မြန်မာသတင်းများ ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၁၂
အမေရိကန် ကိုယ်စားလှယ်နှစ်ဦး ထပ်မံရောက်ရှိ
မြန်မာနိုင်ငံအတွက် အမေရိကန်မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချဲနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အမေရိကန် အထူးသံ လူးဝစ်ဆီဒါဘက်ကာတို့နှစ်ဦး နေပြည်တော်သို့ တနင်္လာနေ့က ရောက်ရှိ လာကြောင်း AFP သတင်းတပုဒ်တွင် ဖော်ပြကြောင်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ ၂ဝ၁၁ ခု ဒီဇင်ဘာတွင် အတူပါလာခဲ့ဖူးသည့် ဒဲရစ်မစ်ချဲ အတွက် ခရီးစဉ်အပြီး တလ မပြည့်မီ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပြီး လူးဝစ်ဆီဒါဘက်ကာ အတွက် မူ ပထမဆုံး အကြိမ်ဖြစ်ကြောင်းသတင်းရရှိသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ ၂ဝ၁၁ ခု ဒီဇင်ဘာတွင် အတူပါလာခဲ့ဖူးသည့် ဒဲရစ်မစ်ချဲ အတွက် ခရီးစဉ်အပြီး တလ မပြည့်မီ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပြီး လူးဝစ်ဆီဒါဘက်ကာ အတွက် မူ ပထမဆုံး အကြိမ်ဖြစ်ကြောင်းသတင်းရရှိသည်။
NLD ခေါင်းဆောင်မှု ပုံသဏ္ဍာန် ပြောင်းလဲဖွဲ့စည်း
ဒေါ်အောင်ဆန်းစုကြည် အား CEC ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဦးတင်ဦး အား သဘာပတိ အဖွဲ့၏ နာယက အဖြစ်လည်းကောင်း ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC ပုံမှန်အစည်းအဝေးမှ ဆုံးဖြတ်လိုက်ကြောင်း တနင်္လာနေ့က ၂ နာရီခန့်ကြာ ပြုလုပ်သည့် CEC အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ CEC အဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးဝင်းမြင့်နှင့် ဒေါ်မေဝင်းမြင့်တို့ ပါဝင်ပြီး သဘာပတိ အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေနှင့် ဦးလှဖေတို့ ပါဝင်ကြောင်းသတင်းရရှိသည်။
ရန်ကုန် ဓါတ်ပုံပွဲတော် ဒေါ်စု ဆုချီးမြှင့်ပေးမည်
လေးကြိမ်မြောက် ‘ရန်ကုန်ဓါတ်ပုံပွဲတော်’ Yangon Photo Festival တွင် ဆုရရှိသည့် ဓါတ်ပုံပညာရှင်များအား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း စီစဉ်သည့် French Institute of Myanmar က နှစ်စဉ် ကျင်းပနေကျ ဖြစ်သည့် Yangon Photo Festival ကို ဇန်နဝါရီ ၂၈ ရက်ညတွင် ‘ရန်ကုန်ဓါတ်ပုံ ဆည်းဆာ’ Yangon Photo Night ကျင်းပပြီး အကဲဖြတ်ဒိုင်များ ရွေးချယ်ပေးမည့် စုစုပေါင်း ဒေါ်လာ ၅ ထောင်ဖိုး ဆု ၇ ဆု ချီးမြှင့်မည် ဖြစ်ကြောင်းသတင်းရရှိသည်။
သြစတြေးလျက မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု လျှော့ချမည်
သြစတြေးလျအစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားသည့် စီးပွားရေးဆိုင်ရာနှင့် ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်ချက်တချို့ကို လျှော့ပေါ့ပေးမည်ဟု သတင်းရရှိသည်။ ပွင့်လင်းသော ဒီမိုကရေစီသို့ လျှောက်လှမ်းရာတွင် အရေးကြီးသည့် ခြေလှမ်းများအတွက် အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ပြောကြောင်း ABC သတင်းတွင် ဖော်ပြထားကြောင်းသတင်းရရှိသည်။
အနာဂတ်မဲ့ကလေးငယ်တွေရဲ့အိပ်မက်
မြန်မာ၊ အင်ဒိုနီးရှား နှင့် လစ်သူရေးနီးယား ဓါတ်ပုံဆရာ သုံးယောက်ရဲ့ မြန်မာကလေးငယ်တွေအကြောင်းရိုက်ကူးတင်ပြထားတဲ့ အနာဂတ်မဲ့ကလေးငယ်တွေရဲ့အိပ်မက် ဓါတ်ပုံပြပွဲကို ဧရာသတီမှ ရုပ်/သံ တင်ဆက်ထားကြောင်းသတင်းရရှိသည်။ဝန်ကြီးဦးကျော်ဆန်းတင်မည့် မီဒီယာဥပဒေကြမ်း ဒီမိုကရေစီနှင့်မညီပါက ကန့်ကွက်မည်ဟုဆို
အားကစားဝန်ကြီးဟောင်း သူရ ဦးအေးမြင့် ဦးဆောင်သော ပြန်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီသည်ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လွှတ်တော်သို့ တင်သွင်းမည့် မီဒီယာ ဥပဒေကြမ်း၌ ဒီမိုကရေစီနှင့် မညီသော အချက်များ၊ သတင်းလွတ်လပ်ခွင့်ကို ထိပါးသော အချက်များ ပါဝင်လာပါက ကန့်ကွက် ပြင်ဆင်သွားရန် ဆုံးဖြတ်ချက်ချမှတ်လိုက်ကြောင်းသတင်းရရှိသည်။
ဘုရားသုံးဆူ ပေါက်ကွဲမှု ၄ ဦး သေဆုံး
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ဘုရားပွဲတွင် စနေနေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၄ ဦး သေဆုံးပြီး၊ ၄၀ ကျော် ဒဏ်ရာ ရသွားကြောင်း အနန်းကွင်းကျေးရွာဘုရားပွဲရှိ စားသောက်ဆိုင်တခုအနီးတွင် ည ၁၁ နာရီ ခန့်က ဖြစ်ပွားခဲ့သော ထိုပေါက်ကွဲမှုကြောင့် သေဆုံးရသူများထဲတွင် ကရင် အမျိုးသမီးငယ် နှစ်ဦး ပါဝင် ကြောင်းသတင်းရရှိသည်။
၂၀၁၂မှာ လည်ပတ်ရန်အသင့်ဆုံးတိုင်းပြည် မြန်မာပြည် တတိယချိတ်
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို အားပေး
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံသို့ သွားရောက်အားပေးသည့် လှုပ်ရှားမှုတရပ်ကို နိုင်ငံရေးလှုပ်ရှားသူများကယမန်နေ့နံနက် ၉ နာရီမှစ၍ ပြုလုပ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ၊ မျိုးဆက်သစ်လူငယ်များအဖွဲ့ (GW)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ၁၀၀ ခန့်ပါဝင်သည့် အဖွဲ့သည် ရခိုင်ပြည်နယ် ဗူးသီးတောင်ထောင်တွင် အကျဉ်းကျခံနေရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင် ဦးကျော်မင်းအပါအ၀င် တခြားသော နိုင်ငံရေး အကျဉ်းသား ၁၅ ဦးခန့်၏ မိသားစုဝင်များကို တွေ့ဆုံအားပေးခဲ့ကြောင်း လှုပ်ရှားမှုအဖွဲ့ဝင်တဦးဖြစ်သည့် စမ်းချောင်းကိုကိုကြီးက ပြောကြောင်းသတင်းရရှိသည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတချို့ သြစတြေးလျ လျှော့ချ
လက်ရှိ ပြောင်းလဲ တိုးတက်လာတဲ့ အခြေအနေတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြန်မာ အပေါ် ပိတ်ဆို့ အရေးယူထားတဲ့ အချက်တချို့ကို ပြန်စဉ်းစားမယ်လို့ သြစတြေးလျ အစိုးရက ဒီကနေ့ ပြောကြားလိုက်ကြောင်းသတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ဆိုင်းဘုတ် ပြန်တင်
တရားဝင် နိုင်ငံရေးပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ခွင့် ရပြီးနောက် NLD ပါတီ ရွှေဂုံတိုင် ဌာနချုပ်မှာ ဒီကနေ့ ပါတီဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။ကန့်ကွက်မှုရှိနေတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံ စီမံကိန်း ရပ်ဆိုင်း
ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့တွင်း ပါဝင်နိုင်ကြောင်း သမ္မတ အကြံပေး ပုဂ္ဂိုလ် ပြောဆို
ဒေါ်အောင်ဆန်းစုကြည်သာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမယ်ဆိုရင် သူ့ကို အစိုးရ အဖွဲ့ထဲမှာ သင့်တော်တဲ့ တာဝန် တစ်ခုခု ပေးနိုင်ဖွယ်ရာ ရှိတယ်လို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ် က မနေ့က ပြောဆိုလိုက်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ရေးသား ဖေါ်ပြကြကြောင်းသတင်းရရှိသည်။မိုင်းရှူးကျောက်တွင်း ကလေးလုပ်အား စုဆောင်း
မိုင်းရှူးကျောက်တွင်းမှာ အလုပ်လုပ်ဖို့ အရွယ်မရောက်သေးသူတွေ အပါအ၀င် လူ ၇၂ ယောက်ပါတဲ့ကားကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဟန့်တားခဲ့ကြောင်းသတင်းရရှိသည်။NLD ပါတီဝင် လျှောက်လွှာ စတင်လက်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီကနေ့ တနင်္လာနေ့မှာ စတင်ပြီး ပါတီဝင်တွေ စတင် လက်ခံနေပါပြီဖြစ်ကြောင်းသတင်းရရှိသည်။လူကုန်ကူးမှုဆိုင်ရာ အမေရိကန် သံအမတ်ကြီး မြန်မာနိုင်ငံရောက်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီး Luis CdeBaca ဟာ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာခဲ့ကြောင်းသတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ်နှစ်သိန်းဝန်းကျင်ဖြင့် ချထားပေးမည့် GSM မိုဘိုင်းဖုန်းများအား ၂၀၁၂ ခုနှစ် မတ်လမှသာ စတင်ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားသည်။ ငါးထောင်တန်ဖုန်းကြောင့် ဖုန်းဈေးကွက် အပြောင်းအလဲဖြစ်လာနိုင် ငွေကျပ်ငါးထာင်တည်းဖြင့် ဖုန်းအသုံးပြုနိုင်မည်ဆိုခြင်းကြောင့် ဖုန်းဈေးကွက်အတွင်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်နိုင်ကြောင်း မိုဘိုင်းဖုန်း ရောင်းချသူများနှင့် အကျိုးဆောင် ဈေးကွက်အတွင်းမှ ကျွမ်းကျင်သူများကပြောသည်။ “ဈေးနှုန်းဒီလောက်ထိ သက်သာတယ်ဆိုတာက စားရိတ်သက်သာတဲ့ စနစ်တစ်ခုဖြစ်တဲ့ .UMTS (Universal Mobile Telecommunication Network) ကိုသုံးထားလို့ပါ” ဟု ရွှေပြည်တံခွန်ကုမ္ပဏီဒါရိုက်တာ ဦးလွင်နိုင်ဦးကပြောကြားသည်။ UMTS စနစ်မှာ Voiceand High Speed data technology ဖြစ်ပြီး ယင်းစနစ်ကိုအသုံးပြုခြင်းဖြင့် infrastructure အသုံးပြုမှုစရိတ်လျှော့ချနိုင်ခြင်းနှင့် high-bandwidth data applications ကြည်လင်သော VoIP စနစ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယင်း UMTS စနစ်တွင် HSPA (High Speed Packet Data) ဝန်ဆောင်မှုကို တွဲဖက် အသုံးပြုနိုင်ခြင်းကြောင့် ကမ္ဘာ့မိုဘိုင်း ကွန်ရက်တစ်ခုအဖြစ် လျင်မြန်စွာ ချိတ်ဆက်ရရှိနိုင်ကြောင်း သိရသည်။ | ||
ထားဝယ် ရေနက် စီမံကိန်းတွင်ပါဝင်မည့် မဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း | ||
| ထားဝယ်ရေနက်စီမံကိန်းတွင်ပါဝင်မည့် မဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ |
ရန်ကုန်မြို့တွင် ရုံးခွဲ ဖွင့်လှစ်မည် ဟု ဥရောပ သမဂ္ဂ အတည်ပြု ကြေညာ
မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်း လဲမှု အချို့မြင်တွေ့ရပြီး နောက် ရန်ကုန်မြို့ တွင် ဥရောပ သမဂ္ဂ၏ ရုံးခွဲ ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဥရောပ သမဂ္ဂအရာ ရှိကြီးများက အတည်ပြုပြောကြားသည်။ထိုင်းနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်သူများအား စခန်းကြီး သုံးခု ဖွင့်လှစ်၍ နိုင်ငံကူး လက်မှတ်များ နေ့ချင်းပြီး ဆောင်ရွက် ပေးလျက် ရှိ
ထိုင်းနိုင်ငံတွင် တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိသူများအား နိုင်ငံကူး လက်မှတ် များကို ဇန်န၀ါရီ ၂ ရက် မှစတင်ပြီး စခန်းကြီး သုံးခု ဖွင့်လှစ် ကာ နေ့ချင်းပြီး ဆောင်ရွက် ပေးလျက် ရှိကြောင်း မြ၀တီမြို့နယ် ယာယီမြန် မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံး၊ ပြန်လည် လက်ခံကြိုဆိုရေး စခန်း ၏ တရားဝင် ထုတ်ပြန်ချက် အရသိရသည်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment