ဂုဏ်ပြုလိုက်ပါတယ်...မေမေ၊
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ပြိုင်မည်.....
Domestic Lwin Pwin
ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး
ဓမ္မစေတီလမ်း အိမ်အမှတ်(၁၀၁/B)တွင် ဖွင့်လှစ်ထားသည့် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီ ရုံးခန်းကို ဆရာတော် ရှင်ဆန္ဒာဓိက ကြွရောက်ပြီး မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။
Domestic Lwin Pwin
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှု T Shirt Campaign စတင်ပြီ။
Domestic Lwin Pwin
သတင်းများကိုစုစည်းတင်ပြခြင်း
NLD ပါတီသို့ဝင်မည့်သူများ ပညာအရည်အချင်း ကန့်သတ်ချက်မရှိပါ သို့သော် မည်သည့်အခွင့်အရေးမှလည်းရမည်မဟုတ် ဆိုက္ကားဆရာများလည်း NLD ကတ်ပြားပြပြီး နယ်ကျော်နင်းခွင့်ရမည်မဟုတ်၊ မှတ်ပုံတင်မလုပ်ရသေးသောသူများကိုလည်း NLD မှတာဝန်ယူပြီး မှတ်ပုံတင်လုပ်ပေးမည်မဟုတ်၊ NLD ကတ်ပြားထုတ်ပြလျှင် ရဲဝန်ထမ်းများကလည်း မျက်နှာသာပေးလိမ့်မည်မဟုတ်၊ NLD မှတာဝန်ပေးပြီး ဘယ်သို့သွားပါ ဘယ်မှာနေပါဟု ခိုင်းလျှင် နေ့တွက်ခရှင်းပေးလိမ့်မည်မဟုတ်၊သို့ပါသောကြောင့် NLD သို့မိမိ ဆန္ဒ မိမိယုံကြည်ချက်နှင့်ဝင်လိုသူများအနေဖြင့် မည်သည့်အခွင့်ထူး အခွင့်အရေးများ ရမည် မဟုတ်ပါကြောင်း... တိုင်းပြည်နှင့် လူမျိုးကောင်းစားလိုစိတ်နှင့်သာ ၀င်ရောက်ပါရန် အသိပေးအပ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဝင်လျှောက်လွှာ တစ်သန်းခန့်ရောင်းချပေးခဲ့ရ
၂၀၁၂ခုနှစ်ဇန်န၀ါရီရီလ၉ရက်နေ့တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆိုင်းဘုတ်တင်အခမ်းအနားပြုလုပ်ကျင်းပခဲ့ပြီး ပါတီဝင်လျှောက်လွှာတစ်သန်းခန့်ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ရောင်းချပေးခဲ့ ကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော်(မြစ်မခ)
NLD ကိုမဲပေးပါစို့လေ ( မဲဆွယ်တေးသီချင်း ) ကိုင်ဇာရဲ့ တေးသီချင်းကို ပြန်လည်ရေးဖွဲ့ထားသည်။
သူငယ်ချင်းရေ NLD ကိုမဲပေးပါစို့လေ လာကြဟေ့ မဲရုံဆီကို သွားကြပါစို့လေ လာကြဟေ့ မဲရုံဆီကိုသွားကြပါစို့လေXxxxxx ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်များတို့တတွေ NLD ကိုမဲပေးပါစို့လေ လာကြဟေ့ မဲရုံဆီကို သွားကြပါစို့လေ
xxxxxxx ခေတ်စနစ်ပညာ တတ်မြောက်အောင်လေ သင်ကြားကြစို့လေ တို့ရဲ့မြန်ပြည် တိုးတက်အောင်လေ ကြိုးစားကြစို့လေ
xxxxxxxx လာကြဟေ့ NLD ကိုမဲပေးပါစို့လေ သူငယ်ချင်းရေ ဒီမိုကရေစီရဖို့ပါပဲလေ လာကြဟေ့ NLD ကိုမဲပေးပါစို့လေ
xxxxxxxx ဘဝနဲ့ ပက်သက်တဲ့ ဒုက္ခ သုက္ခတွေ စစ်နဲ့ပက်သက်တဲ့ ဆိုးကျိုး မကောင်းကျိုးတွေ
xxxxxxx ရင်မှာချန်လို့မထားနဲ့လေ ဒီအချိန်အခါမှာ အဖြေဆိုတာလည်း ဝိုင်းစဉ်းစားဖို့ ခေါင်းကောင်းကြဖို့
xxxxxxxx လာပါသူငယ်ချင်းရေ NLD ကို မဲပေးပါစို့လေ လာကြဟေ့ မဲယုံဆီကိုသွားကြပါစို့လေ
xxxxxxxxx ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းများတို့တတွေ တို့ရဲ့မြန်ပြည် ခေတ်နဲ့ညီအောင် ကြိုးစားကြစို့လေ
xxxxxxxxx ဘဝနဲ့ ပက်သက်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေ စစ်နဲ့ပက်သက်တဲ့ မကောင်းကျိုး ဆိုးကျိုးတွေ
xxxxxxxxxx ရင်မှာချန်လို့မထားနဲ့လေ ဒီအချိန်အခါမှာ အဖြေဆိုတာထက် ဝိုင်းစဉ်းစားဖို့ ခေါင်းကောင်းကြဖို့
xxxxxxxxxxx လာပါသူငယ်ချင်းရေ NLD ကိုမဲပေးပါစို့လေ လာကြဟေ့ မဲယုံဆီကို မဲပေးပါစို့လေ လာကြဟေ့
xxxxxxxxxxxx ဒီမိုကရေစီရဖို့ပါပဲလေ xxxxxxx
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဤသီချင်းဖြင့် ရွေးကောက်ပွဲဝင်မည့် NLD ကို ဂုဏ်ပြုအပ်ပါသည်။
ဒုတိယအကြိမ်မြောက် အင်္ဂလိပ်စာစွမ်းရည်မြှင့်သင်တန်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဇန်န၀ါရီလ ၁၂ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သောကြောင့် မည်သူမဆို လာရောက် စာရင်းပေးသွင်း နိုင်ကြောင်း သိရှိ ရသည်။
တက်ရောက်လိုသော သင်တန်းသူ/သားများအနေဖြင့် လျှောက်လွှာပုံစံနှင့် အတူ ဓာတ်ပုံနှစ်ပုံပေးပို့ရမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂လ သတ်မှတ်ထားကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပို့ချပေးမည့် သင်ခန်းစာများမှာ English four skills ၊ General Knowledge ၊ ကမ္ဘာအရေးနှင့်နိုင်ငံရေး စသည်တို့ကို ပို့ချသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းရက်အား တစ်ပတ်လျှင် (၄)ရက် သတ်မှတ်ထားကြောင်း သိရသည်။
“အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး နဲ့ သောကြာ နေ့တွေမှာ သင်ကြားပေးမှာပါ၊ အပတ်စဉ် (၄)ရက် သတ်မှတ် ထားပါတယ်။ English စာ ရေး၊ ဖတ်၊ ပြောဆိုနိုင်အောင်နဲ့ နောက် ကမ္ဘာ့အရေး နိုင်ငံ့အရေးတွေကို ဗဟုသုတ ရအောင် သင်ကြားပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု သင်တန်းပို့ချမည့် ကိုညီညီမင်းက ပြောသည်။ သင်တန်းပို့ချမည့်သူများမှာ ကိုညီညီမင်း (General Knowledge)၊ မကြည်ပြာ (reading)၊ မအေးငြိမ်းမိုး (grammer) ၊ မသူဇာမြင့် (wirtting)၊ မကြည်ဇင်ဝေ (speaking) နှင့် အခြား ပြင်ပမှ ဆရာ/ဆရာမများလည်းပို့ချသင်ကြားပေးမည်ဖြစ်ကြောင်းသိရှိရသည်။
“အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားလူငယ်တွေ အသိပညာ၊ အတက်ပညာနဲ့ ဗဟုတသု ရစေချင်လို့ လမ်းစဖွင့်ပေးတာပါ” ဟု ကိုညီညီမင်းက ဆက်လက်ပြောဆိုသည်။ သင်းတန်းသူ/ သားများအနေဖြင့် သင်တန်း သုံးရက်ပျတ်ကွက်ခဲ့ပါက သင်တန်းသားအဖြစ်မှ ပယ်ဖျက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွင့်လှစ်ခဲ့သော ပထမအကြိမ် အင်္ဂလိပ်စာသင်တန်းကို ၂၀၁၁ခုနှစ် စက်တင် ဘာလ (၁၇)ရက်နေ့တွင် စတင်ခဲ့ပြီး နိုဝင်ဘာလ (၁၇)ရက်နေ့တွင် သင်တန်းပြီးဆုံးခဲ့ကြောင်း သိရှိရသည်။
အောင်ကိုကိုလတ်(မြစ်မခ)
DVB TV News
ပြည်ခိုင်ဖြိုးပါတီ၊ ပျဉ်းမနား လယ်ဝေးအမတ် ဦးဌေးဝင်းဟာ ကားတိုက်မှု ကျူးလွန်တယ်ဆိုပြီး တိုင် ခဲ့ပေမဲ့ အာဏာပိုင်တွေက သီတင်း ၂ ပတ်ကြာတဲ့အထိ အမှုဖွင့်ခွင့် မပေး သေးဘူးပါဘူး။ ဦးဌေးဝင်း မောင်လာတဲ့ ကားဟာ မနှစ်က ဒီဇင်ဘာ ၂၉ ရက်ညက ယဉ်တိုက်မှု ဖြစ်ခဲ့တာလို့ မျက်မြင်တွေ့ ရှိသူ ကျောင်းအုပ်ဆရာကြီးဟောင်းကပြောပါတယ်။ မိခင်နဲ့ ကလေး စောင့်ရှောက်ရေးရုံးရှေ့ မှာ ရပ်ထားတဲ့ ဆိုင်ကယ် ၂ စင်းနဲ့ လူတွေကို ဦးဌေးဝင်းက ၀င်တိုက်ခဲ့ပါတယ်။ ကားတိုက်မှုကြောင့် ဆိုင်ကယ်ရပ် စကားပြောနေသူ နှစ်ဦး လွင့်စင်ထွက်ခဲ့ရပြီး ထိခိုက် ဒဏ်ရာတွေလဲ ရခဲ့ပါတယ်။ ဒီကိစ္စ နီးစပ်ရာ အပိုင် ရဲစခန်းတွေကို တိုင်ခဲ့ပေမဲ့ သီတင်း ၂ ပတ်ကြာချိန်ထိ အမှုဖွင့်ခွင့် မရသေးပါဘူးခင်ဗျာ။
DVB
မြန်မာ-စင်္ကာပူ နိုင်ငံခြားငွေလွှဲ/ပို့အလုပ်ရုံတစ်ခုမှ ကျပ်သိန်းပေါင်း ၆၆၀၀ ကျော် လိမ်လည်မှုဖြစ်ပွား
ကြည်မြင်တိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေလွှဲ/ ပို့ အလုပ်ရုံတစ်ခုမှ ပြည်ပနိုင်ငံသို့ ငွေလွှဲပို့သည့် ငွေကျပ်သိန်းပေါင်း ၆၆၀၀ ကျော်အား လိမ်လည်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ်အ တွင်းကိုရဲနိုင်(၃၅)နှစ် ဒေါပုံမြို့နယ်နေသူသည် ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးရပ်ကွက်ကွမ်း ရွဲတန်းလမ်း အမှတ်/၈၂ ရှိ နိုင်ငံခြားငွေလွှဲ/ပို့ လုပ်ငန်းသူ ဒေါ်ယဉ်ယဉ်အေး (၄၂) နှစ်၊ ဒေါ်စိုးစိုးသန်း(၄၀)နှစ် (လိပ် စာတူ)နှင့် ဦးပြုံး(၆၀)နှစ် ရွှေကမ္ဘာအိမ်ယာ မင်းဓမ္မလမ်း (၃) ရပ်ကွက် မရမ်းကုန်းမြို့နယ်နေသူတို့သုံးဦး ရုံးခန်းဖွင့်လှစ်လုပ်ကိုင်သည့် နိုင်ငံခြားငွေလွှဲ/ပို့သည့် အလုပ်ရုံးမှ စင်ကာပူနိုင်ငံသို့ ငွေအကြိမ်ကြိမ်လွှဲ ပို့ခဲ့ရာ ၂၀၁၁ ခုနှစ်ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ငွေကျပ်သိန်း ၁၇၂၀၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် နေ့တွင် ငွေကျပ် ၁၉၈၆၇၅၀၀၀ ၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ငွေကျပ် ၂၉၃၀၃၅၀၀၀ ၊စုစုပေါင်း ကျပ် ၆၆၃၇၁၀၀၀၀ အား စင်္ကာပူနိုင်ငံရှိ ကိုအောင်မင်းထွန်း(Golden Trade Link Co. Ltd;)၊ အမှတ် ၁၁၁၊ North Bride Road 0815 Peninsula Plaza ထံသို့ ငွေလွှဲပို့ပေးရန် ဒေါ်ယဉ်ယဉ်အေးပါသုံးဦးထံသို့ ပေးအပ်ခဲ့ရာ ၎င်းတို့ သုံးဦးမှငွေလက်ခံရရှိကြောင်း လက် မှတ်ရေးထိုးပေးခဲ့သော်လည်း စင်္ကာ ပူနိုင်ငံရှိ ကိုအောင်မင်းထွန်းထံသို့ ငွေလွှဲပြောင်းရောက်ရှိခြင်းမရှိသဖြင့် အဆိုပါသုံးဦးထံသို့ သွားရောက်စုံစမ်းရာ အတွေ့မခံဘဲ တိမ်းရှောင်နေကြောင်းသိရသည်။
ယင်းကဲ့သို့အတွေ့မခံဘဲ တိမ်းရှောင်နေသည့် ၎င်းတို့သုံးဦးအပေါ် အရေးယူပေးရန် တရားလိုပြု တိုင်ကြားမှုအား ကြည်မြင်တိုင်ရဲစခန်း (ပ)၄/၂၀၁၂၊ ပုဒ်မ-၄၂၀ ဖြင့် ဇန်န၀ါရီလ ၂ရက်နေ့တွင် အမှုဖွင့်ပြီး တရားခံများကို ဖမ်းဆီးရမိရန် စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေါ် စုနဲ ဦးသိန်းစိန်အစိုးရ မြန်မာ့နိုင်ငံရေးအခင်းကျင်းရှေ့ဆက် ဘယ်လိုသဘောတူထားတယ်ဆို
တာဖြစ်နိုင်ချေ၊
သမ္မတကြီးဦးသိန်းစိန်က နယ်စစ်ဒေသအထူးသဖြင့် ကချင်နဲစစ်ဖြစ်နေတာတွေကို ရပ်လိုက်ပြီလို့
အမိန့်ပေးထားပေမယ့်လည်း စစ်တပ်ကမလိုက်နာတာဘာကြောင့်လည်း ၊ ကျနော်အမြင်တွေပြော
ရမယ်ဆိုရင်တော့ နိင်ငံတစ်ခုမှာစစ်တပ်တစ်ခုသာရှိရမယ်လို့ဆိုထားတဲ့စစ်တပ်ရဲသဘောထားကို
အရင်လေ့လာကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲတဖက်က တောင်းဆိုချက်တွေ၊ ဦး
သိန်းစိန်ရဲ လိုက်လျှောနိင်မှုတွေကို စစ်တပ်ကအထူးသဖြင့် စောင့်ကြည့်နေမှာဘဲ။ တဖက် ကဘယ်
လိုအခွင့်ရေးတွေတောင်းဆိုသလဲ၊ စစ်တပ်အနေနဲမဖြစ်နိင်တဲ့ အခွင့်ရေးမျိုး တဖက်ကတောင်းဆို
တာမျိုးဥပမာ ကိုယ့်ပြည်နယ်တွင်းလက်နက်ကိုင်ဆောင်ခွင့် ကိုယ့်ပြည်နယ်လုံးဝ ကိုယ်လူမျိုးအုပ်
ချုပ်ရေးကဲ့သို့သော် ဗဟိုအစိုးရရဲ အချုပ်ချာအာဏာကို အာခံနိင်တဲ့အခွင့်ရေးမျိုး ဦးသိန်းစိန်အစိုးရဲ
ငြိမ်းချမ်းရေးဆွေးနွေးတဲ့အဖွဲတွေကလိုက်လျှောလိုက်တာမျိုး ဖြစ်သွားခဲ့သည်ရှိသော်၊ စစ်တပ်ဟာ
လက်ရှိဒီမိုကရေစီအစိုးရကိုပြန်ပြီးဖြုတ်ချတာမျိုးထိ မလုပ်ဘူးလို့မပြောနိင်ဘူး။ ဒါကြောင့်ကျနော်အ
ထင်နဲပြောရရင် တိုင်းရင်းသားတွေနဲငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မပြီးပြတ်နိင်ဘဲနဲလေးကွေးနေ
တာတွေဟာ လက်ရှိအစိုးရကလည်း စစ်တပ်ကိုကြည့်နေရပြီး စစ်တပ်ကလည်း လက်ရှိအစိုးရရဲ
ခြေလှမ်းတွေကိုအထူးသဖြင့်စောင့်ကြည့်မှာပါ။ လက်ရှိအချိန်မှာ မြန်မာပြည် နိင်ငံရေးဟာတိုးတက်
တဲ့ဖက်ကိုအရှိန်နဲလှမ်းတယ်ဆိုပေမယ့်လည်း ဦးသိန်းစိန်အစိုးရဟာ စစ်တပ်ရဲစောင့်ကြည့်မှုအောက်
မှာဘေးကျပ်နံကျပ်ပါ။ ဒီမိုကရေစီအစိုးရကလည်း အာဏာကို အပြည့်အ၀ လက်ဆုပ်လက်ကိုင်မရ
သေးဘူး၊ ဌာနပေါင်းစုံရဲ အချုပ်ချာအာဏာကို အပြည့်ဝ မထိန်းချုပ်နိင်သေးပါဘူး။ အဲဒီလိုအချိန်ခါ
မျိုးမှာ စစ်တပ်ရဲလုပ်ပိုင်ခွင့် ရေးကိုထိပါးလာမယ်ဆိုရင် အာဏထမသိမ်းဘူးလို့မပြောနိင်ဘူး။ ဒါ
ကြောင့်ကျနော်အမြင်ပြောရရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဒီနှစ်လောက်ထဲမှာတော့အထမြောက်
ဖို့မမြင်ဘူး။ ပြီးတော့ လက်ရှိအချိန်ကနေ နောက် နှစ်လောက်ထိ ဒေါ်စုနဲ ဦးသိန်းစိန်အစိုးရဟာ
မြန်မာပြည်တွင်းဆူပူလုပ်ရှား၊ စစ်တပ်ကမျက်စီစပါးမြှေး စူးတဲ့လုပ်ရပ်မျိုး လုံးဝ လုပ်စေချင်မှာမ
ဟုတ်ဘူး။ ဦးသိန်းစိန်အစိုးရရဲအာဏာ စီးဆင်းမှု တစ်နိင်ငံလုံးမရောက်သရွေ့ စစ်တပ်ကိုစိတ်မချရ
သေးပါဘူး။ ကျနော်အထင်ပြောရရင် သမ္မကြီးနဲ အစိုးရဟာ မြန်မာပြည်ရဲ ဒီမိုကရစီတိုးတက်မှုကို
အရှိန်ဟုန်နဲ တစ်ကယ်လုပ်ချင်တာ အမှန်ဘဲလို့မြင်ပါတယ်။ ဒီလိုပြောလို့ ကျနော်ဘယ်ဖက်ကမှပါလို့
ရေးတာမဟုတ်ပါဘူး။ နိင်ငံရေးစိတ်ဝင်စားတဲ့ သာမန်ပြည်သူတစ်ယောက်ပါ။ ကျနော် ဒိလိုပြောလို့
ဒေါ်စုနဲ ဦးသိန်းစိန် နှစ်ဦး ဘယ်လိုပုံမျီုး သဘောတူထားလဲဆိုတာဖြစ်နိင်ချေကို ကျနော်အမြင်နဲမှန်း ကြည့်ရုံသတ်သတ်ပါ။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment