ဘ၀နေနည်း

*ကိစ္စမှန်သမျှ မြှော်မြင်မှုနဲ့ လှမ်းကြည့်
အကောင်းမြင်စိတ်နဲ့ ရှေ့ကို တိုး၊
အဆိုးမြင်စိတ်ညွှန် တွင်းနစ်မနေနဲ့။
*ကိစ္စမှန်သမျှ အရှိကို အရှိအတိုင်းကြည့်၊
အသေးအဖွဲတွေက လမ်းခရီးမှာ အတားအဆီးမဖြစ်စေနဲ့၊
လုပ်နိုင်တာကို လုပ်နိုင်တဲ့နည်းနဲ့၊
ကိုယ့်အင် ကိုယ့်အားရှိသမျှ အ စွမ်းကုန်လုပ်။
*ကိုယ့်ကိုယ်ကိုယ် လျှော့ဈေးနဲ့ချမရောင်းနဲ့၊
ပြောင်းပြစ်ဖို့လိုအပ်တာတွေကို ပြောင်းပြစ်ဖို့၊
သင့်ကိုယ်တွင်းမှာ စွမ်းအားတွေရှိနေတယ်၊
အခြေအနေကိုပြုပြင်ပစ်မယ်ဆိုတဲ့ ဆုးံဖြတ်ချက်နဲ့ရင်ဆိုင်၊
လုပ်သင့်လုပ်ထိုက်တာကိုလုပ်၊
အားလုးံကိုကျော်ဖြတ် ချန်ထားပြစ်လိုက်ပါ။
*စိတ်ချမ်းသာပျော်ရွှင်မှု ဆိုတဲ့ လမ်းအတိုင်း ဆက်သွား၊
အိမ်မက်တွေနောက်ကိုလိုက်၊
ြ ကယ်ပွင့်ကိုရအောင်ယူ၊
ပဲ့ကိုင်မောင်းနှင်သူဟာ ဘယ်သူလဲ ဆိုတာ သတိရ၊
သင်ပဲပေါ့ ။ ။ ။ ။

သင်ပဲပေါ့လေ ။
လူထု ဦးစိန်ဝင်း

0 comments:

Post a Comment