမှာ တည်းခိုခန်းတွေပေါလိုက်တာ။ တည်းခိုခန်းဝင်ငွေက သောက်သောက်လဲရနေလို့လည်း ဖြစ်မည်။ ရပ်ကွက်ထဲတွင် တည်းခိုခန်းဖွင့်လျှင် ရပ်ကွက်တွင်းရှိ လူအတော်များများ လုံးဝမကြိုက်၊ နှာခေါင်းရှုံ့ကြသည်။ ကိုယ့်ရပ်ကွက် ကိုယ့် လမ်း သိက္ခာကျသည် စသဖြင့် ၀ိုင်းဝန်ကန့်ကွက်ကြသည်။ ဟိုတုန်းက ဘယ်မြို့ကို ရောက်တယ်။ ဘယ်တည်းခိုခန်းမှာတည်းရတယ်။ အဲဒီလိုပြောရုံနဲ့ သာမာန်ကာလျှံကာပဲ ထားကြသည်။ သိတ်စိတ်မ၀င်စား။ ယခုတော့ ဘယ်တည်းခိုခန်းမှာ တည်းသည်လို့ ပြောကြည့်။ ဒီကောင်ဘာသွားရှုပ်နေလဲဆိုပြီး ဘာမှမစဉ်းစားကြတော့ဘဲ မကောင်းတာလုပ်ဖို့ သွားတယ်ဆိုပြီး စတွေးတော့တာပါပဲ။ မိန်းခလေးငယ်များသည် မိမိကိုယ်ကို တန်ဘိုးထားတတ်ရပါမည်။ လွယ်လွန်းလျှင် တန်ဘိုးကျတတ်သည်။ တန်ဘိုးကြလျှင် အောက်ဈေးနဲ့ ရောင်းတတ်ရသလို မိမိရဲ့ တန်ဘိုးကျရင်တော့ အရှုံးနဲ့ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်။ ဗိုင်းကောင်းကြောက်ဖိဆိုတဲ့ စကားရှိ သည်။ မိမိတန်ဘိုးကို မိမိကိုယ်တိုင်ကထိမ်းထားနိုင်မှ၊ တစ်ခြားတစ်ပါးသောသူတို့က တန်ဖိုးထားပါလိမ့်မည်။ လွယ်လွန်းတဲ့ပန်းကို လူတိုင်း မခူးဆွတ်လို့ တန်ဖိုးမထား။ မမျှော်လင့်ဘဲ ကျဉ်းထဲကျပ်ထဲ ဖြစ်သွား၍ မှောင်မိုက်တဲ့ည မိုးသည်းသောည စတဲ့ညအမှောင်ကြောင့် မိုက်မှားသွားတယ်ဆိုတာ လူကြားကောင်းပါရဲ့။ သားရဲခံတွင်းဝသို့ မကြောက်မရွံ့ ဆင်းသက်လိုက်တာကိုက အတော်မိုက်မဲလှပေသည်။ ကျားစားခံရအောင် မိမိခန္ဒာကိုယ်ကို ထိုးကျွေးချင်လောက် မိုက်မဲသောသူ ရှိပါဦးမလား။ မိမိ နှစ်သက်သူ၊ ယူမဲ့သူဆိုရင်တော့ တစ်မျိုး။ ဘယ်အရာမှ ပုံသေ အပိုင်တွက်လို့ရတာမဟုတ်။ ကိုယ်ထင်သလိုဖြစ်မလာခဲ့ရင် ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့မှာ။ အဲဒီခါကျရင် မဟုတ်တရုတ်တွေ လုပ်ကြတော့ မည်။ သူများတံတွေးခွက်ထဲ ပက်လက်မျောကြတော့မည်။ ရာဇ၀င်မှာ စာတင်တော့မည်။ ဒါကြောင့် မိန်းမပျိုများ ပန်းကောင်းအညွန့်ချိုး မခံရလေအောင် မိမိကိုယ်ကို ထိမ်းသိမ်းနေထိုင်ရပါမည်။ ချိန်းတိုင်လည်း မသွားနဲ့၊ ကျွေးတိုင်လည်းမစားနဲ့၊ ပေးတိုင်လည်းမယူနဲ့၊ ပြောတိုင်းလည်းမယုံနဲ့၊ ငိုပြတိုင်လည်းမသနားနဲ့၊ ရေလျှံပြတိုင်လည်းမယုံနဲ့။ မိမိကိုယ်ကိုသာ လုံခြုံအောင်သတိနဲ့ နေထိုင်ရပါမည်။
First Weekly News Journal မှ အေးကမ္ဘာ ဒေါက်တာချစ် ၏ ဆောင်းပါးကို ကမ္ဘာတစ်ဝှမ်းရှိ မြန်မာအမျိုးသမီးများ ဖတ်စေချင်သည့် စေတနာဖြင့် ကူးယူဖေါ်ပြပါသည်။

နိုင်ငံရေးခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်၊ မန္တလေး၊ ပုသိမ်မြို့များသို့သွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံရေးခရီးစဉ်အဖြစ် လာမည့်ဇန်န၀ါရီ ၂၉ရက်တွင် ထားဝယ်မြို့သို့ သွားရောက်မည်ဖြစ်သည်။နှစ်ပတ်အတွင်း နိုင်ငံရေးခရီးစဉ်၃ကြိမ်ထွက်ရှိရန်ရှိပြီး ထားဝယ်ခရီးစဉ်ပြီးလျှင် ဖေဖ၀ါရီ ၄၊၅ ရက်တွင် မန္တလေးမြို့သို့သွားရောက်မည်ဖြစ်သည်။ ဖေဖ၀ါရီ ၇ရက်တွင် ပုသိမ်မြို့သို့နေ့ချင်းပြန်ခရီးသွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှသတင်းရရှိသည်။ အဆိုပါခရီးစဉ်အတွင် သတင်းဌာနများကိုလည်း မိမိတို့အစီအစဉ်ဖြင့် သတင်းလိုက်ပါယူနိုင်ရန် ဖိတ်ကြားထားသည်။

 မြေဈေးကောင်းမှုက ပြည်ပရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေ

ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များသည် အခြေခံအားဖြင့် မြေလွတ်ပေါများခြင်း၊ အလုပ်သမားခ ဈေးသက်သာခြင်းစသည့် အားသာချက်များကိုကြည့်၍ လာရောက်ဆွေးနွေးကြကြောင်း UMFCCI မှ လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။ သို့သော် ပြည်ပလုပ်ငန်းရှင်အချို့မှာ လက်ရှိ ရန်ကုန်မြို့ဝန်းကျင်တွင် ဖြစ်နေသော မြေဈေးနှုန်းများကိုကြည့်၍ တအံ့တသြဖြစ်သူများပင် ရှိနေပြီဖြစ်သည်။ “ဒီက မြေတန်ဖိုးက သူ့နိုင်ငံမြေဈေးထက် များနေတယ်။ အလုပ်သမားခပဲသက်သာပြီး ကျန်တာတွေ ကုန်ကျစရိတ်များနေတော FDI က လာဖို့ခက်နေတယ်”ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ ဥက္ကဋ္ဌဦးမြတ်သင်းအောင်ကဆိုသည်။ တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုထက် အိမ်ခြံမြေတန်ဖိုးမြင့်တက်မှုသည် တိုင်းပြည်ဖွံ့ဖြိုးမှုတွင် အတားအဆီးဖြစ်လာနေကြောင်း ပညာရှင်များက ပြောသည်။ “လုပ်ငန်းတိုးချဲ့ဖို့အတွက် မြေတစ်ဧကလောက်ဝယ်ဖို့ ကြိုးစားနေတာ ခြောက်လလောက်ရှိပြီး လိုက်လေ ဝေးလေဖြစ်နေတယ်”ဟု လှိုင်သာယာစက်မှုဇုန်မှ ပြည်ပသွင်းကုန်အစားထိုးထုတ် လုပ်ငန်းရှင်တစ်ဦးကဆိုသည်။ ထို့အပြင် မြို့ပြဖွံ့ဖြိုးရေးအတွက် အရေးပါသည့် အိမ်ရာတည်ဆောက်ရေး လုပ်ငန်းများအတွက်လည်း မြေတန်ဖိုးမြင့်မားခြင်းသည် ကြီးမားသည့် အတားအဆီးတစ်ခု ဖြစ်နေသည်။ အိမ်ရာများ၏ တန်ဖိုးမှာလည်း မြင့်လာသည့်အတွက် အမှန်တကယ်နေထိုင်လိုသူများကို အခက်အခဲဖြစ်စေကြောင်း  Three Friends ဆောက်လုပ်ရေးကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးကိုကိုလေးကပြောသည်။
 “မြေတစ်ကွက်ရဖို့ အလုအယက်ဝယ်ရတယ်။ ဈေးပြိုင်ပေးပြီး ဝယ်ရတော့ ဈေးကြီးပြီးအဆောက်အအုံဆောက်ပြီး ပြန်ရောင်းတော့လည်း ဝယ်သူအတွက်ဈေးမြင့်တော့ ရောင်းရခက်တယ်”ဟု အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။ ယင်းကဲ့သို့ အိမ်ခြံမြေဈေးကွက် ကမောက်ကမ ဖြစ်ခဲ့ရခြင်းမှာ ဝင်ရောက် ဈေးကစားခဲ့သူများကြောင့်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
 ငွေကြေးတတ်နိုင်သူများနှင့် ပြည်ပမှလုပ်ငန်းရှင်များ မတန်တဆဈေးနှုန်းများ ပေးဝယ်၍ ဈေးကွက်မြင့်တက်အောင် ပြုလုပ်ပြီး ဝင်ကစားခြင်းကြောင့်ဖြစ်သည်။ မြေတန်ဖိုးများ မြင့်မားချိန်တွင် ပြန်လည်ရောင်းချခဲ့သည်။ ယင်းကြောင့် အချို့မှာ လက်ဝယ်ပိုက်မိခဲ့သူများရှိသည်။ “၇ နှစ်၊ ၁၀ နှစ်လောက် ရှာရမယ့်ငွေကို လပိုင်း၊ ရက်ပိုင်းနဲ့ရတော့ ဝင်ကစားကြတာ။ တကယ်စခဲ့တဲ့ လူကဈေးကွက်ထဲမှာမရှိတော့ဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။ ယင်းအခြေအနေမျိုးသည် တိုင်းပြည်တွင် စီးပွားရေးဖွံ့ဖြိုးမှုတွင်အဟန့်အတားဖြစ်နေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးကို ရှေ့သုံးလအတွင်း ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်ပါက စိုးရိမ်စရာ အခြေအနေဖြစ်နေကြောင်း မြန်မာ့ စီးပွားရေးအခြေအနေကို စောင့်ကြည့်လေ့လာနေသည့် ပညာရှင်တစ်ဦးကပြောကြားသည်။ ထို့အပြင် မြို့တစ်မြို့၏ မြေဈေးများ မြင့်မားလာမှုသည် အခြားသော မြို့များထက် မြို့ပြဖွံ့ဖြိုးမှုအားကောင်းခြင်းကြောင့် လူအများ ပြောင်းရွှေ့နေထိုင်ခြင်းကလည်း အချက်တစ်ချက်ဖြစ်သည်ဟု မြို့ပြစီမံကိန်းဖွံ့ဖြိုးရေးပညာရှင် ဒေါက်တာကျော်လတ်ကဆိုသည်။ ယင်းကြောင့် မြို့များအားလုံးကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးနိုင်ပါက လူနေပျံ့နှံ့ပြီး တန်ဖိုးမြင့်မားမှုကိုလည်း ထိန်းသိမ်းနိုင်သည်။
 စက်မှုဇုန်စီမံကိန်းများ အထူးစီးပွားရေးဇုန်စီမံကိန်းများကြောင့်လည်း အနီးအနားရှိ မြေတန်ဖိုးများ ရုတ်တရက်မြင့်တက်လာခြင်းဖြစ်သည်။ မူလတန်ဖိုးထက် နှစ်ဆ၊ သုံးဆထိမြင့်တက်မှုများလည်းရှိသည်။ ဈေးကစားသူများကြောင့်လည်း မြင့်တက်မှုရှိသည်။ ယင်းကဲ့သို့ ဈေးကစားမှုကြောင့် အိမ်ခြံမြေဈေးကွက်ပျက်မည်ကို စီးပွားရေးလုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိပြီး ၁၉၉၇ ခုနှစ်က ဖြစ်ရပ်မျိုး ပြန်လည်ရောက်ရှိမည်ကိုလည်း စိုးရိမ်နေကြသည်။ အဆိုပါအချိန်က ထိုင်းနိုင်ငံမှ စတင်ပြီး အာရှတိုက်တွင် ကြုံတွေ့ခဲ့နေသော စီးပွားရေးအကျပ်အတည်း၏ ရိုက်ခတ်မှုကြောင့် ပြည်တွင်း၌ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် စီးပွားရေးအကျပ်အတည်း တွေ့ကြုံခဲ့ရသည်။
 ယင်းအချိန်က အာဆီယံနိုင်ငံများမှ ရင်းနှီးမြှုပ်နှံကြခြင်းကြောင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ “ရွှေပြည်သာဘက်မှာ မြေတစ်ကွက်ကို ဆယ့်ငါးသိန်းနဲ့ ဝယ်ခဲ့တာ။ နောက်ပိုင်းကျတော့ တစ်ကွက်ကို ငါးသိန်းတောင်မရဘူး။ အခုလည်း ဒီအတိုင်းပဲ”ဟု ပြည်တွင်းကုန်သည်တစ်ဦးက ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့်အဖြစ်ကို ရှင်းပြသည်။ ငွေကြေးတတ်နိုင်သူများ အိမ်ခြံမြေဝင်ရောက်ကစားမှုမှာပြည်တွင်း၌ အရင်းအနှီးဈေးကွက်များ၊ စတော့ဈေးကွက်များ၊ အခြားစီးပွားရေးလုပ်ငန်းများ အခွင့်မသာခြင်းကြောင့်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးကရှင်းပြသည်။ ထို့အပြင် အိမ်မြေတန်ဖိုးပေါ်လိုက်၍ ကောက်ခံသည့်အခွန် (Property Tax)ကိုလည်း ပြဋ္ဌာန်းသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။ ယင်းကဲ့သို့ကောက်ယူရာတွင် မြေတစ်ပေပတ်လည်၏ တန်ဖိုးပေါ်လိုက်၍ ကောက်ရမည်ဖြစ်သည်။ ၄င်းကဲ့သို့ ဈေးကစားမှုများ မဖြစ်ပေါ်စေရန် စီးပွားရေးအခွင့်အလမ်းသာမည့် လုပ်ငန်းများ နိုင်ငံတွင် ဖန်တီးပေးရန် လိုအပ်နေကြောင်း ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။
Source; www.planet.com.mm

အမေရိကန်သမ္မတလောင်း Newt Gingrich က CNN သတင်းထောက်ကို စိန်ခေါ်တုန့်ပြန်

ယမန်နေ့ညပိုင်းမှာ အမေရိကန်ပြည်ထောင်စု South Carolina မှာ ကမ္ဘာကျော် CNN သတင်းဌာနကြီးက ကျင်းပပြုလုပ်တဲ့  Republican Candidates တွေ တိုက်ရိုက် စကားရေလုပွဲမှာ Republican ပါတီရဲ့ ကိုယ်စားလှယ်လောင်း Newt Gingrich ကို ပုဂ္ဂိုလ်ရေးထိခိုက်တဲ့ အိမ်ထောင်ရေး မေးခွန်းနဲ့ စမေးပြီး သမ္မတလောင်းတွေ၏ စကားရေးလုပွဲကို စတင်ခဲ့တာကြောင့် CNN သတင်းထောက် John King ကို  Newt Gingrich က ပရိသတ်ရှေ.မှာချက်ချင်းဆိုသလို  ပြင်းပြင်းထန်ထန် ပြန်လည် ခြေပ ခဲ့ပါတယ်။CNN သတင်းထောက်နဲ့  မီဒီယာတွေကို လူကြား သူကြားမှာချက်ကျလက်ကျပြန်လည်တုန့်ပြန်တာကို ခံလိုက်ရပြီး CNN သတင်းထောက် ဟာလူအများရှေ့အရှက်တကွဲဖြစ်ကာ မျက်နှာငယ်ငယ်နဲ့ သူမေးခွန်းအတွက် သူ တာဝန်ယူခဲ့ရတာကို တွေ့ရပါတယ် ။မြန်မာ့နိုင်ငံရေးလောကမှာလဲ မြင်မြင်သမျှသတင်းသမားတွေကို မျက်နှာချိုသွေးဆက်ဆံနေမယ့်အစား ကျင့်ဝတ်မညီတဲ့ သတင်းသမားတွေကိုလဲ အခုလို ပြန်ပြီး Fire Back လုပ်တတ်ဖို့ ၊ လုပ်ရဲဖို့ ၊ လုပ်နိုင်တဲ့ ကိုယ်ခံအားရှိဖို့ နိုင်ငံရေးသမားတွေ သတိချပ်ဘို့ ကောင်းပါတယ် ။ ထူးခြားတာက ပရိတ်သတ်ဟာ သမ္မတလောင်းကို ပြတ်ပြတ်သားသား ထောက်ခံသွား တာကို တွေ့ရမှာဖြစ်ပါတယ် ။ ဒီဗီဒီယိုကြောင့် Newt Gingrich ဟာ အမေရိကန်တစ်လွှားမှာ ပိုပြီး လူကြိုက်များလာနေတယ်လို့ သိရပါတယ် ။
http://doctorsatephwar.blogspot.com/2012/01/newt-gingrich-cnn.html

ကျွန်တော်ကြားဖူးသော ----------

     ဦးသိန်းစိန်  နိုင်ငံတော်သမ္မတအဖြစ်တာဝန်ယူပြီ
း ဦးသိန်းစိန်ရယ် ဒုသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး နဲ့ ဒေါက်တာစိုင်းမောက်ခမ်း တို့ရဲ့ ကိုယ်ရေးအကျဉ်းများ သတင်းစာတို့ ဂျာနယ်တို့မှာ ဖော်ပြမယ်ထင်ပြီး စောင့်ဖတ်ပါတယ် ။ ကျွန်တော်ပဲအသုံးမကျလို့လား  မသိဘူး မတွေ့မိဘူးဗျ။  နိုင်ငံခြားက ခဏပဲလာတဲ့ ဝန်ကြီးချုပ်တို့ သမ္မတတို့တောင် သူတို့ရဲ့ကိုယ်ရေးရာဇဝင်အကျဉ်း
ကို ဖော်ပြတတ်ကြတယ်။ အနည်းဆုံး ငါးနှစ်အုပ်ချုပ်မယ့် သူတွေကို  ဘာဖြစ်လို့ မဖော်ပြလဲမသိဘူး။ (ဖော်ပြခဲ့ပါတယ်   ဆိုရင်ကျွန်တော်ညံ့လို့ ဆောရီးပါ)။
          ဦးသိန်းစိန် နိုင်ငံတော်သမ္မတကြီးတာဝန်ယူပြီး ဒုတိယနေ့မှာ ဦးသိန်းစိန်စစ်တပ်အရာရှိကြီးဘဝက သူ့လက်အောက်မှာတာဝန်ထမ်းဆောင်ခဲ
့ဖူးတဲ့  လက်ရှိလဲညွှန်ကြားရေးမှုး တစ်ဦးဖြစ်တဲ့သူဆီက သမ္မတကြီးအကြောင်း ပြောပြလို့တစ်ချို့သိခဲ့ရတာကို ပြန်ပြောပြချင်ပါတယ်။

         `` အခုသမ္မတကြီးက  စိတ်ထားအလွန်ပျော့ပြောင်းတယ်ဗျ ---  ဒုသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ မတူဘူး။ ဦးတင်အောင်မြင့်ဦးလည်း စိတ်ဓါတ်ကောင်းပေမယ့် ခုချိန်ထိသူ့တပည့်တွေကို ငါ ကိုင်တုတ်တုန်းဗျ။ စိတ်ဆတ်တယ်ပေါ့။ ``   ``စစ်တပ်မှာ အရာရှိကြီးတွေ အိမ်သာတတ်ရင်  အတွင်းဂလန့်မထိုးရဘူး   ပြီးတော့အရေးပေါ် သတိပေးစက်လဲကိုင်ထားရတယ်။  အဲဒီစနစ်က သမ္မတကြီးရဲ့အသက်ကို ကယ်လိုက်နိုင်တာပဲ ။ တစ်နေ့မှာ သမ္မတကြီး ကရေအိမ်ဝင်တုန်း နှလုံးရှော့ ဖြစ်ပြီး မေ့သွားတယ်။  သတိမလစ်ခင် အချက်ပေးခလုတ်ကို နှိပ်လိုက်မိတော့သူ့ကို အရေးပေါ်ကယ်တင်နိုင်ခဲ့တယ်။  နိုင်ငံခြားမှာ ခွဲစိပ်ကုသမှုခံယူပြီး နှလုံး ခုန်ရာမှာ  အကူပေးတဲ့စက်ကိုတပ်ဆင်ထားရတယ်။ အခုချိန်ထိ အဲဒီစက်အကူနဲ့ နှလုံးခုန်တာကိုထိမ်းချုပ်ရတုန်
းဆိုတော့ သူ့တပည့်တွေက သူ့ကို ကွယ်ရာမှာ နာမည်ပြောင် ခေါ်ကြတယ်။ (နာမည်ပြောင်ကိုပြောခဲ့သော်လည်း မမှတ်မိတော့ပါ)(ထိုဖြစ်စဉ် ဖြစ်တုန်းကသမ္မတကြီးမဟုတ်သေးပါ)

            အဲဒီလိုကြားရတော့  အော်-- ငါတို့သမ္မတကြီးက စိတ်ထားကောင်းတယ်လို့ကြားရပြီးပျော်ရွှင်ခဲ့ပါတယ် ။ ဒီ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တာတို့  မြစ်ဆုံကိစ္စတို့  နိုင်ကျဉ်း လွတ်ပေးတာတို့  -------စသဖြင့်ဝမ်းသာစရာတွေ ဆက်တိုက်ကြားရပြန်တော့ အော်ငါကြားဖူးတာ တစ်ကယ်ပါလားလို့ ထပ်ဆင့်ဝမ်းသာရပြန်တယ်။

        နောက်ထပ်ကြားမိတာကတော့  ငယ်သူငယ်ချင်းတွေကို အလွန်ကြောက်တဲ့သမ္မတကြီးတဲ့။  လူတိုင်း ငယ်သူငယ်ချင်းတွေကိုဘယ်သူမှမမေ့ပါဘူး။  ငယ်သူငယ်ချင်းသမ္မတကြီးဖြစ်ပြီဆိုတော့  ဝမ်းသာအားရလာကြမှာပဲ။ လာတဲ့အခါ ရိုးရိုးသားသား ဝမ်းသာဂုဏ်ယူလို့လာတဲ့သူရှိသလို  အခွင့်အရေးလိုချင်လို့လာတဲ့သူလဲ အများကြီးပါမှာပါ။  အခွင့်အရေးတောင်းမယ့်သူကများနေတော့ သမ္မတကြီးဟာ ငယ်သူငယ်ချင်းဆိုရင် သူရဲသူဘက်ထက်ကြောက်ပြီး အမြန်ပြန်ပြန် လွှတ်နေတဲ့အတွက် သူ့ငယ်သူငယ်ချင်းတွေက အလွန်စိတ်ဆိုးနေကြောင်း  သူ့သူငယ်ချင်းတစ်ယောက်ကရင်ဖွင့်တာကို တစ်ဆင့်ကြားသိခဲ့ရပါတယ်။

          အရင်တုန်းက ယုံကြည်ချက်နဲ့ ဆန္ဒပြတဲ့သူတွေကို  ဖမ်းဆီးရာမှာ တိုက်ရိုက်တာဝန်ရှိတဲ့ဦးခင်ညွန့်ကို ခွင့်လွှတ်နိုင်တယ်ဆိုရင်  အဲဒီတုန်းက တိုက်ရိုက်တာဝန်မဟုတ်တဲ့အတွက် ဝင်ရောက်စွက်ဖက်ခွင့်မရှိခဲ့တဲ့ လက်ရှိသမ္မတကြီး ကိုလည်း  စစ်မှုထမ်းအရာရှိကြီးဖြစ်ခဲ့တာ တစ်ခုတည်းနဲ့ အပြစ်မမြင်ကြပဲ လက်ရှိ သူ့ရဲ့ပစ္စုပ္ပန်လုပ်ရပ်တွေကို ထောက်ခံအားပေးရင်း  သူ့ရဲ့ကျမ္မာရေးကိုလည်း ကောင်းမွန်အောင်ဝိုင်းဝန်းဆုတောင်းပေးစေချင်ပါကြောင်း။
      သမ္မတကြီး ကျမ္မာပြီး တိုင်းသူပြည်သားတွေရဲ့ အသံကိုနားစွင့်ကာ အနာဂတ်မှာ ကောင်းစွာတာဝန်ထမ်းဆောင်နိုင်ပါစေ။
  written  by  ko   soe  naing

ဂျပန်တို့သည် ဖန်ဆင်းရှင်များ မဟုတ်ကြပါ။

ကျွန်ုပ် ယခုနှစ် နှစ်သစ်ကူးချိန်က ဂျပန်နိုင်ငံ HIROSHIMAမြို့က (Hiroshima  Peace Memorial Museum) လို့ခေါ်တဲ့ HIROSHIMA ငြိမ်းချမ်းရေး အမှတ်တရ ပြတိုက်ကို ရောက်ခဲ့ပါတယ်။ ဂျပန်လိုတော့ (平和記念資料館東館) လို့ ပြောရင်ရပါတယ်။ဒုတိယ ကမ္ဘာစစ်အတွင်းက ဟီရိုရှီးမားနဲ့ နာဂါဆာကီ မြို့များကို အနုမြူဗုံးကျဲခံလိုက်ရတဲ့အတွက် လူပေါင်းသိန်းနဲ့ချီပြီး အနှေးနဲ့အမြန်ဆိုသလို သေကြေပျက်ဆီးခဲ့ကြရပုံများ၊ ဆိုးရွားလှတဲ့ အနိဌာရုံမြင်ကွင်းများကို သွေးပျက်ဖွယ်ရာ တွေ့မြင်ခဲ့ရပါတယ်။
 အဲသည့် အနုမြူဗုံးဒဏ်ရဲ့ ဆိုးကျိုးကို ဂျပန်နိုင်ငံမှာ ဟီရိုရှီးမားနဲ့ နာဂါဆာကီ မြို့များမှာသာ မကဘဲ ယခုအခါမှာဆိုရင် ဂျပန်တနိုင်လုံးပါ ခံနေရစဲဖြစ်ပါတယ်။ ကျွန်ုပ်ဂျပန်ရောက်စက သတိထားမိတာတွေထဲက တခုဖြစ်တဲ့  ဂျပန်နိုင်ငံမှာ ဥာဏ်ရည်မမှီတဲ့ ကလေးသူငယ်များ၊ ကိုယ်လက်အင်္ဂါ မသန်မစွမ်းကြသူများ ဦးရေဟာ သာမာန်တိုင်းပြည်ထက် ပိုပြီးများပြားနေတာဟာ ဘာကြောင့်လဲလို့ ဆရာ ဆရာမတွေကို မေးကြည့်တော့ အခုချိန်ထိ အဲလိုဖြစ်နေရတာဟာ အနုမြူဗုံးဒဏ်ရဲ့ ဆိုးကျိုးတွေပဲလို့ ဖြေကြပါတယ်။အဲသည့်က စလို့ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနိုင်ငံဖြစ်ခဲ့ရပြီး တနိုင်ငံလုံးနီးပါးဟာ ပြာပုံဘဝကိုရောက်ခဲ့ရပါတယ်။ သူတို့တွေ စစ်ရှုံးပြီး လူလုံးမလှဖြစ်ကြရ၊ ငတ်ကြ ပြတ်ကြ ဖြစ်ကြရတာဟာ ကျွန်ုပ်တို့ မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ရတဲ့ အခြေအနေထက် အများကြီးဆိုးရွားတာပေါ့။တကယ့်ကို စားစရာမရှိလို့၊ နေစရာမရှိလို့ သေကြေပျက်ဆီးခဲ့ကြရတာပါ။ဂျပန်နိုင်ငံရဲ့ ပထဝီအနေအထားအရ လူက စနစ်တကျမစိုက်ဘဲ အလေ့ကျပေါက်တဲ့ စားလို့ရတဲ့ အသီးအနှံပင်၊ မြေဆီမြေနှစ်ဥ ဆိုတာတွေမရှိသလောက်ကို နည်းပါးတယ်။ကျွန်ုပ်တို့ မြန်မာပြည်လို အစေ့ကျဲလိုက်တာနဲ့ အပင်ထပေါက်တဲ့ တိုင်းပြည်မဟုတ်ဘူး။ ရာသီဥတုကလည်း ဆိုးရွားလိုက်တာမှ တနှစ်ပတ်လုံး အဝတ်အထည် ကိုယ်တခုနဲ့ အိပ်ချင်ရာအိပ်ဆိုပြီး ထိုးအိပ်လို့မရဘူး။ မိုးမလင်းခင်မှာပဲ ခဲတောင့်ပြီး ရေခဲရိုက်ပြီးသားလို ဖြစ်သွားနိုင်တယ်။ နေပူလို့လည်း အရိပ်ခိုစရာ အရိပ်ရပင်ရယ်လို့ မြင့်မြင့်မားမား စွင့်စွင့်ကားကား မရှိဘူး။ မြစ်ချောင်းအင်းအိုင်လည်း လွန်စွာမှ ပါးရှားလွန်းလို့ အခုချိန်ထိ ရေချိုငါးကို ဂျပန်လူမျိုးတွေ မစားတတ်ဘူး။ သဘာဝက သူတို့ကို ဘာမှ လုပ်ပေးမထားဘူး။
 ကျွန်ုပ်မြန်မာပြည်မှာ ရှိစဉ်က မိတ်ဆွေတဦးဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ဘာသာစကား သင်တန်းကျောင်းတခုက အသက် ၆၀ ကျော်အရွယ် ဂျပန်လူမျိုး ကျောင်းအုပ်ဆရာကြီးက မြန်မာပြည်ကို ရောက်လာပါတယ်။ သူလိုချင်တဲ့ အမှတ်တရ ပစ္စည်းလေးတွေ ဝယ်ဖို့ ဗိုလ်ချုပ်ဈေးကို ကျွန်ုပ်က လိုက်ပို့ရပါတယ်။ ဈေးထဲဝင်ဖို့ ကားပေါ်က ဆင်းလိုက်ပြီဆိုရင်ပဲ နိုင်ငံခြားသား ပါလာမှန်းသိတော့ ဈေးအဝင်အဝက ပို့စကတ်ရောင်းတဲ့ ကလေးလေးတွေက ဂျပန်အဖိုးကြီးနားစုပြုံရောက်လာကြပြီး ပို့စကတ်တွေ အလုအယက် ရောင်းကြပါတယ်။ အဖိုးကြီးက သူတတ်နိုင်သလောက်အားလုံးဆီက မျှဝယ်ပေးတယ်။ ပြီးတော့ လမ်းရောက်တော့ ကျွန်ုပ်ကို မေးတယ်။ အဲသည့်ကလေးတွေရဲ့ မျက်လုံးအကြည့်ကို သတိထားမိလားတဲ့။ ဈေးရောင်းချင်နေပုံကလွဲလို့ ထူးထူးခြားခြား သတိမထားမိပါဘူးလို့ အရိုးသားဆုံးပဲ ကျွန်ုပ်ဖြေလိုက်ပါတယ်။ သူကဆက်ပြောတယ်။ ငါ သူတို့အရွယ်တုန်းက ငါတို့တိုင်းပြည်ကိုလာတဲ့ အမေရိကန်စစ်သား ဖြူဖြူဖွေးဖွေး ကြီးတွေကို ငါအဲလိုအကြည့်မျိုးနဲ့ မော့ကြည်ဖူးတယ်တဲ့။ စိတ်ထဲမှာလည်း သူတို့က ချမ်းသာတဲ့ တိုင်းပြည်က လာတာထင်တယ်။ အစားကောင်းအသောက်ကောင်းစားရလို့ အရပ်ကြီးတွေကလည်း အမြင့်ကြီးတွေပဲနော်လို့ တွေးမိသတဲ့။ ငါကြီးလာရင်လည်း ငါ့တိုင်းပြည်ကိုရော၊ ငါ့ကိုယ်ငါရော အဲသည်လိုမျိုး ဖြစ်အောင်ကြိုးစားမယ်လို့လည်း ကလေးဘဝကတည်းက ဒဏ်ရာရ ကျားနာတကောင်လို စူးစူးနက်နက် ရည်မှန်းချက်ထားခဲ့သတဲ့။ ပြောချင်တာက ဂျပန်နိုင်ငံဟာ လွန်ခဲ့တဲ့ အနှစ်(၆၀)ကျော်က ပြာပုံထဲက နိုင်ငံတခုပါ။ သီးပင်စားပင်မဲ့၊ မြေပေါ်မြေအောက် သယံဇာတမဲ့၊ လူ့စွမ်းအား အရင်းအမြစ်တွေ ရစရာမရှိအောင် ဖျက်ဆီးဆုံးရှုံးခံခဲ့ရသော ဂျပန်နိုင်ငံဟာ ယခုချိန်ထိ ဆင်းရဲနေဦးမည်ဆိုလည်း အပြစ်ဆိုစရာ သိပ်မရှိလှပါဘူး။ ခေတ်နောက်ကျစရာ ရှိလျှင် ဂျပန်လောက် ခေတ်နိုင်ကျစရာကောင်းသော တိုင်းပြည်မရှိသလောက်ပါပဲ။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဂျပန်နိုင်ငံဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော် ၃၀နီးပါးကပင် ကမ္ဘာ့ထိပ်တန်းစီးပွားရေး အကောင်းဆုံး နိုင်ငံစာရင်းထဲမှာ ပါနိုင်ခဲ့ပြီ။ ကမ္ဘာပေါ်တွင် အလွန်ချမ်းသာ ကြွယ်ဝသော ကမ္ဘာ့စက်မှုအဖွံ့ဖြိုးဆုံး နိုင်ငံကြီးတစ်နိုင် ဖြစ်နေခဲ့ပြီ။ ကမ္ဘာမှာ ဂျပန်အလံအတွက် နေရာမရှားတော့ဘူး။
 ကျွန်ုပ်တို့ မြန်မာပြည်နှင့် ဂျပန်ပြည်ကို သဘာဝကြီးက ပေးထားသော အနေအထားအရ နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင် .....
ဂျပန်နိုင်ငံသည်  မြန်မာနိုင်ငံထက် ကျဉ်း၏။ (တဝက်သာသာလောက်သာ ရှိ၏)
 ဂျပန်နိုင်ငံတွင် သီးပင်စားပင် မဖြစ်ထွန်း။ မြန်မာပြည်နိုင်ငံတွင် သစ်စေ့ကိုစားထားသော ငှက်၏မစင်ကပင် အပင်ပေါက်နိုင်၏။ ဂျပန်နိုင်ငံတွင်မည်သည့် အဖိုးတန် တွင်းထွက် သယံဇာတမျှမထွက်။ မြန်မာနိုင်ငံတွင် ရွှေတွင်းငွေတွင်း၊ ပယင်းဒုတ္ထာ၊ ပတ္တမြား၊နီလာ၊ကျောက်စိမ်း အစရှိသော ရတနာအစုံထွက်၏။ ခဲမဖြူ ၊အဖြိုက်နက်မှစ၍ ရေနံ၊သဘာဝဓါတ်ငွေ့ အဆုံး သုံးလို့ရသမျှ အကုန်ထွက်၏။  ဂျပန်နိုင်ငံတွင် မြစ်ချောင်းအင်းအိုင် ပါးရှားလှသောကြောင့် တောတောင်၊ စိမ့်စမ်း နည်းပါးကာ သစ်တောထွက် သယံဇာတများ ၊ တောတွင်းတိရိစ္ဆာန်များ လွန်စွာနည်းပါးလှ၏။ ဝါးပင်ကိုပင် သူတို့ဆီမှာ မခုတ်ရက်။ သူတို့ဆီက ကလေးများ ဆင်ကိုမြင်ဖူးစေရန် အိန္ဒိယမှ ဝယ်ထားရ၏။  မြန်မာနိုင်ငံတွင် ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ရှမ်းရိုးမ သုံးခုပေါင်းလိုက်လျှင်ပင် ဂျပန်နိုင်ငံကို လွှမ်းလို့ရ၏။ ဂျပန်နိုင်ငံတွင် ငမိုးရိပ်ချောင်းလောက်ကို မြစ်ဟု ခေါ်ဝေါ်ကာ တယုတယ ထားကြ၏။
မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကို ရောင်းစားဖို့ကြံစည်၏။  ထာဝရဘုရားသည် လောကကြီးကို ဖန်ဆင်းသည်ဟု ဆိုလျှင် ဘုရားသခင်သည် မြန်မာနိုင်ငံကို မျက်နှာလိုက်သည်..ဟု ရုရှတို့က ဆို၏ လို့ စာအုပ်တခုထဲတွင် ကျွန်ုပ်ဖတ်ဖူးသည်။
 ထိုမျှလောက် မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် အဖိုးတန် သယံဇာများ ထွန်းကားသော တိုင်းပြည်တပြည်ဖြစ်ပါလျက် ကိုယ့်ထက် အစစ အရာရာ ခေါင်းပါး၊ ပါးရှား၊သေးငယ်လှပါသော ဂျပန်နိုင်ငံကဲ့သို့ အဘယ်ကြောင့် ကမ္ဘာ့ထိပ်တန်း နိုင်ငံ တနိုင်ငံ မဖြစ်ရပါသနည်း။ ရှင်းပါသည်။ ထိုတိုင်းပြည်တွင် နေထိုင်သော လူများကြောင့် ဖြစ်ပါသည်။ ဒီ့ထက်ပို၍ အတိအကျ ပြောဆိုရပါလျှင် ထိုတိုင်းပြည်တွင် နေထိုင်သော တိုင်းသူပြည်သားတို့၏ အခြေခံစိတ်ဓါတ်ကြောင့် ဖြစ်ပါသည်။
 ဒါဆို မေးစရာရှိပါသည်။ ဂျပန်လူမျိုးတွေက ဘယ်လိုစိတ်တွေများ ထားကြလို့လဲ။ အရေးအကြီးဆုံးလို့ သူတို့ လူမျိုးများ ခံယူထားသော အခြေခံ စိတ်ဓါတ်ဟာ (မျိုးချစ်စိတ်) ဖြစ်တယ်။ နောက်တခုက (စည်းလုံးညီညွတ်မှု) ။ အဲသည့်  (မျိုးချစ်စိတ်) နဲ့ (စည်းလုံးညီညွတ်မှု) ကို အခြေခံပြီးဖြစ်ပေါ်လာတဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစားချင်စိတ်၊ တကိုယ်ကောင်း မဆန်တဲ့စိတ်၊ အများအကျိုးအတွက် ကြည့်သောစိတ်၊ သည်းခံနိုင်စိတ်တွေဟာ ဂျပန်လူမျိုး ကလေးသူငယ် ကျားမ မရွေး လူတိုင်းလူတိုင်း လိုလို မှာ ရှိနေတယ်။ ရှိတာမှ တော်ရုံတန်ရုံ ရှိတာမဟုတ်ဘူး။ ပက်ပက်စက်စက်ကို ရှိတာ။ အလွန့်အလွန်ကို ရှိတာ။ အဲသည့်စိတ်တွေက သင်ပေးလိုက်တဲ့ စည်းကမ်းရှိတတ်လာခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ကိုယ်နှုတ် အမူအယာ ယဉ်ကျေးခြင်း၊ လူမှုရေး နားလည်သိတတ်ခြင်း၊ လူ့အခွင့်အရေးကို တန်ဖိုးထားခြင်းတာတွေဟာလည်း ကလေးလေးတွေမှာကအစ ရှိနေတာကို မြန်မာလူမျိုးတယောက် အနေနဲ့ ကြည့်ရင် တကယ့်ကို အံ့သြဖွယ်ရာကို တွေ့ရတယ်။
 တကယ်တမ်း ပြောကြမယ်ဟေ့ဆိုရင်.. ကျွန်ုပ်တို့မြန်မာတွေဟာ ဂျပန်လူမျိုးတွေထက် တိုင်းပြည်အနေအထားအရသာ အစစအရာရာ သာတာ မဟုတ်ပါဘူး။ လူ့စွမ်းအား အရင်းအမြစ် နေရာမှာလည်း တဦးချင်းစီအလိုက် စီစစ်ကြည့်ရင်တောင် မြန်မာလူမျိုးတွေက မှတ်ဥာဏ်နေရာမှာ၊ ဖြတ်ထိုးဥာဏ် သန်တဲ့နေရာတွေမှာ ယေဘုယျအားဖြင့် သာမာန်ဂျပန်လူမျိုးတွေထက်သာပါတယ်။ ဒါနဲ့များ ဆင်းရဲမှုနဲ့ ချမ်းသာမှုက ကွာချင်တိုင်းကွာနေလိုက်တာဟာ အတော့်ကို အသဲယားစရာ ကောင်းလှပါတယ်။  ယခုအခါမှာ ကျွန်ုပ်တို့တိုင်းပြည်တွင်လည်း မျိုးချစ်ခေါင်းဆောင်များက တိုင်းပြည်ကောင်းစားဖို့ ကြိုးစားနေပါပြီ။ ဒီအချိန်ကစလို့ ကျွန်ုပ်တို့တွေဟာလည်း ကိုယ်တတ်နိုင်တဲ့ဘက်က လိုအပ်နေတာတွေကိုပြုပြင်လိုက်မယ်ဆိုရင် နောင်(၁၀)နှစ်လောက်မှာ စင်္ကာပူ၊ မလေးရှား၊ထိုင်းလောက်၊ နောင် (၂၀)နှစ်လောက်မှာ တရုတ်နိုင်ငံလောက်၊ နောင် အနှစ် (၃၀)လောက်မှာ ဂျပန်လောက် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်ပါသလဲ။ ရေကုန်ရေခမ်းသာ တက်ညီလက်ညီ ကြိုးစားလိုက်စမ်းပါလေ။ ကျွန်ုပ်တို့မှာ ခေါင်းဆောင်ကောင်းတွေ ရှိနေပြီပဲ။ ဗိုလ်ချုပ်က သူ့ခေတ်သူ့အချိန်တုန်းကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာကို အမှီလိုက်ဖို့ နှစ်ပေါင်း (၅၀)လောက် ကြိုးစားရမယ်လို့ ပြောခဲ့ပါတယ်။ အနှစ်(၅၀)ဆိုတော့ရော ဘာဖြစ်လဲ။ ကြိုးစားမှာပဲပေါ့။ ကြိုးစားရင် ဖြစ်ကိုဖြစ်ပါတယ်။  မြေဆူ လူဖျင်းဆိုတဲ့ စကားကို ပယ်ဖျက်ပြီး ကျွန်ုပ်တို့ မဖျင်းကြောင်း၊ မပျင်းကြောင်း၊ သက်သေပြဖို့ အချိန်တန်ပါပြီ။ ဒီတော့ ကျွန်ုပ်အနေနဲ့ကတော့  ဂျပန်လူမျိုးတွေက သူတို့တိုင်းပြည်ကို ကမ္ဘာမှာ ဂျပန်ဟေ့လို့ ကြွေးကြော်နိုင်လောက်အောင် အစွမ်းထက်လှတဲ့ သူတို့ရဲ့ စိတ်ဓါတ်၊ နည်းစနစ်ကောင်းတွေကို တတ်နိုင်သလောက် ကျွန်ုပ် တိုင်းပြည်အတွက် သယ်ဆောင်သွားရမှာပဲ။ ကျွန်ုပ်တိုင်းပြည်ကို ပို့ရမှာပဲ။ လိုချင်သူများယူကြပါ။ ဂျပန်ကလာတဲ့ လျှပ်စစ်ပစ္စည်းတော့ မဟုတ်ပါ။ ဂျပန်ကလာတဲ့ တိုင်းပြည်ကောင်းစားနည်းပါ။ ယနေ့ခေတ်လူငယ်များ ဟင်းစားလောက်နဲ့ မတင်းတိမ်ကြဘဲ ကွန်ချက်ကို ရအောင်ယူနိုင်ကြပါစေ။  ယခု ဒီဆောင်းပါးမှာတော့ တခေတ်တခါက ဂျပန်လူမျိုးတို့၏ ဆိုးရွားလှတဲ့ အနုမြူဗုံးဒဏ်ခံရပုံတွေကိုပဲ လေ့လာလိုက်ကြပါဦး။
ဒါမှသာ နောက်ဆောင်းပါးတွေ ဖတ်တဲ့အခါကျရင် ကျွန်ုပ်ပြောတာတွေကို ပိုမိုနားလည်ပြီး လက်ခံဖြစ်လိမ့်ထင်ပါတယ်။
 အေးနန္ဒာအောင်(Japan)

ဆန်ကုန်မြေလေး လူ့ငနွား ( သို့ ) ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည့် မင်းသားကြီး

ကျနော့်အကြံပြု  သုံးသပ်ချက်ခေါင်းစဉ်ဟာ  ရိုင်းရင်လည်းရိုင်းနေမည်....ဒီလူကို နှိုင်းသုံးရမယ့်စကား  ဒီစကားပဲရှိတော့တယ်ထင်တဲ့အတွက်....ဒီလို ခေါင်းစဉ်ကိုရေးပြီး ဖော်ပြလိုက်ပါတယ်..။
 ပထမ  ကျနော့အနေနဲ့   ပြောလိုသည်မှာ    နောက်ကြောင်းပြန်မလှည့်တော့ဘူးလို့ ပြောဆိုသောစကားများသည်  အမှန်တကယ် ရင်ဘတ်ထဲကလာသောစကားဖြစ်ပါစေ..။
နောက်ကြောင်းကို   ပြန်မလှည့်တော့ဘူးလို့ သမ္မတ- ဦးသန်းစိန်နဲ့  လွှတ်တော်   ဥက္ကဌ ဦးရွှေမန်းတို့ပြောဆိုပြီး....ထိုင်းနိုင်ငံကိုသွားခဲ့တဲ့     ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကလည်း      နောက်ကြောင်းပြန်မလှည့်တော့ဘူးလို့   ပြောကြားခဲ့ပါတယ်။  ဒီလိုပြောပုံထောက်တော့   ဒါဆို....နောက်ကွယ်ကကြိုးဆွဲနေတဲ့   ကာ/ချုပ် သန်းရွှေ အစွယ်ကျိုးပြီးလား....အစွယ်မကျိုးလည်း အစွယ်ချိုးပေးရမယ့်တာဝန်က  လက်ရှိ- အစိုးရမှာ တာဝန်ရှိတဲ့ သူများနဲ့    တိုက်ရိုက်သက်ဆိုင်နေပါတယ်။    ကချင်ကို  ထိုးစစ်ဆင်မှုလုပ်နေတာလည်း   ဒီလူရဲ့စနက်မကင်းဘူးလို့    အများက သုံးသပ်နေကြတယ်။   နောက်ကွယ်ကနေ  အငြိမ်မနေပဲ  ကြိုးဆွဲနေဦးမယ်ဆိုရင်  ဒီလူဟာ  မြန်ပြည်သူများအတွက်   တော်တော်ကြောက်စရာကောင်းတဲ့ လူဆိုတာ သံသယထားစရာ လိုမည်မထင်..။မနေ့က  ကိုမင်းကိုနိုင်၏  သတင်းစာရှင်းလင်းပွဲ  အဖွင့်နှုတ်ခွန်းဆက်စကးပြောကြားရာမှာ.... ကနေ့- ကာလဟာ ပြုပြင်ပြောင်းလဲရေးကိုလိုလားသူတွေနဲ့  ပြုပြင်ပြောင်းလဲရေးကို မလိုလားသူတွေအကြား- လွန်ဆွဲမှုတရပ်ဖြစ်နေကြောင်း  ကိုမင်းကိုနိုင်က အတိအလင်းထုတ်ဖော်ပြောကြားခဲ့ပြီး.... ၈၈ မျိုးဆက်ကျောင်းသားများအနေနဲ့      ပြုပြင်ပြောင်းလဲရေးလုပ်နေသူဘက်ကနေ၍ ရပ်တည်သွားမယ်လို့  ပြောဆိုခြင်းဟာ  မြန်မာ့နိုင်ငံရေးမတည်ငြိမ်သေးတာကို  မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။
 နိုင်ငံတော်ကိုလည်းဖျက်ဆီး- အမျိုးကိုလည်းဖျက်- ဘာသာ- သာသနာကိုလည်းဖျက်ဆီးပြီး  တာဝန်မှအနားယူပြီးဆိုသော်လည်းနောက်ကွယ်ကနေကြိုးဆွဲကာ  ပြည်သူတွေအပေါ်    ဒုက္ခတွေကိုပေးပြီးရင်းပေးတဲ့    ဒီလူကို    ဆန်ကုန်မြေလေး လူ့ငနွား (သို့) ရက်စက်မှုအပေါင်း  သရဖူဆောင်းခဲ့သည့် မင်းသားကြီးလို့  ခိုင်းနှိုင်းလျှင် ရှိုင်းမည်မထင်-  မှားမည်မထင်။ ကြားဘူးပါတယ်  ဗုဓ္ဒဘာသာဝင်တွေဟာ      အသက်အရွယ်ရပြီး   ကိုယ်မသေခင်- မကြွေခင်မှာ    ကောင်းမှုတွေကိုပြုပြီး    ကုသိုလ်တွေပြုတတ်ကြပါတယ်၊    မိမိပြုခဲ့သည့်အမှားများတွေကိုလည်း  သံသရာထဲပါမသွားဖို့  တောင်းဆုတွေချွေတတ်ကြပါတယ်၊ အခုလူ့ငနွားက  ထိုသို့မဟုတ်-   ဒေဝဒတ်နဲ့အာဇာဒသတ်ကို  စံနမှုနာပြုပြီး  အမိုက်ကန်းကုန် ရွက်လွှင့်ပြီး   တစ်ဘဝစံအမည်ခံပြီး   ဘဝပြောင်းဖို့ကြိုးစားနေတယ်  ထင်ပါရဲ့။   အမှန်မှာ  သြော်....ဘာပဲဖြစ်ဖြစ် ငါမသေခင်-  မကြွေခင်မှာ  မိမိပြုခဲ့တဲ့      အမှားများစွာတွေကို  သံဝေဂရပြီး ကောင်းမှုတွေပြု-ဒါနတွေလုပ်ရင်း...ငါ့တိုင်းပြည်- ငါ့လူမျိုးတွေအတွက်  ငါတတ်နိုင်တဲ့ဘက်ကနေ   ကိုယ်စွမ်း-ဥာဏ်စွမ်းရှိသလောက် ဒီအချိန်မှာ ရိုင်းပင်းကူညီရမယ်ဆိုတဲ့   လူ့အသိစိတ်  တစိတ်လောက်ပဲဖြစ်ဖြစ်   ဒီလူမှာရှိခဲ့ရင် ဘယ်လောက်ကောင်းမလဲဆိုတာ   တိုင်းပြည်အတွက် တွေးကြည့်မိဘူးပါတယ်။ ဒီလူမှာ   ဒီအတွေးအခေါ်မျိုးမသိလို့ မရှိခဲ့ရင်တောင်  ဒီအတွေးခေါ်မျိုးဝင်လာအောင် လုပ်ရမယ့်တာဝန်က   ဇနီးနဲ့ သား/ သမီးတွေအပေါ်မှာလည်း      မူတည်သလို.... လူမိုက်ကို   မှီဝဲနေတဲ့  မိတ်ဆွေတွေရဲ့အပေါ်မှာလည်း တာဝန်ရှိပါတယ်။     ခွေးသခင်နဲ့    သက်ဆိုင်သူတွေက     ဟောင်နေတဲ့ခွေးကို      ဂျူးတိုက်နေလို့ကတော့   ဒီခွေးဟာ   မဲမဲမြင်တိုင်း     ထဟောင်နေမှာဖြစ်ပြီး ....ငမိုက်သားကို မြှောက်ပေးနေလို့ကတော့....ရမ်းသထက်ရမ်းပြီး     ဆိုးသွမ်းဖို့ပဲရှိချေမည်ကို  ပိုင်ရှင်နဲ့  သက်ဆိုင်သူတွေကို   ဒီနေရာမှာ    အလေးနက်ထားပြီးသိစေလိုပါတယ်။
 လူဆိုတာဟာ မိမိပြုခဲ့တဲ့ ကောင်းမှု- မကောင်းမှုကုသိုလ်ကံကို ကိုယ်ပဲခံ- ကိုယ်ပဲစံရမှာဖြစ်ပါတယ်၊ ဒါကြောင့်ဘုရားဟောဒေသနာထဲမှာမကောင်းမှုပြုပြီးအသက်မွေးဝမ်းကြောင်းမပြုဖို့....မကောင်းမှုတွေပြုပြီး မိမိရဲ့ သား-    မယားတွေကိုရှာမကျွေးဖို့ ဆုံးမတော်မူခဲ့ပါတယ်။   လက်ပုခုံးနှစ်ဖက်ကြားကပေါက်တဲ့ခေါင်း  ကျဉ်းကျဉ်းအမြင်တွေရှိပြီး  ဆင်ခြင်တုံအသိတရားမဲ့ပြီး  တိုင်းသူပြည်သားအပေါ် ရက်စက်မှုများ     ဆက်လက်ကြူးလွန်နေဦးမည်ဆိုလျှင်....လူဖြစ်ရဲ့သားနဲ့    ဦးခေါင်းမှာ   ဂျိုပေါက်နေတဲ့    လူ့ငနွားနဲ့တူနေမည်။မိမိ ကောင်းမှုတွေကိုအမှန်တကယ်ပြုလုပ်လိုစိတ်ရှိလျှင်.....ရှိသမျှအာဏာ ရှိစုမဲ့စုရှိနေသေးတဲ့  ကိုမသေခင်- မကြွေခင်အချိန်လေးအတွင်းမှာ မိမိရဲ့နိုင်ငံ   မိမိပြည်သူတွေရဲ့အကျိုးအတွက်    နိုင်ငံအကျိုးပြုလုပ်ငန်းတွေကို  လုပ်သွားပေးစေလိုပါတယ်၊  သေခါနည်းဆန့်ငင်- ဆန်ငင်ဖြစ်ခါကြမှ  ငါ့တိုင်းပြည်-   ငါ့လူမျိုးကောင်းကျိုးတွေကို    ငါမလုပ်ခဲ့ရကောင်းလားဆိုပြီး   သံဝေဂမရစေလိုကြောင်း  ဆန်ကုန်မြေလေးလူ့ငနွား (သို့) ရက်စက်မှုအပေါင်း  သရဖူဆောင်းခဲ့သည့်  သက်ဆိုင်သူဆီသို့ အသိပေးရေးသားလိုက်ရပါသည်။
 ( မြန်မာနိုင်ငံသူ/သားအားလုံး သာယာအေးချမ်းတဲ့ဘဝကို ထာဝရဆုံစည်း ပိုင်ဆိုင်နိုင်ကြပါစေ )
 
Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com

0 comments:

Post a Comment