နိုင်ငံတကာသတင်း
Anawar Ibrahim အပြစ်မရှိ တရားရုံးဆုံးဖြတ်
လိင်တူချင်းဆက်ဆံမှု စွပ်စွဲချက်နဲ့ အရေးယူခံနေရတဲ့ မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်ရဲ့အမှုကို တရားရုံးချုပ်က ပလပ်လိုက်ကြောင်းသတင်းရရှိသည်။
ယူရေနီယံသန့်စင် စက်ရုံသစ် ဖွင့်လှစ်ဖို့ အီရန်ကြေညာ
အီရန်နိုင်ငံအနေနဲ့ ဒုတိယမြောက် ယူရေနီယံသန့်စင်တဲ့ စက်ရုံတစ်ခုကို အခုလကုန်မှာ စတင်လည်ပတ်မယ်လို့ ထိပ်တန်း အီရန်အရာရှိတစ်ဦးက ပြောကြောင်းသတင်းရရှိသည်။မီးရှို့အဆုံးစီရင် ဆန္ဒပြမှုကြောင့် တိဘက်ရဟန်းတစ်ပါး သေဆုံး
တိဘက် ဘုန်းတော်ကြီးတစ်ပါးဟာ အမ်ဒို (Amdo) ဒေသ ဒါရီ (Dari) နယ်ထဲမှာ ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင်ရာက တနင်္ဂနွေနေ့မှာ သေဆုံးသွားကြောင်းသတင်းရရှိသည်။နိုက်ဂျီးရီးယားထိပ်တန်းအရာရှိအချို့က ဘိုကိုဟာရမ်တို့ကို ထောက်ခံ
နိုက်ဂျီးရီးယားတွင် ဘိုကိုဟာရမ်တို့ကို အစိုးရ ထိပ်တန်း အရာရှိအချို့ကိုယ်တိုင် ထောက်ခံလိုသော အနေအထားမျိုး ရှိနေခြင်းအတွက် သမ္မတ ဂွတ်လက်ခ် ဂျိုနသန် အနေနှင့် စိုးရိမ်ကြောင့်ကြမှုများ ရှိနေကြောင်း မွတ်ဆလင် စစ်သွေးကြွ ဘိုကိုဟာရမ်တို့သည် နိုင်ငံအတွင်းရှိ ခရစ်ယာန် ဘုရားကျောင်းများကို အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ပြီးခဲ့သည့် လအတွင်း လူပေါင်းဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း ထို့အပြင် နိုင်ငံအတွင်း ခရစ်ယာန်နှင့် မွတ်ဆလင် ဘာသာရေး ပြဿနာများ ပေါ်ပေါက်လာပြီး (၁၉၆၇-၁၉၇၀)ပြည့်နှစ်က ပြဿနာမျိုးစီ ဦးတည်လာမည်ကို စိုးရိမ်နေရကြောင်းသတင်းရရှိသည်။
ကမ္ဘာ့အကြီးဆုံးအင်ပါယာများ
ကမ္ဘာ့သမိုင်းတလျှောက် နေမ၀င် ဗြိတိသျှအင်ပါယာဟာ အကြီးဆုံးအင်ပါယာဖြစ်ခဲ့ပြီး ဒုတိယအကြီးဆုံး အင်ပါယာကြီးကတော့ မွန်ဂိုအင်ပါယာဖြစ်ပါတယ်၊ တတိယက ရုရှားအင်ပါယာဖြစ်ပြီး၊ စတုတ္တက စပိန်အင်ပါယာ နဲ့  ပဉ္စမအကြီးဆုံးကတော့ တရုတ် ချင် ( Qing) အင်ပါယာဖြစ်ကြောင်းသတင်းရရှိသည်။
တတိယမျိုးဆက် iPad ကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရောင်းချဖွယ်ရှိ
Appleကုမ္ပဏီသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ၎င်း၏ Tabletကွန်ပျူတာ iPad၏ တတိယ မျိုးဆက်ကို စတင် ထုတ်လုပ် ရောင်းချဖွယ် ရှိနေကြောင်း သိရသည်။ ထိုင်ဝမ် အခြေစိုက် သတင်းစာ တစ်စောင်က ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် Appleသည် iPad 3ကို ဈေးကွက်ထဲ ဖြန့်ချီလာနိုင်ကြောင်း သုံးသပ် ဖော်ပြခဲ့သည်။ ယင်းနေ့သည် ကွယ်လွန်သွားရှာပြီဖြစ်သည့် Appleပဲ့ကိုင်ရှင် အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ်၏ မွေးနေ့လည်းဖြစ်သည်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment