မြန်မာသတင်းများ ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၁၂
KNU အဖွဲ့ဝင်များ မှတ်ပုံတင်ရရန် ဖေဖေါ်ဝါရီလကုန်တွင် ဆွေးနွေးမည်
ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင်များနှင့် KNU ထိန်းချုပ်နယ်မြေမှ ကရင်လူထု မှတ်ပုံတင်ရရှိရန် ဖေဖော်ဝါရီ တတိယပါတ်တွင် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးရဦးမည်ဟု KNU ဗဟိုကော်မတီဝင် စောဒေးဗစ်ထော က ပြောသည်။ ဇန်နဝါရီ ၁၂ ရက်နေ့ အပစ်ရပ် လက်မှတ်ထိုးသည့် ခရီးစဉ်အတွင်း သမ္မတ၏ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးခင်ရီနှင့် အလွတ်သဘော ဆွေးနွေးခဲ့ပြီးဖြစ်သည်ဟု ဆိုကြောင်းသိရသည်။
မြန်မာတိုက်စစ်မှူး ကျော်ကိုကို ဂျာမန်မြေတွင် ကစားဖွယ်ရှိ
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ အဓိက တိုက်စစ်မှူးတဦးဖြစ်သူ ကျော်ကိုကိုအား ဂျာမနီ ပြည်တွင်း ပထမတန်း Bundesliga တွင် ကစားရန် အကြိုခြေစမ်းမှု ပြုလုပ်ဖို့ ကမ်းလှမ်းချက် ရရှိထားကြောင်း မိခင်ကလပ်အသင်း ဇေယျာရွှေမြေ Zayarshwemyay FC က ထုတ်ဖေါ် ပြောဆိုလိုက်ကြောင်းသိရသည်။
အပစ်ရပ်ရေး လွယ်ပေမယ့် နိုင်ငံရေးဆွေးနွေးဖို့ ခက်ကြောင်း မွန်ပြည်သစ်ပြော
မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးလုပ်ရန် မခက်ခဲသော်လည်း နိုင်ငံရေး ဆွေးနွေးမှုများ
ပြုလုပ်ရန် ခက်ခဲသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။ မကြာမီ ရက်ပိုင်းအတွင်း အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့တွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် စီစဉ်နေစဉ် အတွင်း ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲ အပိတ်မိန့်ခွန်းတွင် ဇန်နဝါရီ ၂ဝ ရက်နေ့က ပြောကြားလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
ပြုလုပ်ရန် ခက်ခဲသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။ မကြာမီ ရက်ပိုင်းအတွင်း အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့တွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် စီစဉ်နေစဉ် အတွင်း ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲ အပိတ်မိန့်ခွန်းတွင် ဇန်နဝါရီ ၂ဝ ရက်နေ့က ပြောကြားလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် အိန္ဒိယရောက်
မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် လေးရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ တနင်္ဂနွေနေ့က ရောက်ရှိသည်။အင်္ဂါနေ့တွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်သျှနာ S. M. Krishna နှင့် ဆွေးနွေးရန်ရှိပြီး မတ်လဆန်းပိုင်း အတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည့် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း ၏ ခရီးစဉ်အတွက် ကြိုတင် ညှိနှိုင်းကြမည် ဖြစ်ကြောင်း
ဝန်ကြီး၏ ခရီးစဉ်အတွင်း ဇန်နဝါရီ ၂၅ ရက်နေ့တွင် နယူးဒေလီရှိ ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီ ICWAတွင် “ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် နိုင်ငံတခု” ခေါင်းစဉ်ဖြင့် ဟောပြောရန် စီစဉ်ထားကြောင်း သိရသည်။
ဝန်ကြီး၏ ခရီးစဉ်အတွင်း ဇန်နဝါရီ ၂၅ ရက်နေ့တွင် နယူးဒေလီရှိ ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီ ICWAတွင် “ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် နိုင်ငံတခု” ခေါင်းစဉ်ဖြင့် ဟောပြောရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး အိန္ဒိယနှင့် စီးပွားရေး ဆွေးနွေးမည်
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်နေပြီး သမ္မတ ဦးသိန်းစိန်၏ အိန္ဒိယခရီးစဉ်အတွင်း သဘောတူချုပ်ဆိုခဲ့သည့် နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာများ၊ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်သုံးသပ် ဆွေးနွေးမည်ဟု အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။ ထို့အပြင် ကမ္ဘာ့ရေးရာဆိုင်ရာ အိန္ဒိယကောင်စီ၌ ဦးဝဏ္ဍမောင်လွင်က “ဒီမိုကရေစီအပြောင်းအလဲ စပ်ကူးမတ်ကူးကာလနှင့် မြန်မာနိုင်ငံ” ခေါင်းစဉ်ဖြင့် ဟောပြော ပို့ချမှု ပြုလုပ်မည်ဟု သိရသည်။
ဦးရွှေမန်းကို အမေရိကန် လွှတ်တော် လေ့လာရန် ဖိတ်ခေါ်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းအား အမေရိကန်လွှတ်တော်များသို့ လာရောက်လေ့လာရန် မြန်မာနိုင်ငံသို့ ရောက်ရှိ နေသော အမေရိကန် အထက် လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဖိတ်ကြားသည်။ မစ္စတာ ဂျွန်မက်ကိန်းနှင့် ဦးရွှေမန်းတို့သည် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ကြပြီး အမေရိကန်-မြန်မာ လွှတ်တော် နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စစ်တပ် လူ့အခွင့်အရေး ချိုးဖောက်ဆဲဟု HRW ပြော
မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခ ဖြစ်ပွားရာ တိုင်းရင်းသားဒေသများ၌ အစိုးရ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ကျူးလွန်နေကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့(HRW)က ပြောသည်။ ဒေသခံ အမျိုးသမီးများကို အဓမ္မ ပြုကျင့်မှုများ၊ အရပ်သားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများ၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများ စသည်တို့ကို ကျူးလွန်ဆဲ ဖြစ်သည်ဟု ၂၀၁၂ ခုနှစ်အတွက် ထုတ်ပြန်သော HRW ၏ အစီရင်ခံစာ၌ ဖော်ပြထားကြောင်းသိရသည်။
ပိတ်ဆို့မှု ရုပ်သိမ်းရေး အလျင်မလိုသင့်ဟု မက်ကိန်း ပြော
မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးအတွက် သမ္မတ အိုဘားမား အစိုးရအနေဖြင့် အလျင်မလိုသင့်သေးကြောင်း မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောဆိုလိုက်သည်။ ၎င်း၏ တဦးတည်းအမြင်အရ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်အထိ ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရန် မသင့်သေးကြောင်း၊ မြန်မာပြည်တွင်း ပြုပြင်ပြောင်းလဲမှုများကို အားပေးရမည်ဖြစ်သော်လည်း နောက်မှ နောင်တမရစေရန် အလျင်မလိုရန် လိုအပ်ကြောင်း မက်ကိန်းက ဝေါထစရီ ဂျာနယ်သို့ ပြောဆိုထားကြောင်းသိရသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ(နိုင်/ကျဉ်း)မှ နိုင်ငံရေးအကျဉ်းသားများစာရင်းထုတ်ပြန်
နိုင်ငံရေးအကျဉ်းသားဟောင်းများ(နိုင်/ကျဉ်း)မှ အကျဉ်းထောင်များထဲတွင် ကျန်ရှိ နေသော နိုင်ငံရေးအကျဉ်းသားများစာရင်းကို ၂၂၊၁၊၂၀၁၂ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းမှာ ၁၂၊၁၀၊၂၀၁၁ ရက်နေ့နောက်ပိုင်း ကျန်ရှိနေသောစာရင်းအရ ထောင်ပေါင်း ၄၁ ထောင်တွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၆၇၇ ယောက်ရှိပြီး ၁၃၊ ၁၊ ၂၀၁၂ နေ့တွင် လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် ၃၀၂ ယောက် ထပ်မံလွတ်မြောက်ခဲ့ရာ ထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်းမှာ ၃၇၅ ယောက်ကျန်ရှိနေသေးကြောင်း သိရှိရပါတယ်။
ဦးသိန်းစိန်အစိုးရက နိုင်ငံရေးအကျဉ်းသားမရှိဘဲ တည်ဆဲဥပဒေကိုချိုးဖောက်တဲ့ ပြစ်မှုကျူးလွန်သူတွေသာရှိကြောင်း မကြာခဏပြောဆိုခဲ့ပေမယ့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မကြာသေးခင်ရက်ပိုင်းက ထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးတယ်ဆိုတာသိရှိကြောင်း၊ သူတို့ဆီကို စာရင်းတွေ တင်ပြရင် သမတဆီကို ဆက်လက်တင်ပြပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအများစုမှာ ABSDF ကျောင်းသားတပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်သူများ၊ ဖောက်ခွဲရေးသမားများ ဟုဆိုပြီး ရာဇ၀တ်ပုဒ်မအမျိုးမျိုးတပ်ကာ ကြီးလေးတဲ့ ထောင်ဒဏ် များ ချမှတ်ထားခြင်း ခံရသူများဖြစ်ကြောင်း သတင်းရရှိပါတယ်။
လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားများ
နိုင်ငံရေးအကျဉ်းသား ၁၆၅ ဦးကျန်သေး
အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ၁၆၅ ဦး ကျန်ရှိနေသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ကိုးကား၍ အဆာဟိရှင်ဘွန်း သတင်းစာတွင် ဖော်ပြထားသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းသည် NLD က ပေးပို့သော စာရင်းအပေါ် အခြေခံခြင်း ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ပြောဆိုခဲ့ကြောင်းသိရသည်။
တသက်တကျွန်းမှ လွတ်မြောက်လာသည့် ဦးသက်နွယ် ကွယ်လွန်
မကြာသေးခင်က လွတ်ငြိမ်းချမ်းသာအမိန့်ဖြင့် လွတ်မြောက်လာခဲ့သော ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာစည်လမ်းနေ အသက် ၅၄ နှစ်အရွယ်ရှိ ဦးသက်နွယ် (ခ) ငြိမ်းလူသည် ယမန်နေ့ နေ့လည် ၁၂ နာရီက ၉၆ ပါးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ဦးသက်နွယ်သည် ၂၀၀၂ ခုနှစ်က ဖောက်ခွဲရန်ကြံစဉ်မှုဖြင့် ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရပြီး အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့စဉ်ကတည်းက ကျန်းမာရေးမကောင်းကြောင်း မိသားစုဝင်များက ပြောသည်။ ယမန်နှစ် ဒီဇင်ဘာလအတွင်းက အင်းစိန်ထောင်တွင်းရှိနေစဉ် အဆုတ်ရေဝင်ခြင်း၊ အသည်းရောင်ခြင်း၊ သတိလစ်မေ့မျောခြင်းများ ဖြစ်ခဲ့သည့်အတွက် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ နှစ်ကြိမ် ပို့ဆောင်ခဲ့ရသေးသည်။ ဦးသက်နွယ်သည် စစ်ကြောရေးတွင် နှိပ်စက်ခံရမှုကြောင့် အာရုံကြောများ ထိခိုက်ပြီး စိတ်ရောဂါ အထူးကုဆေးရုံသို့ နှစ်ကြိမ်တက်ခဲ့ရသည်။ ဦးသက်နွယ်၏ ဈာပနကို မနက်ဖြန် ၂၄ ရက်နေ့တွင် ရေဝေး သုဿန်သို့ ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
စာပေစိစစ်ရေး ပြန်လည်တင်းကျပ်
ပြည်တွင်း သတင်းဂျာနယ်အများစုက သတင်း လွတ်လပ်ခွင့် တဖြည်းဖြည်းရရှိလာသည်ဟု ထင်မှတ်နေသော်လည်း စာပေ စိစစ်ရေးက တချို့သော သတင်းများကို လုံးဝမထည့်ရန် တားမြစ်ပြီး တချို့သတင်းများအား ဖြုတ်ပယ်နေဆဲ ဖြစ်ကြောင်းရွှေည၀ါဆရာတော် ကျောင်းတိုက်မှ ဖယ်ရှားခံရသည့် သတင်းကို လုံးဝ ဖော်ပြခြင်းမပြုရန် စာပေစိစစ်ရေးက သတိပေး တားမြစ်လိုက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲသတင်းကိုလည်း အကန့်အသတ် များဖြင့်သာ ဖော်ပြခွင့် ပြုကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းက ဆိုကြောင်းသိရသည်။
ကျောင်းသားသမဂ္ဂ ပေါ်ထွန်းရေး ကြိုးပမ်းသွားမည်ဟုဆို
မြန်မာနိုင်ငံတွင် ကျောင်းသားသမဂ္ဂများ ပေါ်ထွန်းရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဒီမိုကရေစီစနစ် ကျင့်သုံးသော ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ပြောင်းမည်ဆိုပါက ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့် ပြုရမည်ဖြစ်ကြောင်း၊ ကျောင်းသား သမဂ္ဂများသည် ကျောင်းသားလွှတ်တော်များပင်ဖြစ်ပြီး ဒီမိုကရေစီ စနစ်အတွက် အလေ့အကျင့်ကောင်း ပေးသော နေရာများဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂ ပေါ်ထွန်းရေးအတွက် အညံ့ခံမည်မဟုတ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့ ရန်ကုန် တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ မင်းကိုနိုင်က ပြောဆိုကြောင်းသိရသည်။
ပြောင်းလဲမှုအဆင့်တွေ လိုနေသေးကြောင်း ဂျွန်မက်ကိန်းပြော
မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အဆင့်တွေ လိုသေးတယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းထောက်တွေကို ပြောဆိုကြောင်းသိရသည်။
အစိုးရတပ်တွေ လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း HRW အဖွဲ့ ထုတ်ပြန်
မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ်အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိခဲ့ပေမယ့် တိုင်းရင်းသားနယ်မြေတွေ မှာ စစ်ပွဲတွေ ပြင်းထန်ခဲ့ပြီး အစိုးရတပ် က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်းသိရသည်။၈၈ ကျောင်းသားတွေရဲ့ ထုတ်ပြန်ချက် ရွှေညဝါဆရာတော် ကြိုဆို
၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ သဘောထားထုတ်ပြန်ချက်အပေါ် ကြည့်မြင်တိုင် သာဓုကျောင်းတိုက် ရွှေညဝါဆရာတော်နဲ့တကွ သံဃာတော်တွေက ကြေညာချက်တစောင် ထုတ်ပြန်ပြီး ချီးမွမ်းကြိုဆိုလိုက်ကြောင်းသိရသည်။ဇာဂနာရဲ့ အနုပညာပြပွဲ ရုပ်ရှင်ကားတချို့ စင်္ကာပူရဲက ပြသခွင့် ပိတ်ပင်
စင်္ကာပူနိုင်ငံ အခြေစိုက် “ရသအလင်း” အဖွဲ့က စီစဉ်တဲ့ “ရုန်းကန် ရှင်သန်နေ သော အလှတရား- Surviving Beauty” အနုပညာ ဟောပြောပွဲနဲ့ ရုပ်ရှင်ပြပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ညက စင်္ကာပူ နိုင်ငံမှာ ကျင်းပခဲ့ရာမှာ စင်္ကာပူ အာဏာပိုင်တွေက ဆင်ဆာကင်းလွတ်ခွင့် မရှိတဲ့ ရုပ်ရှင်ကားတချို့ကို ပြသခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ဒေါ်စု ပါတီစည်းရုံးရေး နယ်ခရီး စမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေး နယ်လှည့် ခရီးစဉ်တွေကို မကြာခင် စတင်တော့မှာ ဖြစ်ကြောင်းသိရသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း ထောင်တွင်းနှိပ်စက်မှုကြောင့် သေဆုံး
နိုင်ငံရေးအကျဉ်သားဟောင်း ကိုသက်နွယ်ဟာ စစ်ကြောရေးကာလနဲ့ ထောင်တွင်း နှိပ်စက်ညှင်းပမ်းမူ ဒဏ်တွေကြောင့် ဒီလ ၂၂ ရက်နေ့က ကွယ်လွန်သွားကြောင်းသိရသည်။အရေးယူပိတ်ဆို့မှုကိစ္စ အမေရိကန်အမတ်များ ဆွေးနွေး
ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ ခေါင်းဆောင်တွေနဲ့ အမေရိကန် လွှတ်တော်အမတ်တွေ တွေ့ဆုံစဉ် မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ကိစ္စကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။မြန်မာပြည် လူ့အခွင့်အရေး အခြေအနေ စိုးရိမ်နေရဆဲ
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ ဆိုးရွားနေတုန်းပဲလို့ Human Rights Watch အဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ဖော်ပြထားကြောင်းသိရသည်။မြန်မာအပေါ် ဒဏ်ခတ်မှုဖယ်ရှားရေး အချိန်ယူရဦးမည်
မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အားလုံး ဖယ်ရှားဖို့ကိစ္စ အချိန်ပေးရမယ်လို့ မြန်မာနိုင်ငံသွားမယ့် အမေရိကန် အထက်လွှတ်တော်အမတ်တွေက ပြောကြောင်းသိရသည်။Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment