နိုင်ငံတကာသတင်း

တရုတ် နှစ်သစ်ကူး ဆင်နွှဲ

ဒီကနေ့ဟာ တရုတ်နှစ်သစ်ကူးနေ့ပါ။ အာရှနဲ့ ကမ္ဘာတလွှားမှာ မီးရှူးမီးပန်းတွေ ဖောက်ပြီး တရုတ် နှစ်သစ်ကူးပွဲတော်တွေကို ဆင်နွှဲနေကြကြောင်းသိရသည်။

ဆီးရီးယား အကဲခတ်အဖွဲ့က ဆော်ဒီကိုယ်စားလှယ်တွေ ပြန်ရုပ်မည်

ဆီးရီယားနိုင်ငံကို စေလွှတ်ခဲ့တဲ့ လေ့လာအကဲခတ်ရေး အဖွဲ့ဝင်တွေကို ပြန်ခေါ်ယူတော့မယ်လို့ ဆော်ဒီအာရေးဘီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်းသိရသည်။

ယီမင်သမ္မတ အမေရိကန်မှာ ဆေးကုသခွင့်ရ

ယီမင်နိုင်ငံမှာ ရာထူးကထွက်ပေးတဲ့ သမ္မတ အလီအက်ဘ်ဒူလာ ဆာလေးကို သတ်မှတ်တဲ့အချိန်ကာလတွင်း အမေရိကန်နိုင်ငံမှာ ဆေးကုသ ခံယူခွင့် ပြုလိုက်ကြောင်းသိရသည်။

Newt Gingrich တောင်ကယ်ရိုလိုင်းနားမှာ အနိုင်ရ

တောင်ကာရိုလိုင်းနားပြည်နယ် ရီပက်ပလီကန်ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ ယခင် အောက်လွှတ်တော်အမတ် နယူးတ်ဂင်းဂရစ်ခ်ျ အနိုင်ရသွားကြောင်းသိရသည်။

ကြက်ငှက်တုပ်ကွေးကြောင့် တရုတ်ပြည်မှာ လူသေဆုံး

ကြက်ငှက်တုပ်ကွေးရောဂါကြောင့် တရုတ်နိုင်ငံမှာ လူတစ်ဦး ထပ်ပြီး သေဆုံးသွားတယ်လို့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ကြောင်းသိရသည်။

နိုင်ဂျီးရီးယားဗုံးခွဲမှု လူ ၁၀၀ ကျော် သေဆုံး

ဒီလ ၂၀ ရက်နေ့က နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ခနိုမြို့မှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာမှာ သေဆုံးသူ ၁၀၀ ကျော် ရှိသွားပကြောင်းသိရသည်။

သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး တရုတ် စတင်ဆောင်ရွက်
 
တရုတ်နိုင်ငံမှာ လေထုအရည်အသွေးနဲ့ ပတ်သက်တဲ့ အချက်အလက် အသစ်တွေကို အစိုးရက အင်တာနက်မှာ စတင်ဖော်ပြဖို့ ရှိနေပါကြောင်းသိရသည်။

အီဂျစ်ရွေးကောက်ပွဲ Muslim Brotherhood အနိုင်ရ

အီဂျစ်နိုင်ငံက လွှတ်တော်ရွေးကောက်ပွဲမှာ Muslim Brotherhood ပါတီက အနိုင်ရသွားပါကြောင်းသိရသည်။

အီရန်အရေး ဆွေးနွေးဖို့ အမေရိကန်ဗိုလ်ချုပ်ကြီး အစ္စရေးရောက်

 

အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ် နဲ့ပတ်သက်လို့ အမေရိကန်စစ်ဘက် ထိပ်တန်း တာဝန်ရှိသူတစ်ဦးနဲ့ အစ္စရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အင်တာနက်ဆင်ဆာ ဥပဒေကြမ်းတွေ အမေရိကန်လွှတ်တော် ရွှေ့ဆိုင်း

အွန်လိုင်းကနေ မူပိုင်ခွင့် ချိုးဖောက်ခိုးယူတာတွေကို ပစ်မှတ်ထားတဲ့ ဥပဒေမူကြမ်း မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို အမေရိကန်လွှတ်တော် ရွှေ့ဆိုင်းကြောင်းသိရသည်။


နိုင်ငံ့ခေါင်းဆောင်သစ်အနေဖြင့်သာမက စစ်ဘက်ခေါင်းဆောင်အဖြစ်ပါ ယုံကြည်မှုတည်ဆောက်နေသော မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန်သည် မြောက်ကိုရီးယား စစ်တပ်၊ တပ်ဖွဲ့တစ်ခုသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း ကင်ဂျုံ အီလ်နေရာဆက်ခံသူ ကင်ဂျုံအွန်၏ စစ်စခန်းသို့ တစ်လအတွင်း ဒုတိယအကြိမ်မြောက် လည်ပတ်မှုဖြစ်သည်။ကင်ဂျုံအွန်၏ခရီးစဉ်တွင် ထူးခြားချက်အနေဖြင့် သွားရောက်သည့်နေရာကို ဖခင်ကဲ့သို့လျို့ဝှက်ထားခဲ့ခြင်းမရှိပေ။ မြောက်ကိုရီးယားအစိုးရသည် ကင်ဂျုံအွန်ကို ဖခင်ကင်ဂျုံအီလ်၊ အဘိုးကင်အီလ်ဆွန်းတို့ကဲ့သို့ပင် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုရှိစေရန် ၀ါဒဖြန့်ချိရေးကို အားစိုက်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။


အရေးပါသော တောင်ကာရိုလိုင်းနားပြည်နယ် ရီပတ်ဘလီကန် သမ္မတလောင်း အကြိုရွေးကောက်ပွဲတွင် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နယူတန်ဂင်းဂရစ်ခ်ျက အံ့အားသင့်ဖွယ် အနိုင်ရသွားခဲ့ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ကျင်းပသည့် အကြိုရွေးကောက်ပွဲတွင် ရေပန်းစားနေသည့် မက်ဆာချုးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွမ်နေကို ဂင်းဂရစ်ခ်ျက အပြတ်အသတ် အသာရခဲ့ခြင်းဖြစ်ကြောင်း၂၀၁၂ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီဘက်မှ လက်ရှိသမ္မတ ဘာရက်အိုဘားမားနှင့် ယှဉ်ပြိုင်မည့် ရီပတ်ဘလီကန် သမ္မတလောင်းကို ရွေးချယ်ရန် အကြိုရွေးကောက်ပွဲများကို ပြည်နယ်အသီးသီးတွင် ကျင်းပနေခြင်းဖြစ်ပြီး တောင်ကာရိုလိုင်းနားမှာ တတိယမြောက် ပြည်နယ်ဖြစ်သည်။ကျင်းပခဲ့သော အိုင်အိုဝါနှင့်နယူးဟမ်ရှိုင်းယား အကြိုရွေးကောက်ပွဲများတွင် စတုတ္ထနေရာ၌သာရပ်တည်ခဲ့သော ဂင်းဂရစ်ခ်ျသည် ပြိုင်ပွဲမှထွက်ရတော့မည်ဟု လေ့လာ သူအများစုက မှတ်ယူထားခဲ့ကြသော်လည်း တစ်ကျော့ပြန်လာနိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။


သမ္မတဆာလက်ဟ်အား တရားစွဲဆိုခံရခြင်းမှ လုံးဝကင်းလွတ်မှုကို သေချာစေသည့် အငြင်းပွားဖွယ် ဥပဒေတစ်ရပ်အား ယီမင်ပါလီမန်က ဇန်န၀ါရီလ ၂၁ ရက်နေ့က အတည်ပြုပေးခဲ့သည်။ဆာလက်ဟ်က ၎င်း၏လက်ထောက်များကို အရေးယူခံရခြင်းမှ တစ်စိတ်တစ်ပိုင်း အကာအကွယ်ပေးရန်အတွက် တိကျသော အပြောင်းအလဲများပြုလုပ်ရန် တောင်းဆိုနေသဖြင့် ဥပဒေအတည်ပြုရေးမှာ သီတင်းပတ်များစွာ နှောင့်နှေးခဲ့ကြောင်း တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အတွက် အပြန်အလှန်အနေဖြင့် နိုင်ငံကို ၃၃ နှစ်ကျော်အုပ်ချုပ်ခဲ့သော ဆာလက်ဟ်သည် လာမည့်လတွင် ရာထူးမှဆင်းပေးရမည်ဖြစ်ကြောင်းသိရသည်။


Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com

0 comments:

Post a Comment