မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ  
ရန်ကုန်တောင်ဒဂုံမှာ တကိုယ်တော် ဆန္ဒပြပွဲ      ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၁၂

ရန်ကုန်တောင်ဒဂုံမှာ တကိုယ်တော် ဆန္ဒပြပွဲ ဒီနေ့ ဖြစ်ခဲ့ပါတယ်။ ကျန်စစ်သားလမ်းမှာ အင်္ဂါနေ့ မနက် ဇန်န၀ါရီ ၁၀ ရက် ကိုးနာရီခွဲက အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဝင် ဦးစိုးကြွယ်ဟာ ဆိုင်းဘုတ်ကိုင်ပြီး တကိုယ်တော် ဆန္ဒပြခဲ့တာပါ။ အစိုးရ ၀န်ထမ်းတွေရဲ့ လဒ်စားမှုတွေ၊ ပြည်သူတွေအပေါ် အဓမ္မငွေကြေး ကောက်ခံတာတွေကို မကျေနပ်လို့ ဆန္ဒပြတာလို့ ဆန္ဒပြသူရဲ့ သားဖြစ်တဲ့ ကိုညီညီမင်းက ပြောပါတယ်။ တကိုယ်တော်ဆန္ဒပြသူ ဦးစိုးကြွယ်ကို နောက်ပိုင်းမှာ တောင်ဒဂုံရဲက ဖမ်းပါတယ်။ အာမခံပေးတယ်လို့  သိရပေမဲ့ အမှုစွဲတင်မှာ ဖြစ်ပါတယ်။ ညနေ ၃ နာရီ အထိ ရဲစခန်းထဲက ထွက်မလာသေးပါဘူး။ ။
 
Domestic Lwin Pwin

မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ      ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၁၂

၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၉ရက်နေ့တွင်  အန်အယ်လ်ဒီပါတီရုံးနာ.ယ.က ၅ဦးနှင့် စီအီးစီ ၇ ဦး စတင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
နာ.ယ.က ငါးဦး၏ အမည်စာရင်းမှာ ၁။ ဦးတင်ဦး ၂။ ဦးဝင်းတင် ၃။ ဦးသန်းထွန်း ၄။ ဦးလှဖေ ၅။ ဦးညွန့်ဝေ တို့ဖြစ်ပြီးစီအီးစီ ၇ဦးမှာ ၁။ ဒေါ်အောင်ဆန်းစုကြည် ၂။ ဦးဥာဏ်ဝင်း ၃။ ဦးအုန်းကြိုင် ၄။ ဦးထွန်းထွန်းဟိန် ၅။ ဦးဝင်းမြင့် ၆။ ဒေါက်တာမေ၀င်းမြင့် ၇။ဦးဟန်သာမြင့် တို့ဖြစ်ကြောင်း သိရှိရသည်။

Domestic Lwin Pwin

0 comments:

Post a Comment